သက်ရှိမယ်တော်ဘုရားအလား ထင်မှတ်မှားဖွယ် သပ္ပာယ်လှစွာကြီးမားလှတဲ့ ကွမ်ရင်မယ်တော်ရုပ်ထုကြီးတည်ရှိရာ ဟောင်ကောင်နိုင်ငံမှ စီရှန်ဘုန်းကြီးကျောင်း - Property News in Myanmar from iMyanmarHouse.com
2420 Views

သက်ရှိမယ်တော်ဘုရားအလား ထင်မှတ်မှားဖွယ် သပ္ပာယ်လှစွာကြီးမားလှတဲ့ ကွမ်ရင်မယ်တော်ရုပ်ထုကြီးတည်ရှိရာ ဟောင်ကောင်နိုင်ငံမှ စီရှန်ဘုန်းကြီးကျောင်း

[Unicode]

 

အချိန်တစ်ခဏလောက်ရှုမြင်လိုက်ရုံနဲ့ အေးချမ်းခြင်းရသကို ဆောင်ကျဉ်းပေးနိုင်မယ့် သက်ရှိမယ်တော်ဘုရားအလားထင်မှတ်မှားဖွယ်ရာ ကြီးမားသပ္ပာယ်လှတဲ့ ကွမ်ရင်မယ်တော်ရုပ်ထုကြီးဟာ ဟောင်ကောင်နိုင်ငံ တိုင်ပိုပြည်နယ်၊ စီရှန်ဘုန်းကြီးကျောင်းမှာ တည်ရှိပါတယ်။

 

ပတ်စင်လန် တောင်တန်းလွှာများနဲ့အပြိုင် ငြိမ်သက်အေးချမ်းတဲ့အသွင်နဲ့ ရပ်တော်မူနေတဲ့ ကွမ်ရင်မယ်တော်ရုပ်ထုကြီးဟာ ၇၆ မီတာအမြင့်ရှိပြီး အဝေးတစ်နေရာကနေတောင် ရှင်းလင်းပြတ်သားစွာ ဖူးမြော်နိုင်မှာဖြစ်ပါတယ်။ ကံကောင်းခြင်းနဲ့ကာကွယ်စောင့်ရှောက်မှုပေးတယ်လို့ ယုံကြည်ကြတဲ့ကွမ်ရင်မယ်တော်ရုပ်ထုတည်ရှိရာ စီရှန်ဘုန်းကြီးကျောင်းဟာ စတုရန်းမီတာ ၅ သိန်း ကျယ်ဝန်းပြီး တောင်တန်းများဝန်းရံထားမှုကြောင့် ဘုရားကျောင်းပရဝုဏ်ထဲ ခြေချလိုက်ရုံနဲ့ အေးချမ်းတဲ့စိတ်ခံစားမှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ ကွမ်ရင်မယ်တော်ရုပ်ထုကြီးရဲ့ အောက်နားမှာတော့ ဖူးမြင်စရာ ဗုဒ္ဓဘုရားရုပ်ထုများကိုပြတိုက်သဖွယ်ဖွင့်လှစ်ပြသထားပြီး ကြေးသွန်းဗုဒ္ဓရုပ်ပွားတော် အဆူတစ်ရာကျော်ကို ဖူးမြင်နိုင်မှာပဲဖြစ်ပါတယ်။

 

၇၆ မီတာအမြင့်ရှိတဲ့ ကွမ်ရင်မယ်တော်ရုပ်ထုကြီးကို ၆ မီတာအမြင့်ရှိ ကြီးမားလှစွာသောကြာပန်းပွင့်ပေါ်မှာ ရပ်တော်မူနေသဖွယ်ထုလုပ်ထားပြီး ဘုရားကျောင်းရဲ့ ဘယ်ဘက်မှာ တည်ထားပါတယ်။ ကွမ်ရင်မယ်တော်ရုပ်ထုကြီးရဲ့ ဘယ်လက်တော်မှာ ရေစင်ခရားအိုးနဲ့ ညာလက်တော်မှာကတော့ တောင်းဆုလိုရာပြည့်စေနိုင်တဲ့ပြဒါးလုံးကို ကိုင်တော်မူဟန်ဖူးမြင်ရမှာဖြစ်ပါတယ်။

 

သပ္ပာယ်လွန်းလှစွာကြီးမားလွန်းတဲ့ ဟောင်ကောင်နိုင်ငံ စီရှန်ဘုရားကျောင်းရှိ ကွမ်ရင်မယ်တော်ဘုရားရုပ်ထုကို လေ့လာဖူးမြော်ရင်း သဘာဝရဲ့အလှနဲ့အတူ စီရှန်ဘုန်းကြီးကျောင်းရဲ့ တိတ်ဆိတ်အေးချမ်းမှုကို ထိတွေ့ခံစားနိုင်တဲ့အတွက် ဟောင်ကောင်နိုင်ငံတွင်းမှာ ထိပ်ဆုံးက လည်ပတ်သင့်တဲ့ဘုန်းကြီးကျောင်းနေရာလေးတစ်ခုပဲဖြစ်ပါတယ်။

 

 

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

သက္႐ွိမယ္ေတာ္ဘုရားအလား ထင္မွတ္မွားဖြယ္ သပၸာယ္လွစြာႀကီးမားလွတဲ့ ကြမ္ရင္မယ္ေတာ္႐ုပ္ထုႀကီးတည္႐ွိရာ ေဟာင္ေကာင္ႏိုင္ငံမွ စီ႐ွန္ဘုန္းႀကီးေက်ာင္း

 

အခ်ိန္တစ္ခဏေလာက္႐ႈျမင္လိုက္႐ုံနဲ႔ ေအးခ်မ္းျခင္းရသကို ေဆာင္က်ဥ္းေပးႏိုင္မယ့္ သက္႐ွိမယ္ေတာ္ဘုရားအလားထင္မွတ္မွားဖြယ္ရာ ႀကီးမားသပၸာယ္လွတဲ့ ကြမ္ရင္မယ္ေတာ္႐ုပ္ထုႀကီးဟာ ေဟာင္ေကာင္ႏိုင္ငံ တိုင္ပိုျပည္နယ္၊ စီ႐ွန္ဘုန္းႀကီးေက်ာင္းမွာ တည္႐ွိပါတယ္။

ပတ္စင္လန္ ေတာင္တန္းလႊာမ်ားနဲ႔အၿပိဳင္ ၿငိမ္သက္ေအးခ်မ္းတဲ့အသြင္နဲ႔ ရပ္ေတာ္မူေနတဲ့ ကြမ္ရင္မယ္ေတာ္႐ုပ္ထုႀကီးဟာ ၇၆ မီတာအျမင့္႐ွိၿပီး အေဝးတစ္ေနရာကေနေတာင္ ႐ွင္းလင္းျပတ္သားစြာ ဖူးေျမာ္ႏိုင္မွာျဖစ္ပါတယ္။  ကံေကာင္းျခင္းနဲ႔ကာကြယ္ေစာင့္ေ႐ွာက္မႈေပးတယ္လို႔ ယုံၾကည္ၾကတဲ့ကြမ္ရင္မယ္ေတာ္႐ုပ္ထုတည္႐ွိရာ စီ႐ွန္ဘုန္းႀကီးေက်ာင္းဟာ စတုရန္းမီတာ ၅ သိန္း က်ယ္ဝန္းၿပီး ေတာင္တန္းမ်ားဝန္းရံထားမႈေၾကာင့္ ဘုရားေက်ာင္းပရဝုဏ္ထဲ ေျခခ်လိုက္႐ုံနဲ႔ ေအးခ်မ္းတဲ့စိတ္ခံစားမႈကို ရ႐ွိေစႏိုင္မွာျဖစ္ပါတယ္။ ကြမ္ရင္မယ္ေတာ္႐ုပ္ထုႀကီးရဲ႕ ေအာက္နားမွာေတာ့ ဖူးျမင္စရာ ဗုဒၶဘုရား႐ုပ္ထုမ်ားကိုျပတိုက္သဖြယ္ဖြင့္လွစ္ျပသထားၿပီး ေၾကးသြန္းဗုဒၶ႐ုပ္ပြားေတာ္ အဆူတစ္ရာေက်ာ္ကို ဖူးျမင္ႏိုင္မွာပဲျဖစ္ပါတယ္။

၇၆ မီတာအျမင့္႐ွိတဲ့ ကြမ္ရင္မယ္ေတာ္႐ုပ္ထုႀကီးကို ၆ မီတာအျမင့္႐ွိ ႀကီးမားလွစြာေသာၾကာပန္းပြင့္ေပၚမွာ ရပ္ေတာ္မူေနသဖြယ္ထုလုပ္ထားၿပီး ဘုရားေက်ာင္းရဲ႕ ဘယ္ဘက္မွာ တည္ထားပါတယ္။ ကြမ္ရင္မယ္ေတာ္႐ုပ္ထုႀကီးရဲ႕ ဘယ္လက္ေတာ္မွာ ေရစင္ခရားအိုးနဲ႔ ညာလက္ေတာ္မွာကေတာ့ ေတာင္းဆုလိုရာျပည့္ေစႏိုင္တဲ့ျပဒါးလုံးကို ကိုင္ေတာ္မူဟန္ဖူးျမင္ရမွာျဖစ္ပါတယ္။

သပၸာယ္လြန္းလွစြာႀကီးမားလြန္းတဲ့ ေဟာင္ေကာင္ႏိုင္ငံ စီ႐ွန္ဘုရားေက်ာင္း႐ွိ ကြမ္ရင္မယ္ေတာ္ဘုရား႐ုပ္ထုကို ေလ့လာဖူးေျမာ္ရင္း သဘာဝရဲ႕အလွနဲ႔အတူ စီ႐ွန္ဘုန္းႀကီးေက်ာင္းရဲ႕ တိတ္ဆိတ္ေအးခ်မ္းမႈကို ထိေတြ႕ခံစားႏိုင္တဲ့အတြက္ ေဟာင္ေကာင္ႏိုင္ငံတြင္းမွာ ထိပ္ဆုံးက လည္ပတ္သင့္တဲ့ဘုန္းႀကီးေက်ာင္းေနရာေလးတစ္ခုပဲျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service