မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ - Property Knowledge in Myanmar from iMyanmarHouse.com
1146 Views

မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ

Knowledge | Posted by Shwe Zin Win

[Unicode]

 

မည်သည့်နိုင်ငံခြားသား၊နိုင်ငံခြားသားပိုင်ကုမ္မဏီကိုဖြစ်စေ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ပေးကမ်းခြင်း၊ပေါင်နှံခြင်း၊လက်ခံခြင်း၊လဲလှယ်ခြင်းမပြုရ။ နိုင်ငံသားများအား နေအိမ်များ ငှါးရမ်း ခြင်းနှင့် မြေယာလုပ်ပိုင်ခွင့်များ ချထားပေးရာတွင် တည်ဆဲမြေနှင့်အခွန် ဥပဒေ၊မြို့နှင့်ကျေးရွာများဥပဒေနှင့်အညီ နေထိုင်ခွင့်၊ လုပ်ကိုင်ခွင့်၊နှစ်ရှည်၊နှစ်တို ဂရန်များဖြင့် သက်ဆိုင်ရာဌာနမှ ချထားပေးသည်။

ပုဂ္ဂလိကများမှ နိုင်ငံခြားသားများအား နေအိမ်နှင့်မြေယာငှါးရမ်းမည်ဆိုပါက တစ်ကြိမ်လျှင်(၁)နှစ်ထက် မကျော်သောကာလအတွက် ငှါးရမ်း နေထိုင်ခွင့်ပြုနိုင်သည်။

နိုင်ငံခြားသားပိုင် မရွှေ့မပြောင်းနိုင်သောပစ္စည်းအား နိုင်ငံခြားသားသေဆုံးလျှင်၊နိုင်ငံမှ အပြီးအပိုင်ထွက်ခွာသွားလျှင်၊ပြည်နှင်ဒဏ်ချမှတ်ခြင်းခံရလျှင် အမွေဆက်ခံခွင့်ပေးခြင်း(သို့) ပြည့်သူဘဏ္ဏာအဖြစ်သိမ်းယူခြင်းတို့ ပြုနိုင်သည်။

နိုင်ငံခြားသားပိုင်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ပစ္စည်းတည်ရှိရာ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခြင်းဆောင်ရွက်ထားရမည်။

အထက်ဖော်ပြပါ အချက်အလက်များကို ဖောက်ဖျက်ပါက မရွှေ့မပြောင်းနိုင်သောပစ္စည်းပိုင်ဆိုင်မှုအား ပြည်သူဘဏ္ဏာအဖြစ်သိမ်းယူနိုင်ပြီး ငှါးရမ်းမှုများတွင် ဖောက်ဖျက်ပါက ဒဏ်ကြေးများနှင့်ပြစ်ဒဏ်များ ချမှတ်ခြင်း ခံရနိုင်ပါသည်။သံတမန်များမှာမှု ဤဥပဒေပါ ပြဌာန်းချက်များကို ကင်းလွတ်ခွင့်ပြုနိုင်သည်။

နိုင်ငံခြားသားများအား တဆင့်ရောင်းချခြင်း၊ပေါင်နှံခြင်း၊ ပေးကမ်းခြင်းများ မပြုလုပ်ရန်အတွက် ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေတွင် ပြဌာန်းထားပါသည်။ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုဥပဒေအညီ နိုင်ငံခြားသားမှ ၎င်းတို့လုပ်ငန်းများတွင် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မြေလွတ်၊မြေလပ်၊မြေရိုင်းများဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်မည်ဆိုပါကလဲ မြေယာစီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ လျှောက်ထားချက်ရယူရန် လိုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 












 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service