“အခန့်မသင့်ရင်” - Property Knowledge in Myanmar from iMyanmarHouse.com
590 Views

“အခန့်မသင့်ရင်”

Knowledge | Posted by Si Thu Aung

[Unicode]

 

ချစ်တော့ ချစ်ကြတာပါပဲ။ ချစ်လို့လည်း သူဆိုးနွဲ့သမျှ ကျေနပ်လက်ခံမယ်ဆိုပြီး နှစ်ဦးပေါင်းဖက်ကြတာပဲလေ။ စိတ်အခန့်မသင့်တဲ့ အခိုက်အတန့်လေးနောက်မှာမှ...

စိတ်ဆိုတာ ကိုယ့်ဟာနဲ့ကိုယ်တောင် အခန့်မသင့်ရင် ရန်ဖြစ်နေတတ်သေးတော့။ ကိုယ်ကလွဲရင်ရော ချစ်ရသူတွေနဲ့ သူတစ်ပါးတွေအပေါ် ကိုယ့်စိတ်ကို ဘယ်လောက် ထိန်းသိမ်းနိုင်မလဲ။ စဉ်းတော့ စဉ်းစားကြည့်ဖို့ကောင်းပါတယ်။

သတိထားပြီး လုပ်နေပါရက်နဲ့ ကိုယ်လက်ထဲက ပစ္စည်းတစ်ခုခု အခန့်မသင့်လို့ လွတ်ကျသွားခဲ့ရင် ကိုယ့်လက်ကို ငါနဲ့ကိုင်တုတ်ပြီး ဆဲမိတတ်ကြသေးတယ်မို့လား။

“အခန့်မသင့်ရင်”ဆိုတဲ့ စကားလေးက တိုတိုတုတ်တုတ်ပါပဲ။ ဒါပေမဲ့ သိပ်ကြောက်ဖို့ကောင်းတယ်။ ပြင်လို့မရတဲ့ ဖြစ်ရပ်တွေက အဲဒီစိတ်အခန့်မသင့်တဲ့ အခိုက်အတန့်လေးအတွင်း ဖြစ်ပျက်သွားကြတာပါပဲ။

သိပ်ချစ်ပါတယ်ဆိုတဲ့သူတွေ အပေါ်မှာတောင် စိတ်အခန့်မသင့်တဲ့အချိန်လေးမှာ ပြောမှားတွေ၊ပြုမှား လုပ်ရပ်မှားတွေ လုပ်မိသွားတတ်ပါတယ်။

တချို့မိဘတွေဟာ ကိုယ်ကမွေးတဲ့ ကိုယ့်ရင်သွေးကိုတောင် ကိုယ့်စိတ်နဲ့ အခန့်မသင့် အလိုမကျရင် ကျွဲရိုက်၊နွားရိုက် ရိုက်မိတတ်ကြပါတယ်။ လူလိုသူလို မဆုံးမနိုင်တော့ဘူး။ သတိတရားတွေ လွတ်ထွက်သွားလောက်အောင်အထိ ဖြစ်သွားပါတယ်။

မချစ်ဘဲနဲ့မွေးထားတဲ့ ကလေးမဟုတ်ဘူးနော်။ ချစ်လို့မွေးထားတာတောင်မှ စိတ်အခန့်မသင့်တဲ့ အချိန်လေးအတွင်း ကြမ်းတမ်းရိုင်းစိုင်းတဲ့စိတ်တွေနဲ့ ဆုံးမတာမဟုတ်တော့တဲ့ နှိပ်စက်တဲ့ လုပ်ရက်မျိုးကို လုပ်မိသွားတတ်ကြပါတယ်။

ကလေးဆိုတာ ကလေးစိတ်ပဲရှိမှာပေါ့။ လူကြီးအသိ သူသိမှာမဟုတ်ပါဘူး။ လိုတာတောင်းမယ်၊ မရရင်ဂျီတိုက်မယ်။ လူရှေ့သူရှေ့ ရှောင်မှာမဟုတ်ပါဘူး။ သူလိုချင်တာ တွေ့မြင်တဲ့အချိန်၊သူလိုအပ်တဲ့ အချိန်တွေမှာ တောင်းမှာပူဆာမှာပါပဲ။

ဒီအခိုက်အတန့်အတွင်း ကလေးစိတ်ကို နားလည်ခွင့်လွတ်ပြီး သိတတ်ရပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် ငါ့ကို အရှက်ခွဲရကောင်းလားဆိုပြီး ချစ်လို့မွေးထားတဲ့ သားရင်း၊ သမီးရင်းအပေါ်မှာပင် လူစိတ်ပျောက်သွား တတ်ကြတာကို တွေ့ရပါတယ်။

 

 

ဒီနေ့လူမှုကွန်ရက်မှာ အဝတ်အစားရောင်းတဲ့ စတိုးဆိုင်ထဲက ဖြစ်ရပ်လေးတစ်ခုကို ကြည့်မိပါတယ်။ ဆိုင်ပိတ်ချိန်လို့ထင်ပါတယ်။ ဆိုင်တံခါးတွေ တံခါးတွေပိတ်ထားလို့ပါ။ ဆိုင်ရှင်အမျိုးသမီးက ငွေရှင်းကောင်တာ မှာထိုင်ပြီး စာရင်းသိမ်းနေပုံရပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့ပဲ ယောက်ျားဖြစ်သူနဲ့လည်း စကားကတောက်ကဆတ် ဖြစ်နေပုံရပါတယ်။

အခန့်မသင့် ဖြစ်မှုရဲ့ အခိုက်အတန့်လေးအတွင်းမှာပဲ ယောက်ျားဖြစ်သူဟာ လူစိတ်ပျောက်ကာ ဇနီးဖြစ်သူကို ထုထောင်းပါတော့တယ်။

ဒေါသစိတ်ဘယ်လောက်တောင် အားကြီးသွားလည်းမသိ နှစ်ချက်သုံးချက်အတွင်းမှာပင် ဇနီးဖြစ်သူ ငြိမ်သက်ပျော့ခွေသွားပါတယ်။ မေ့သွားသလား၊အသက်ပင်ထွက်သွားသလား မြင်ရသည့်ပုံအရ သိပ်တော့မဟန်ပေ။ အဲဒီအချိန်မှာပဲ အရွယ်မရောက်သေးတဲ့ ရင်သွေးငယ်နှစ်ယောက်ပြေးဝင်လာကြပါတယ်။ အဖေဖြစ်သူကို ရှိခိုးတောင်းပန်တယ်။ အငယ်လေးက အော်ဟစ်ငိုယိုပြတယ်။

ဖအေဖြစ်သူမှာ ကလေးတွေရဲ့ ဟန့်တားတောင်းပန်မှုကြောင့် သူ့ရဲ့ စိတ်အခန့်မသင့်တုန်းဖြစ်သွားတဲ့ စိတ်ရိုင်းစိတ်မိုက်တို့ ရပ်တန့်သွားပါတယ်။ သူ့ဇနီးကို အသံပြုကြည့်ပါတယ်။ပျော့ခွေငြိမ်သက်ဆဲ။ နောင်တရစရာ ပြင်မရတဲ့ အမှားကြီးကို ကျူးလွန်လိုက်လေပြီလားမသိ။ မိသားစုအသိုက်မြုံလေးပင် ပျက်စီးနိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အခိုက်အတန့်အတွင်း စိတ်အခန့်မသင့်တာလေးကို သတိထားကြဖို့ပါပဲ။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“အခန္႔မသင့္ရင္”

ခ်စ္ေတာ့ ခ်စ္ၾကတာပါပဲ။ ခ်စ္လို႔လည္း သူဆိုးႏြဲ႕သမွ် ေက်နပ္လက္ခံမယ္ဆိုၿပီး ႏွစ္ဦးေပါင္းဖက္ၾကတာပဲေလ။ စိတ္အခန္႔မသင့္တဲ့ အခိုက္အတန္႔ေလးေနာက္မွာမွ...

စိတ္ဆိုတာ ကိုယ့္ဟာနဲ႔ကိုယ္ေတာင္ အခန္႔မသင့္ရင္ ရန္ျဖစ္ေနတတ္ေသးေတာ့။ ကိုယ္ကလြဲရင္ေရာ ခ်စ္ရသူေတြနဲ႔ သူတစ္ပါးေတြအေပၚ ကိုယ့္စိတ္ကို ဘယ္ေလာက္ ထိန္းသိမ္းႏိုင္မလဲ။ စဥ္းေတာ့ စဥ္းစားၾကည့္ဖို႔ေကာင္းပါတယ္။

သတိထားၿပီး လုပ္ေနပါရက္နဲ႔ ကိုယ္လက္ထဲက ပစၥည္းတစ္ခုခု အခန္႔မသင့္လို႔ လြတ္က်သြားခဲ့ရင္ ကိုယ့္လက္ကို ငါနဲ႔ကိုင္တုတ္ၿပီး ဆဲမိတတ္ၾကေသးတယ္မို႔လား။

“အခန္႔မသင့္ရင္”ဆိုတဲ့ စကားေလးက တိုတိုတုတ္တုတ္ပါပဲ။ ဒါေပမဲ့ သိပ္ေၾကာက္ဖို႔ေကာင္းတယ္။ ျပင္လို႔မရတဲ့ ျဖစ္ရပ္ေတြက အဲဒီစိတ္အခန္႔မသင့္တဲ့ အခိုက္အတန္႔ေလးအတြင္း ျဖစ္ပ်က္သြားၾကတာပါပဲ။

သိပ္ခ်စ္ပါတယ္ဆိုတဲ့သူေတြ အေပၚမွာေတာင္ စိတ္အခန္႔မသင့္တဲ့အခ်ိန္ေလးမွာ ေျပာမွားေတြ၊ျပဳမွား လုပ္ရပ္မွားေတြ လုပ္မိသြားတတ္ပါတယ္။

တခ်ိဳ႕မိဘေတြဟာ ကိုယ္ကေမြးတဲ့ ကိုယ့္ရင္ေသြးကိုေတာင္ ကိုယ့္စိတ္နဲ႔ အခန္႔မသင့္ အလိုမက်ရင္ ကြၽဲ႐ိုက္၊ႏြား႐ိုက္ ႐ိုက္မိတတ္ၾကပါတယ္။ လူလိုသူလို မဆုံးမႏိုင္ေတာ့ဘူး။ သတိတရားေတြ လြတ္ထြက္သြားေလာက္ေအာင္အထိ ျဖစ္သြားပါတယ္။

မခ်စ္ဘဲနဲ႔ေမြးထားတဲ့ ကေလးမဟုတ္ဘူးေနာ္။ ခ်စ္လို႔ေမြးထားတာေတာင္မွ စိတ္အခန္႔မသင့္တဲ့ အခ်ိန္ေလးအတြင္း ၾကမ္းတမ္း႐ိုင္းစိုင္းတဲ့စိတ္ေတြနဲ႔ ဆုံးမတာမဟုတ္ေတာ့တဲ့ ႏွိပ္စက္တဲ့ လုပ္ရက္မ်ိဳးကို လုပ္မိသြားတတ္ၾကပါတယ္။

ကေလးဆိုတာ ကေလးစိတ္ပဲ႐ွိမွာေပါ့။ လူႀကီးအသိ သူသိမွာမဟုတ္ပါဘူး။ လိုတာေတာင္းမယ္၊ မရရင္ဂ်ီတိုက္မယ္။ လူေ႐ွ႕သူေ႐ွ႕ ေ႐ွာင္မွာမဟုတ္ပါဘူး။ သူလိုခ်င္တာ ေတြ႕ျမင္တဲ့အခ်ိန္၊သူလိုအပ္တဲ့ အခ်ိန္ေတြမွာ ေတာင္းမွာပူဆာမွာပါပဲ။

ဒီအခိုက္အတန္႔အတြင္း ကေလးစိတ္ကို နားလည္ခြင့္လြတ္ၿပီး သိတတ္ရပါလိမ့္မယ္။ ဒီလိုမွမဟုတ္ရင္ ငါ့ကို အ႐ွက္ခြဲရေကာင္းလားဆိုၿပီး ခ်စ္လို႔ေမြးထားတဲ့ သားရင္း၊ သမီးရင္းအေပၚမွာပင္ လူစိတ္ေပ်ာက္သြား တတ္ၾကတာကို ေတြ႕ရပါတယ္။

ဒီေန႔လူမႈကြန္ရက္မွာ အဝတ္အစားေရာင္းတဲ့ စတိုးဆိုင္ထဲက ျဖစ္ရပ္ေလးတစ္ခုကို ၾကည့္မိပါတယ္။ ဆိုင္ပိတ္ခ်ိန္လို႔ထင္ပါတယ္။ ဆိုင္တံခါးေတြ တံခါးေတြပိတ္ထားလို႔ပါ။ ဆိုင္႐ွင္အမ်ိဳးသမီးက ေငြ႐ွင္းေကာင္တာ မွာထိုင္ၿပီး စာရင္းသိမ္းေနပုံရပါတယ္။ အဲဒီလိုလုပ္ရင္းနဲ႔ပဲ ေယာက်္ားျဖစ္သူနဲ႔လည္း စကားကေတာက္ကဆတ္ ျဖစ္ေနပုံရပါတယ္။

အခန္႔မသင့္ ျဖစ္မႈရဲ႕ အခိုက္အတန္႔ေလးအတြင္းမွာပဲ ေယာက်္ားျဖစ္သူဟာ လူစိတ္ေပ်ာက္ကာ ဇနီးျဖစ္သူကို ထုေထာင္းပါေတာ့တယ္။

ေဒါသစိတ္ဘယ္ေလာက္ေတာင္ အားႀကီးသြားလည္းမသိ ႏွစ္ခ်က္သုံးခ်က္အတြင္းမွာပင္ ဇနီးျဖစ္သူ ၿငိမ္သက္ေပ်ာ့ေခြသြားပါတယ္။ ေမ့သြားသလား၊အသက္ပင္ထြက္သြားသလား ျမင္ရသည့္ပုံအရ သိပ္ေတာ့မဟန္ေပ။ အဲဒီအခ်ိန္မွာပဲ အ႐ြယ္မေရာက္ေသးတဲ့ ရင္ေသြးငယ္ႏွစ္ေယာက္ေျပးဝင္လာၾကပါတယ္။ အေဖျဖစ္သူကို ႐ွိခိုးေတာင္းပန္တယ္။ အငယ္ေလးက ေအာ္ဟစ္ငိုယိုျပတယ္။

ဖေအျဖစ္သူမွာ ကေလးေတြရဲ႕ ဟန္႔တားေတာင္းပန္မႈေၾကာင့္ သူ႕ရဲ႕ စိတ္အခန္႔မသင့္တုန္းျဖစ္သြားတဲ့ စိတ္႐ိုင္းစိတ္မိုက္တို႔ ရပ္တန္႔သြားပါတယ္။ သူ႕ဇနီးကို အသံျပဳၾကည့္ပါတယ္။ေပ်ာ့ေခြၿငိမ္သက္ဆဲ။ ေနာင္တရစရာ ျပင္မရတဲ့ အမွားႀကီးကို က်ဴးလြန္လိုက္ေလၿပီလားမသိ။ မိသားစုအသိုက္ျမဳံေလးပင္ ပ်က္စီးႏိုင္တဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။ အခိုက္အတန္႔အတြင္း စိတ္အခန္႔မသင့္တာေလးကို သတိထားၾကဖို႔ပါပဲ။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

Upcoming Property Events

CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service