တိုက်ခန်း(သို့) မြေငှားရမ်းပါက ငှားရမ်းသူ၏ တာဝန်များ - Property Knowledge in Myanmar from iMyanmarHouse.com
732 Views

တိုက်ခန်း(သို့) မြေငှားရမ်းပါက ငှားရမ်းသူ၏ တာဝန်များ

Knowledge | Posted by Shwe Zin Win

[Unicode]

အိမ်ငှား၊ မြေငှားရမ်းသူတို့သည် ငှားရမ်းခြင်းချုပ်ဆိုထားစဉ်ကာလအတွင်း မိမိတို့သိသင့်သည့် ငှားရမ်းသည့် တာဝန်များကို ကောင်းစွာမသိရှိကြသည့်အတွက် အိမ်ရှင် (သို့)မြေရှင်တို့နှင့် တချို့အကြောင်းအရာတွေမှာ အငြင်းပွားရတာတွေ တွေ့ရှိရတတ်သဖြင့် ဗဟုသုတရစေရန် ရည်ရွယ်ဖော်ပြရခြင်းဖြစ်ပါသည်။

တိုက်ခန်း(သို့) မြေငှားရမ်းပါက ငှားရမ်းသူတွင် ပစ္စည်းလွဲပြောင်းခြင်းအက်ဥပဒေပုဒ်မ - (၁၀၈)အရ အောက်ပါ တာဝန်များ သိရှိလိုက်နာရပါမည်။

(၁) အငှားချထားသူမသိသေးသည့် အကျိုးခံစားခွင့်များကို ငှားရမ်းသူမှသိလျှင် ထိုအကြောင်းများကို အငှား ချထားသူသို့ ပြောပြရမည်။

(၂) သတ်မှတ်ကာလအတွက် သတ်မှတ်နေရာတွင် ငှားရမ်းသူသည် ငှားရမ်းခနှင့် ပရီမီယံငွေတို့အား အငှား ချထားသူဖြစ်စေ၊ ၎င်း၏ကိုယ်စားလှယ်ကိုဖြစ်စေ ပေးရမည်။

(၃) တိုက်ခန်း (သို့) မြေအား မိမိကို လက်ရောက်ပေးအပ်သည့် အခြေအနေတိုင်းရှိအောင် စောင့်ရှောက် ထိန်းသိမ်းရန်နှင့် ငှားရမ်းခြင်းဆုံးခန်းတိုင် ရောက်သည့်အခါတွင် ယင်းအခြေအနေအတိုင်း ပေးအပ်ရန် တာဝန်ရှိပါသည်။

(၄) ပစ္စည်းတွင် တစ်စုံတရာ ချွတ်ယွင်းလာပါက အငှားချထားသူတို့ဖြစ်စေ၊ ၎င်း၏ကိုယ်စားလှယ်သို့ဖြစ်စေ၊ အကြောင်းကြားရမည်။ လိုအပ်ပါက အငှားချသူအား ပစ္စည်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုစစ်ဆေးရန် ပြုရပါမည်။

(၅) ငှားရမ်းသူ၏ ပေါ့ဆမှုကြောင့် ပျက်စီးခဲ့လျှင် အငှားချထားသူသို့ အကြောင်းကြားပြီး သုံးလအတွင်း မိမိကုန်ကျစရိတ်ဖြင့် ပြင်ဆင်ရမည်။

(၆) ပစ္စည်း၏ ပိုင်ဆိုင်ခွင့် အားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ၊ ရရှိရန် တရားစွဲဆိုလျှင်သော်၎င်း၊ နှောင့်ယှက်လျှင်သော်၎င်း။ ငှားရမ်းသူကသိလျှင် အငှားချထားသူသို့ အကြောင်းကြားရမည်။

(၇) မြေဖြစ်ပါက မြေပေါ်တွင် သစ်ပင်ခုတ်လှဲခြင်း၊ (သို့) အဆောက်အအုံဖြိုဖျက်ခြင်း၊ (သို့) အငှား ချထားစဉ်က မတူးဖော်ရသေးသည့် သတ္တုတွင်း၊ (သို့) ကျောက်တွင်း (သို့) ပစ္စည်းကိုဖျက်ဆီးခြင်း (သို့) အစဉ်အမြဲ နစ်နာစေမည့် မည်သည့်ပြုလုပ်မှုမျျှ မပြုရ။

(၈) လယ်ယာစိုက်ပျိုးမှုမှအပ မြေပေါ်တွင် အငှားချထားသူ၏ ခွင့်ပြုချက်မရပဲ ခိုင်မြဲသော အဆောက်အအုံ များ မဆောက်လုပ်ရ။

(၉) ငှားရမ်းခြင်း ပြည့်မြောက်ပြီးပါက အငှားချထားသူသို့ မူလလက်ခံရယူစဉ်က အနေအထားအတိုင်း ပြန်လည် ပေးအပ်ရပါမည်ဟု စာချုပ်စာတမ်းမှတ်ပုံတင်အကြောင်းသိကောင်းစရာမှ ကိုးကား ရေးသား ဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 









(၇) မြေဖြစ်ပါက မြေပေါ်တွင် သစ်ပင်ခုတ်လှဲခြင်း၊ (သို့) အဆောက်အအုံဖြိုဖျက်ခြင်း၊ (သို့) အငှား ချထားစဉ်က မတူးဖော်ရသေးသည့် သတ္တုတွင်း၊ (သို့) ကျောက်တွင်း (သို့) ပစ္စည်းကိုဖျက်ဆီးခြင်း (သို့) အစဉ်အမြဲ နစ်နာစေမည့် မည်သည့်ပြုလုပ်မှုမျှ မပြုရ။








Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service