လက်ရှိနာမည်ကြီးပြီးလူငယ်တွေကြားရေပန်းစားနေတဲ့ The Summer I turned Pretty Series ရိုက်ကူးရေးနေရာများ - Property Knowledge in Myanmar from iMyanmarHouse.com
432 Views
လက်ရှိနာမည်ကြီးပြီးလူငယ်တွေကြားရေပန်းစားနေတဲ့ The Summer I turned Pretty Series ရိုက်ကူးရေးနေရာများ
Knowledge | Posted by Aye Myat Thu
[Unicode]
ရိုက်ကူးထားတဲ့ Locations တွေအကုန်လုံးက အစစ်အမှန်တွေဖြစ်ပြီးတော့ Cousins Beach ကတော့ fiction အရ စိတ်ကူးယဉ်ကမ်းခြေပဲဖြစ်ပါတယ် ကမ်းခြေကို North Carolina ကိုဝန်းရံနေတဲ့ကမ်းခြေတွေဖြစ်တဲ့ Carolina Beach, Kure Beach နဲ့ Wrightsville Beach တို့မှာရိုက်ကူးထားတာပါ
The summer I turned Pretty Season 1 ရဲ့ ခရီးသွားလာသူတွေအများဆုံးလာကြတဲ့ ရိုက်ကွင်းနေရာအချို့ကိုကြည့်ကြည့်ရအောင်ပါ
The Fisher family's beach house
Series ထဲမှာပါတဲ့ခမ်းနားကြီးကျယ်လွန်းတဲ့ လှပတဲ့ Beach House က Wilmington ရှိ ပုဂ္ဂလိက ဂေါက်ကွင်းအသိုင်းအဝိုင်းဖြစ်သည့် Porters Neck Plantation တွင်တည်ရှိပါတယ်။ ဒီအိမ်ကြီးမှာ exterior shots အများအပြားရိုက်ကူးခဲ့တယ် Belly အိမ်ကြီးကိုစရောက်တဲ့အချိန်၊ နောက်ဖေးမှာ Party လုပ်တဲ့ shots ဒါ့အပြင် မီးဖိုချောင်အခန်းအချို့ကိုလည်း အိမ်ကြီးမှာရိုက်ကူးခဲ့ပေမယ့် တစ်ချို့ ရိုက်ကွက်တွေကို studio ထဲမှာရိုက်ခဲ့တယ်လို့ဆိုပါတယ်
ဒီအိမ်ကြီးမှာ အိပ်ခန်း ၅ ခန်း, ရေချိုးခန်း ၆ ခန်း ရှိပြီးတော့ infinity pool အပါအဝင် လှေဆိုက်ဖို့ကိုယ်ပိုင်ဆိပ်ကမ်းနဲ့ ကိုယ်ပိုင်ရွက်လှေတို့ပါရှိပါတယ် ။ private residence ဖြစ်တာကြောင့် Fan တွေကတော့လာရောက်လည်ပတ်လို့မရပါဘူး
The country club
Jeremiah နဲ့ belly ရဲ့ အကိုဖြစ်သူ Steven တို့အလုပ်လုပ်တဲ့နေရာဖြစ်ပြီး ကပွဲကျင်းပခဲ့တဲ့နေရာအဖြစ်လည်း ရိုက်ကူးခဲ့တဲ့ The country club ခေါ် Cape Fear Country Club ကအပြင်မှာလည်း တကယ်ရှိပါတယ်
1896 ခုနှစ်တွင် တည်ထောင်ခဲ့သော Cape Fear Country Club သည် မြောက်ကာရိုလိုင်းနားတွင် ရှေးအကျဆုံးပုဂ္ဂလိက ကလပ်ဖြစ်ပြီး ဂေါက်ကွင်း ၁၈ ကွင်းပါရှိပါတယ်။ အဖွဲ့ဝင်ဖြစ်သူတွေပဲ ဝင်ရောက်ခွင့်ရတာကြောင့် Fan တွေအနေနဲ့ ဖြတ်သန်းသွားလာရင်းကြည့်ရှုနိုင်ပါတယ်။
Whale of a Tale Bookshop
Season1 episode 2 မှာ Laurel ရဲ့ book party ကျင်းပတဲ့စာအုပ်ဆိုင်အဖြစ်လူသိများတဲ့ Whale of a Tale bookshop လေးက Wilmington မြို့ရဲ့ downtown မှာ Papercut Books ဆိုတဲ့ဆိုင်နာမည်လေးနဲ့အပြင်မှာတကယ်ရှိတဲ့ဆိုင်လေးပါ။
စာအုပ်ဆိုင်သေးသေးလေးဖြစ်ပေမယ့် အသစ်ထွက်ထားတဲ့စာအုပ်တွေအပြင် Vintage books တွေပါဝယ်နိုင်ပြီး The summer i turned pretty copy စာအုပ်ကိုလည်းဝယ်ယူနိုင်ပါတယ်။
The boutique
Belly ရဲ့အမေဖြစ်သူ Laurel နဲ့ Susannah တို့နဲ့အတူ ကပွဲမှာဝတ်စုံသွားကြည့်ခဲ့တဲ့ the boutique ဆိုင်လေးက Location နှစ်နေရာမှာအမှန်တကယ်ရိုက်ကူးခဲ့တာပါ
အပြင်ပိုင်းရိုက်ချက်တွေကို Pipton လို့သိကြတဲ့ Blush Haus of Beauté မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Wilmington ရှိစျေးဝယ်စင်တာ Lumina ဘူတာတွင်တည်ရှိပါတယ်။
အတွင်းခန်းရိုက်ချက်တွေကိုတော့ wedding gowns ကနေ formal dresses တွေထိရောင်းချတဲ့ Camille's of Wilmington ဒေသခံဆိုင်မှာရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။
The Fat Pelican
Episode 5 မှာ Laurel နဲ့ Susannah တို့သွားခဲ့တဲ့နေရာက The Fat Pelican လို့ခေါ်တဲ့ Local bar လေးပါ။ Series ထဲမှာ ဘားလေးက ကမ်းခြေဘေးမှာရှိနေတဲ့ပုံစံမျိုးပေမယ့် အပြင်မှာတော့ Carolina beach ရဲ့ အပြင်ဘက်လမ်းမှာရှိတာပဲဖြစ်ပါတယ်။ North Carolina မှာနာမည်အကြီးဆုံး Dive bar လည်းဖြစ်ပါတယ်။
The volleyball court
Episode 6 ရဲ့ Volleyball ပွဲစဉ်မှာ ဘော်လီဘောကွင်းကို Wilmington ရှိCapt'n Bill's Backyard Grill & Volleyball Facility တွင် ရိုက်ကူးထားပြီး ပွဲစဉ်အလိုက်မတူညီတဲ့ကွင်း ၁၀ ခုပါရှိပါတယ်။ ဘောလီဘောပြိုင်ပွဲကိုကမ်းခြေမှာရိုက်ဖို့က လေတိုက်လွန်းလို့မရိုက်နိုင်ခဲ့ဘူး Capt'n Bill's က ကမ်းခြေမှာရှိခဲ့သလိုမျိုးဖြစ်အောင် ရိုက်နိုင်တဲ့ ပြီးပြည့်စုံတဲ့ နေရာတစ်ခုပဲလို့ ဆိုထားပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref& Photo: people
[Zawgyi]
The country club
The boutique
The Fat Pelican
The volleyball court
Ref& Photo: people
လက်ရှိနာမည်ကြီးပြီးလူငယ်တွေကြားရေပန်းစားနေတဲ့ The Summer I turned Pretty Series ရိုက်ကူးရေးနေရာများ - Property Knowledge in Myanmar from iMyanmarHouse.com
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
Upcoming Property Events
From 25 Apr To 09 May
Mingalardon Garden City
From 10 May To 11 May
Mingalar Market
From 10 May To 11 May
Magical World Apartment
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service