အဓိကအဆောက်အဦးအမျိုးအစားများ - Property Knowledge in Myanmar from iMyanmarHouse.com
1685 Views

အဓိကအဆောက်အဦးအမျိုးအစားများ

Knowledge | Posted by Hnin Ei Khin

[Unicode]

လုပ်ငန်းခွင် ၀င်မည့် Engineer တွေအနေနဲ့ အဆောက်အဦးနဲ့ ပတ်သက်တာတွေကို ဘယ်လို စပြီးလေ့လာကြမလဲ ?

အခြေခံ ကစပြီး လေ့လာကြမယ်….ဒီမှာပြောချင်တာက Engineer တစ်ယောက်အနေနဲ့ ကိုယ်က ဘယ်လိုင်းကိုသွားမှာလဲ?

ဒါသိပ်အရေးကြီးပါတယ်… Design အပိုင်း ကို သွားမှာလား?

Construction ပိုင်းကိုသွားမှာလား?

ဘယ်လိုင်း ကိုပဲသွားသွား သေချာတာကတော့ သဘောတရား နဲ့ လက်တွေ့ အမြဲ ယှဉ်ပြီး လေ့လာရမှာပါ…

သဘောတရားမပါတဲ့ လက်တွေ့ နဲ့ လက်တွေ့မပါတဲ့ သဘောတရား ဟာ အရမ်း အန္တရာယ်များပါတယ်…

Construction လောကမှာ တစ်ခါတလေ Design က OKပေမဲ့ တကယ့် လက်တွေ့မှာ လုပ်ရကိုင်ရခက်တာတွေ ကတော်တော်များပါတယ် ပါ၀င်လုပ်ဆောင်ကြတဲ့ ကာယ လုပ်သားတွေရဲ့ ကျွမ်းကျင်မှု ကလည်း အတော်လေး အရေးပါ အရာရောက်ပါတယ်…

Construction ဆိုတာ အဆောက်အဦးပဲ လာလာ လမ်းပဲဖြစ်ဖြစ် တံတားပဲ ဆောက်ဆောက်…

ငွေထုတ်နိုင်တဲ့Owner…Design ဆွဲတဲ့သူ …. Construction Site Engineer … ကာယလုပ်သား..နောက်ဆုံးသန့်ရှင်းရေးပါမကျန်…လူပေါင်းစုံုံ အလွှာပေါင်းစုံ ပါ၀င်ပြီးမှ ဖန်တီးရတဲ့ အနုပညာ ဖြစ်နေလို့ပါ…

အခုကတော့ Building ပိုင်းနဲ့ ပတ်သက်တာတွေကို Sharing လုပ်ပေးပါမယ်…

အဆောက်အဦး ဘယ်နှမျိုးရှိလဲ?

အဓိက ကတော့ ( ၆ ) မျိုးရှိပါတယ်….

( ၁ ) ယာယီအဆောက်အဦး ( Temporary Building ) ( ၂ ) သစ်သားအဆောက်အဦး ( Timber Building ) ( ၃ ) အုတ်အဆောက်အဦး ( Brick Pillar Building ) ( ၄ ) အုတ်ညှပ် အဆောက်အဦး( Brick Nogging Building ) ( ၅ ) သံကူကွန်ကရစ်အဆောက်အဦး ( Reinforcing Concrete Building ) ( ၆ ) သံမဏိ အဆောက်အဦး ( Steel Structure Building ) တို့ပဲဖြစ်ပါတယ်….

( ၁ ) ယာယီအဆောက်အဦး ( Temporary Building )

 

ယာယီအဆောက်အဦး ( Temporary Building ) ကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လမ်းလုပ်ငန်းတွင် အများဆုံးတွေ့ရတက်ပါတယ်…လူတို့ က တစ်ရာသီစာ နားခိုနေနိုင်ရန်… ယာယီအဆောက်အဦးများကို တည်ဆောက်ပြီး နေထိုင်ကြပါတယ်… ၄င်း ကို တိုင်အဖြစ် ဝါး၊မဒမတိုင်၊သစ်ပေါင်းတိုင်၊သစ်သားတိုင်၊ မျောတိုင်များကို အသုံးပြုကြပြီး…အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ကို ဝါး၊သစ်များဖြင့် အသုံးပြုကြပါတယ်…အမိုး ချပ် ကို တော့ ဝါးကပ်၊ သက်ကယ်မိုး၊ ဓနိမိုး များ အ သုံးပြု ကြပြီး…အကာ အဖြစ်ကတော့ ဝါးထရံ ကို အသုံးပြုကြပါတယ်…

ဒါ့အပြင် မြန်မာလူမျိုးက ဘုရားပွဲ မှာ ဇာတ်ပွဲ တွေခင်းကျင်း ဖို့အတွက် ဝါးနှင့် သစ် ကို အသုံးပြုပြီး ယာယီ ဇာတ်ပွဲရုံတွေ တည်ဆောက်ကြပါတယ်…ယနေ့ခေတ်မှာတော့ ခန်းနားလှပတဲ့ ယာယီ ဇာတ်ပွဲ ရုံတွေ မြင်ရဖို့ အတော် လေးခက်သွားပါပြီး…အဲဒီဇာတ်ပွဲရုံတွေမှာ ဝါးရဲ့ လိုရာပုံသွင်းနိုင်တဲ့ Flesible ဖြစ်တဲ့ ဂုဏ်သတ္တိ ကိုတွေ့ မြင်နိုင်ပြီး ပရိတ်သတ် ကြည့်ရူမည့် နေရာမှာ အမိုးတွက် ထောက်တိုင် လုံး၀ မပါပ ဲ “ဂ” ငယ်ပုံ အခုံး ကို မြေပြင်ကစလို့အကျယ်ပေ၁၀၀၊ ပေ၂၀၀ ကနေအမြင့်ပေ ၅၀လောက် သာသာလေး တည်ဆောက် နိုင်ပါတယ်…Space အကျယ်ကြီး နဲ့ ပေါ့ အမိုးကိုတော့ ဝါးထရံ ချပ်တွေ မိုးလို့ပေါ့

ယခုနောက်ပိုင်းမှာတော့ ဝါးနဲ့ အဆောက်အဦး လှလှလေးတွေ အများကြီး ဖန်တီးပြီး တည်ဆောက်လာကြပါတယ်…

( ၂ ) သစ်သားအဆောက်အဦး ( Timber Building )

သစ်သားအဆောက်အဦး ( Timber Building )ကို တည်ဆောက်ရာတွင် အဓိကအားဖြင့် သစ်ကိုသာ အသုံးပြုကြပါတယ်…. တိုင်အဖြစ် သစ်သားတိုင်များကို အသုံးပြုကြပြီး…အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ကိုပါ သစ်များဖြစ် အသုံးပြုကြပါတယ်…အမိုး ချပ် ကို တော့ သွပ်အမိုး၊ ဘိလပ်မြေ အမိုးပြား၊ မန်ဂလို အုပ်ကြွပ်ပြားများ ကိုအသုံးပြု ကြပြီး…အကာ အဖြစ်ကတော့ ဝါးထရံ၊ ပျဉ်လှဲကာနံရံ ( ပျဉ်တုံးလုံးကာ နံရံ )၊ တေ့ဆက်ကြံဖတ်အုပ်နံရံ၊ ပျဉ်ထောင်ကာနံရံ၊ လျှာထိုးနံရံများ ကို အသုံးပြုကြပါတယ်…အခင်းအတွက် ယက်မ ( Beam )၊ ဆင့် ( Joint ) တွေကိုလည်း သစ် ကို သာသုံးပြီး ၊ ကြမ်းခင်းကိုတော့ ၆”x ၀.၅” ပျဉ်ချပ် ၊လျှာထိုး အခင်းများဖြင့် တည်ဆောက်ကြပါတယ်… မြန်မာနိုင်ငံတွင် လူနေအိမ်မှ အစ သာသနာ ပိုင်းဆိုင်ရာ ဘုန်းကြီးကျောင်း များပါ မကျန် သစ်သား အဆောက်အဦး များ ကိုတွေ့မြင်နိုင် ပါတယ်… တချို့ အဆောက်အဦးတွေ ဆိုရင် လက်သမားပညာ ဆက်ရွေးဆက်၊ ဆက်ရွေးတိုင် ဖောက်ထားတာ တွေ က ပညာသားပါလှပါတယ်… ဦးကြင်ဥ ရဲ့ မြန်မာ့ သစ်အိမ်လေးမှာ ဆိုရင် လေ့လာစရာတွေ များလှ ပါတယ်… ဒီနေရာမှာ တစ်ခုပြောချင်တာက ယနေ့ ကမ္ဘာ မှာ ခောတ်စားနေ တဲ့ Green Building ဆိုတာ သစ် နဲ့ ဝါးကို အခြေခံ ပြီး တည်ဆောက်ထားတဲ့ အဆောက် အဦးတွေလည်းပါ ပါတယ်…မြန်မာ ပြည် ရာသီဥတုနဲ့တော့ အရမ်းကို ကိုက်ညီတဲ့ အဆာက်အဦးပါ… သစ်တောထွက်ပစ္စည်းများကို သဘာ၀အတိုင်း အသုံးပြီး တည်ဆောက်ထားတာဖြစ်တဲ့အတွက် အပူဒဏ် ကာကွယ်ပေး ပြီး နေရတာလည်း အေးပါတယ်…

( ၃ ) အုတ်အဆောက်အဦး ( Brick Piller Building )

 

အုတ်အဆောက်အဦး ( Brick Piller Building )ကို တည်ဆောက်ရာတွင် အဓိကအားဖြင့် အုပ်မြစ်ချရာမှ စပြီး အုတ်ကိုအသုံးပြုကြပါတယ်…. တိုင်အဖြစ် အုတ်တိုင်များကို အသုံးပြုကြပြီး…အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ကိုပါ သစ်များဖြစ် အသုံးပြုကြပါတယ်…အမိုး ချပ် ကို တော့ သွပ်အမိုး၊ ဘိလပ်မြေ အမိုးပြား၊ မန်ဂလို အုတ်ကြွပ်ပြားများ ကိုအသုံးပြု ကြပြီး…အကာ အဖြစ်ကတော့ ၄.၅” အထူ ၊ ၉” အထူ အုတ်နံရံများကာကြပြီး…အခင်းအတွက် Cement Concrete Floor ကို ခင်းကြပါတယ်၊ တစ်ချို့ ကတော့့ Cement Concrete Floor ပေါ် ကနေ ၆”x ၀.၅” ပျဉ်ချပ် ၊လျှာထိုး ၊ ပါကေး အခင်းများဖြင့် ခင်းကြပါတယ်…များသော အားဖြင့် တစ်ထပ်အဆောက်အဦးကိုသာ တည်ဆောက်ကြပါတယ်…

( ၄ ) အုတ်ညှပ် အဆောက်အဦး( Brick Nogging Building)

 

အုတ်ညှပ် အဆောက်အဦး( Brick Nogging Building ) ကို တည်ဆောက်ရာတွင် အုတ်မြစ်ချရာ တွင်သာ အုတ်ကိုအသုံးပြုကြပြီ တိုင်အဖြစ် သစ်တိုင်များကို အသုံးပြုကြပြီး…အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ကိုပါ သစ်များဖြစ် အသုံးပြုကြပါတယ်…အမိုး ချပ် ကို တော့ သွပ်အမိုး၊ ဘိလပ်မြေ အမိုးပြား၊ မန်ဂလို အုပ်ကြွပ်ပြားများ ကိုအသုံးပြု ကြပြီး…အကာ အဖြစ်ကတော့ ၄.၅” အထူ ၊ ၉” အထူ အုတ်နံရံများကာကြပြီး …အခင်းအတွက် Cement Concrete Floor ကို ခင်းကြပါတယ်၊ တစ်ချို့ ကတော့့ Cement Concrete Floor ပေါ် ကနေ ၆”x ၀.၅” ပျဉ်ချပ် ၊လျှာထိုး ၊ ပါကေး အခင်းများဖြင့် ခင်းကြပါတယ်…တစ်ထပ်မှ နှစ်ထပ် အိမ်အထိ တည်ဆောက်ကြပါတယ်…အပ်ါထပ်အတွက် ကြမ်းခင်းကိုတော့ ယက်မ ( Beam )၊ ဆင့် ( Joint ) တွေကိုလည်း သစ် ကို သာသုံးပြီး ၊ ကြမ်းခင်းကိုတော့ ၆”x ၀.၅” ပျဉ်ချပ် ၊လျှာထိုး အခင်းများ ခင်း ကြပါတယ်…

 

( ၅ ) သံကူကွန်ကရစ်အဆောက်အဦး ( Reinforcing Concrete Building )

သံကူကွန်ကရစ်အဆောက်အဦး ( Reinforcing Concrete Building ) တည်ဆောက်ရာတွင် အုတ်မြစ်ချရာ မှ စပြီး တိုင် ( Column )၊ ယက်မ ( Beam ) ၊ ကြမ်းခင်း ( Floor )၊ လှေကား ( Stair ) အစ သံကူကွန်ကရစ် ဖြင့်တည်ဆောက်ပြီး …အကာ အဖြစ်ကတော့ ၄.၅” အထူ ၊ ၉” အထူ အုတ်နံရံများကာကြပြီး … ယနေ့ ခေတ် နေရာ အနှံအပြားမှာ တွေ့မြင်နိုင်ပြီး အထပ်မြင့် အဆောက်အဦးပေါင်းများစွာ Design ဆန်းပေါင်းများစွာ … မြင်တွေ့ရပြီး .. Construction Method ပေါင်းများစွာ ဖြင့် တည်ဆောက်နေကြပါတယ်…

 

( ၆ ) သံမဏိ အဆောက်အဦး ( Steel Structure Building )

 

သံမဏိ အဆောက်အဦး ( Steel Structure Building )ကို တည်ဆောက်ရာတွင် အုတ်မြစ်ချရာ တွင်သာ သံကူကွန်ကရစ်ကိုအသုံးပြုကြပြီ တိုင် ( Column )၊ ယက်မ ( Beam ) ၊ အမိုး အတွက် ထုပ် ( Coller )၊ ယောက် ( Post Plate )၊ ဒိုင်း ( Rafter )၊ မြား ( Purlin ) တို့ ကို Steel Member ( H Beam, I Beam, Angle Iron, C Channel, MS Plate ) တွေနဲ့ တည်ဆောက်ကြပါတယ်… အခင်းကတော့ Decking Sheet နဲ့ သံကူကွန်ကရစ် ကို ခင်းကြပါတယ်… အများ အား ဖြင့် စက်ရုံတွေ တည် ဆောက်ကြပြီး ယခုနောက်ပိုင်းတော့ လူနေအိမ်များပါ တည်ဆောက် လာ ကြပါတယ်… သံမဏိ အဆောက်အဦး ( Steel Structure Building )ကတော့ တည်ဆောက်ရာမှာ အမှားလုံး၀ မခံပဲ အတော်လေး ကို ဂရုပြု တည်ဆောက်ရပါတယ်….

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Daw Aye Aye Win

 

 

[Zawgyi]

အဓိကအေဆာက္အဦးအမ်ိဳးအစားမ်ား

 

လုပ္ငန္းခြင္ ၀င္မည့္ Engineer ေတြအေနနဲ႔ အေဆာက္အဦးနဲ႔ ပတ္သက္တာေတြကို ဘယ္လို စၿပီးေလ့လာၾကမလဲ ?

အေျခခံ ကစၿပီး ေလ့လာၾကမယ္….ဒီမွာေျပာခ်င္တာက Engineer တစ္ေယာက္အေနနဲ႔ ကိုယ္က ဘယ္လိုင္းကိုသြားမွာလဲ?

ဒါသိပ္အေရးႀကီးပါတယ္… Design အပိုင္း ကို သြားမွာလား?

Construction ပိုင္းကိုသြားမွာလား?

ဘယ္လိုင္း ကိုပဲသြားသြား ေသခ်ာတာကေတာ့ သေဘာတရား နဲ႔ လက္ေတြ႕ အၿမဲ ယွဥ္ၿပီး ေလ့လာရမွာပါ…

သေဘာတရားမပါတဲ့ လက္ေတြ႕ နဲ႔ လက္ေတြ႕မပါတဲ့ သေဘာတရား ဟာ အရမ္း အႏၲရာယ္မ်ားပါတယ္…

Construction ေလာကမွာ တစ္ခါတေလ Design က OKေပမဲ့ တကယ့္ လက္ေတြ႕မွာ လုပ္ရကိုင္ရခက္တာေတြ ကေတာ္ေတာ္မ်ားပါတယ္ ပါ၀င္လုပ္ေဆာင္ၾကတဲ့ ကာယ လုပ္သားေတြရဲ႕ ကြၽမ္းက်င္မႈ ကလည္း အေတာ္ေလး အေရးပါ အရာေရာက္ပါတယ္…

Construction ဆိုတာ အေဆာက္အဦးပဲ လာလာ လမ္းပဲျဖစ္ျဖစ္ တံတားပဲ ေဆာက္ေဆာက္…

ေငြထုတ္ႏိုင္တဲ့Owner…Design ဆြဲတဲ့သူ …. Construction Site Engineer … ကာယလုပ္သား..ေနာက္ဆုံးသန္႔႐ွင္းေရးပါမက်န္…လူေပါင္းစုံဳံ အလႊာေပါင္းစုံ ပါ၀င္ၿပီးမွ ဖန္တီးရတဲ့ အႏုပညာ ျဖစ္ေနလို႔ပါ…

အခုကေတာ့ Building ပိုင္းနဲ႔ ပတ္သက္တာေတြကို Sharing လုပ္ေပးပါမယ္…

အေဆာက္အဦး ဘယ္ႏွမ်ိဳး႐ွိလဲ?

အဓိက ကေတာ့ ( ၆ ) မ်ိဳး႐ွိပါတယ္….

( ၁ ) ယာယီအေဆာက္အဦး ( Temporary Building ) ( ၂ ) သစ္သားအေဆာက္အဦး ( Timber Building ) ( ၃ ) အုတ္အေဆာက္အဦး ( Brick Pillar Building ) ( ၄ ) အုတ္ညႇပ္ အေဆာက္အဦး( Brick Nogging Building ) ( ၅ ) သံကူကြန္ကရစ္အေဆာက္အဦး ( Reinforcing Concrete Building ) ( ၆ ) သံမဏိ အေဆာက္အဦး ( Steel Structure Building ) တို႔ပဲျဖစ္ပါတယ္….

( ၁ ) ယာယီအေဆာက္အဦး ( Temporary Building )

ယာယီအေဆာက္အဦး ( Temporary Building ) ကို ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ လမ္းလုပ္ငန္းတြင္ အမ်ားဆုံးေတြ႕ရတက္ပါတယ္…လူတို႔ က တစ္ရာသီစာ နားခိုေနႏိုင္ရန္… ယာယီအေဆာက္အဦးမ်ားကို တည္ေဆာက္ၿပီး ေနထိုင္ၾကပါတယ္… ၎ ကို တိုင္အျဖစ္ ဝါး၊မဒမတိုင္၊သစ္ေပါင္းတိုင္၊သစ္သားတိုင္၊ ေမ်ာတိုင္မ်ားကို အသုံးျပဳၾကၿပီး…အမိုး အတြက္ ထုပ္ ( Coller )၊ ေယာက္ ( Post Plate )၊ ဒိုင္း ( Rafter )၊ ျမား ( Purlin ) တို႔ကို ဝါး၊သစ္မ်ားျဖင့္ အသုံးျပဳၾကပါတယ္…အမိုး ခ်ပ္ ကို ေတာ့ ဝါးကပ္၊ သက္ကယ္မိုး၊ ဓနိမိုး မ်ား အ သုံးျပဳ ၾကၿပီး…အကာ အျဖစ္ကေတာ့ ဝါးထရံ ကို အသုံးျပဳၾကပါတယ္…

ဒါ့အျပင္ ျမန္မာလူမ်ိဳးက ဘုရားပြဲ မွာ ဇာတ္ပြဲ ေတြခင္းက်င္း ဖို႔အတြက္ ဝါးႏွင့္ သစ္ ကို အသုံးျပဳၿပီး ယာယီ ဇာတ္ပြဲ႐ုံေတြ တည္ေဆာက္ၾကပါတယ္…ယေန႔ေခတ္မွာေတာ့ ခန္းနားလွပတဲ့ ယာယီ ဇာတ္ပြဲ ႐ုံေတြ ျမင္ရဖို႔ အေတာ္ ေလးခက္သြားပါၿပီး…အဲဒီဇာတ္ပြဲ႐ုံေတြမွာ ဝါးရဲ႕ လိုရာပုံသြင္းႏိုင္တဲ့ Flesible ျဖစ္တဲ့ ဂုဏ္သတၱိ ကိုေတြ႕ ျမင္ႏိုင္ၿပီး ပရိတ္သတ္ ၾကည့္႐ူမည့္ ေနရာမွာ အမိုးတြက္ ေထာက္တိုင္ လုံး၀ မပါပ ဲ “ဂ” ငယ္ပုံ အခုံး ကို ေျမျပင္ကစလို႔အက်ယ္ေပ၁၀၀၊ ေပ၂၀၀ ကေနအျမင့္ေပ ၅၀ေလာက္ သာသာေလး တည္ေဆာက္ ႏိုင္ပါတယ္…Space အက်ယ္ႀကီး နဲ႔ ေပါ့ အမိုးကိုေတာ့ ဝါးထရံ ခ်ပ္ေတြ မိုးလို႔ေပါ့

ယခုေနာက္ပိုင္းမွာေတာ့ ဝါးနဲ႔ အေဆာက္အဦး လွလွေလးေတြ အမ်ားႀကီး ဖန္တီးၿပီး တည္ေဆာက္လာၾကပါတယ္…

( ၂ ) သစ္သားအေဆာက္အဦး ( Timber Building )

သစ္သားအေဆာက္အဦး ( Timber Building )ကို တည္ေဆာက္ရာတြင္ အဓိကအားျဖင့္ သစ္ကိုသာ အသုံးျပဳၾကပါတယ္…. တိုင္အျဖစ္ သစ္သားတိုင္မ်ားကို အသုံးျပဳၾကၿပီး…အမိုး အတြက္ ထုပ္ ( Coller )၊ ေယာက္ ( Post Plate )၊ ဒိုင္း ( Rafter )၊ ျမား ( Purlin ) တို႔ကိုပါ သစ္မ်ားျဖစ္ အသုံးျပဳၾကပါတယ္…အမိုး ခ်ပ္ ကို ေတာ့ သြပ္အမိုး၊ ဘိလပ္ေျမ အမိုးျပား၊ မန္ဂလို အုပ္ႂကြပ္ျပားမ်ား ကိုအသုံးျပဳ ၾကၿပီး…အကာ အျဖစ္ကေတာ့ ဝါးထရံ၊ ပ်ဥ္လွဲကာနံရံ ( ပ်ဥ္တုံးလုံးကာ နံရံ )၊ ေတ့ဆက္ၾကံဖတ္အုပ္နံရံ၊ ပ်ဥ္ေထာင္ကာနံရံ၊ လွ်ာထိုးနံရံမ်ား ကို အသုံးျပဳၾကပါတယ္…အခင္းအတြက္ ယက္မ ( Beam )၊ ဆင့္ ( Joint ) ေတြကိုလည္း သစ္ ကို သာသုံးၿပီး ၊ ၾကမ္းခင္းကိုေတာ့ ၆”x ၀.၅” ပ်ဥ္ခ်ပ္ ၊လွ်ာထိုး အခင္းမ်ားျဖင့္ တည္ေဆာက္ၾကပါတယ္… ျမန္မာႏိုင္ငံတြင္ လူေနအိမ္မွ အစ သာသနာ ပိုင္းဆိုင္ရာ ဘုန္းႀကီးေက်ာင္း မ်ားပါ မက်န္ သစ္သား အေဆာက္အဦး မ်ား ကိုေတြ႕ျမင္ႏိုင္ ပါတယ္… တခ်ိဳ႕ အေဆာက္အဦးေတြ ဆိုရင္ လက္သမားပညာ ဆက္ေ႐ြးဆက္၊ ဆက္ေ႐ြးတိုင္ ေဖာက္ထားတာ ေတြ က ပညာသားပါလွပါတယ္… ဦးၾကင္ဥ ရဲ႕ ျမန္မာ့ သစ္အိမ္ေလးမွာ ဆိုရင္ ေလ့လာစရာေတြ မ်ားလွ ပါတယ္… ဒီေနရာမွာ တစ္ခုေျပာခ်င္တာက ယေန႔ ကမ႓ာ မွာ ေခာတ္စားေန တဲ့ Green Building ဆိုတာ သစ္ နဲ႔ ဝါးကို အေျခခံ ၿပီး တည္ေဆာက္ထားတဲ့ အေဆာက္ အဦးေတြလည္းပါ ပါတယ္…ျမန္မာ ျပည္ ရာသီဥတုနဲ႔ေတာ့ အရမ္းကို ကိုက္ညီတဲ့ အဆာက္အဦးပါ… သစ္ေတာထြက္ပစၥည္းမ်ားကို သဘာ၀အတိုင္း အသုံးၿပီး တည္ေဆာက္ထားတာျဖစ္တဲ့အတြက္ အပူဒဏ္ ကာကြယ္ေပး ၿပီး ေနရတာလည္း ေအးပါတယ္…

( ၃ ) အုတ္အေဆာက္အဦး ( Brick Piller Building )

အုတ္အေဆာက္အဦး ( Brick Piller Building )ကို တည္ေဆာက္ရာတြင္ အဓိကအားျဖင့္ အုပ္ျမစ္ခ်ရာမွ စၿပီး အုတ္ကိုအသုံးျပဳၾကပါတယ္…. တိုင္အျဖစ္ အုတ္တိုင္မ်ားကို အသုံးျပဳၾကၿပီး…အမိုး အတြက္ ထုပ္ ( Coller )၊ ေယာက္ ( Post Plate )၊ ဒိုင္း ( Rafter )၊ ျမား ( Purlin ) တို႔ကိုပါ သစ္မ်ားျဖစ္ အသုံးျပဳၾကပါတယ္…အမိုး ခ်ပ္ ကို ေတာ့ သြပ္အမိုး၊ ဘိလပ္ေျမ အမိုးျပား၊ မန္ဂလို အုတ္ႂကြပ္ျပားမ်ား ကိုအသုံးျပဳ ၾကၿပီး…အကာ အျဖစ္ကေတာ့ ၄.၅” အထူ ၊ ၉” အထူ အုတ္နံရံမ်ားကာၾကၿပီး…အခင္းအတြက္ Cement Concrete Floor ကို ခင္းၾကပါတယ္၊ တစ္ခ်ိဳ႕ ကေတာ့့ Cement Concrete Floor ေပၚ ကေန ၆”x ၀.၅” ပ်ဥ္ခ်ပ္ ၊လွ်ာထိုး ၊ ပါေကး အခင္းမ်ားျဖင့္ ခင္းၾကပါတယ္…မ်ားေသာ အားျဖင့္ တစ္ထပ္အေဆာက္အဦးကိုသာ တည္ေဆာက္ၾကပါတယ္…

( ၄ ) အုတ္ညႇပ္ အေဆာက္အဦး( Brick Nogging Building )

အုတ္ညႇပ္ အေဆာက္အဦး( Brick Nogging Building ) ကို တည္ေဆာက္ရာတြင္ အုတ္ျမစ္ခ်ရာ တြင္သာ အုတ္ကိုအသုံးျပဳၾကၿပီ တိုင္အျဖစ္ သစ္တိုင္မ်ားကို အသုံးျပဳၾကၿပီး…အမိုး အတြက္ ထုပ္ ( Coller )၊ ေယာက္ ( Post Plate )၊ ဒိုင္း ( Rafter )၊ ျမား ( Purlin ) တို႔ကိုပါ သစ္မ်ားျဖစ္ အသုံးျပဳၾကပါတယ္…အမိုး ခ်ပ္ ကို ေတာ့ သြပ္အမိုး၊ ဘိလပ္ေျမ အမိုးျပား၊ မန္ဂလို အုပ္ႂကြပ္ျပားမ်ား ကိုအသုံးျပဳ ၾကၿပီး…အကာ အျဖစ္ကေတာ့ ၄.၅” အထူ ၊ ၉” အထူ အုတ္နံရံမ်ားကာၾကၿပီး …အခင္းအတြက္ Cement Concrete Floor ကို ခင္းၾကပါတယ္၊ တစ္ခ်ိဳ႕ ကေတာ့့ Cement Concrete Floor ေပၚ ကေန ၆”x ၀.၅” ပ်ဥ္ခ်ပ္ ၊လွ်ာထိုး ၊ ပါေကး အခင္းမ်ားျဖင့္ ခင္းၾကပါတယ္…တစ္ထပ္မွ ႏွစ္ထပ္ အိမ္အထိ တည္ေဆာက္ၾကပါတယ္…အပ္ါထပ္အတြက္ ၾကမ္းခင္းကိုေတာ့ ယက္မ ( Beam )၊ ဆင့္ ( Joint ) ေတြကိုလည္း သစ္ ကို သာသုံးၿပီး ၊ ၾကမ္းခင္းကိုေတာ့ ၆”x ၀.၅” ပ်ဥ္ခ်ပ္ ၊လွ်ာထိုး အခင္းမ်ား ခင္း ၾကပါတယ္…

( ၅ ) သံကူကြန္ကရစ္အေဆာက္အဦး ( Reinforcing Concrete Building )

သံကူကြန္ကရစ္အေဆာက္အဦး ( Reinforcing Concrete Building ) တည္ေဆာက္ရာတြင္ အုတ္ျမစ္ခ်ရာ မွ စၿပီး တိုင္ ( Column )၊ ယက္မ ( Beam ) ၊ ၾကမ္းခင္း ( Floor )၊ ေလွကား ( Stair ) အစ သံကူကြန္ကရစ္ ျဖင့္တည္ေဆာက္ၿပီး …အကာ အျဖစ္ကေတာ့ ၄.၅” အထူ ၊ ၉” အထူ အုတ္နံရံမ်ားကာၾကၿပီး … ယေန႔ ေခာတ္ ေနရာ အႏွံအျပားမွာ ေတြ႕ျမင္ႏိုင္ၿပီး အထပ္ျမင့္ အေဆာက္အဦးေပါင္းမ်ားစြာ Design ဆန္းေပါင္းမ်ားစြာ … ျမင္ေတြ႕ရၿပီး .. Construction Method ေပါင္းမ်ားစြာ ျဖင့္ တည္ေဆာက္ေနၾကပါတယ္…

( ၆ ) သံမဏိ အေဆာက္အဦး ( Steel Structure Building )

သံမဏိ အေဆာက္အဦး ( Steel Structure Building )ကို တည္ေဆာက္ရာတြင္ အုတ္ျမစ္ခ်ရာ တြင္သာ သံကူကြန္ကရစ္ကိုအသုံးျပဳၾကၿပီ တိုင္ ( Column )၊ ယက္မ ( Beam ) ၊ အမိုး အတြက္ ထုပ္ ( Coller )၊ ေယာက္ ( Post Plate )၊ ဒိုင္း ( Rafter )၊ ျမား ( Purlin ) တို႔ ကို Steel Member ( H Beam, I Beam, Angle Iron, C Channel, MS Plate ) ေတြနဲ႔ တည္ေဆာက္ၾကပါတယ္… အခင္းကေတာ့ Decking Sheet နဲ႔ သံကူကြန္ကရစ္ ကို ခင္းၾကပါတယ္… အမ်ား အား ျဖင့္ စက္႐ုံေတြ တည္ ေဆာက္ၾကၿပီး ယခုေနာက္ပိုင္းေတာ့ လူေနအိမ္မ်ားပါ တည္ေဆာက္ လာ ၾကပါတယ္… သံမဏိ အေဆာက္အဦး ( Steel Structure Building )ကေတာ့ တည္ေဆာက္ရာမွာ အမွားလုံး၀ မခံပဲ အေတာ္ေလး ကို ဂ႐ုျပဳ တည္ေဆာက္ရပါတယ္….

 

Credit: Daw Aye Aye Win

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service