လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်းပြီး အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ဖြေရှင်းရမည့်ပုံစံကို တင်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
552 Views

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်းပြီး အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ဖြေရှင်းရမည့်ပုံစံကို တင်ပြပေးလိုက်ပါတယ်။

Knowledge | Posted by Shwe Zin Win

[Unicode]

 

လယ်ယာမြေအငြင်းပွားမှုဖြစ်ပေါ်ပါက ကျေးရွာ (သို့) ရပ်ကွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အမူတွဲဖွင့် စုံစမ်းစစ်ဆေးကြားနာခြင်းတို့ကို ဆောင်ရွက်ပေးတယ်။အငြင်းပွားမှုဖြစ်ပေါ်နေသောကာလအတွင်း ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ငှားရမ်းခြင်း၊လဲလှယ်ခြင်း၊ပေးကမ်းခြင်းများ မပြုလုပ်ရပါ။

(၁၅)ရက်အတွင်း ကျေးရွာ(သို့)ရပ်ကွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က စစ်ဆေးချက်အရ အမိန့် ချမှတ်ပေးတယ်။ ထိုအမိန့်အား အယူခံဝင်လိုက မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သို့(၃၀)ရက်အတွင်း အယူခံဝင်ရတယ်။ ထပ်မံ အယူခံဝင်လိုပါက ခရိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ (၃၀)ရက်အတွင်း အယူခံဝင်နိုင်တယ်။ တိုင်းဒေသကြီး သို့အယူခံဝင်လိုက ရက်ပေါင်း(၆၀)အတွင်း အယူခံဝင်နိုင်ကြောင်း သတ်မှတ်ပေးထားပါတယ်။

ထိုသို့အဆင့်ဆင့် အယူခံဝင်ရာတွင် လယ်ယာမြေအငြင်းပွားမှုကို ဆုံးဖြတ်သည့်သက်သေခံအမိန့်၊ အားကိုးအားထားပြုသည့်စာရွက်စာတမ်းများနှင့် အထောက်အထားများပူးတွဲတင်ပြရန် လိုအပ်ပါတယ်။ လယ်ယာ မြေဥပဒေနှင့်အညီလယ်ယာမြေကို အမှန်တကယ်လက်ရှိ လုပ်ကိုင်သူဟုတ်မဟုတ်လဲ ကြည့်ရှု ပါတယ်။သတ်မှတ် ကာလများအတွင်း အမှုစစ်ဆေးခြင်း ပြီးဆုံးခြင်းရှိမရှိ ဗဟိုလယ်စီအဖွဲ့ကကြီးကြပ် ဆောင်ရွက်မှုလဲ ရှိပါတယ်။

၂၀၁၂ခုနှစ်၊လယ်ယာမြေဥပဒေအရ လယ်ယာမြေမှာ ပေါင်နှံခြင်း၊ငှားရမ်းခွင့်၊လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရှိပါတယ်။အမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှုပေါ်ပေါက်လာပါက တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူရမှာဖြစ်ပါတယ်။ရောင်းချခြင်း၊ပေါင်နှံခြင်း၊ငှားရမ်းခြင်း၊လဲလှယ်ခြင်း၊ပေးကမ်းခြင်းများ ပြုလုပ်သည့်အခါတိုင်း သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနတွင် တံဆိပ်ခေါင်းခွန်ဆောင်၍ မှတ်ပုံတင်ကြေးလဲ ပေးသွင်းရမည်။

လယ်ယာမြေအား ပေါင်နှံမှုပြုလိုပါက စိုက်ပျိုးရင်းနှီးထုတ်လုပ်မှုအတွက်သာ ပေါင်နှံမှုပြုနိုင်ပြီး အစိုးရအသိ အမှတ်ဘဏ်မှာ ပေါင်နှံရပါတယ်။နိုင်ငံခြားသား(သို့)နိုင်ငံခြားသားပါဝင်သည့်အဖွဲ့အစည်းထံ ရောင်းချ၊ပေါင်နှံ၊ငှားရမ်း ၊လဲလှယ်ခြင်းပြုလုပ်လို့မရပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

လယ္ယာေျမလုပ္ပိုင္ခြင့္ႏွင့္ စပ္လ်ဥ္းၿပီး အျငင္းပြားမႈတစ္စံုတစ္ရာ ျဖစ္ေပၚပါက ေျဖရွင္းရမည့္ပံုစံကို တင္ျပေပးလိုက္ပါတယ္။

 

လယ္ယာေျမအျငင္းပြားမႈျဖစ္ေပၚပါက ေက်းရြာ (သို႔) ရပ္ကြက္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔က အမူတြဲဖြင့္ စံုစမ္းစစ္ေဆးၾကားနာျခင္းတို႔ကို ေဆာင္ရြက္ေပးတယ္။အျငင္းပြားမႈျဖစ္ေပၚေနေသာကာလအတြင္း ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ငွားရမ္းျခင္း၊လဲလွယ္ျခင္း၊ေပးကမ္းျခင္းမ်ား မျပဳလုပ္ရပါ။

 

(၁၅)ရက္အတြင္း ေက်းရြာ(သို႔)ရပ္ကြက္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔က စစ္ေဆးခ်က္အရ အမိန္႔ ခ်မွတ္ေပးတယ္။ ထိုအမိန္႔အား အယူခံ၀င္လိုက ၿမိဳ႕နယ္လယ္ယာေျမစီမံ ခန္႔ခြဲမႈအဖြဲ႔သို႔(၃၀)ရက္အတြင္း အယူခံ၀င္ရတယ္။ ထပ္မံ အယူခံ၀င္လိုပါက ခရိုင္ၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲမႈ အဖြဲ႔သို႔ (၃၀)ရက္အတြင္း အယူခံ၀င္ႏိုင္တယ္။ တိုင္းေဒသၾကီး သို႔အယူခံ၀င္လိုက ရက္ေပါင္း(၆၀)အတြင္း အယူခံ၀င္ႏိုင္ေၾကာင္း သတ္မွတ္ေပးထားပါတယ္။

ထိုသို႔အဆင့္ဆင့္ အယူခံ၀င္ရာတြင္ လယ္ယာေျမအျငင္းပြားမႈကို ဆံုးျဖတ္သည့္သက္ေသခံအမိန္႔၊ အားကိုးအားထားျပဳသည့္စာရြက္စာတမ္းမ်ားႏွင့္ အေထာက္အထားမ်ားပူးတြဲတင္ျပရန္ လိုအပ္ပါတယ္။ လယ္ယာ ေျမဥပေဒႏွင့္အညီလယ္ယာေျမကုိ အမွန္တကယ္လက္ရွိ လုပ္ကုိင္သူဟုတ္မဟုတ္လဲ ၾကည့္ရႈ ပါတယ္။သတ္မွတ္ ကာလမ်ားအတြင္း အမႈစစ္ေဆးျခင္း ၿပီးဆံုးျခင္းရွိမရွိ ဗဟိုလယ္စီအဖြဲ႔ကၾကီးၾကပ္ ေဆာင္ရြက္မႈလဲ ရွိပါတယ္။

၂၀၁၂ခုႏွစ္၊လယ္ယာေျမဥပေဒအရ လယ္ယာေျမမွာ ေပါင္ႏွံျခင္း၊ငွားရမ္းခြင့္၊လဲလွယ္ခြင့္ႏွင့္ ေပးကမ္းခြင့္ ရွိပါတယ္။အေမြဆက္ခံျခင္းႏွင့္စပ္လ်ဥ္း၍ အျငင္းပြားမႈေပၚေပါက္လာပါက တည္ဆဲဥပေဒႏွင့္အညီ သက္ဆုိင္ရာ တရားရံုး၏ အဆံုးအျဖတ္ခံယူရမွာျဖစ္ပါတယ္။ေရာင္းခ်ျခင္း၊ေပါင္ႏွံျခင္း၊ငွားရမ္းျခင္း၊လဲလွယ္ျခင္း၊ေပးကမ္းျခင္းမ်ား ျပဳလုပ္သည့္အခါတိုင္း သက္ဆိုင္ရာၿမိဳ႕နယ္ဦးစီးဌာနတြင္ တံဆိပ္ေခါင္းခြန္ေဆာင္၍ မွတ္ပံုတင္ေၾကးလဲ ေပးသြင္းရမည္။

လယ္ယာေျမအား ေပါင္ႏွံမႈျပဳလိုပါက စိုက္ပ်ိဳးရင္းႏွီးထုတ္လုပ္မႈအတြက္သာ ေပါင္ႏွံမႈျပဳႏိုင္ၿပီး အစိုးရအသိ အမွတ္ဘဏ္မွာ ေပါင္ႏွံရပါတယ္။ႏိုင္ငံျခားသား(သို႔)ႏိုင္ငံျခားသားပါ၀င္သည့္အဖြဲ႔အစည္းထံ ေရာင္းခ်၊ေပါင္ႏွံ၊ငွားရမ္း ၊လဲလွယ္ျခင္းျပဳလုပ္လို႔မရပါဘူး။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service