ကနေဒါနိုင်ငံတွင် အိမ်ငှားအမျိုးသားတစ်ဦးက အိမ်ရှင်ဟန်ဆောင်ကာ နေအိမ်အား ပေါင်နှံ - Property News in Myanmar from iMyanmarHouse.com
712 Views

ကနေဒါနိုင်ငံတွင် အိမ်ငှားအမျိုးသားတစ်ဦးက အိမ်ရှင်ဟန်ဆောင်ကာ နေအိမ်အား ပေါင်နှံ

[Unicode]

 

ကနေဒါနိုင်ငံ ၊ တိုရွန်တိုမြို့တွင် အသက် ၄၂ အရွယ်ရှိ အမျိုးသားတစ်ဦးသည် ၎င်းငှားရမ်းနေထိုင်သော နေအိမ်၏ အိမ်ရှင်ဟန်ဆောင်ကာ နေအိမ်အား ပေါင်နှံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်ဟု Insider သတင်းဌာနက ဖော်ပြသည်။

Jay Allen Macdougall အမည်ရှိ အမျိုးသားကို ရဲတပ်ဖွဲ့က မေလ ၂၅ ရက်တွင် ဖမ်းဆီးခဲ့ပြီး လိမ်လည်မှု ၅ မှု ၊ ငွေကြေးခဝါချမှုတို့ဖြင့် တရားစွဲခဲ့ကြောင်း တိုရွန်တိုမြို့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Macdougall သည် ၂၀၂၁ ခုနှစ် ၊ မေလတွင် နေအိမ်စတင်ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

Macdougall သည် နေအိမ်ငှားရမ်းနေထိုင်စဉ်ကာလအတွင်း အိမ်ရှင်နှင့်ပတ်သက်သည့် အထောက်အထား အချက်အလက်များကို တစ်နည်းနည်းဖြင့် ရယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယင်းနောက်ပိုင်း အဆိုပါ အချက်အလက်များကို အသုံးပြုပြီး အိမ်ရှင်ဟန်ဆောင်ကာ နေအိမ်ပေါင်နှံခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

လိမ်လည်ထုတ်ယူသည့်ငွေမှာ ဒေါ်လာ ၂ သန်းကျော်ရှိပြီး ယင်းအနက် အချို့ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း တိုရွန်တိုရဲတပ်ဖွဲ့က Insider သတင်းဌာနသို့ ပြောသည်။

Macdougall သည် အလားတူအမှုမျိုး များစွာ ကျူးလွန်ထားကြောင်း ရဲတပ်ဖွဲ့က ယူဆထားပြီး ပြည်သူတို့အား လိမ်လည်ခံရမှုသတင်းများ ပေးကြရန် အသိပေးထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့၏ ဘဏ္ဍာရေးရာဇဝတ်မှုများဌာနက တိုရွန်တိုမြို့ အိမ်ပိုင်ရှင်များအား အကြံပြုထားသည်မှာ မိမိတို့၏ အရေးကြီးသော စာရွက်စာတမ်းများကို လျှို့ဝှက်သောနေရာတွင် လုံခြုံစွာ သော့ခတ်သိမ်းဆည်းထားရန် အကြံပြုထားသည်။

Macdougall ကို လာမည့် ဇွန်လ ၆ ရက်တွင် တရားရုံး၌ စစ်ဆေးသွားရန် စီစဉ်ထားသည်။

အိမ်ခြံမြေအပေါင်ထားခြင်းဆိုင်ရာ လိမ်လည်မှုများတွင် ပုံသဏ္ဍာန်မျိုးစုံ ပါဝင်နိုင်ရာ ဝင်ငွေလိမ်လည်ခြင်းမှသည် လက်ငင်းပေးချေငွေ မည်သို့ရသည်ဆိုခြင်းကို လိမ်လည်ခြင်းမျိုး ၊ ကိုယ်ရေးအချက်အလက်များ လိမ်လည်ခြင်းမျိုးအထိ ပါဝင်သည်။

Bloomberg နှင့် Ratesdotca တို့ ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်း ပူးပေါင်းပြုလုပ်ခဲ့သော စစ်တမ်းတစ်ရပ်အရ ကနေဒါတွင် အိမ်ခြံမြေပေါင်နှံမှုဆိုင်ရာ လိမ်လည်ခြင်းမှာ မကြာခဏတွေ့နေရသည့် ဖြစ်ရပ်ဖြစ်ကြောင်း ဖြေကြားသူ ၄၇ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: A man rented a home and then impersonated the owner, applied for a mortgage, and stole the money, police say (insider)

 

 

 

 

 

[Zawgyi]

 

ကေနဒါႏိုင္ငံတြင္ အိမ္ငွားအမ်ဳိးသားတစ္ဦးက အိမ္ရွင္ဟန္ေဆာင္ကာ ေနအိမ္အား ေပါင္ႏွံ

 

ကေနဒါႏုိင္ငံ ၊ တိုရြန္တိုျမဳိ႕တြင္ အသက္ ၄၂ အရြယ္ရွိ အမ်ဳိးသားတစ္ဦးသည္ ၎ငွားရမ္းေနထိုင္ေသာ ေနအိမ္၏ အိမ္ရွင္ဟန္ေဆာင္ကာ ေနအိမ္အား ေပါင္ႏွံခဲ့ေၾကာင္း ရဲတပ္ဖြဲ႔က ေျပာၾကားသည္ဟု Insider သတင္းဌာနက ေဖာ္ျပသည္။

Jay Allen Macdougall အမည္ရွိ အမ်ဳိးသားကို ရဲတပ္ဖြဲ႔က ေမလ ၂၅ ရက္တြင္ ဖမ္းဆီးခဲ့ျပီး လိမ္လည္မႈ ၅ မႈ ၊ ေငြေၾကးခဝါခ်မႈတို႔ျဖင့္ တရားစြဲခဲ့ေၾကာင္း တိုရြန္တိုျမဳိ႕ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္သည္။

Macdougall သည္ ၂၀၂၁ ခုႏွစ္ ၊ ေမလတြင္ ေနအိမ္စတင္ငွားရမ္းခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔က ထုတ္ျပန္သည္။

Macdougall သည္ ေနအိမ္ငွားရမ္းေနထုိင္စဥ္ကာလအတြင္း အိမ္ရွင္ႏွင့္ပတ္သက္သည့္ အေထာက္အထား အခ်က္အလက္မ်ားကို တစ္နည္းနည္းျဖင့္ ရယူခဲ့ေၾကာင္း ရဲတပ္ဖြဲ႔က ေျပာသည္။

ယင္းေနာက္ပိုင္း အဆုိပါ အခ်က္အလက္မ်ားကို အသံုးျပဳျပီး အိမ္ရွင္ဟန္ေဆာင္ကာ ေနအိမ္ေပါင္ႏွံခဲ့ျခင္း ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔က ေျပာသည္။

လိမ္လည္ထုတ္ယူသည့္ေငြမွာ ေဒၚလာ ၂ သန္းေက်ာ္ရွိျပီး ယင္းအနက္ အခ်ဳိ႕ကို ျပန္လည္သိမ္းဆည္းႏိုင္ခဲ့ေၾကာင္း တိုရြန္တုိရဲတပ္ဖြဲ႔က Insider သတင္းဌာနသုိ႔ ေျပာသည္။

Macdougall သည္ အလားတူအမႈမ်ဳိး မ်ားစြာ က်ဴးလြန္ထားေၾကာင္း ရဲတပ္ဖြဲ႔က ယူဆထားျပီး ျပည္သူတို႔အား လိမ္လည္ခံရမႈသတင္းမ်ား ေပးၾကရန္ အသိေပးထုတ္ျပန္ထားသည္။

ရဲတပ္ဖြဲ႔၏ ဘ႑ာေရးရာဇဝတ္မႈမ်ားဌာနက တိုရြန္တိုျမဳိ႕ အိမ္ပိုင္ရွင္မ်ားအား အၾကံျပဳထားသည္မွာ မိမိတို႔၏ အေရးၾကီးေသာ စာရြက္စာတမ္းမ်ားကို လွ်ိဳ႕ဝွက္ေသာေနရာတြင္ လံုျခံဳစြာ ေသာ့ခတ္သိမ္းဆည္းထားရန္ အၾကံျပဳထားသည္။

Macdougall ကို လာမည့္ ဇြန္လ ၆ ရက္တြင္ တရားရံုး၌ စစ္ေဆးသြားရန္ စီစဥ္ထားသည္။

အိမ္ျခံေျမအေပါင္ထားျခင္းဆုိင္ရာ လိမ္လည္မႈမ်ားတြင္ ပံုသ႑ာန္မ်ဳိးစံု ပါဝင္ႏိုင္ရာ ဝင္ေငြလိမ္လည္ျခင္းမွသည္ လက္ငင္းေပးေခ်ေငြ မည္သို႔ရသည္ဆိုျခင္းကို လိမ္လည္ျခင္းမ်ဳိး ၊ ကိုယ္ေရးအခ်က္အလက္မ်ား လိမ္လည္ျခင္းမ်ဳိးအထိ ပါဝင္သည္။

Bloomberg ႏွင့္ Ratesdotca တို႔ ၂၀၂၃ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလအတြင္း ပူးေပါင္းျပဳလုပ္ခဲ့ေသာ စစ္တမ္းတစ္ရပ္အရ ကေနဒါတြင္ အိမ္ျခံေျမေပါင္ႏွံမႈဆုိင္ရာ လိမ္လည္ျခင္းမွာ မၾကာခဏေတြ႔ေနရသည့္ ျဖစ္ရပ္ျဖစ္ေၾကာင္း ေျဖၾကားသူ ၄၇ ရာခုိင္ႏႈန္းရွိသည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: A man rented a home and then impersonated the owner, applied for a mortgage, and stole the money, police say (insider)

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service