ဘယ်လိုစာချုပ်စာတမ်းများကို မှတ်ပုံတင်ပြီးဖြစ်သည်ဟု မှတ်ယူနိုင်ပါသလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
678 Views

ဘယ်လိုစာချုပ်စာတမ်းများကို မှတ်ပုံတင်ပြီးဖြစ်သည်ဟု မှတ်ယူနိုင်ပါသလဲ ?

Knowledge | Posted by Hnin Ei Khin

[Unicode]

- စာချုပ်တစ်စောင်ချုပ်ဆိုရာတွင် မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းနှင့် မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာတမ်းဟူ၍ နှစ်မျိုးနှစ်စားရှိပါသည်။အောက်ဖော်ပြပါ စာချုပ်စာတမ်းများ(သို့)မြေပုံများကို မှတ်ပုံတင်ပြီး ဖြစ်သည်ဟု မှတ်ယူရပါမည်။

- မြေခွန်နှုန်းသတ်မှတ်သည့်အရာရှိ(သို့)ပြင်ဆင်သတ်မှတ်သည့်အရာရှိက ထုတ်ပေးသော(သို့)လက်ခံ ထားသော စာချုပ်စာတမ်းများနှင့်မှန်ကန်ကြောင်း သက်သေခံလက်မှတ်ရေးထိုးထားသည့် စာချုပ်စာ တမ်းများ၊

- နိုင်ငံတော်အစိုးရက မြေတိုင်းတာရန် တာဝန်ပေးအပ်သည့်အရာရှိက ထုတ်ပေးသော (သို့) လက်ခံ သော စာချုပ်စာတမ်းနှင့် မြေပုံများ၊ယင်းအရာရှိတို့က မှန်ကန်ကြောင်း သက်သေခံ လက်မှတ်ရေးထိုး ထားသည့် စာချုပ်စာတမ်းနှင့်မြေပုံများ၊

- တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အခွန်ရုံး၌ မှန်မှန်ပေးပို့ရသည့်ကျေးရွာစာရင်းနှင့် သက်ဆိုင်သော စာချုပ် စာတမ်းများ၊

- နိုင်ငံတော်အစိုးရအတွက် မြေပေါ်၊မြေအောက်အကျိုးစီးပွားအလို့ငှာ လွှဲပြောင်းပေးအပ်သော စာချုပ် စာတမ်းနှင့်မြေပုံများ၊ထိုစာချုပ်စာတမ်းနှင့်မြေပုံများအား မှတ်ပုံတင်ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။

 

 

ကန့်ကွက်သူမှ မည်သည့်စာရွက်စာတမ်းများကို တင်ပြရပါသလဲ

-ထို့ပြင် စာချုပ်စာတမ်းတစ်စောင် မှတ်ပုံတင်နေစဉ် ကန့်ကွက်ချက်ရှိပါက ကန့်ကွက်သူကို ရက်ပေါင်း(၉၀) အတွင်း သက်ဆိုင်ရာတရားရုံးက ထုတ်ပေးသည့် ယာယီတားဝရမ်းတင်ပြစေပြီး သတ်မှတ်ရက်အတွင်း တင်ပြ နိုင်ခြင်းမရှိပါက စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းကို ဆက်လက်ဆောင်ရွက်ရမည်။

 

မှတ်ပုံတင်အရာရှိမှ မည်သို့စတင်ဆောင်ရွက်နိုင်ပါသလဲ

-စာချုပ်စာတမ်းအရာရှိသည် ချုပ်ဆိုသူများအား မေးမြန်းနိုင်ပြီး ယုံကြည်လျှင် မှတ်ပုံတင်ပေးရမည်။ မှတ်ပုံတင်ခကို မှတ်ပုံတင်သည့်အချိန်တွင် မှတ်ပုံတင်သူမှ ပေးဆောင်ရပါသည်။

-မည်သူမဆို စာချုပ်စာတမ်းနှင့်မြေပုံများကို သတ်မှတ်သည့် အခကြေးငွေပေးသွင်း၍ ကြည့်ရှုခွင့်နှင့် မိတ္တူကူး ယူခွင့်ရှိပါသည်။

 

စာချုပ်ပယ်ဖျက်လိုပါက

-မှတ်ပုံတင်စာချုပ်စာတမ်းအား ပယ်ဖျက်လိုလျှင် ပယ်ဖျက်လိုသူက သီးခြားသက်သာခွင့်အက်ဥပဒေအရ အဆိုပါစာချုပ်ကို ပယ်ဖျက်ပေးရန် တရားရုံးတွင် လျှောက်ထားရမည်။ ထို့ပြင်စာချုပ်စာတမ်း မှတ်ပုံတင် အရာရှိသည် တရားရုံးကချမှတ်သည့် ဒီဂရီ(သို့မဟုတ်)အမိန့်တာဝန်ခံမိတ္တူကို လက်ခံရရှိလျှင် ယင်းဒီဂရီ(သို့မ ဟုတ်)အမိန့်နှင့်အညီ ဆောင်ရွက်ရမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 


 






 













 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
shwe-wutthmone
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service