အမေရိကန်တွင် မိမိခြံဝန်းအတွင်း ကျူးကျော်ကာ ဆိတ်ခြံလာဆောက်သူကို ခြံရှင်က တရားစွဲသော်လည်း ကျူးကျော်သူ အမှုနိုင်ကာ ခြံရှင်မှာ ဒေါ်လာ ၁၂၅၀၀၀ တန် ခြံမြေဆုံးရှုံး

အမေရိကန်တွင် မိမိခြံဝန်းအတွင်း ကျူးကျော်ကာ ဆိတ်ခြံလာဆောက်သူကို ခြံရှင်က တရားစွဲသော်လည်း ကျူးကျော်သူ အမှုနိုင်ကာ ခြံရှင်မှာ ဒေါ်လာ ၁၂၅၀၀၀ တန် ခြံမြေဆုံးရှုံး - Property News in Myanmar from iMyanmarHouse.com
14 Mar 2023 10:34 am တွင် တင်ခဲ့သည်
1282 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း ဒီလာဝယ်ပြည်နယ်တွင် ခြံပိုင်ရှင်အမျိုးသားတစ်ဦးသည် သူ၏ မိသားစုပိုင် ခြံမြေကို ရောင်းချရန် စီစဉ်ရာ အိမ်နီးချင်းက သူ၏ မြေကို ကျူးကျော်ထားသည်ကို တွေ့ရကာ အမှုရင်ဆိုင်ရာ သူ၏ ခြံဆုံးရှုံးခဲ့ရမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ဘာတန် ဘန့်စ် (Burton Banks) ဆိုသူသည် ဒီလာဝယ်ပြည်နယ်၊ Ocean View တွင်ရှိသော ခြံကို ရောင်းချရန် ကြိုးစားခဲ့သည်။ အဆိုပါခြံသည် ဖခင်ဖြစ်သူက အမွေပေးခဲ့သောခြံဖြစ်ပြီး ဘာတန် ဘန့်စ်တို့ မျိုးဆက် ၂ ခု ပိုင်ဆိုင်ခဲ့သောခြံ ဖြစ်သည်။

ခြံရောင်းရန် စီစဉ်ချိန်တွင် သူ၏ အိမ်နီးချင်း Melissa Schrock က ဘာတန်၏ ခြံကို ကျူးကျော်ကာ ခြံဝန်းတစ်နေရာတွင် ဆိတ်ခြံဆောက်ထားသည်ကို တွေ့ရသည်။

Melissa Schrock သည် တစ်ဧကခန့်ရှိသော ခြံ၏ ၃ ပုံ ၂ ပုံကို ကျူးကျော်ကာ ဆယ်စုနှစ်နှင့်ချီ၍ အသုံးပြုနေခဲ့ခြင်းဖြစ်ကြောင်း Delaware Online သတင်းဌာနက ဖော်ပြသည်။

ဘာတန်လည်း Melissa Schrock ကို တရားရုံးတွင် တရားစွဲခဲ့ရာ Melissa က ကျူးကျော်နေထိုင်သူ၏ အခွင့်အရေးသတ်မှတ်ချက်ဖြင့် ခုခံချေပခဲ့ပြီး တရားသူကြီးကလည်း Melissa ကို အမှုအနိုင်ပေးခဲ့သည်။

 

 

(၁၉၈၅ ခုနှစ်က မြေပုံတွင် Melissa ၏ ခြံကွက် (Lot1) နှင့် ဘာတန်၏ ခြံကွက် (Lot 2) တို့၏ ပိုင်နက် နယ်နိမိတ်ကို တွေ့ခဲ့ရပုံ။ တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ကြပြီးနောက် Melissa မှာ Lot 2 မြေကွက်ကို အမည်ပေါက် လွှဲပြောင်းပိုင်ဆိုင်ခွင့်ရရှိခဲ့သည်။ဓာတ်ပုံ- Burton Banks)

 

တရားသူကြီးက ဆုံးဖြတ်သည်မှာ ဘာတန်သည် ပြီးခဲ့သော နှစ်ပေါင်း ၂၀ အတွင်း အဆိုပါခြံ၏ ပင်မနေထိုင်သူတစ်ဦး မဟုတ်ခဲ့ကြောင်း၊ အတ္တလန္တာတွင်သာ နေထိုင်ပြီး ယခုခြံသို့ တခါတရံမှသာ လာကြောင်း၊ ဒီလာဝယ်၏ ဆန့်ကျင်ပိုင်ဆိုင်မှု ဥပဒေအရ နှစ်ပေါင်း ၂၀ နေထိုင်ခဲ့သည့် Melissa ကို ပိုင်ဆိုင်မှု ပေးကြောင်း ဆုံးဖြတ်ခဲ့သည်။

 

 

(ဘာတန်နှင့် Melissa တို့ ပိုင်ဆိုင်မှုအငြင်းပွားခဲ့သော ဒီလာဝယ်ပြည်နယ်၊ Ocean View အနီးမှ Lisa Avenue ။ ဓာတ်ပုံ- Shannon Marvel McNaught / USA TODAY NETWORK)

 

“ဒီအချက်က တုန်လှုပ်ဖို့ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအများစုက ဒီဥပဒေအကြောင်းကို မသိကြဘူး”ဟု Widener တက္ကသိုလ်မှ ဥပဒေပါမောက္ခ ဆရီနာ ဝီလျံစ်က ဒီလာဝယ်ပြည်နယ်၏ ကျူးကျော်သူ အခွင့်အရေးအကြောင်း Delaware Online သို့ ပြောပြသည်။

ခြံမြေကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်းပိုင်ဆိုင်ခဲ့ကြသည့် ဘာတန်၏ ဖခင်နှင့် မိခင် ၂ ဦးလုံး ကွယ်လွန်သွားခြင်းက ယခုအမှုကို ပိုမိုရှုပ်ထွေးစေခဲ့သည်။

ဘာတန်၏ ဖခင်က မကွယ်လွန်မီတွင် ထိုခြံကို ဇနီးအား လွှဲပြောင်းပေးသွားခဲ့ပြီး မိခင်ဖြစ်သူကလည်း မကွယ်လွန်မီတွင် ဘာတန်အား လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

 

 

(ဒီလာဝယ်ပြည်နယ်၊ Ocean View အနီးရှိ ဘာတန်၏ ခြံဝန်း။ ဓာတ်ပုံ-Google Maps)

 

Melissa က ခုခံချေပရာတွင် “ဒီမြေနေရာဟာ ကျွန်မကလေးဘဝကတည်းက ဆော့ကစားခဲ့တဲ့ ကျွန်မရဲ့ ခြံနောက်ဘက်ဖြစ်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း တရားလွှတ်တော် တရားသူကြီး Craig Karsnitz က ဆုံးဖြတ်ခဲ့သည်မှာ Melissa သည် နှစ်ပေါင်း ၂၀ နေထိုင်မှု ကာလစည်းကမ်းသတ်ဥပဒေနှင့် ကိုက်ညီကြောင်း၊ ဘာတန်မှာမူ ထိုစည်းမျဉ်းနှင့် မကိုက်ကြောင်း၊ ထို့ကြောင့် ခြံမြေပိုင်ဆိုင်မှုကို Melissa ထံ လွှဲပြောင်းပေးရန် အမိန့်ချမှတ်ခဲ့သည်။ ဘာတန် ဆုံးရှုံးခဲ့ရသည့် မြေနေရာ၏ တန်ဖိုးမှာ ခန့်မှန်းချေအားဖြင့် ကန်ဒေါ်လာ ၁၂၅၀၀၀ ခန့် ရှိသည်။

ဘာတန်က အခြားမြေရှင်များအနေဖြင့် ၎င်း၏ ဖြစ်ရပ်ကို သာဓကယူကာ သတိထားကြလိုကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Delaware man loses $125,000 property to squatter neighbor after trying to remove goat pen she built on it (foxnews, delawareonline)

 

 

[Zawgyi]

အေမရိကန္တြင္ မိမိျခံဝန္းအတြင္း က်ဴးေက်ာ္ကာ ဆိတ္ျခံလာေဆာက္သူကို ျခံရွင္က တရားစြဲေသာ္လည္း က်ဴးေက်ာ္သူ အမႈႏိုင္ကာ ျခံရွင္မွာ ေဒၚလာ ၁၂၅၀၀၀ တန္ ျခံေျမဆံုးရံႈး

 

အေမရိကန္ျပည္ေထာင္စု အေရွ႕ပိုင္း ဒီလာဝယ္ျပည္နယ္တြင္ ျခံပိုင္ရွင္အမ်ဳိးသားတစ္ဦးသည္ သူ၏ မိသားစုပိုင္ ျခံေျမကို ေရာင္းခ်ရန္ စီစဥ္ရာ အိမ္နီးခ်င္းက သူ၏ ေျမကို က်ဴးေက်ာ္ထားသည္ကို ေတြ႔ရကာ အမႈရင္ဆိုင္ရာ သူ၏ ျခံဆံုးရံႈးခဲ့ရမႈႏွင့္ ရင္ဆိုင္ခဲ့ရသည္။

ဘာတန္ ဘန္႔စ္ (Burton Banks) ဆိုသူသည္ ဒီလာဝယ္ျပည္နယ္၊ Ocean View တြင္ရွိေသာ ျခံကို ေရာင္းခ်ရန္ ၾကိဳးစားခဲ့သည္။ အဆိုပါျခံသည္ ဖခင္ျဖစ္သူက အေမြေပးခဲ့ေသာျခံျဖစ္ျပီး ဘာတန္ ဘန္႔စ္တို႔ မ်ဳိးဆက္ ၂ ခု ပိုင္ဆိုင္ခဲ့ေသာျခံ ျဖစ္သည္။

ျခံေရာင္းရန္ စီစဥ္ခ်ိန္တြင္ သူ၏ အိမ္နီးခ်င္း Melissa Schrock က ဘာတန္၏ ျခံကို က်ဴးေက်ာ္ကာ ျခံဝန္းတစ္ေနရာတြင္ ဆိတ္ျခံေဆာက္ထားသည္ကို ေတြ႔ရသည္။

Melissa Schrock သည္ တစ္ဧကခန္႔ရွိေသာ ျခံ၏ ၃ ပံု ၂ ပံုကို က်ဴးေက်ာ္ကာ ဆယ္စုႏွစ္ႏွင့္ခ်ီ၍ အသံုးျပဳေနခဲ့ျခင္းျဖစ္ေၾကာင္း Delaware Online သတင္းဌာနက ေဖာ္ျပသည္။

ဘာတန္လည္း Melissa Schrock ကို တရားရံုးတြင္ တရားစြဲခဲ့ရာ Melissa က က်ဴးေက်ာ္ေနထုိင္သူ၏ အခြင့္အေရးသတ္မွတ္ခ်က္ျဖင့္ ခုခံေခ်ပခဲ့ျပီး တရားသူၾကီးကလည္း Melissa ကို အမႈအႏိုင္ေပးခဲ့သည္။

 

(၁၉၈၅ ခုႏွစ္က ေျမပံုတြင္ Melissa ၏ ျခံကြက္ (Lot1) ႏွင့္ ဘာတန္၏ ျခံကြက္ (Lot 2) တို႔၏ ပိုင္နက္ နယ္နိမိတ္ကို ေတြ႔ခဲ့ရပံု။ တရားရံုးတြင္ အမႈရင္ဆိုင္ခဲ့ၾကျပီးေနာက္ Melissa မွာ Lot 2 ေျမကြက္ကို အမည္ေပါက္ လႊဲေျပာင္းပိုင္ဆိုင္ခြင့္ရရွိခဲ့သည္။ဓာတ္ပံု- Burton Banks)

တရားသူၾကီးက ဆံုးျဖတ္သည္မွာ ဘာတန္သည္ ျပီးခဲ့ေသာ ႏွစ္ေပါင္း ၂၀ အတြင္း အဆိုပါျခံ၏ ပင္မေနထိုင္သူတစ္ဦး မဟုတ္ခဲ့ေၾကာင္း၊ အတၱလႏၱာတြင္သာ ေနထိုင္ျပီး ယခုျခံသို႔ တခါတရံမွသာ လာေၾကာင္း၊ ဒီလာဝယ္၏ ဆန္႔က်င္ပိုင္ဆိုင္မႈ ဥပေဒအရ ႏွစ္ေပါင္း ၂၀ ေနထိုင္ခဲ့သည့္ Melissa ကို ပိုင္ဆိုင္မႈ ေပးေၾကာင္း ဆံုးျဖတ္ခဲ့သည္။

 

(ဘာတန္ႏွင့္ Melissa တို႔ ပိုင္ဆိုင္မႈအျငင္းပြားခဲ့ေသာ ဒီလာဝယ္ျပည္နယ္၊ Ocean View အနီးမွ Lisa Avenue ။ ဓာတ္ပံု- Shannon Marvel McNaught / USA TODAY NETWORK)

“ဒီအခ်က္က တုန္လႈပ္ဖို႔ေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူအမ်ားစုက ဒီဥပေဒအေၾကာင္းကို မသိၾကဘူး”ဟု Widener တကၠသိုလ္မွ ဥပေဒပါေမာကၡ ဆရီနာ ဝီလ်ံစ္က ဒီလာဝယ္ျပည္နယ္၏ က်ဴးေက်ာ္သူ အခြင့္အေရးအေၾကာင္း Delaware Online သို႔ ေျပာျပသည္။

ျခံေျမကို လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀ အတြင္းပိုင္ဆိုင္ခဲ့ၾကသည့္ ဘာတန္၏ ဖခင္ႏွင့္ မိခင္ ၂ ဦးလံုး ကြယ္လြန္သြားျခင္းက ယခုအမႈကို ပိုမိုရႈပ္ေထြးေစခဲ့သည္။

ဘာတန္၏ ဖခင္က မကြယ္လြန္မီတြင္ ထိုျခံကို ဇနီးအား လႊဲေျပာင္းေပးသြားခဲ့ျပီး မိခင္ျဖစ္သူကလည္း မကြယ္လြန္မီတြင္ ဘာတန္အား လႊဲေျပာင္းေပးခဲ့ျခင္း ျဖစ္သည္။

 

(ဒီလာဝယ္ျပည္နယ္၊ Ocean View အနီးရွိ ဘာတန္၏ ျခံဝန္း။ ဓာတ္ပံု-Google Maps)

Melissa က ခုခံေခ်ပရာတြင္ “ဒီေျမေနရာဟာ ကၽြန္မကေလးဘဝကတည္းက ေဆာ့ကစားခဲ့တဲ့ ကၽြန္မရဲ႕ ျခံေနာက္ဘက္ျဖစ္ပါတယ္”ဟု ေျပာသည္။

ျပီးခဲ့ေသာ ေဖေဖာ္ဝါရီလအတြင္း တရားလႊတ္ေတာ္ တရားသူၾကီး Craig Karsnitz က ဆံုးျဖတ္ခဲ့သည္မွာ Melissa သည္ ႏွစ္ေပါင္း ၂၀ ေနထိုင္မႈ ကာလစည္းကမ္းသတ္ဥပေဒႏွင့္ ကိုက္ညီေၾကာင္း၊ ဘာတန္မွာမူ ထိုစည္းမ်ဥ္းႏွင့္ မကိုက္ေၾကာင္း၊ ထို႔ေၾကာင့္ ျခံေျမပိုင္ဆိုင္မႈကို Melissa ထံ လႊဲေျပာင္းေပးရန္ အမိန္႔ခ်မွတ္ခဲ့သည္။

ဘာတန္ ဆံုးရံႈးခဲ့ရသည့္ ေျမေနရာ၏ တန္ဖိုးမွာ ခန္႔မွန္းေခ်အားျဖင့္ ကန္ေဒၚလာ ၁၂၅၀၀၀ ခန္႔ ရွိသည္။

ဘာတန္က အျခားေျမရွင္မ်ားအေနျဖင့္ ၎၏ ျဖစ္ရပ္ကို သာဓကယူကာ သတိထားၾကလိုေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Delaware man loses $125,000 property to squatter neighbor after trying to remove goat pen she built on it (foxnews, delawareonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
kt

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service