“မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်” - Property Knowledge in Myanmar from iMyanmarHouse.com
505 Views

“မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်”

Knowledge | Posted by Shwe Zin Win

[Unicode]

 

“မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်” ကို အဆင်း၊အသံ၊ အနံ့၊အရသာ၊ အတွေ့အထိ၊ သဘောတရားဟု သိသည်။

ကျွန်တော်က တရားအကြောင်းထဲထဲဝင်ဝင်ကြီး ပြောမလို့မဟုတ်ပါ။ပြောရလောက်အောင်လည်း တရားသဘောမသိပါ။

နှစ်(၁၀၀)သက်တမ်းနှင့်တွက်ပြီး အသက်ပိုင်းခြားလျှင် ကျွန်တော့်အသက်က လေးပုံနှစ်ပုံ ပြည့်ခဲ့ပြီဖြစ်သည်။ ထိုအသက်အနေတွင် ခန္ဓာကိုယ်၏ အရှိတရားတို့ကို ပြန်ကြည်မိ၍ ပြောစရာတို့ရှိလာခဲ့ခြင်းဖြစ်သည်။

လက်ရှိအနေအထားတွင် မိမိခန္ဓာကိုယ်တွင် ကောင်းခြင်းဆိုးခြင်း အပြစ်အနာအဆာလေးများက ရှိလာခဲ့သည်။

ခန္ဓာကိုယ်မှာရှိလာသည့် ထိုအကောင်းအဆိုးလေးများ၊အပြစ်အနာအဆာလေးများကို စောင့်ကြည့်မိသမျှ ပြောရလျှင် တရားသဘောလည်းဖြစ်ကောင်း ဖြစ်သွားနိုင်သည်။

မျက်စိအကြောင်းကို ပြောကြည့်ရလျှင် ကျွန်တော့် အသက် (၄၅)နှစ်ဝန်းကျင်လောက်အထိ မျက်မှန်မတပ်ခဲ့ရ သေးပေ။အခုလေးငါးနှစ်အတွင်းမှာတော့ အနီးကြည့်ပါဝါက (၂၂၅)ဝန်းကျင်လောက်အထိတက်လာသည်။ (၄၅)နှစ် မတိုင်ခင်လောက်ကတော့ စာကြည့်လျှင် မျက်မှောင်ကြုတ်ပြီး လက်ထဲရှိစာအုပ်ကို အနီးအဝေး ချိန်ပြီးမှ ဖတ်နိုင်ခဲ့သည်။ထို့နောက် ပါဝါအနိမ့်ဆုံး မျက်မှန်လေးတက်ပြီး စာဖတ်၊စာကြည့်တော့မှ အဆင်ပြေသွားသည်။ ထို့နောက်တွင် သေးသောပုံနှိပ်စာလုံးလေးများကို ဖတ်ရာမှ မျက်မှန်ပါဝါတို့ ပိုတိုးလာခဲ့သည်မှာ (၂၀၀/၂၂၅)ထိ ရှိလာခဲ့သည်။

စာအုပ်ဆိုင်တို့သွားပြီး စာအုပ်သွားရွေးလျှင် လက်တစ်ဖောင်လောက် အကွာအဝေးမှာရှိသည့် စာအုပ်အမည်ကို မဖတ်နိုင်တော့ပေ။ထိုအကွာအဝေးကိုဖတ်နိုင်ဖို့ အဝေးကြည့် အနေနှင့် ပါဝါ(၁၀၀)လောက်မှ အဆင်ပြေသည်။ ဇရာ၏သဘောက အမြင်အာရုံတို့ အပေါ်တွင် သက်ရောက်မှုစောသည်ဟုထင်သည်။

နားကတော့ ကောင်းသေးသည်။တိုးတိုးစကား၊ကျယ်ကျယ်စကား အကုန်ကြားနေသေးသည်။ ပိန်ဖျင်းစကား၊ ယုတ်ညံ့စကားများကိုလည်းကြားနေရသေးသည်။သူယုတ်မာတို့၏ စကားများကိုလည်း ကြားရသည်။ လေသံ၊မိုးသံ၊ကျေးငှက်သံနှင့် သဘာဝတရားကြီး၏ အသံတို့ကိုလည်း ကြားနိုင်ပါသေးသည်။ကြားချင်ချင် ၊ မကြားချင်ချင် အများဆုံးကြားနေရသည်က နှောင်တွယ်ရစ်ဖွဲ့ထားသည့် သံယောဇဉ်တို့၏အသံများဖြစ်သည်။

ကောင်းသောနားတို့အတွက် သူတော်ကောင်းတို့၏စကားများကိုလည်း မပြတ်ကြားနိုင်ဖို့ ဆုတောင်းနေရ ပါသေးသည်။

အနံ့ အတွက်လည်းနှာခေါင်းသည် ကောင်းနေပါသေးသည်။ရှုလိုက်သည့် လေတိုင်းတွင် ပါလာသည့် အနံ့တိုကို ခံစားနေနိုင်ပါသေးသည်။

အရက်နံ့လား၊ချိုင်းချွေးနံ့လား၊အာပုပ်နံ့လား၊ရေမွှေးနံ့လား။ကြုံနေရသည်က လိုလားသည့် အနံ့အသက် တွေထက် မလိုလားမနှစ်သက်သည့် အနံ့အသက်တို့ကိုသာ ပိုပြီးထိတွေ့နေရသည်က များပါလိမ့်မည်။ ချစ်ဇနီး၏ပါးပြင်သည် ချစ်သူဘဝက ပါးပြင်မှရနံ့တို့နှင့်မတူဘဲ ပြောင်းလဲသွားသည်ဟု ထင်သည်။

လျှာကလည်းကောင်းပါသေးသည်။ခံစားလိုသည့် ရသာဓာတ်တို့ခံစားနေနိုင်ပါသေးသည်။ခံစားနိုင်အောင်လည်း ဇနီးဖြစ်သူက အစပ်အဟပ်တည့်အောင် ချက်ကြွေးနေပါသေးသည်။

အယုတ္တ၊အနတ္တစကားတို့ထက် လျှာကို အသုံးပြုပြီး ကောင်းသောစကားတို့ကို အတတ်နိုင်ဆုံး ပြောဖြစ်အောင်ကျိုးစားနေရပါသည်။

ခန္ဓာကိုယ်ကတော့ အတွေ့အထိခံစားမှုထက် တဖြည်းဖြည်းယိုယွင်းလာမှုကိုသာ ပိုခံစားလာရသည်။ အရွေ့အပြောင်း၊အလှုပ်အရှားတို့တွင် လူငယ်တစ်ယောက်လို မလုပ်နိုင်တော့သည်ကို ပိုပြီးသိလာရသည်။ ယခင်က အထက်မြင့်အဆောက်အအုံတို့ကို ပြေးတက်ပြေးဆင်း လုပ်နိုင်ခဲ့သော်လည်း ယခုတော့ အသက်ကိုမှန်မှန်ရှုပြီး အမောမဖောက်အောင် ခန္ဓာကိုယ်ကို သတိတရားထားပြီး ခိုင်းစေနေရသည်။

ယခုအချိန်မှာတော့ “မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်” အာရုံခြောက်ပါးတို့၏ ချုပ်ရာကို မရှေးရှုနိုင် သေးသော်လည်း စောင့်ထိန်းရမည့် အရာတို့ကိုတော့ မလွန်ကျူးမိအောင် စိတ်ကို သတိလေးကပ်နိုင်သမျှ ကပ်ထားတတ်အောင် လေ့ကျင့်နေရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“မ်က္စိ၊နား၊ႏွာ၊လွ်ာ၊ကိုယ္၊စိတ္”

 

“မ်က္စိ၊ နား၊ႏွာ၊ လွ်ာ၊ ကိုယ္၊ စိတ္” ကို အဆင္း၊အသံ၊ အနံ႔၊အရသာ၊ အေတြ႕အထိ၊ သေဘာတရားဟု သိသည္။

ကြၽန္ေတာ္က တရားအေၾကာင္းထဲထဲဝင္ဝင္ႀကီး ေျပာမလို႔မဟုတ္ပါ။ေျပာရေလာက္ေအာင္လည္း တရားသေဘာမသိပါ။

ႏွစ္(၁၀၀)သက္တမ္းႏွင့္တြက္ၿပီး အသက္ပိုင္းျခားလွ်င္ ကြၽန္ေတာ့္အသက္က ေလးပုံႏွစ္ပုံ ျပည့္ခဲ့ၿပီျဖစ္သည္။ ထိုအသက္အေနတြင္ ခႏၶာကိုယ္၏ အ႐ွိတရားတို႔ကို ျပန္ၾကည္မိ၍ ေျပာစရာတို႔႐ွိလာခဲ့ျခင္းျဖစ္သည္။

လက္႐ွိအေနအထားတြင္ မိမိခႏၶာကိုယ္တြင္ ေကာင္းျခင္းဆိုးျခင္း အျပစ္အနာအဆာေလးမ်ားက ႐ွိလာခဲ့သည္။

ခႏၶာကိုယ္မွာ႐ွိလာသည့္ ထိုအေကာင္းအဆိုးေလးမ်ား၊အျပစ္အနာအဆာေလးမ်ားကို ေစာင့္ၾကည့္မိသမွ် ေျပာရလွ်င္ တရားသေဘာလည္းျဖစ္ေကာင္း ျဖစ္သြားႏိုင္သည္။

မ်က္စိအေၾကာင္းကို ေျပာၾကည့္ရလွ်င္ ကြၽန္ေတာ့္ အသက္ (၄၅)ႏွစ္ဝန္းက်င္ေလာက္အထိ မ်က္မွန္မတပ္ခဲ့ရ ေသးေပ။အခုေလးငါးႏွစ္အတြင္းမွာေတာ့ အနီးၾကည့္ပါဝါက (၂၂၅)ဝန္းက်င္ေလာက္အထိတက္လာသည္။ (၄၅)ႏွစ္ မတိုင္ခင္ေလာက္ကေတာ့ စာၾကည့္လွ်င္ မ်က္ေမွာင္ၾကဳတ္ၿပီး လက္ထဲ႐ွိစာအုပ္ကို အနီးအေဝး ခ်ိန္ၿပီးမွ ဖတ္ႏိုင္ခဲ့သည္။ထို႔ေနာက္ ပါဝါအနိမ့္ဆုံး မ်က္မွန္ေလးတက္ၿပီး စာဖတ္၊စာၾကည့္ေတာ့မွ အဆင္ေျပသြားသည္။ ထို႔ေနာက္တြင္ ေသးေသာပုံႏွိပ္စာလုံးေလးမ်ားကို ဖတ္ရာမွ မ်က္မွန္ပါဝါတို႔ ပိုတိုးလာခဲ့သည္မွာ (၂၀၀/၂၂၅)ထိ ႐ွိလာခဲ့သည္။

စာအုပ္ဆိုင္တို႔သြားၿပီး စာအုပ္သြားေ႐ြးလွ်င္ လက္တစ္ေဖာင္ေလာက္ အကြာအေဝးမွာ႐ွိသည့္ စာအုပ္အမည္ကို မဖတ္ႏိုင္ေတာ့ေပ။ထိုအကြာအေဝးကိုဖတ္ႏိုင္ဖို႔ အေဝးၾကည့္ အေနႏွင့္ ပါဝါ(၁၀၀)ေလာက္မွ အဆင္ေျပသည္။ ဇရာ၏သေဘာက အျမင္အာ႐ုံတို႔ အေပၚတြင္ သက္ေရာက္မႈေစာသည္ဟုထင္သည္။

နားကေတာ့ ေကာင္းေသးသည္။တိုးတိုးစကား၊က်ယ္က်ယ္စကား အကုန္ၾကားေနေသးသည္။ ပိန္ဖ်င္းစကား၊ ယုတ္ညံ့စကားမ်ားကိုလည္းၾကားေနရေသးသည္။သူယုတ္မာတို႔၏ စကားမ်ားကိုလည္း ၾကားရသည္။ ေလသံ၊မိုးသံ၊ေက်းငွက္သံႏွင့္ သဘာဝတရားႀကီး၏ အသံတို႔ကိုလည္း ၾကားႏိုင္ပါေသးသည္။ၾကားခ်င္ခ်င္ ၊ မၾကားခ်င္ခ်င္ အမ်ားဆုံးၾကားေနရသည္က ေႏွာင္တြယ္ရစ္ဖြဲ႕ထားသည့္ သံေယာဇဥ္တို႔၏အသံမ်ားျဖစ္သည္။

ေကာင္းေသာနားတို႔အတြက္ သူေတာ္ေကာင္းတို႔၏စကားမ်ားကိုလည္း မျပတ္ၾကားႏိုင္ဖို႔ ဆုေတာင္းေနရ ပါေသးသည္။

အနံ႔ အတြက္လည္းႏွာေခါင္းသည္ ေကာင္းေနပါေသးသည္။႐ႈလိုက္သည့္ ေလတိုင္းတြင္ ပါလာသည့္ အနံ႔တိုကို ခံစားေနႏိုင္ပါေသးသည္။

အရက္နံ႔လား၊ခ်ိဳင္းေခြၽးနံ႔လား၊အာပုပ္နံ႔လား၊ေရေမႊးနံ႔လား။ၾကဳံေနရသည္က လိုလားသည့္ အနံ႔အသက္ ေတြထက္ မလိုလားမႏွစ္သက္သည့္ အနံ႔အသက္တို႔ကိုသာ ပိုၿပီးထိေတြ႕ေနရသည္က မ်ားပါလိမ့္မည္။ ခ်စ္ဇနီး၏ပါးျပင္သည္ ခ်စ္သူဘဝက ပါးျပင္မွရနံ႔တို႔ႏွင့္မတူဘဲ ေျပာင္းလဲသြားသည္ဟု ထင္သည္။

လွ်ာကလည္းေကာင္းပါေသးသည္။ခံစားလိုသည့္ ရသာဓာတ္တို႔ခံစားေနႏိုင္ပါေသးသည္။ခံစားႏိုင္ေအာင္လည္း ဇနီးျဖစ္သူက အစပ္အဟပ္တည့္ေအာင္ ခ်က္ေႂကြးေနပါေသးသည္။

အယုတၱ၊အနတၱစကားတို႔ထက္ လွ်ာကို အသုံးျပဳၿပီး ေကာင္းေသာစကားတို႔ကို အတတ္ႏိုင္ဆုံး ေျပာျဖစ္ေအာင္က်ိဳးစားေနရပါသည္။

ခႏၶာကိုယ္ကေတာ့ အေတြ႕အထိခံစားမႈထက္ တျဖည္းျဖည္းယိုယြင္းလာမႈကိုသာ ပိုခံစားလာရသည္။ အေ႐ြ႕အေျပာင္း၊အလႈပ္အ႐ွားတို႔တြင္ လူငယ္တစ္ေယာက္လို မလုပ္ႏိုင္ေတာ့သည္ကို ပိုၿပီးသိလာရသည္။ ယခင္က အထက္ျမင့္အေဆာက္အအုံတို႔ကို ေျပးတက္ေျပးဆင္း လုပ္ႏိုင္ခဲ့ေသာ္လည္း ယခုေတာ့ အသက္ကိုမွန္မွန္႐ႈၿပီး အေမာမေဖာက္ေအာင္ ခႏၶာကိုယ္ကို သတိတရားထားၿပီး ခိုင္းေစေနရသည္။

ယခုအခ်ိန္မွာေတာ့ “မ်က္စိ၊နား၊ႏွာ၊လွ်ာ၊ကိုယ္၊စိတ္” အာ႐ုံေျခာက္ပါးတို႔၏ ခ်ဳပ္ရာကို မေ႐ွး႐ႈႏိုင္ ေသးေသာ္လည္း ေစာင့္ထိန္းရမည့္ အရာတို႔ကိုေတာ့ မလြန္က်ဴးမိေအာင္ စိတ္ကို သတိေလးကပ္ႏိုင္သမွ် ကပ္ထားတတ္ေအာင္ ေလ့က်င့္ေနရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

Upcoming Property Events

area-one-business-complex
ponnami

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service