ခုတစ်မျိုးတော်ကြာတစ်မျိုး မင်းမဆိုးဘူးပြောဦးမလား - Property Knowledge in Myanmar from iMyanmarHouse.com
633 Views

ခုတစ်မျိုးတော်ကြာတစ်မျိုး မင်းမဆိုးဘူးပြောဦးမလား

Knowledge | Posted by Shwe Zin Win

[Unicode]

 

ဒီကနေ့ မနက် ၉ နာရီ မီးပျက်မည်မို့ အိပ်ရာက ထထချင်း ထမင်းချက်ဖို့လုပ်ရသည်။အချိန်ပိုင်းခြားပြီး မီးပေး သဖြင့် မီးလာသည့်အချိန် လျှပ်စစ်မီးနှင့်လုပ်စရာရှိသည်တို့ကို မီးမပျက်ခင် အပြီးလုပ်ရသည်။

ဆန်ပုံးကိုဖွင့်လိုက်သည်။ ဒီမနက်စာတော့ ချက်လောက်ပါသည်။မနေ့ညနေက ရုံးပြန်တော့ ဆန်ဝယ်ဖို့ သတိရသော်လည်း လက်ထဲရှိသည့်ပိုက်ဆံက ဆန်ဝယ်ဖို့မလောက်ငသဖြင့် မဝယ်ဖြစ်ခဲ့ပေ။

ဒီညနေရုံးကပြန်ရင်တော့ ဆန်ဝယ်ဖို့မမေ့မှဖြစ်မည်။မေ့ရင် ညနေထမင်းချက်ဖို့ ဆန်ကမရှိတော့။

ဆန်ထည့်ထားသော ကြွပ်ကြွပ်အိတ်ကို ပုံးထဲကထုတ်ယူလိုက်သည်။ ဆန်ကိုကြည့်လိုက်၏။ ဆန်ကြမ်းထုပ်ဖြစ်သည်။ ထမင်းပေါင်းအိုးထဲ နို့ဆီဘူးထားပြီး ကြွပ်ကြွပ်အိတ်ထဲက ဆန်ကို လောင်းထည့်လိုက်သည်။ တစ်ဘူးမရှိတရှိ ရသည်။နို့ဆီဘူးထဲကဆန်ကို အိုးထဲလောင်းထည့်လိုက်သည်။

နောက်ထပ်ဆန်ထည့်ထားသော ကြွပ်ကြွပ်အိတ်ကိုယူလိုက်သည် သူကဆန်ချောဖြစ်သည်။ တစ်ဘူးကျော်ကျော်တော့ရှိမည်။နို့ဆီဘူးထဲ လောင်းထည့်ကြည့်၏။ တစ်ဘူးပြည့်သွားသည်။ဘူးထဲကဆန်ကို သွန်လိုက်ပြီး အိတ်ထဲကျန်သည့် ဆန်တို့ကို လွတ်သွားသော နို့ဆီဘူးခွံထဲ အကုန်လောင်းထည့်လိုက်၏။ ဘူးဝက်ကျော်ကျော်ရသည်။စုစုပေါင်း ဆန်နှစ်ဘူးခွဲခန့်ကို ချက်လိုက်ရင် မနက်ပိုင်းစာအတွက် လောက်လောက်ငင စားဖို့ရသွားမည်။

ကျွန်တော်တို့မိသားစုက ထမင်းချက်သည့်အခါ ဆန်ချောနှစ်ဘူးနှင့် ဆန်ကြမ်းတစ်ဘူး ရောချက်သည့် ထမင်းကိုစားကြသည်။တစ်ခါတစ်ရံ ဆတူရောချက်သည့် ထမင်းကိုစားကြသည်။ဆန်ချောတစ်မျိုးထဲချက်လျှင် ပျော့သွားတတ်ခြင်း၊ညနေထိ အထားမခံခြင်းတို့ကြောင့် ဆန်ကြမ်းလေးဖြင့်ရောချက်မှ အဆင်ပြေသည်။ ထိုသို့ရောချက်လိုက်မှ အမာပျော့မျှတမှုရှိပြီး စားသည့်အခါလည်း အဆင်ပြေသည်ကိုတွေ့ရသဖြင့် နှစ်သက်ပါသည်။

ဆန်ကြမ်း ဆန်ချောဟုသာပြောရသည် ဆန်ဈေးက သူမသာ၊ကိုယ်မသာ အပြေးပြိုင်နေသည်။ ကျွန်တော်က ဆန်ကြမ်းလို့ပြောသည့် ဆင်းသွယ်ဆန်ဟောင်းက ၂၄၀၀ ၊ဆန်ချောလို့ပြောသည့် ပေါ်ဆန်းက ၃၀၀၀ ကျပ်။ဒါကအခုချက်နေသည့်ဆန်ကို ဝယ်ခဲ့တုန်းကဈေးဖြစ်သည်။

အဖြစ်အပျက်အပြောင်းလဲ မြန်ဆန်နေသည့် လက်ရှိကာလတွင် ဘယ်သို့အရာကိုမှ တစ်သမတ်တည်း အသေယူထား၍ မရပါ။ခုတစ်မျိုးတော်ကြာတစ်မျိုးပါပဲ။

ညနေရုံးဆင်းသည့်အခါ ဘိုကလေးဈေးသို့အရင်သွားပြီး ဆန်ကြမ်းသွားဝယ်သည်။ကျွန်တော်ဝယ်နေကြ ဆန်ပုံးထဲတွင် ထောင်ထားသည့် ဆင်းသွယ်ဆန်ကြမ်းဈေးနှုန်းက ၂၄၀၀ မဟုတ်တော့ ၂၇၀၀ ဖြစ်နေသည်။ မေးကြည့်ရာ ဈေးတတ်သွားကြောင်း၊ဆန်ဟောင်းဖြစ်ကြောင်း၊ဆန်သစ်မှာတောင် ၂၅၀၀ ဖြစ်နေကြောင်း ဆိုင်ကရှင်းပြသည်။

ဆန်သစ်ဖြစ်တော့ရော ဘာဖြစ်လည်းကွာ ဆိုပြီးတစ်ပြည်ကို အဆန်းဝယ်ခဲ့လိုက်သည်။ဆန်ချောကိုတော့ အိမ်အနီးမှာရှိသည့် ကုန်စုံဆိုင်မှ ဝယ်မည်ဖြစ်ရာဈေးမှ ပြန်ခဲ့လိုက်သည်။

အိမ်အနီးရောက်တော့ ဆန်ဆိုင်သို့သွားပြီး ဆန်တစ်ပြည်လောက်လို့ ပြောလိုက်တော့ ၃၂၀၀ ဖြစ်သွားပါပြီဟု ပြောသည်။အိုး…တက်ပြန်ပြီလားပေါ့ဟု စိတ်ထဲပြောမိသည်။အခြားသော အခြေခံကုန်ပစ္စည်းတို့သည်လည်း ဘယ်သို့ရှိမည်လဲ။ဆန်ကဲ့သို့ပင် ဖြစ်ပေမည်ဟု တွက်ဆမိသည်။

လွန်ခဲ့သည့် ရက်ကဖြစ်ခဲ့သော ကုန်ဈေးနှုန်းကို နောက်ထပ်လေးငါးရက်အတွက် အသေတွက်ထားလို့ မရခဲ့ပေမယ့် လခစားဝန်ထမ်းတွေအဖို့တွင် လွန်ခဲ့သည့်နှစ်က လစာကို နောက်နှစ်မှာလည်း အပြောင်းအလဲမရှိ မူသေတွက်ထား နိုင်သည်ကတော့ ပြည်မြန်မာ၏ ထူးခြားချက်ပင်လား။

ညနေမှာတော့ ဆန်ကြမ်းအသစ်နှင့် ဆန်ချောအဟောင်းတို့ ပေါင်းသင်းပေးလိုက်သည်။ဘယ်ကောင်ကြောင့် ဘယ်လိုဖြစ်သည်မသိ ညပိုင်းစားရသည့်ထမင်းက ပျော့ပြဲပြဲနှင့်။ထမင်းအဆင်မပြေလျှင် ဟင်းဘယ်လောက် ကောင်းကောင်း စားလို့မမြိန်တော့ပေ။

အဆင်မပြေတာတွေ၏ အကြောင်းကိုရှာကြည့်ပြီး စိတ်ချဉ်ပေါက်ပေါက်နှင့် စိတ်ထဲက ကျိန်ဆဲနေမိမတတ် ဖြစ်သွားပါတော့သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 

ခုတစ္မ်ိဳးေတာ္ၾကာတစ္မ်ိဳး မင္းမဆုိးဘူးေျပာဦးမလား

 

ဒီကေန႔ မနက္ ၉ နာရီ မီးပ်က္မည္မို႔ အိပ္ရာက ထထခ်င္း ထမင္းခ်က္ဖို႔လုပ္ရသည္။အခ်ိန္ပိုင္းျခားၿပီး မီးေပး သျဖင့္ မီးလာသည့္အခ်ိန္ လွ်ပ္စစ္မီးႏွင့္လုပ္စရာရွိသည္တို႔ကို မီးမပ်က္ခင္ အၿပီးလုပ္ရသည္။

ဆန္ပုံးကိုဖြင့္လိုက္သည္။ ဒီမနက္စာေတာ့ ခ်က္ေလာက္ပါသည္။မေန႔ညေနက ရုံးျပန္ေတာ့ ဆန္ဝယ္ဖို႔ သတိရေသာ္လည္း လက္ထဲရွိသည့္ပိုက္ဆံက ဆန္ဝယ္ဖို႔မေလာက္ငသျဖင့္ မဝယ္ျဖစ္ခဲ့ေပ။

ဒီညေနရုံးကျပန္ရင္ေတာ့ ဆန္ဝယ္ဖို႔မေမ့မွျဖစ္မည္။ေမ့ရင္ ညေနထမင္းခ်က္ဖို႔ ဆန္ကမရွိေတာ့။

ဆန္ထည့္ထားေသာ ၾကြပ္ၾကြပ္အိတ္ကို ပုံးထဲကထုတ္ယူလိုက္သည္။ ဆန္ကိုၾကည့္လိုက္၏။ ဆန္ၾကမ္းထုပ္ျဖစ္သည္။ ထမင္းေပါင္းအိုးထဲ ႏို႔ဆီဘူးထားၿပီး ၾကြပ္ၾကြပ္အိတ္ထဲက ဆန္ကို ေလာင္းထည့္လိုက္သည္။ တစ္ဘူးမရွိတရွိ ရသည္။ႏို႔ဆီဘူးထဲကဆန္ကို အိုးထဲေလာင္းထည့္လိုက္သည္။

ေနာက္ထပ္ဆန္ထည့္ထားေသာ ၾကြပ္ၾကြပ္အိတ္ကိုယူလိုက္သည္ သူကဆန္ေခ်ာျဖစ္သည္။ တစ္ဘူးေက်ာ္ေက်ာ္ေတာ့ရွိမည္။ႏို႔ဆီဘူးထဲ ေလာင္းထည့္ၾကည့္၏။ တစ္ဘူးျပည့္သြားသည္။ဘူးထဲကဆန္ကို သြန္လိုက္ၿပီး အိတ္ထဲက်န္သည့္ ဆန္တို႔ကို လြတ္သြားေသာ ႏို႔ဆီဘူးခြံထဲ အကုန္ေလာင္းထည့္လိုက္၏။ ဘူးဝက္ေက်ာ္ေက်ာ္ရသည္။စုစုေပါင္း ဆန္ႏွစ္ဘူးခြဲခန္႔ကို ခ်က္လိုက္ရင္ မနက္ပိုင္းစာအတြက္ ေလာက္ေလာက္ငင စားဖို႔ရသြားမည္။

ကၽြန္ေတာ္တို႔မိသားစုက ထမင္းခ်က္သည့္အခါ ဆန္ေခ်ာႏွစ္ဘူးႏွင့္ ဆန္ၾကမ္းတစ္ဘူး ေရာခ်က္သည့္ ထမင္းကိုစားၾကသည္။တစ္ခါတစ္ရံ ဆတူေရာခ်က္သည့္ ထမင္းကိုစားၾကသည္။ဆန္ေခ်ာတစ္မ်ိဳးထဲခ်က္လွ်င္ ေပ်ာ့သြားတတ္ျခင္း၊ညေနထိ အထားမခံျခင္းတို႔ေၾကာင့္ ဆန္ၾကမ္းေလးျဖင့္ေရာခ်က္မွ အဆင္ေျပသည္။ ထိုသို႔ေရာခ်က္လိုက္မွ အမာေပ်ာ့မွ်တမႈရွိၿပီး စားသည့္အခါလည္း အဆင္ေျပသည္ကိုေတြ႔ရသျဖင့္ ႏွစ္သက္ပါသည္။

ဆန္ၾကမ္း ဆန္ေခ်ာဟုသာေျပာရသည္ ဆန္ေဈးက သူမသာ၊ကိုယ္မသာ အေျပးၿပိဳင္ေနသည္။ ကၽြန္ေတာ္က ဆန္ၾကမ္းလို႔ေျပာသည့္ ဆင္းသြယ္ဆန္ေဟာင္းက ၂၄၀၀ ၊ဆန္ေခ်ာလို႔ေျပာသည့္ ေပၚဆန္းက ၃၀၀၀ က်ပ္။ဒါကအခုခ်က္ေနသည့္ဆန္ကို ဝယ္ခဲ့တုန္းကေဈးျဖစ္သည္။

အျဖစ္အပ်က္အေျပာင္းလဲ ျမန္ဆန္ေနသည့္ လက္႐ွိကာလတြင္ ဘယ္သို႔အရာကိုမွ တစ္သမတ္တည္း အေသယူထား၍ မရပါ။ခုတစ္မ်ိဳးေတာ္ၾကာတစ္မ်ိဳးပါပဲ။

ညေနရုံးဆင္းသည့္အခါ ဘိုကေလးေဈးသို႔အရင္သြားၿပီး ဆန္ၾကမ္းသြားဝယ္သည္။ကၽြန္ေတာ္ဝယ္ေနၾက ဆန္ပုံးထဲတြင္ ေထာင္ထားသည့္ ဆင္းသြယ္ဆန္ၾကမ္းေဈးႏႈန္းက ၂၄၀၀ မဟုတ္ေတာ့ ၂၇၀၀ ျဖစ္ေနသည္။ ေမးၾကည့္ရာ ေဈးတတ္သြားေၾကာင္း၊ဆန္ေဟာင္းျဖစ္ေၾကာင္း၊ဆန္သစ္မွာေတာင္ ၂၅၀၀ ျဖစ္ေနေၾကာင္း ဆိုင္ကရွင္းျပသည္။

ဆန္သစ္ျဖစ္ေတာ့ေရာ ဘာျဖစ္လည္းကြာ ဆိုၿပီးတစ္ျပည္ကို အဆန္းဝယ္ခဲ့လိုက္သည္။ဆန္ေခ်ာကိုေတာ့ အိမ္အနီးမွာရွိသည့္ ကုန္စုံဆိုင္မွ ဝယ္မည္ျဖစ္ရာေဈးမွ ျပန္ခဲ့လိုက္သည္။

အိမ္အနီးေရာက္ေတာ့ ဆန္ဆိုင္သို႔သြားၿပီး ဆန္တစ္ျပည္ေလာက္လို႔ ေျပာလိုက္ေတာ့ ၃၂၀၀ ျဖစ္သြားပါၿပီဟု ေျပာသည္။အိုး…တက္ျပန္ၿပီလားေပါ့ဟု စိတ္ထဲေျပာမိသည္။အျခားေသာ အေျခခံကုန္ပစၥည္းတို႔သည္လည္း ဘယ္သို႔ရွိမည္လဲ။ဆန္ကဲ့သို႔ပင္ ျဖစ္ေပမည္ဟု တြက္ဆမိသည္။

လြန္ခဲ့သည့္ ရက္ကျဖစ္ခဲ့ေသာ ကုန္ေဈးႏႈန္းကို ေနာက္ထပ္ေလးငါးရက္အတြက္ အေသတြက္ထားလို႔ မရခဲ့ေပမယ့္ လခစားဝန္ထမ္းေတြအဖို႔တြင္ လြန္ခဲ့သည့္ႏွစ္က လစာကို ေနာက္ႏွစ္္မွာလည္း အေျပာင္းအလဲမရွိ မူေသတြက္ထား ႏိုင္သည္ကေတာ့ ျပည္ျမန္မာ၏ ထူးျခားခ်က္ပင္လား။

ညေနမွာေတာ့ ဆန္ၾကမ္းအသစ္ႏွင့္ ဆန္ေခ်ာအေဟာင္းတို႔ ေပါင္းသင္းေပးလိုက္သည္။ဘယ္ေကာင္ေၾကာင့္ ဘယ္လိုျဖစ္သည္မသိ ညပိုင္းစားရသည့္ထမင္းက ေပ်ာ့ၿပဲၿပဲႏွင့္။ထမင္းအဆင္မေျပလွ်င္ ဟင္းဘယ္ေလာက္ ေကာင္းေကာင္း စားလို႔မၿမိန္ေတာ့ေပ။

အဆင္မေျပတာေတြ၏ အေၾကာင္းကိုရွာၾကည့္ၿပီး စိတ္ခ်ဥ္ေပါက္ေပါက္ႏွင့္ စိတ္ထဲက က်ိန္ဆဲေနမိမတတ္ ျဖစ္သြားပါေတာ့သည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

Upcoming Property Events

CarsDB
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service