Sunshade အကြောင်း သိကောင်းစရာ... - Property Knowledge in Myanmar from iMyanmarHouse.com
959 Views

Sunshade အကြောင်း သိကောင်းစရာ...

Knowledge | Posted by Zarni Kyaw

[Unicode]

 

ဘယ်ဖက်က ပြူတင်းပေါက်မျိုး မကြာမကြာ တွေ့ဖူးလို့ အင်း … ဒီဟာဆောက်တဲ့ လူတွေက သေသေချာချာ မသိလို့ ဖြစ်မယ်လို့ ထင်ခဲ့တယ်။ ဟိုတစ်နေ့ကမှ တင်ဒါလုပ်ငန်းတွေအတွက် ဆိုပြီး drawings တစ်ချို့ တွေ့တာမှာ အဲလို ပြူတင်းပေါက် အပေါ်က ဖောင်းလိုင်းလေးမျိုးကို သေသေချာချာ ဆွဲထားတာကို တွေ့ရမှ drawings မှာ ပါတာကို လုပ်ထားတယ် ဆိုတာ သိရတယ်။ ပုံမှာ ရေးထားတာက 4”thk. Sunshade တဲ့။ ဘယ်လိုများ sun ကို shade သလဲ မသိဘူး။

ပုံမှန်အတိုင်းဆို ပြူတင်းပေါက် အပေါ်မှာ lintel ပါမယ်။ lintel ရဲ့ အဓိက ရည်ရွယ်ချက်က အပေါ်က အုတ်ရိုးကို ထမ်းချင်တာ။ အဲဒါက structural component ။ နောက်ပြီး နေပူဒါဏ် မိုးဒါဏ်ကို အထိုက်အလျောက် ကာကွယ်ချင်တယ်။ တကယ်တမ်း sunshade အတွက်ဆို အဲလောက်နှင့် မရဘူး။ cantilever slab လို overhung လို shade လေးတစ်ခု ထွက်နေတာမျိုး လုပ်ရမယ်။ မိုးဒါဏ်ဆိုတာမှာ အပေါ်က ရွာချလိုက်လို့ လေနှင့် ပက်လာတဲ့ မိုးရေက နံရံတစ်လျှောက် စီးကျလာပြီး ပြူတင်းပေါက်အပေါ်ကနေ ပြူတင်းပေါက်ထဲ ဝင်လာတယ်။ အဲလို ဝင်လာတဲ့ မိုးရေက ပြူတင်းပေါက်ရဲ့ အဆက်တွေကြားကနေ အထဲကို စိမ့်ဝင်နိုင်တယ်။ လေမိုးကြီးရင် ပိုဆိုးတယ်။ အဲဒါကြောင့် ပြူတင်းပေါက်ကို မိုးရေမထိအောင် lintel မှာ shade လေးထည့်ကြတယ်။ အဲဒီ shade အောက်ခြေ အနားစွန်းမှာလဲ အတွင်းကို ရေစီး မဝင်အောင် drip edge ရေတားလေး လုပ်တယ်။ အချောကိုင်တဲ့အချိန် တကယ်ကို အစွန်းမှာ လိုင်းလေးဖေါ်နိုင်သလို အောက်မျက်နှာပြင်မှာ အတွင်းချိုင့် လိုင်းလေး လုပ်လိုက်ရင်လဲ ရပါတယ်။ တကယ်တမ်း ပိုစိတ်ချချင်ရင် အဲဒီ lintel shade ရဲ့ အပေါ်မျက်နှာပြင်ရယ် ပြူတင်းပေါက်အောက်က window sill ကိုပါ ရေဆင်းလေး မသိမသာ ချောပေးရတယ်။ ပြူတင်းဘောင်အနောက် အတွင်းမှာလဲ ရေတားသဘောအပိတ်လေး ချောပေးရတယ်။

နောက်တစ်ခုက ကြည့်ကောင်းအောင် ဖောင်းလိုင်းသဘောမျိုး ornamental component အနေနှင့်လဲ ရည်ရွယ်တယ်။ အခုဟာက crown molding လိုလို ornamental သဘောသာသာလောက်ပဲ ဖြစ်ပြီး ကျန်တဲ့ ရည်ရွယ်ချက်တွေနှင့် အဆင်မပြေတာကို တွေ့ရတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: original writer

 

[Zawgyi]

 


 







 

 


Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
shwe-wutthmone
golden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service