စိတ်ပင်ပန်းမှုများလွန်မြောက်ရာ လောကနိဗ္ဗာန်ရွာငယ်လေး ဟီထွန်း - Property News in Myanmar from iMyanmarHouse.com
1651 Views

စိတ်ပင်ပန်းမှုများလွန်မြောက်ရာ လောကနိဗ္ဗာန်ရွာငယ်လေး ဟီထွန်း

[Unicode]

 

ကောင်းကင်ပြာရဲ့အောက်ကြည်လင်အေးမြနေတဲ့ ရေမြောင်းလေးတစ်လျှောက် လှေလေးစီးပြီး သဘာဝအလှတရားကို ရှုမြင်ခံစားနိုင်တဲ့ ဟီထွန်း ရွာငယ်လေးဟာ နယ်သာလန်နိုင်ငံမှာတည်ရှိပြီး ခရီးသွားတိုင်းရဲ့ အိမ်မက်ရွာငယ်လေးဖြစ်ပါတယ်။

 

တစ်မီတာဝန်းကျင်အနက်ရှိတဲ့ ရေမြောင်းလေးတွေရဲ့ ဘေးတစ်ဖက်မှာ မြက်ခင်းပြင်ကိုယ်စီနဲ့ ပန်းရုံများဝန်းရံထားတဲ့အိမ်ငယ်လေးများကိုတွေ့မြင်နိုင်ပြီး တစ်အိမ်နဲ့တစ်အိမ်ကူးသန်းဖို့ရာ တံတားငယ်လေးတွေသွယ်တန်းထားပါသေးတယ်။

 

 

စိတ်ပင်ပန်းနွမ်းလျမှုတွေကို ခဏတာမေ့ဖျောက်နိုင်မယ့် ဟီထွန်း ရွာငယ်လေးဟာ နယ်သာလန်နိုင်ငံ အိုဖာရိုင်ဆယ်(လ်) ပြည်နယ်မှာတည်ရှိပြီး လူဦးရေနှစ်ထောင်ကျော်နေထိုင်ကြပါတယ်။ စမ်းရေအလားကြည်လင်အေးမြတဲ့ရေမြောင်းလေးတစ်လျှောက် လှေစီးပြီးရွာငယ်ရဲ့အလှကိုခံစားနိုင်တဲ့အပြင် ရေမြောင်းတစ်ဖက်နဲ့တစ်ဖက်သွယ်တန်းပေးထားတဲ့ တံတားအစင်းပေါင်း ၁၇၆ စင်းရှိသေးတဲ့အတွက် တံတားပေါ်ကနေလဲ ရွာရဲ့အလှကို ခံစားနိုင်ပါသေးတယ်။

 

 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ဝန်းကျင်ခန့်က တည်ထောင်ထားတဲ့ ဟီထွန်း ရွာငယ်လေးမှာ ရွာနေဒေသခံများဟာ ရေမြောင်းများဖြစ်ပေါ်ဖို့အတွက် လက်နဲ့တူးခဲ့ကြရတယ်လို့ အဆိုရှိကြပါတယ်။ အခုများတော့ လှပလွန်းတဲ့ နိဗ္ဗာန်ဘုံလေးသဖွယ်ဖြစ်လို့နေပြီး Dutch Venice , Little Venice လို့ လူသိများနေပါတယ်..။

 

ချစ်စရာရှေးအိမ်လေးတွေနဲ့ ရေမြောင်းစပ်နားက ပန်းလေးတွေတွဲလျှက်အလှဟာ ရွာငယ်ဆီသို့ လာရောက်အပန်းဖြေသူများကို မပြန်ချင်အောင်ဆွဲဆောင်နေသလိုပဲ ဟီထွန်း ရွာငယ်လေးဟာ တစ်သက်မှာတစ်ခါ အလည်အပတ်သွားရောက်သင့်တဲ့ရွာငယ်လေးတစ်ရွာပဲဖြစ်ပါတယ်။

 

 

 

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

- Credit Photo

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

စိတ္ပင္ပန္းမႈမ်ားလြန္ေျမာက္ရာ ေလာကနိဗၺာန္႐ြာငယ္ေလး ဟီထြန္း

 

ေကာင္းကင္ျပာရဲ႕ေအာက္ၾကည္လင္ေအးျမေနတဲ့ ေရေျမာင္းေလးတစ္ေလွ်ာက္ ေလွေလးစီးၿပီး သဘာဝအလွတရားကို ႐ႈျမင္ခံစားႏိုင္တဲ့ ဟီထြန္း ႐ြာငယ္ေလးဟာ နယ္သာလန္ႏိုင္ငံမွာတည္႐ွိၿပီး ခရီးသြားတိုင္းရဲ႕ အိမ္မက္႐ြာငယ္ေလးျဖစ္ပါတယ္။

တစ္မီတာဝန္းက်င္အနက္႐ွိတဲ့ ေရေျမာင္းေလးေတြရဲ႕ ေဘးတစ္ဖက္မွာ ျမက္ခင္းျပင္ကိုယ္စီနဲ႔ ပန္း႐ုံမ်ားဝန္းရံထားတဲ့အိမ္ငယ္ေလးမ်ားကိုေတြ႕ျမင္ႏိုင္ၿပီး တစ္အိမ္နဲ႔တစ္အိမ္ကူးသန္းဖို႔ရာ တံတားငယ္ေလးေတြသြယ္တန္းထားပါေသးတယ္။

စိတ္ပင္ပန္းႏြမ္းလ်မႈေတြကို ခဏတာေမ့ေဖ်ာက္ႏိုင္မယ့္ ဟီထြန္း ႐ြာငယ္ေလးဟာ နယ္သာလန္ႏိုင္ငံ အိုဖာ႐ိုင္ဆယ္(လ္) ျပည္နယ္မွာတည္႐ွိၿပီး လူဦးေရႏွစ္ေထာင္ေက်ာ္ေနထိုင္ၾကပါတယ္။ စမ္းေရအလားၾကည္လင္ေအးျမတဲ့ေရေျမာင္းေလးတစ္ေလွ်ာက္ ေလွစီးၿပီး႐ြာငယ္ရဲ႕အလွကိုခံစားႏိုင္တဲ့အျပင္ ေရေျမာင္းတစ္ဖက္နဲ႔တစ္ဖက္သြယ္တန္းေပးထားတဲ့ တံတားအစင္းေပါင္း ၁၇၆ စင္း႐ွိေသးတဲ့အတြက္ တံတားေပၚကေနလဲ ႐ြာရဲ႕အလွကို ခံစားႏိုင္ပါေသးတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၈၀၀ ဝန္းက်င္ခန္႔က တည္ေထာင္ထားတဲ့ ဟီထြန္း ႐ြာငယ္ေလးမွာ ႐ြာေနေဒသခံမ်ားဟာ ေရေျမာင္းမ်ားျဖစ္ေပၚဖို႔အတြက္ လက္နဲ႔တူးခဲ့ၾကရတယ္လို႔ အဆို႐ွိၾကပါတယ္။ အခုမ်ားေတာ့ လွပလြန္းတဲ့ နိဗၺာန္ဘုံေလးသဖြယ္ျဖစ္လို႔ေနၿပီး Dutch Venice , Little Venice လို႔ လူသိမ်ားေနပါတယ္..။

ခ်စ္စရာေ႐ွးအိမ္ေလးေတြနဲ႔ ေရေျမာင္းစပ္နားက ပန္းေလးေတြတြဲလွ်က္အလွဟာ ႐ြာငယ္ဆီသို႔ လာေရာက္အပန္းေျဖသူမ်ားကို မျပန္ခ်င္ေအာင္ဆြဲေဆာင္ေနသလိုပဲ ဟီထြန္း ႐ြာငယ္ေလးဟာ တစ္သက္မွာတစ္ခါ အလည္အပတ္သြားေရာက္သင့္တဲ့႐ြာငယ္ေလးတစ္႐ြာပဲျဖစ္ပါတယ္။

 

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

- Credit Photo

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service