မြေယာနှင့် အဆောက်အအုံများ အဝယ်မမှားစေဖို့ - Property Knowledge in Myanmar from iMyanmarHouse.com
537 Views

မြေယာနှင့် အဆောက်အအုံများ အဝယ်မမှားစေဖို့

Knowledge | Posted by Hnin Ei Khin

[Unicode]

မြေငှားဂရန် သက်တမ်းကုန်မြေနှင့် အဆောက်အအုံကို ဝယ်မည်ဆိုလျှင် ဦးစွာပထမအနေဖြင့် မြေငှားဂရန် သက်တမ်းတိုးဖို့ လိုပေသည်။

အကယ်၍ မြေကွက် အမည်ပေါက်သူမှာ ကွယ်လွန်သွားပါကတရားရုံး၏ အမိန့်ဒီဂရီအရဖြစ်စေ၊ အမွေထိန်းစာ တို့အရ ဖြစ်စေ၊ ဂရန်သက်တမ်း တိုးနိုင်ပါသည်။

ဂရန်သက်တမ်းတိုးပြီးမှသာ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ကိုချုပ်ဆိုနိုင်မည် ဖြစ်သည်။ သို့ရာတွင် တရားရုံး၏ အမိန့်ဒီဂရီအရဆိုလျှင် ဂရန်သက်တမ်း ကုန်သော်လည်းမှတ်ပုံတင် အရောင်းအဝယ် စာချုပ်ကို ချုပ်ဆိုနိုင်ပေသည်။

ဤသည်နှင့် စပ်လျဉ်း၍ 'ဦးစိန့် (၎င်း၏ အထွေထွေကိုယ်စားလှယ်စာရသူ ဦးဝင်းကျော်) နှင့် ဒေါ်ခင်ငြိမ်း၊၁၉၉၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၆' အမှုမှာ

- မန္တလေးတိုင်း တရားရုံးတော်၌ ဒေါ်ခင်ငြိမ်းက ဦးစိန့်အပေါ်မန္တလေး အနောက်မြောက် မြို့နယ်၊ အနှိပ်တော် ရပ်ကွက်၊အကွက် အမှတ် (၃)၊ ဦးပိုင်အမှတ် ၁၂၈ ရှိမြေနှင့် ယင်းမြေပေါ်ရှိ အကျိုးခံစားခွင့် အရပ်ရပ်တို့ကိုပိုင်ဆိုင် ကြောင်း မြွက်ဟကြေညာ ပေးရန်နှင့် ပဋိဉာဉ်အရအရောင်း အဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးရန် စွဲဆိုရာ အနိုင်ဒီဂရီရရှိခဲ့သည်။

- ဒေါ်ခင်ငြိမ်းက ယင်းအနိုင်ဒီဂရီကို မန္တလေးတိုင်း တရားရုံးဇာရီမှုတွင် အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆို ပေးစေရန်နှင့် တရားစရိတ်များပေးစေရန်အတွက် အတည်ပြုဆောင်ရွက်ခဲ့သည်။

- ဦးစိန့်က အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်နှင့် ပတ်သက်၍အချင်းဖြစ်မြေ၏ ဂရန် သက်တမ်းမှာ ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် မြေနှင့်စပ်လျဉ်းသည့် အခွင့်အရေးတစ်စုံတစ်ရာ မရှိတော့၍ ဥပဒေနှင့်အညီ တရားဝင် လွှဲပြောင်း ရောင်းချနိုင်တော့မည် မဟုတ်ကြောင်းဖြင့် ကန့်ကွက်သည်။

- တိုင်းတရားရုံးမှ ဦးစိန့်၏ ကန့်ကွက်ချက်ကို လက်မခံ၊ပယ်လိုက်သဖြင့် ဦးစိန့်မှ တရားရုံးချုပ်သို့ အယူခံ ဝင်လာခြင်းဖြစ်သည်။

တရားရုံးချုပ်က သုံးသပ် ဆုံးဖြတ်သည်မှာ-

- ဒေါ်ခင်ငြိမ်းနှင့် ဦးစိန့်တို့ အရောင်းအဝယ်ပြုလုပ်ခဲ့သည့်၂၇-၁-၈၄ နေ့က ဂရန် သက်တမ်း ကုန်ဆုံးခြင်း မရှိပေ။

- သို့ဖြစ်၍ ရောင်းချစဉ်က ဦးစိန့်သည် ဂရန်သက်တမ်းကုန်ဆုံးခြင်း မရှိသောမြေကို ရောင်းချခဲ့ပြီး ဒေါ်ခင်ငြိမ်းက လက်ရောက်ဝယ်ယူခဲ့သည်ဖြစ်၍ တရားဝင် ပိုင်ဆိုင်မှုရှိသောအခြေအနေတွင် ရောင်းချခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

- ထို့နောက်တွင်မှ ဦးစိန့်က မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ပြုလုပ်ချုပ်ဆိုပေးရန် ပျက်ကွက်သဖြင့် ဒေါ်ခင်ငြိမ်းကတရား စွဲဆိုရခြင်းဖြစ်ရာ နောက်ပိုင်းတွင် ဂရန်သက်တမ်း ကုန်ဆုံး၍ မှတ်ပုံတင်ပြုလုပ်ပေးရန် အခွင့်အရေး မရှိတော့ကြောင်း ဦးစိန့်၏ကန့်ကွက်ချက်ကို လက်ခံနိုင်ရန် အကြောင်းမရှိနိုင်ပေ။

- ဒေါ်ခင်ငြိမ်းက ဦးစိန့် အပေါ် စွဲဆိုခဲ့သော မူလတရားမကြီးမှု၏ အနိုင်ဒီဂရီမှာ တည်မြဲလျက်ရှိသဖြင့် ဦးစိန့်သည် ယင်း အမိန့်ဒီဂရီကိုလိုက်နာရန် တာဝန်ရှိသည်။

- ဂရန်သက်တမ်း ကုန်ဆုံးနေခြင်းကြောင့် ဦးစိန့်မှ ဒီဂရီအတိုင်း လိုက်နာရန် တာဝန်မရှိဟုဆိုရန် အကြောင်း မရှိပေ။

- အရောင်း အဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး နောက်တွင်ဂရန်သက်တမ်းတိုး ရရှိရေးအတွက် ဆောင်ရွက်ရန်မှာ ဒေါ်ခင်ငြိမ်း၏ တာဝန်သာဖြစ်သည်။

- သို့ဖြစ်၍ ဂရန်သက်တမ်း ကုန်ဆုံးနေခြင်းကြောင့်ဦးစိန့်က အမိန့်ဒီဂရီအတိုင်း အရောင်းအဝယ်စာချုပ် ချုပ်ဆို ပေးရန် အခွင့်အရေးမရှိဟူသော အချက်မှာ မှန်ကန်မှုမရှိချေ။

- ထို့ကြောင့် မူလတရား ရုံး၏ အမိန့်ကို အတည်ပြုပြီး ဤ အယူခံမှုကို ပလပ်လိုက်သည်ဟု ဆုံးဖြတ်ခဲ့ပေသည်။ ထိုအချက်များကြောင့် မြေဂရန်သက်တမ်း ကုန်သော်လည်းဥပဒေနှင့်အညီ အရောင်း အဝယ်ပြုလုပ်နိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။

ဤတွင် ဆက်စပ်၍ သတိပြုရမည့်အချက်မှာ'မြေငှား ဂရန်မိတ္တူဖြင့် အရောင်းအဝယ် ပြုကြသည့်ကိစ္စ'ဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် မြေငှားဂရန်မူရင်း ပျောက်ဆုံးသွားပါက သက်ဆိုင်ရာမြို့ပြ မြေယာဌာနတွင် မြေငှား ဂရန်မိတ္တူ ထုတ်ပေးရန် လျှောက်ထားနိုင်သည်။

ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေယာဌာနတွင်လည်းကောင်း၊မြို့ရွာ အိုးအိမ် ဦးစီးဌာနတွင် လည်းကောင်း လျှောက်ထားနိုင်ပါသည်။

ထိုကဲ့သို့မြေငှားဂရန် မိတ္တူ လျှောက်ထားရာတွင်- အမည်ပေါက် ကိုယ်တိုင်လျှောက်ထားရမည်ဖြစ်ပြီးပိုင်ဆိုင် ကြောင်း မှတ်ပုံတင်စာချုပ် စာတမ်းများ၊ ရဲစခန်း တိုင်တန်းချက်တို့နှင့်အတူ သက်ဆိုင်ရာသို့လျှောက်ထားရသည်။

အကယ်၍ မြေကွက်အမည်ပေါက်သူ ကွယ်လွန်သွားပါက....

- တရားရုံး၏ အမိန့်ဒီဂရီ အရ ဖြစ်စေ၊

- အမွေထိန်းစာတို့အရ ဖြစ်စေ မြေငှားဂရန်မိတ္တူကိုလျှောက်ထားနိုင်ပေသည်။

အဆိုပါလျှောက်ထားချက်ကို သက်ဆိုင်ရာ မြေယာဌာနသို့မဟုတ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က သတ်မှတ်ထားသော လျှောက်လွှာပုံစံနှင့် ပိုင်ဆိုင်မှုအထောက်အထားများကိုပြည့်စုံမှု ရှိ၊ မရှိ စိစစ်ပြီးလက်ခံ ဆောင်ရွက်ပေးပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရမြေငှားဂရန်မိတ္တူ ထုတ်ပေးနိုင်ရန်အတွက် ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ရန် နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင် ကြော်ငြာတစ်လ ထုတ်ပြန်ပါသည်။

ကြော်ငြာတစ်လထုတ်ပြန်ပြီး ကန့်ကွက်သူမရှိပါကမြေစာရင်းနှင့် ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊ စာချုပ်စာတမ်းများ၊ တရားရုံး၏အမိန့်ဒီဂရီများကို စိစစ်ကာ သက်ဆိုင်ရာမှ လျှောက်ထားသူအား မူလဂရန်အမည်ပေါက်ဖြင့် ဂရန်မိတ္တူ ကိုထုတ်ပေးပါသည်။

ဤတွင်ဖြစ်တတ်သည်မှာ ရောင်းသူအနေဖြင့် မြေငှားဂရန်မူရင်းကို ပေါင်နှံထားပြီးပျောက်ဆုံးသည်ဟုဆိုကာဂရန် မိတ္တူကိုလိမ်လည်လျှောက်ထား ရယူတတ်ကြသဖြင့် အထူး ဂရုပြုဖို့လိုအပ်ပေသည်။

မိတ်ဆွေတစ်ဦးက ၎င်း၏အတွေ့အကြုံကို ပြောပြရာတွင်၎င်းဝယ်ယူသောမြေကွက်၏ မူရင်းဂရန်ကို ရောင်းချသူ မြေရှင်က ဘဏ်တွင်ပေါင်နှံထားသည်။

မိတ်ဆွေက ပေါင်နှံထားမှန်းမသိဘဲမြေရှင်ပြသသည့်ဂရန်မိတ္တူပေါ် အခြေတည်၍ မြေကွက်နှင့် အဆောက်အအုံ ကိုဝယ်လိုက်သည်။ နောက်ပိုင်း ဘဏ်ကချေးငွေ အကြွေးမပေးဆပ်သဖြင့် မြေကွက်ကို ဝရမ်းကပ်မှ အခြေအနေ မှန်ကိုသိရတော့သည်။

မိတ်ဆွေသည် ရောင်းသူကို ဆက်သွယ်ရှာသော်လည်းမတွေ့တော့သဖြင့် နောက်ဆုံးတွင် ၎င်းကိုယ်တိုင်ကပင် ဘဏ်ချေးငွေကို ပေးဆပ်ခဲ့ရသည်ဟု ပြောဖူးပါသည်။

ထို့ကြောင့် မြေငှားဂရန် မိတ္တူဖြင့် အရောင်းအဝယ်ပြုပါကဝယ်သူအနေဖြင့် အဝယ်မမှားစေရန် သက်ဆိုင်ရာ မြေယာဌာန (ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြေယာ ဌာန)သို့ မြေကွက်နှင့် စပ်လျဉ်း၍ သေချာစုံစမ်းစိစစ်ပြီးမှ ဝယ်သင့်ပါသည်။

ထို့ပြင် အဆိုပါမြေကွက်ကို အရောင်းအဝယ်ပြုလုပ်ရန်နှစ်ဖက်သဘော တူညီကြကာ စရန်ငွေတစ်စိတ်တစ်ပိုင်း ပေးချေပြီးပါက အဆိုပါမြေကွက်အရောင်း အဝယ်ကိုကန့်ကွက်ရန် ရှိ၊ မရှိ နေ့စဉ်ထုတ် သတင်းစာတွင် ထည့်သွင်း ကြေညာသင့်ပေသည်။

အရောင်းအဝယ်စာချုပ် ချုပ်ဆိုလျှင်လည်း အရှုပ်အရှင်းတစ်စုံတစ်ရာရှိပါက ရောင်းသူက ဖြေရှင်းပေးရန်နှင့် ဝယ်သူ၏ နစ်နာကြေးကို ပေးလျော်မည်ဖြစ်ကြောင်း ဝန်ခံကတိစာချုပ် ချုပ်ဆိုသင့်ပါကြောင်း အကြံပြု ရေးသား လိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ထီယု (အတိုင်ပင်ခံ ဥပဒေ)

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေျမယာႏွင့္ အေဆာက္အအုံမ်ား အဝယ္မမွားေစဖို႔

 

ေျမငွားဂရန္ သက္တမ္းကုန္ေျမႏွင့္ အေဆာက္အအုံကို ဝယ္မည္ဆိုလွ်င္ ဦးစြာပထမအေနျဖင့္ ေျမငွားဂရန္ သက္တမ္းတိုးဖို႔ လိုေပသည္။

အကယ္၍ ေျမကြက္ အမည္ေပါက္သူမွာ ကြယ္လြန္သြားပါကတရား႐ုံး၏ အမိန္႔ဒီဂရီအရျဖစ္ေစ၊ အေမြထိန္းစာ တို႔အရ ျဖစ္ေစ၊ ဂရန္သက္တမ္း တိုးႏိုင္ပါသည္။

ဂရန္သက္တမ္းတိုးၿပီးမွသာ အေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ကိုခ်ဳပ္ဆိုႏိုင္မည္ ျဖစ္သည္။ သို႔ရာတြင္ တရား႐ုံး၏ အမိန္႔ဒီဂရီအရဆိုလွ်င္ ဂရန္သက္တမ္း ကုန္ေသာ္လည္းမွတ္ပုံတင္ အေရာင္းအဝယ္ စာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္ေပသည္။

ဤသည္ႏွင့္ စပ္လ်ဥ္း၍ 'ဦးစိန္႔ (၎၏ အေထြေထြကိုယ္စားလွယ္စာရသူ ဦးဝင္းေက်ာ္) ႏွင့္ ေဒၚခင္ၿငိမ္း၊၁၉၉၃ ခုႏွစ္၊ ျမန္မာႏိုင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ ၂၆' အမႈမွာ

- မႏၲေလးတိုင္း တရား႐ုံးေတာ္၌ ေဒၚခင္ၿငိမ္းက ဦးစိန္႔အေပၚမႏၲေလး အေနာက္ေျမာက္ ၿမိဳ႕နယ္၊ အႏွိပ္ေတာ္ ရပ္ကြက္၊အကြက္ အမွတ္ (၃)၊ ဦးပိုင္အမွတ္ ၁၂၈ ႐ွိေျမႏွင့္ ယင္းေျမေပၚ႐ွိ အက်ိဳးခံစားခြင့္ အရပ္ရပ္တို႔ကိုပိုင္ဆိုင္ ေၾကာင္း ႁမြက္ဟေၾကညာ ေပးရန္ႏွင့္ ပဋိဉာဥ္အရအေရာင္း အဝယ္မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုေပးရန္ စြဲဆိုရာ အႏိုင္ဒီဂရီရ႐ွိခဲ့သည္။

- ေဒၚခင္ၿငိမ္းက ယင္းအႏိုင္ဒီဂရီကို မႏၲေလးတိုင္း တရား႐ုံးဇာရီမႈတြင္ အေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆို ေပးေစရန္ႏွင့္ တရားစရိတ္မ်ားေပးေစရန္အတြက္ အတည္ျပဳေဆာင္႐ြက္ခဲ့သည္။

- ဦးစိန္႔က အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုရန္ႏွင့္ ပတ္သက္၍အခ်င္းျဖစ္ေျမ၏ ဂရန္ သက္တမ္းမွာ ကုန္ဆုံးသြားၿပီ ျဖစ္ေသာေၾကာင့္ ေျမႏွင့္စပ္လ်ဥ္းသည့္ အခြင့္အေရးတစ္စုံတစ္ရာ မ႐ွိေတာ့၍ ဥပေဒႏွင့္အညီ တရားဝင္ လႊဲေျပာင္း ေရာင္းခ်ႏိုင္ေတာ့မည္ မဟုတ္ေၾကာင္းျဖင့္ ကန္႔ကြက္သည္။

- တိုင္းတရား႐ုံးမွ ဦးစိန္႔၏ ကန္႔ကြက္ခ်က္ကို လက္မခံ၊ပယ္လိုက္သျဖင့္ ဦးစိန္႔မွ တရား႐ုံးခ်ဳပ္သို႔ အယူခံ ဝင္လာျခင္းျဖစ္သည္။

တရား႐ုံးခ်ဳပ္က သုံးသပ္ ဆုံးျဖတ္သည္မွာ-

- ေဒၚခင္ၿငိမ္းႏွင့္ ဦးစိန္႔တို႔ အေရာင္းအဝယ္ျပဳလုပ္ခဲ့သည့္၂၇-၁-၈၄ ေန႔က ဂရန္ သက္တမ္း ကုန္ဆုံးျခင္း မ႐ွိေပ။

- သို႔ျဖစ္၍ ေရာင္းခ်စဥ္က ဦးစိန္႔သည္ ဂရန္သက္တမ္းကုန္ဆုံးျခင္း မ႐ွိေသာေျမကို ေရာင္းခ်ခဲ့ၿပီး ေဒၚခင္ၿငိမ္းက လက္ေရာက္ဝယ္ယူခဲ့သည္ျဖစ္၍ တရားဝင္ ပိုင္ဆိုင္မႈ႐ွိေသာအေျခအေနတြင္ ေရာင္းခ်ခဲ့သည္ဟု ဆိုရမည္ ျဖစ္သည္။

- ထို႔ေနာက္တြင္မွ ဦးစိန္႔က မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္ ျပဳလုပ္ခ်ဳပ္ဆိုေပးရန္ ပ်က္ကြက္သျဖင့္ ေဒၚခင္ၿငိမ္းကတရား စြဲဆိုရျခင္းျဖစ္ရာ ေနာက္ပိုင္းတြင္ ဂရန္သက္တမ္း ကုန္ဆုံး၍ မွတ္ပုံတင္ျပဳလုပ္ေပးရန္ အခြင့္အေရး မ႐ွိေတာ့ေၾကာင္း ဦးစိန္႔၏ကန္႔ကြက္ခ်က္ကို လက္ခံႏိုင္ရန္ အေၾကာင္းမ႐ွိႏိုင္ေပ။

- ေဒၚခင္ၿငိမ္းက ဦးစိန္႔ အေပၚ စြဲဆိုခဲ့ေသာ မူလတရားမႀကီးမႈ၏ အႏိုင္ဒီဂရီမွာ တည္ၿမဲလ်က္႐ွိသျဖင့္ ဦးစိန္႔သည္ ယင္း အမိန္႔ဒီဂရီကိုလိုက္နာရန္ တာဝန္႐ွိသည္။

- ဂရန္သက္တမ္း ကုန္ဆုံးေနျခင္းေၾကာင့္ ဦးစိန္႔မွ ဒီဂရီအတိုင္း လိုက္နာရန္ တာဝန္မ႐ွိဟုဆိုရန္ အေၾကာင္း မ႐ွိေပ။

- အေရာင္း အဝယ္မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေနာက္တြင္ဂရန္သက္တမ္းတိုး ရ႐ွိေရးအတြက္ ေဆာင္႐ြက္ရန္မွာ ေဒၚခင္ၿငိမ္း၏ တာဝန္သာျဖစ္သည္။

- သို႔ျဖစ္၍ ဂရန္သက္တမ္း ကုန္ဆုံးေနျခင္းေၾကာင့္ဦးစိန္႔က အမိန္႔ဒီဂရီအတိုင္း အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆို ေပးရန္ အခြင့္အေရးမ႐ွိဟူေသာ အခ်က္မွာ မွန္ကန္မႈမ႐ွိေခ်။

- ထို႔ေၾကာင့္ မူလတရား ႐ုံး၏ အမိန္႔ကို အတည္ျပဳၿပီး ဤ အယူခံမႈကို ပလပ္လိုက္သည္ဟု ဆုံးျဖတ္ခဲ့ေပသည္။ ထိုအခ်က္မ်ားေၾကာင့္ ေျမဂရန္သက္တမ္း ကုန္ေသာ္လည္းဥပေဒႏွင့္အညီ အေရာင္း အဝယ္ျပဳလုပ္ႏိုင္ေၾကာင္း ေတြ႕ရမည္ျဖစ္သည္။

ဤတြင္ ဆက္စပ္၍ သတိျပဳရမည့္အခ်က္မွာ'ေျမငွား ဂရန္မိတၱဴျဖင့္ အေရာင္းအဝယ္ ျပဳၾကသည့္ကိစၥ'ျဖစ္သည္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေျမငွားဂရန္မူရင္း ေပ်ာက္ဆုံးသြားပါက သက္ဆိုင္ရာၿမိဳ႕ျပ ေျမယာဌာနတြင္ ေျမငွား ဂရန္မိတၱဴ ထုတ္ေပးရန္ ေလွ်ာက္ထားႏိုင္သည္။

ရန္ကုန္ၿမိဳ႕တြင္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ျပေျမယာဌာနတြင္လည္းေကာင္း၊ၿမိဳ႕႐ြာ အိုးအိမ္ ဦးစီးဌာနတြင္ လည္းေကာင္း ေလွ်ာက္ထားႏိုင္ပါသည္။

ထိုကဲ့သို႔ေျမငွားဂရန္ မိတၱဴ ေလွ်ာက္ထားရာတြင္- အမည္ေပါက္ ကိုယ္တိုင္ေလွ်ာက္ထားရမည္ျဖစ္ၿပီးပိုင္ဆိုင္ ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္ စာတမ္းမ်ား၊ ရဲစခန္း တိုင္တန္းခ်က္တို႔ႏွင့္အတူ သက္ဆိုင္ရာသို႔ေလွ်ာက္ထားရသည္။

အကယ္၍ ေျမကြက္အမည္ေပါက္သူ ကြယ္လြန္သြားပါက....

- တရား႐ုံး၏ အမိန္႔ဒီဂရီ အရ ျဖစ္ေစ၊

- အေမြထိန္းစာတို႔အရ ျဖစ္ေစ ေျမငွားဂရန္မိတၱဴကိုေလွ်ာက္ထားႏိုင္ေပသည္။

အဆိုပါေလွ်ာက္ထားခ်က္ကို သက္ဆိုင္ရာ ေျမယာဌာနသို႔မဟုတ္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ က သတ္မွတ္ထားေသာ ေလွ်ာက္လႊာပုံစံႏွင့္ ပိုင္ဆိုင္မႈအေထာက္အထားမ်ားကိုျပည့္စုံမႈ ႐ွိ၊ မ႐ွိ စိစစ္ၿပီးလက္ခံ ေဆာင္႐ြက္ေပးပါသည္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒအရေျမငွားဂရန္မိတၱဴ ထုတ္ေပးႏိုင္ရန္အတြက္ ကန္႔ကြက္လိုပါက ကန္႔ကြက္ႏိုင္ရန္ ေန႔စဥ္ထုတ္ သတင္းစာ တစ္ေစာင္တြင္ ေၾကာ္ျငာတစ္လ ထုတ္ျပန္ပါသည္။

ေၾကာ္ျငာတစ္လထုတ္ျပန္ၿပီး ကန္႔ကြက္သူမ႐ွိပါကေျမစာရင္းႏွင့္ ပိုင္ဆိုင္မႈစာ႐ြက္စာတမ္းမ်ား၊ စာခ်ဳပ္စာတမ္းမ်ား၊ တရား႐ုံး၏အမိန္႔ဒီဂရီမ်ားကို စိစစ္ကာ သက္ဆိုင္ရာမွ ေလွ်ာက္ထားသူအား မူလဂရန္အမည္ေပါက္ျဖင့္ ဂရန္မိတၱဴ ကိုထုတ္ေပးပါသည္။

ဤတြင္ျဖစ္တတ္သည္မွာ ေရာင္းသူအေနျဖင့္ ေျမငွားဂရန္မူရင္းကို ေပါင္ႏွံထားၿပီးေပ်ာက္ဆုံးသည္ဟုဆိုကာဂရန္ မိတၱဴကိုလိမ္လည္ေလွ်ာက္ထား ရယူတတ္ၾကသျဖင့္ အထူး ဂ႐ုျပဳဖို႔လိုအပ္ေပသည္။

မိတ္ေဆြတစ္ဦးက ၎၏အေတြ႕အၾကဳံကို ေျပာျပရာတြင္၎ဝယ္ယူေသာေျမကြက္၏ မူရင္းဂရန္ကို ေရာင္းခ်သူ ေျမ႐ွင္က ဘဏ္တြင္ေပါင္ႏွံထားသည္။

မိတ္ေဆြက ေပါင္ႏွံထားမွန္းမသိဘဲေျမ႐ွင္ျပသသည့္ဂရန္မိတၱဴေပၚ အေျခတည္၍ ေျမကြက္ႏွင့္ အေဆာက္အအုံ ကိုဝယ္လိုက္သည္။ ေနာက္ပိုင္း ဘဏ္ကေခ်းေငြ အေႂကြးမေပးဆပ္သျဖင့္ ေျမကြက္ကို ဝရမ္းကပ္မွ အေျခအေန မွန္ကိုသိရေတာ့သည္။

မိတ္ေဆြသည္ ေရာင္းသူကို ဆက္သြယ္႐ွာေသာ္လည္းမေတြ႕ေတာ့သျဖင့္ ေနာက္ဆုံးတြင္ ၎ကိုယ္တိုင္ကပင္ ဘဏ္ေခ်းေငြကို ေပးဆပ္ခဲ့ရသည္ဟု ေျပာဖူးပါသည္။

ထို႔ေၾကာင့္ ေျမငွားဂရန္ မိတၱဴျဖင့္ အေရာင္းအဝယ္ျပဳပါကဝယ္သူအေနျဖင့္ အဝယ္မမွားေစရန္ သက္ဆိုင္ရာ ေျမယာဌာန (ရန္ကုန္ၿမိဳ႕တြင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ေျမယာ ဌာန)သို႔ ေျမကြက္ႏွင့္ စပ္လ်ဥ္း၍ ေသခ်ာစုံစမ္းစိစစ္ၿပီးမွ ဝယ္သင့္ပါသည္။

ထို႔ျပင္ အဆိုပါေျမကြက္ကို အေရာင္းအဝယ္ျပဳလုပ္ရန္ႏွစ္ဖက္သေဘာ တူညီၾကကာ စရန္ေငြတစ္စိတ္တစ္ပိုင္း ေပးေခ်ၿပီးပါက အဆိုပါေျမကြက္အေရာင္း အဝယ္ကိုကန္႔ကြက္ရန္ ႐ွိ၊ မ႐ွိ ေန႔စဥ္ထုတ္ သတင္းစာတြင္ ထည့္သြင္း ေၾကညာသင့္ေပသည္။

အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုလွ်င္လည္း အ႐ႈပ္အ႐ွင္းတစ္စုံတစ္ရာ႐ွိပါက ေရာင္းသူက ေျဖ႐ွင္းေပးရန္ႏွင့္ ဝယ္သူ၏ နစ္နာေၾကးကို ေပးေလ်ာ္မည္ျဖစ္ေၾကာင္း ဝန္ခံကတိစာခ်ဳပ္ ခ်ဳပ္ဆိုသင့္ပါေၾကာင္း အၾကံျပဳ ေရးသား လိုက္ပါသည္။

ထီယု (အတိုင္ပင္ခံ ဥပေဒ)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအာ
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအာ
ဒေါ်လာ ၉၀၀၀၀၀ အကြွေးဖြင့် ကုမ္ပဏီစတင်တည်ထောင်ခဲ့ကာ ယခုအခါ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ ချမ်းသာနေပြီဖြစ်သော အမေရိက၏ အချမ်းသာ
ဒေါ်လာ ၉၀၀၀၀၀ အကြွေးဖြင့် ကုမ္ပဏီစတင်တည်ထောင်ခဲ့ကာ ယခုအခါ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ ချမ်းသာနေပြီဖြစ်သော အမေရိက၏ အချမ်းသာ
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်
Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံး
Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံး
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ခြံဝန်းအတွင်း လှေတစ်စင်းထားသော အမျိုးသားကို မြို့အုပ်ချုပ်ရေးအဖွဲ့က လှေကို အခြားသူများ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ခြံဝန်းအတွင်း လှေတစ်စင်းထားသော အမျိုးသားကို မြို့အုပ်ချုပ်ရေးအဖွဲ့က လှေကို အခြားသူများ
ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေ
ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေ
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
shwe-wutthmone
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service