“ကိုင်းချိုးသူနဲ့ ဝေးပါစေ” - Property Knowledge in Myanmar from iMyanmarHouse.com
1142 Views

“ကိုင်းချိုးသူနဲ့ ဝေးပါစေ”

Knowledge | Posted by Shwe Zin Win

[Unicode]

မကြာမီ တန်ခူးလရောက်လို့ သင်္ကြန်ပင်ရောက်ပေတော့မည်။သင်္ကြန်ရောက်ပြီဆိုလျှင် သင်္ကြန်နှင့်အတူ တွဲဖက်ပုံရိပ်ထင်သည့် ပိတောက်တို့ကိုလည်း မျှော်လင့်မိကြပါလိမ့်ဦးမည်။

ကျွန်တော်ငယ်စဉ်ကတော့ သင်္ကြန်ရောက်လျှင် ပိတောက်တို့လည်း သင်္ကြန်နှင့်အတူ ပွင့်တတ်သည်။ ပိတောက်ပန်းများနှင့် ရေပက်ခံထွက်ကြသည်။ ထိုစဉ်က သင်္ကြန်နှင့်ပိတောက် အတွဲအဖက်ညီသည်။

ကျွန်တော်တို့အိမ်ဘေးတွင် ပိတောက်ပင်အကြီးကြီးတစ်ပင်ရှိသည်။ ထိုအပင်ကြီးက သင်္ကြန်ရောက်ပြီဆိုလျှင် ပွင့်တတ်သည်။ကျဲကျဲတောက်တောက်ပွင့်သည်မဟုတ် အဆုပ်ဆုပ်အခဲခဲနှင့်ကိုပွင့်သည်။

 

လှသည်မှ အလွန်ကို လှသည်။လှသည်၏နောက်တွင် ပိတောက်ခမျာ ရန်သူတွေ ဝိုင်းဝိုင်းလည်လာတော့သည်။ ခူးမည့်ခြွေမည့် သူများက ပိတောက်ပွင့်သည် ဆိုသည်နှင့် ပင်ခြေကိုရောက်လာတော့သည်။ခူးခြွေရန်အသင့်။

ထိုစဉ်က ကျွန်တော့်မှာ သင်္ကြန်ရေပက်ဖို့ထက် ပိတောက်ခူးမည့်သူများကိုတားနေရသည်။ အမျိုးသမီး အတော်များများသည် ပိတောက်ပွင့်လျှင် ပန်လိုကြသည်။ ပိတောက်ကလည်း ပင်မြင့်တွင်ရှိသည်။ ကိုင်းဖျားတွင်ပွင့်သည်။ပိတောက်ပွင့်အား ခရေပန်းတို့လို လှုပ်ချ၊ရိုက်ချပြီး အောက်ကျလာမှကောက်ကာ ကုံးသီလို့လည်းမရ။ဝါးလုံးနှင့်ညှပ်ထိုးပြီး ချိုးရအောင်ကလည်း အပင်မြင့်လွန်းလျှင်ချိုးမရ။

ဒီတော့ အပင်ပေါ်တက်ပြီး ဓားနှင့် ခုတ်ချပါလေမှ ပိတောက်ပန်းတို့ ကောင်းကောင်းရသည်။အပင်ပေါ် တစ်အုပ်တစ်ခဲနှင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပွင့်နေသည်ကို ကျွန်တော်က နှစ်သက်စွာကြည့်လိုသည်။ အမျိုးသမီးများက ထိုသို့မဟုတ်ဘဲ နားပူနားဆာလုပ်လွန်းသဖြင့် ပိတောက်ကိုင်းကိုချိုင်ချပေးလိုက်ရသည်။

အပင်ပေါ်မှာ မွှေးကြူလှပသော ပိတောက်သည် ထိုပွင့်သည့်တစ်ရက်အတွင်းမှာပင် အပင်အလှရော ပန်းအလှပါ ဖျက်ဆီးခြင်း ခံလိုက်ရပါတော့သည်။သင်္ကြန်လည်းပြီးရော ပိတောက်ပင်မှာ ကျိုးတိုးကျဲတဲနှင့် မလှမပ ကျန်ခဲ့တော့သည်။

နောက်ပိုင်း သင်္ကြန်နှင့်ပိတောက်တွဲမမြင်ရသည့်နှစ်တွေက များလာသည်။စောရင်လည်း စောပွင့်တတ်သည်။ သင်္ကြန်ပြီးသည့်နောက် အချိန်အတော်ကြာတော့မှ ပွင့်သည့်အခါများလည်းရှိတတ်သည်။

ဘာပဲပြောပြော သင်္ကြန်နှင့်ပိတောက်ကို ကျွန်တော်ချစ်သည်။

ကျွန်တော့်မှာ တန်ခူးရောက်လို့ သင်္ကြန်မှာပိတောက်တွေပွင့်ပြီးဆိုလျှင် ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်ကူးယဉ်မှုလေးတွေကို ကဗျာနဲ့ဖွဲ့စပ်မိသည်။

 

 

ကျွန်တော်သတိထားမိသမျှ ပိတောက်က ပွင့်ပြီဆိုလျှင်ညသန်းခေါင်မှာပွင့်သည်။နောက်နေ့ညတွင် ကြွေကုန်သည်။မခူးမခြွေဘဲထားလျှင် တနေ့လုံး အနံ့ တသင်းသင်းနှင့် ဝေဝေဆာဆာပွင့်သည်။ နေခင်းတစ်ချိန်လုံး ရွှေရည်စက်တို့လိမ်းကျန်ထားပြီး နောက်တစ်နေ့မနက် ပင်ခြေတွင် ရွှေရည်စက်တို့ ကြွေထပ်နေကြပေသည်။

အပင်ပေါ်ကပန်းကို မရမကခြွေခူးကာပန်ဆင်ကြသော်လည်း ပင်အောက်မှာ ကြွေရောက်နေသည့် ရွှေရည်စက်ပြောက်တို့ကိုတော့ ချစ်ကြပါသေးရဲ့လား။မနင်းရက်ဘဲ ရှောင်ကွင်းသွားနိုင်ပါသေးရဲလား။

ဘယ်သူမှ မရှောင်ကွင်းဘဲ ရက်ရက်စက်စက်ပင်နင်းဖြတ်သွားခဲ့ကြသည်။

ကျွန်တော်မှာက အပင်ပေါ်မှာ လှပစွာပွင့်သည်ကို ကြည်နူးနေမိသလို ပင်အောက်မှာကြွေနေသည်များကိုလည်း မြတ်နိုးစွာဖြင့် ကြည့်မိတတ်သည်။ဒါက ကျွန်တော်ခံစားမှုသာဖြစ်သည်။ဒီအတွေးလေးနှင့် ကဗျာလေးတစ်ပုဒ်ကို ရေးမိသေးသည်။

 

 

“တောင်းပန်လွှာ”

ပင်ထက်ကိုင်းဖျား လှပေငြားလည်း

ကြွေထားမြေရောက် ပန်းပိတောက်ကို

လိုက်ကောက်ကာသီ မဆင်ပြီတည့်။

ရွှေရည်စက်ပြောက် ကြွေပိတောက်ပေါ်

မလျှောက်မနင်း ယုယခြင်းဖြင့်

ရှောင်ကွင်းကာများ ဘယ်သူသွားလဲ။

ပင်မှာလန်းတင့် ရွှေရည်ပွင့်ကို

ပင်မြင့်ထက်ဝေ တစ်ရက်နေတာ

ကျေနပ်ပါတော့။

ပြောချင်တော့ဘူး ဖူးပွင့်ခက်လက်

ရက်ရက်စက်စက် ခုတ်ဖျက်ပန်ဆင်

လှချင်ပါနဲ့ တောင်းပန်ခဲ့မယ်

နွေရဲ့သင်္ကြန် ဖန်ဖန်ပြောင်းတိုင်း

ကိုင်းချိုးသူနှင့်ဝေးပါစေ။ ။

ကျွန်တော် ပိတောက်ကိုချစ်သည်။ပိတောက်ကိုချစ်သည့်အတွက် ပန်းခူးကာပန်ဆင်မည့်သူများကို ပိတောက်ကိုယ်စား တောင်းပန်မိသည်။…ပိတောက်နှင့်ပတ်သက်ပြီး ခံစားမှုရှုထောင့်စုံနဲ့ရေးထားသည့် ကဗျာတို့ ကျွန်တော်မှာရှိနေပါသေးသည်။အကြောင်းသင့်လျှင် တင်ပြပါဦးမည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

“ကိုင္းခ်ိဳးသူနဲ႔ ေဝးပါေစ”

 

မၾကာမီ တန္ခူးလေရာက္လို႔ သႀကၤန္ပင္ေရာက္ေပေတာ့မည္။သႀကၤန္ေရာက္ၿပီဆိုလွ်င္ သႀကၤန္ႏွင့္အတူ တြဲဖက္ပုံရိပ္ထင္သည့္ ပိေတာက္တို႔ကိုလည္း ေမွ်ာ္လင့္မိၾကပါလိမ့္ဦးမည္။

ကၽြန္ေတာ္ငယ္စဥ္ကေတာ့ သႀကၤန္ေရာက္လွ်င္ ပိေတာက္တို႔လည္း သႀကၤန္ႏွင့္အတူ ပြင့္တတ္သည္။ ပိေတာက္ပန္းမ်ားႏွင့္ ေရပက္ခံထြက္ၾကသည္။ ထိုစဥ္က သႀကၤန္ႏွင့္ပိေတာက္ အတြဲအဖက္ညီသည္။

ကြၽန္ေတာ္တို႔အိမ္ေဘးတြင္ ပိေတာက္ပင္အႀကီးႀကီးတစ္ပင္႐ွိသည္။ ထိုအပင္ႀကီးက သႀကၤန္ေရာက္ၿပီဆိုလွ်င္ ပြင့္တတ္သည္။က်ဲက်ဲေတာက္ေတာက္ပြင့္သည္မဟုတ္ အဆုပ္ဆုပ္အခဲခဲႏွင့္ကိုပြင့္သည္။

လွသည္မွ အလြန္ကို လွသည္။လွသည္၏ေနာက္တြင္ ပိေတာက္ခမ်ာ ရန္သူေတြ ဝိုင္းဝိုင္းလည္လာေတာ့သည္။ ခူးမည့္ေျခြမည့္ သူမ်ားက ပိေတာက္ပြင့္သည္ ဆိုသည္ႏွင့္ ပင္ေျခကိုေရာက္လာေတာ့သည္။ခူးေျခြရန္အသင့္။

ထိုစဥ္က ကၽြန္ေတာ့္မွာ သႀကၤန္ေရပက္ဖို႔ထက္ ပိေတာက္ခူးမည့္သူမ်ားကိုတားေနရသည္။ အမ်ိဳးသမီး အေတာ္မ်ားမ်ားသည္ ပိေတာက္ပြင့္လွ်င္ ပန္လိုၾကသည္။ ပိေတာက္ကလည္း ပင္ျမင့္တြင္ရွိသည္။ ကိုင္းဖ်ားတြင္ပြင့္သည္။ပိေတာက္ပြင့္အား ခေရပန္းတို႔လို လႈပ္ခ်၊ရိုက္ခ်ၿပီး ေအာက္က်လာမွေကာက္ကာ ကုံးသီလို႔လည္းမရ။ဝါးလုံးႏွင့္ညွပ္ထိုးၿပီး ခ်ိဳးရေအာင္ကလည္း အပင္ျမင့္လြန္းလွ်င္ခ်ိဳးမရ။

ဒီေတာ့ အပင္ေပၚတက္ၿပီး ဓားႏွင့္ ခုတ္ခ်ပါေလမွ ပိေတာက္ပန္းတို႔ ေကာင္းေကာင္းရသည္။အပင္ေပၚ တစ္အုပ္တစ္ခဲႏွင့္ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ႀကီးပြင့္ေနသည္ကို ကၽြန္ေတာ္က ႏွစ္သက္စြာၾကည့္လိုသည္။ အမ်ိဳးသမီးမ်ားက ထိုသို႔မဟုတ္ဘဲ နားပူနားဆာလုပ္လြန္းသျဖင့္ ပိေတာက္ကိုင္းကိုခ်ိဳင္ခ်ေပးလိုက္ရသည္။

အပင္ေပၚမွာ ေမႊးၾကဴလွပေသာ ပိေတာက္သည္ ထိုပြင့္သည့္တစ္ရက္အတြင္းမွာပင္ အပင္အလွေရာ ပန္းအလွပါ ဖ်က္ဆီးျခင္း ခံလိုက္ရပါေတာ့သည္။သႀကၤန္လည္းၿပီးေရာ ပိေတာက္ပင္မွာ က်ိဳးတိုးက်ဲတဲႏွင့္ မလွမပ က်န္ခဲ့ေတာ့သည္။

ေနာက္ပိုင္း သႀကၤန္ႏွင့္ပိေတာက္တြဲမျမင္ရသည့္ႏွစ္ေတြက မ်ားလာသည္။ေစာရင္လည္း ေစာပြင့္တတ္သည္။ သႀကၤန္ၿပီးသည့္ေနာက္ အခ်ိန္အေတာ္ၾကာေတာ့မွ ပြင့္သည့္အခါမ်ားလည္းရွိတတ္သည္။

ဘာပဲေျပာေျပာ သႀကၤန္ႏွင့္ပိေတာက္ကုိ ကၽြန္ေတာ္ခ်စ္သည္။

ကၽြန္ေတာ့္မွာ တန္ခူးေရာက္လို႔ သႀကၤန္မွာပိေတာက္ေတြပြင့္ၿပီးဆိုလွ်င္ ထိုျမင္ကြင္းကို ၾကည့္ၿပီး စိတ္ကူးယဥ္မႈေလးေတြကို ကဗ်ာနဲ႔ဖြဲ႔စပ္မိသည္။

ကၽြန္ေတာ္သတိထားမိသမွ် ပိေတာက္က ပြင့္ၿပီဆိုလွ်င္ညသန္းေခါင္မွာပြင့္သည္။ေနာက္ေန႔ညတြင္ ေၾကြကုန္သည္။မခူးမေျခြဘဲထားလွ်င္ တေန႔လုံး အနံ႔ တသင္းသင္းႏွင့္ ေဝေဝဆာဆာပြင့္သည္။ ေနခင္းတစ္ခ်ိန္လုံး ေရႊရည္စက္တို႔လိမ္းက်န္ထားၿပီး ေနာက္တစ္ေန႔မနက္ ပင္ေျခတြင္ ေရႊရည္စက္တို႔ ေၾကြထပ္ေနၾကေပသည္။

အပင္ေပၚကပန္းကို မရမကေျခြခူးကာပန္ဆင္ၾကေသာ္လည္း ပင္ေအာက္မွာ ေၾကြေရာက္ေနသည့္ ေရႊရည္စက္ေျပာက္တို႔ကိုေတာ့ ခ်စ္ၾကပါေသးရဲ႕လား။မနင္းရက္ဘဲ ေရွာင္ကြင္းသြားႏိုင္ပါေသးရဲလား။

ဘယ္သူမွ မေရွာင္ကြင္းဘဲ ရက္ရက္စက္စက္ပင္နင္းျဖတ္သြားခဲ့ၾကသည္။

ကၽြန္ေတာ္မွာက အပင္ေပၚမွာ လွပစြာပြင့္သည္ကို ၾကည္ႏူးေနမိသလို ပင္ေအာက္မွာေၾကြေနသည္မ်ားကိုလည္း ျမတ္ႏိုးစြာျဖင့္ ၾကည့္မိတတ္သည္။ဒါက ကၽြန္ေတာ္ခံစားမႈသာျဖစ္သည္။ဒီအေတြးေလးႏွင့္ ကဗ်ာေလးတစ္ပုဒ္ကို ေရးမိေသးသည္။

“ေတာင္းပန္လႊာ”

ပင္ထက္ကိုင္းဖ်ား လွေပျငားလည္း

ေၾကြထားေျမေရာက္ ပန္းပိေတာက္ကို

လိုက္ေကာက္ကာသီ မဆင္ၿပီတည့္။

ေရႊရည္စက္ေျပာက္ ေၾကြပိေတာက္ေပၚ

မေလွ်ာက္မနင္း ယုယျခင္းျဖင့္

ေရွာင္ကြင္းကာမ်ား ဘယ္သူသြားလဲ။

ပင္မွာလန္းတင့္ ေရႊရည္ပြင့္ကို

ပင္ျမင့္ထက္ေဝ တစ္ရက္ေနတာ

ေက်နပ္ပါေတာ့။

ေျပာခ်င္ေတာ့ဘူး ဖူးပြင့္ခက္လက္

ရက္ရက္စက္စက္ ခုတ္ဖ်က္ပန္ဆင္

လွခ်င္ပါနဲ႔ ေတာင္းပန္ခဲ့မယ္

ေႏြရဲ႕သႀကၤန္ ဖန္ဖန္ေျပာင္းတိုင္း

ကိုင္းခ်ိဳးသူႏွင့္ေဝးပါေစ။ ။

ကၽြန္ေတာ္ ပိေတာက္ကိုခ်စ္သည္။ပိေတာက္ကိုခ်စ္သည့္အတြက္ ပန္းခူးကာပန္ဆင္မည့္သူမ်ားကို ပိေတာက္ကိုယ္စား ေတာင္းပန္မိသည္။ေဩာ္…ပိေတာက္ႏွင့္ပတ္သက္ၿပီး ခံစားမႈရႈေထာင့္စုံနဲ႔ေရးထားသည့္ ကဗ်ာတို႔ ကၽြန္ေတာ္မွာရွိေနပါေသးသည္။အေၾကာင္းသင့္လွ်င္ တင္ျပပါဦးမည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

Upcoming Property Events

thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service