ထိုင်းနိုင်ငံမဲဟောင်ဆော်က အလှဆုံးလို့ နာမည်ကြီးတဲ့ ထိုင်း- တရုတ်ရွာလေး - Property News in Myanmar from iMyanmarHouse.com
2564 Views

ထိုင်းနိုင်ငံမဲဟောင်ဆော်က အလှဆုံးလို့ နာမည်ကြီးတဲ့ ထိုင်း- တရုတ်ရွာလေး

[Unicode]

 

Ban Rak Thai Village ရွာလေးက ထိုင်းနိုင်ငံက အလှဆုံးရွာလေး အဖြစ်တင်စားခြင်းခံရလောက်တဲ့ အထိကို အရမ်းကိုလှပတာပါ။

ထိုင်း- တရုတ် စတိုလ် ရွာလေးက ချင်းမိုင်ကနေ ကီလိုမီတာ ၂၅၀၊ မဲ့ဟောင်ဆော် ကနေ ကီလိုမီတာ ၄၀ မှာ ရှိတယ်။ ရွာလေးကို Mae-Aw လို့လည်း ခေါ်ကြတယ်။

တရုတ်ရိုးရာ၊ တည်ဆောက်မှုပုံစံ တစ်စိတ်တစ်ပိုင်းဆင်တူဖြစ်တာကို တွေ့ရပြီး ယူနန်ပြည်နယ်က ရွှေ့ ပြောင်းလာတဲ့ စစ်သားဟောင်း ကယူ မင် တန်က ရွာလေးကို စတည်ခဲ့လို့ တရုတ်အငွေ့အသက်တွေ လွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။

ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၁၈၀၀ ရှိပြီး တောင်တွေ ပတ်ချာလည်ဝန်းရံနေကာ ရင်သပ်ရှုမော ဖွယ်ကောင်းတဲ့ ရှုခင်း၊ မြင်ကွင်းအလှကြောင့် နာမည်ကြီးပါတယ်။

မျက်စိတစ်ဆုံး ကျယ်ပြောတဲ့ လက်ဖက်စိုက်ခင်းတွေ၊ စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေဝန်းရံထားတဲ့ ရေကန်ကျယ်ထဲ တရုတ် ရိုးရာ လှေလေးစီးပြီး ပတ်ဝန်းကျင် အလှရှုခင်းကို ခံစားနိုင်တယ်။

တောင်စောင်းတစ်ထစ်ချင်းစီမှာ ဆောက်ထားတဲ့ တရုတ်ရိုးရာ လူနေအိမ်တဲ လေးတွေကလည်း ရွာရဲ့ အလှကိုပံ့ပိုးထားပြီး ခရီးသွားတွေကို စွဲဆောင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ မြို့ပြရဲ့ မွန်းကြပ်မှုတွေကနေ လွတ်မြောက်ချင်ရင် သာယာလှပတဲ့ ရွာလေး Ban Rak Thai Village ကို အလည်သွားပြီး လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ လှပတဲ့သဘာဝရှုခင်းပတ်ဝန်းကျင်ကြီး ရှုစားပြီး စိတ်လက် အပန်းဖြေဖို့ အကြံပြုပါတယ်။

ထိုင်း- တရုတ် ရိုးရာရွာလေးကို သွားလည်ဖို့ အကောင်းဆုံး အချိန်ကတော့ နိုဝင်ဘာကနေ ဖေဖော်ဝါရီလတွေမှာပါ။

အလွယ်ကူဆုံး အလည်သွားမယ့် အစီအစဉ်ဆိုရင် မဲ့ဟောင်စွန်ကနေဖြစ်ဖြစ်၊ ချင်းမိုင်ကနေဖြစ်ဖြစ် ခရီးသွားတွေရှိပါတယ်။ Yellow-pick up ထရပ်ကားတွေနဲ့ တစ်ယောက် ဘတ် ၁၃၀ ဆိုပြီး နေ့စဉ် မနက် ၈ နာရီကနေ ၁၁ နာရီအထိ နှစ်ခါ ပြေးဆွဲပေးပါတယ်။

 

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref: tourism thailand

Credit: ဘန်ကောက်လမ်းညွန်ကိုစိုင်း

 

 

[Zawgyi]

ထိုင္းႏိုင္ငံမဲေဟာင္ေဆာ္က အလွဆုံးလို႔ နာမည္ႀကီးတဲ့ ထိုင္း- တ႐ုတ္႐ြာေလး

 

Ban Rak Thai Village ႐ြာေလးက ထိုင္းႏိုင္ငံက အလွဆုံး႐ြာေလး အျဖစ္တင္စားျခင္းခံရေလာက္တဲ့ အထိကို အရမ္းကိုလွပတာပါ။

ထိုင္း- တ႐ုတ္ စတိုလ္ ႐ြာေလးက ခ်င္းမိုင္ကေန ကီလိုမီတာ ၂၅၀၊ မဲ့ေဟာင္ေဆာ္ ကေန ကီလိုမီတာ ၄၀ မွာ ႐ွိတယ္။ ႐ြာေလးကို Mae-Aw လို႔လည္း ေခၚၾကတယ္။

တ႐ုတ္႐ိုးရာ၊ တည္ေဆာက္မႈပုံစံ တစ္စိတ္တစ္ပိုင္းဆင္တူျဖစ္တာကို ေတြ႕ရၿပီး ယူနန္ျပည္နယ္က ေ႐ႊ႕ ေျပာင္းလာတဲ့ စစ္သားေဟာင္း ကယူ မင္ တန္က ႐ြာေလးကို စတည္ခဲ့လို႔ တ႐ုတ္အေငြ႕အသက္ေတြ လႊမ္းမိုးေနဆဲ ျဖစ္ပါတယ္။

ပင္လယ္ေရ မ်က္ႏွာျပင္အထက္ မီတာ ၁၈၀၀ ႐ွိၿပီး ေတာင္ေတြ ပတ္ခ်ာလည္ဝန္းရံေနကာ ရင္သပ္႐ႈေမာ ဖြယ္ေကာင္းတဲ့ ႐ႈခင္း၊ ျမင္ကြင္းအလွေၾကာင့္ နာမည္ႀကီးပါတယ္။

မ်က္စိတစ္ဆုံး က်ယ္ေျပာတဲ့ လက္ဖက္စိုက္ခင္းေတြ၊ စိမ္းလန္းစိုေျပတဲ့ သစ္ပင္ေတြဝန္းရံထားတဲ့ ေရကန္က်ယ္ထဲ တ႐ုတ္ ႐ိုးရာ ေလွေလးစီးၿပီး ပတ္ဝန္းက်င္ အလွ႐ႈခင္းကို ခံစားႏိုင္တယ္။

ေတာင္ေစာင္းတစ္ထစ္ခ်င္းစီမွာ ေဆာက္ထားတဲ့ တ႐ုတ္႐ိုးရာ လူေနအိမ္တဲ ေလးေတြကလည္း ႐ြာရဲ႕ အလွကိုပံ့ပိုးထားၿပီး ခရီးသြားေတြကို စြဲေဆာင္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ ၿမိဳ႕ျပရဲ႕ မြန္းၾကပ္မႈေတြကေန လြတ္ေျမာက္ခ်င္ရင္ သာယာလွပတဲ့ ႐ြာေလး Ban Rak Thai Village ကို အလည္သြားၿပီး လြတ္လပ္ျခင္း၊ ၿငိမ္းခ်မ္းျခင္းနဲ႔ လွပတဲ့သဘာဝ႐ႈခင္းပတ္ဝန္းက်င္ႀကီး ႐ႈစားၿပီး စိတ္လက္ အပန္းေျဖဖို႔ အၾကံျပဳပါတယ္။

ထိုင္း- တ႐ုတ္ ႐ိုးရာ႐ြာေလးကို သြားလည္ဖို႔ အေကာင္းဆုံး အခ်ိန္ကေတာ့ ႏိုဝင္ဘာကေန ေဖေဖာ္ဝါရီလေတြမွာပါ။

အလြယ္ကူဆုံး အလည္သြားမယ့္ အစီအစဥ္ဆိုရင္ မဲ့ေဟာင္စြန္ကေနျဖစ္ျဖစ္၊ ခ်င္းမိုင္ကေနျဖစ္ျဖစ္ ခရီးသြားေတြ႐ွိပါတယ္။ Yellow-pick up ထရပ္ကားေတြနဲ႔ တစ္ေယာက္ ဘတ္ ၁၃၀ ဆိုၿပီး ေန႔စဥ္ မနက္ ၈ နာရီကေန ၁၁ နာရီအထိ ႏွစ္ခါ ေျပးဆြဲေပးပါတယ္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Ref: tourism thailand

Credit: ဘန္ေကာက္လမ္းၫြန္ကိုစိုင္း

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ

Upcoming Property Events

Central Shop House
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service