အမျိုးသမီးတွေအတွက် မိုးတွင်းမှာ လွယ်ကူ အဆင်ပြေစွာလှပနိုင်မည့် ဖက်ရှင်နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
649 Views

အမျိုးသမီးတွေအတွက် မိုးတွင်းမှာ လွယ်ကူ အဆင်ပြေစွာလှပနိုင်မည့် ဖက်ရှင်နည်းလမ်းများ

Knowledge | Posted by Shwe Zin Win

[Unicode]

အခုလို မိုးရာသီ အချိန်အခါမျိုးမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေအတွက် လွယ်ကူ အဆင်ပြေစေမယ့် ဖက်ရှင် နည်းလမ်းတွေ ဝေမျှပေးလိုက်ပါတယ်။ အလုပ်တွေရှုပ်၊ မိုးက ရွာနဲ့ အဝတ်အစားကို ဂရုမစိုက်နိုင်ဘူး ဖြစ်နေရင်တောင် ရိုးရှင်းပေါ့ပါးပြီး စမတ်ကျစေမယ့် နည်းလမ်းလေးတွေမို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) အရောင်

အခုလို အုံ့ဆိုင်း ထိုင်းမှိုင်းနေတဲ့ ရာသီဥတုမျိုးမှာ မီးခိုးရောင်၊ အဖြူရောင်တွေ ဝတ်ဆင်မယ့်အစား အရောင်လွင်လွင်နဲ့ တောက်ပတာမျိုးကို ဝတ်ဆင်သင့်ပါတယ်။ အဖြူကတော့ ဒီလိုရာသီဥတုမျိုးမှာ ရှောင်တာက အကောင်းဆုံးဖြစ်ပြီး အနီ၊ အပြာ၊ ပန်းရောင် စတဲ့အရောင်လေးတွေ ဝတ်ဆင်ခြင်းအားဖြင့် သင်ကိုယ်တိုင် စိတ်ဓာတ် တက်ကြွနေပြီး မိုးရာသီမှာ ပေါ့ပါးသွက်လက်နေမှာ ဖြစ်ပါတယ်။

(၂) ဘောင်းဘီနဲ့ စကပ်

မိုးတွင်းမှာ ဘောင်းဘီရှည် ဝတ်တာက မိုးရေစိုစွတ်တဲ့အခါ သင့်ကို နာမကျန်းဖြစ်စေနိုင်တဲ့အတွက် ဘောင်းဘီရှည်ကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် ဂျင်းဘောင်းဘီတွေက အခြောက် မမြန်တဲ့အတွက် ရှောင်သင့်ပါတယ်။ မီနီစကပ်မျိုး၊ ရုံးဝတ်စကပ်မျိုး ဝတ်ဆင်ခြင်းက ပိုစမတ်ကျပြီး ပေါ့ပါးနေစေမှာပါ။

(၃) အနွေးထည်

ကုတ်အင်္ကျီ (သို့) အနွေးထည် အပါးလေးတထည်ကိုတော့ ဆောင်ထားသင့်ပါတယ်။ ညနေဘက် အပြင်သွားတဲ့အခါ ပုံစံပြောင်းလို့ ရသလို အေးလာတဲ့အခါ အနွေးဓာတ် ရစေဖို့ အမြန်ဆုံး နည်းလမ်းပါ။

(၄) ဖိနပ်

သားရေရှူးနဲ့ ကြိုးသိုင်းဖိနပ်အစား ဂျယ်လီရှူး၊ မိုးတွင်းစီး ပေါ့ပါးပြီး အခြောက်မြန်တဲ့ ဖိနပ်မျိုးကို ရွေးချယ်ပါ။ ဒါ့အပြင် ခြေနံ့ ထွက်နိုင်တဲ့ ဖိနပ်မျိုးကို ရှောင်ရှားသင့်သလို ဖိနပ်ရေ မစင်စေနိုင်တာမျိုးကို ဝတ်ဆင်ပါ။

(၅) ဆံပင်

မိုးတွင်းမှာ ဆံပင်ဖားလျားချတာက ပုံပျက်စေပြီး သင့်မျက်နှာမှာ အခန့်မသင့်ရင် ဝက်ခြံတွေ ပေါက်စေပါတယ်။ ဒါကြောင့် အလုပ်နဲ့လည်း ကိုက်ညီအောင် ဆံထုံးထုံးတာမျိုး၊ ပိုနီတေးလ်နဲ့ ကျစ်ဆံမြီး ကျစ်တာက သင့်ကို ပိုသပ်သပ်ရပ်ရပ် ရှိစေမှာပါ။

(၆) မိတ်ကပ်

မိုးရာသီမှာ အထူးဂရုစိုက်ရမှာ မိတ်ကပ်လည်း ပါဝင်ပါတယ်။ ရေစိုခံ Eye Liner နဲ့ Foundation ကို ရွေးချယ် လိမ်းသင့် ပါတယ်။ ဒါမှ အချိန်တိုင်း ပြင်နေစရာ မလိုတဲ့ မျက်နှာအလှကို ရမှာ ဖြစ်ပါတယ်။

(၇) ထီး

 

နောက်ဆုံး စမတ်ကျကျနဲ့ လှနေစေဖို့ကတော့ သင်နဲ့ လိုက်ဖက်တဲ့ ထီးလေးတချောင်းပါပဲ။ ကိုရီးယားကားထဲကလို ထီးဝါဝါလေး တချောင်းလား၊ အကြည်ရောင် ထီးလေး တချောင်းလား ဆိုတာကတော့ သင့်အကြိုက်နဲ့ ဆန်းစစ်ပြီး ဆောင်ထားဖို့ လိုပါတယ်နော်။

ကဲ ဒီလိုမျိုးသာဆိုရင် မိုးတွင်းမှာလည်း အလုပ်မရှုပ်ဘဲ ပေါ့ပါ့ပါးပါးနဲ့ လှပနေနိုင်မှာ အမှန်ပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: irrawaddy

 

[Zawgyi]

အမ်ိဳးသမီးေတြအတြက္ မိုးတြင္းမွာ လြယ္ကူ အဆင္ေျပစြာလွပႏိုင္မည့္ ဖက္ရွင္နည္းလမ္းမ်ား

 

အခုလို မိုးရာသီ အခ်ိန္အခါမ်ိဳးမွာ အလုပ္လုပ္ေနတဲ့ အမ်ိဳးသမီးေတြအတြက္ လြယ္ကူ အဆင္ေျပေစမယ့္ ဖက္႐ွင္ နည္းလမ္းေတြ ေဝမွ်ေပးလိုက္ပါတယ္။ အလုပ္ေတြ႐ႈပ္၊ မိုးက ႐ြာနဲ႔ အဝတ္အစားကို ဂ႐ုမစိုက္ႏိုင္ဘူး ျဖစ္ေနရင္ေတာင္ ႐ိုး႐ွင္းေပါ့ပါးၿပီး စမတ္က်ေစမယ့္ နည္းလမ္းေလးေတြမို႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အေရာင္

အခုလို အုံ႔ဆိုင္း ထိုင္းမိႈင္းေနတဲ့ ရာသီဥတုမ်ိဳးမွာ မီးခိုးေရာင္၊ အျဖဴေရာင္ေတြ ဝတ္ဆင္မယ့္အစား အေရာင္လြင္လြင္နဲ႔ ေတာက္ပတာမ်ိဳးကို ဝတ္ဆင္သင့္ပါတယ္။ အျဖဴကေတာ့ ဒီလိုရာသီဥတုမ်ိဳးမွာ ေ႐ွာင္တာက အေကာင္းဆုံးျဖစ္ၿပီး အနီ၊ အျပာ၊ ပန္းေရာင္ စတဲ့အေရာင္ေလးေတြ ဝတ္ဆင္ျခင္းအားျဖင့္ သင္ကိုယ္တိုင္ စိတ္ဓာတ္ တက္ႂကြေနၿပီး မိုးရာသီမွာ ေပ့ါပါးသြက္လက္ေနမွာ ျဖစ္ပါတယ္။

(၂) ေဘာင္းဘီနဲ႔ စကပ္

မိုးတြင္းမွာ ေဘာင္းဘီ႐ွည္ ဝတ္တာက မိုးေရစိုစြတ္တဲ့အခါ သင့္ကို နာမက်န္းျဖစ္ေစႏိုင္တဲ့အတြက္ ေဘာင္းဘီ႐ွည္ကို ေ႐ွာင္ၾကဥ္ပါ။ အထူးသျဖင့္ ဂ်င္းေဘာင္းဘီေတြက အေျခာက္ မျမန္တဲ့အတြက္ ေ႐ွာင္သင့္ပါတယ္။ မီနီစကပ္မ်ိဳး၊ ႐ုံးဝတ္စကပ္မ်ိဳး ဝတ္ဆင္ျခင္းက ပိုစမတ္က်ၿပီး ေပါ့ပါးေနေစမွာပါ။

(၃) အေႏြးထည္

ကုတ္အက်ီၤ (သို႔) အေႏြးထည္ အပါးေလးတထည္ကိုေတာ့ ေဆာင္ထားသင့္ပါတယ္။ ညေနဘက္ အျပင္သြားတဲ့အခါ ပုံစံေျပာင္းလို႔ ရသလို ေအးလာတဲ့အခါ အေႏြးဓာတ္ ရေစဖို႔ အျမန္ဆုံး နည္းလမ္းပါ။

(၄) ဖိနပ္

သားေရ႐ွဴးနဲ႔ ႀကိဳးသိုင္းဖိနပ္အစား ဂ်ယ္လီ႐ွဴး၊ မိုးတြင္းစီး ေပါ့ပါးၿပီး အေျခာက္ျမန္တဲ့ ဖိနပ္မ်ိဳးကို ေ႐ြးခ်ယ္ပါ။ ဒါ့အျပင္ ေျခနံ႔ ထြက္ႏိုင္တဲ့ ဖိနပ္မ်ိဳးကို ေ႐ွာင္႐ွားသင့္သလို ဖိနပ္ေရ မစင္ေစႏိုင္တာမ်ိဳးကို ဝတ္ဆင္ပါ။

(၅) ဆံပင္

မိုးတြင္းမွာ ဆံပင္ဖားလ်ားခ်တာက ပုံပ်က္ေစၿပီး သင့္မ်က္ႏွာမွာ အခန္႔မသင့္ရင္ ဝက္ျခံေတြ ေပါက္ေစပါတယ္။ ဒါေၾကာင့္ အလုပ္နဲ႔လည္း ကိုက္ညီေအာင္ ဆံထုံးထုံးတာမ်ိဳး၊ ပိုနီေတးလ္နဲ႔ က်စ္ဆံၿမီး က်စ္တာက သင့္ကို ပိုသပ္သပ္ရပ္ရပ္ ႐ွိေစမွာပါ။

(၆) မိတ္ကပ္

မိုးရာသီမွာ အထူးဂ႐ုစိုက္ရမွာ မိတ္ကပ္လည္း ပါဝင္ပါတယ္။ ေရစိုခံ Eye Liner နဲ႔ Foundation ကို ေ႐ြးခ်ယ္ လိမ္းသင့္ ပါတယ္။ ဒါမွ အခ်ိန္တိုင္း ျပင္ေနစရာ မလိုတဲ့ မ်က္ႏွာအလွကို ရမွာ ျဖစ္ပါတယ္။

(၇) ထီး

ေနာက္ဆုံး စမတ္က်က်နဲ႔ လွေနေစဖို႔ကေတာ့ သင္နဲ႔ လိုက္ဖက္တဲ့ ထီးေလးတေခ်ာင္းပါပဲ။ ကိုရီးယားကားထဲကလို ထီးဝါဝါေလး တေခ်ာင္းလား၊ အၾကည္ေရာင္ ထီးေလး တေခ်ာင္းလား ဆိုတာကေတာ့ သင့္အႀကိဳက္နဲ႔ ဆန္းစစ္ၿပီး ေဆာင္ထားဖို႔ လိုပါတယ္ေနာ္။

ကဲ ဒီလိုမ်ိဳးသာဆိုရင္ မိုးတြင္းမွာလည္း အလုပ္မ႐ႈပ္ဘဲ ေပ့ါပါ့ပါးပါးနဲ႔ လွပေနႏိုင္မွာ အမွန္ပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
kt
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service