“ကြယ်မြင်လမြင်” - Property Knowledge in Myanmar from iMyanmarHouse.com
563 Views

“ကြယ်မြင်လမြင်”

Knowledge | Posted by Shwe Zin Win

[Unicode]

ထမင်းရည်ပူ အတူတူလျက်နိုင်တယ်တို့ ဘာတို့ပေါ့ဗျာ။ချစ်စခန်းတွေ စဖွင့်တုန်းကပေါ့။ကြယ်မြင်လမြင် နှစ်ယောက်တည်းတိုင်းပြည်တို့ဆိုပြီး အချစ်ခရီးလမ်းအစက ပြောခဲ့တဲ့စကားတွေ။ဒီစကားတွေက တကယ်တော့ ကချော်ကချွတ်နဲ့ တော်တော်ပေါတောတောနိုင်ခဲ့တာပဲဗျ။ဟုတ်ဟုတ် မဟုတ်ဟုတ် ချစ်တုန်းကတော့ ပလီပလာ တွေပြော ယုံတော့လည်း ပစ်ပြီး ယုံလိုက်ကြတာပါပဲ။

နောက်တော့ တူနှစ်ကိုယ်တိုင်းပြည်ကနေ တူနှစ်ကိုယ်မကတော့ဘဲ များလာတဲ့မိသားစုဝင်တွေနဲ့ တဲအိုပျက်မှာနေရနေရ၊ကြယ်မြင်လမြင် နေရနေရ ဆိုတာတွေက တကယ်တော့ သီချင်းထဲမှာသာ ဖီလင်ရှိတာ လက်တွေ့ ဘဝမှာ တိုက်ခန်းငှားနေရတာတောင် ခင်ပျိုမဒီက အရင်လိုမကြည် ငြိုငြင်ပြီးရင်း ငြိုငြင်လာပါ ရောလား။

လခစားဝန်ထမ်းရဲ့ ဝင်ငွေလေးတစ်ခုတည်းနဲ့ရပ်တည်ရတာ မလောက်ငတော့ မိုးလင်းရင် ဗျစ်တောက် ဗျစ်တောက်နဲ့ လုပ်ပါရောလား။စိတ်ကြည်နေတဲ့အချိန်ကနဲနဲ။ နားကို ဟိုဟာလုပ်တာက များများဖြစ်လာတယ်။

အထပ်မြင့်တွေငှားနေရတာ ဘာမှလုပ်ကိုင်စားလို့မရဘူး။မြေညီထပ်ရှာခိုင်းတယ်။မြေညီထပ်ရရင် ဈေးဆိုင်လေး ဘာလေးဖွင့်ရင်း တစ်ဖက်က ဝင်ငွေရလမ်းလေး ဖန်တီးမယ်ဆိုတဲ့ သူ့အပြော။

ကိုယ်က အင်းမလှုပ်အဲမလှုပ် လုပ်နေတော့ သူ့ဟာသူ လိုက်ရှာပြီး ဖုန်းနံပါတ်တွေမှတ်ကာ ဆက်ကြည့်သည်။ ဟင်း..ဟင်း …ရန်ကုန်မြို့လည် မြေညီထပ်ဈေး ဘယ်သေးလို့လည်းဆိုတာ သူသိသွားတယ်။

မြို့လည်မရတော့လည်း နီးစပ်ရာမြို့နယ်တွေကို စုံစမ်းခိုင်းပြန်သည်။တစ်သိန်းခွဲဝန်းကျင်လောက်နဲ့ရတဲ့ နေရာတွေရှိပါတယ်။ ဒါပေမဲ့ အနံကျဉ်း၊အလျားတိုတော့ လူလည်းနေ ဆိုင်ခန်းလည်းဖွင့်ဖို့ကတော့ မလွယ်။လူနေဖို့တောင် ကိုယ့်အသုံးအဆောင် ပစ္စည်းနဲ့တင်ကို ဖင်မလှည့်သာ ခေါင်းမလှည့်သာ။

နေစရာပေါသလောက် အနေခက်သည်က ရန်ကုန်မြို့တော်ကြီးပါပဲ။ဝင်ငွေနဲ့ချင့်ချိန်ပြီး စားဝတ်နေရေးကို ဖန်တီးရသည်။တချို့နေရာတွေကတော့ဈေးသက်သာသည်။ကျူထရံကာသွပ်မိုး ခြံစည်းရိုးက ကျိုးတိုးကျဲတဲနဲ့ လုံးချင်းအိမ်၊လုံခြုံမှုကတော့ အာမမခံ။ဒါမျိုးလေးတွေလည်းရှိတာပေါ့။ကိုယ်ကတာ ရွေးနေတာ။ ရွေးချယ်ခွင့်မရှိတဲ့ ဘဝတွေနဲ့နှိုင်းရင် ကိုယ့်ဘဝက အများကြီးကောင်းသေးသည်။ကိုယ်တွေမိသားစုက ကြယ်မြင်လမြင်လည်းမဟုတ်သေးဘူး။အပူအအေးလည်း ရွေးနိုင်သေးသည်။

အပူအအေး မရွေးနိုင်ကြတဲ့ ဘဝတွေ၊ထမင်းရေပူ အတူတူ မလျက်နိုင်ကြတဲ့ ဘဝတွေပိုများလာပြီ။ ဆန်ရှိမှ ထမင်းချက်လို့ရမှာ၊ထမင်းချက်မှ ထမင်းရည်ပူ လျက်ကောင်း လျက်နိုင်ဖို့ အခွင့်အရေးရှိမှာပေါ့။ ချက်စရာ ဆန်မှမရှိကြတော့တဲ့ဘဝတွေမှာ ဘယ်ထမင်းရေပူကို လျက်နိုင်ကြမှာလဲ။

နေစရာပျောက်၊စားစရာပျောက်၊အနာဂတ်ပျောက်၊အို…သံဃာစင်ပါမှောက်လို့ ကြယ်မြင်လမြင်တဲ့ဘဝတွေ ရှိနေကြပါတယ်။ ရွေးလို့မရတဲ့ ဘဝတွေနဲ့နှိုင်းယှဉ်ပြီး ကိုယ်နဲ့သင်တင့်လျှောက်ပတ်တဲ့ နေရာလေးကိုတော့ ဟော့ဒီ ရန်ကုန်မြို့ကြီးမှာ ထပ်မံရွေးချယ်လို့ ရှာကြည့်ရဦးမှာပါ။

ကြယ်မမြင် လေမတိုး မိုးမပက်ပါစေနဲ့ ချမ်းရင်အေးလို၊ပူရင်နွေးလို အမိုးအကာလုံလို့ ဆန္ဒနှင့်ကိုယ် ထပ်တူဖြစ်ကြဖို့သာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“ၾကယ္ျမင္လျမင္”

ထမင္းရည္ပူ အတူတူလ်က္ႏိုင္တယ္တို႔ ဘာတို႔ေပါ့ဗ်ာ။ခ်စ္စခန္းေတြ စဖြင့္တုန္းကေပါ့။ၾကယ္ျမင္လျမင္ ႏွစ္ေယာက္တည္းတိုင္းျပည္တို႔ဆိုၿပီး အခ်စ္ခရီးလမ္းအစက ေျပာခဲ့တဲ့စကားေတြ။ဒီစကားေတြက တကယ္ေတာ့ ကေခ်ာ္ကခၽြတ္နဲ႔ ေတာ္ေတာ္ေပါေတာေတာႏုိင္ခဲ့တာပဲဗ်။ဟုတ္ဟုတ္ မဟုတ္ဟုတ္ ခ်စ္တုန္းကေတာ့ ပလီပလာ ေတြေျပာ ယုံေတာ့လည္း ပစ္ၿပီး ယုံလိုက္ၾကတာပါပဲ။

ေနာက္ေတာ့ တူႏွစ္ကိုယ္တိုင္းျပည္ကေန တူႏွစ္ကိုယ္မကေတာ့ဘဲ မ်ားလာတဲ့မိသားစုဝင္ေတြနဲ႔ တဲအိုပ်က္မွာေနရေနရ၊ၾကယ္ျမင္လျမင္ ေနရေနရ ဆိုတာေတြက တကယ္ေတာ့ သီခ်င္းထဲမွာသာ ဖီလင္ရွိတာ လက္ေတြ႔ ဘဝမွာ တိုက္ခန္းငွားေနရတာေတာင္ ခင္ပ်ိဳမဒီက အရင္လိုမၾကည္ ျငိဳျငင္ၿပီးရင္း ၿငိဳျငင္လာပါ ေရာလား။

လခစားဝန္ထမ္းရဲ႕ ဝင္ေငြေလးတစ္ခုတည္းနဲ႔ရပ္တည္ရတာ မေလာက္ငေတာ့ မိုးလင္းရင္ ဗ်စ္ေတာက္ ဗ်စ္ေတာက္နဲ႔ လုပ္ပါေရာလား။စိတ္ၾကည္ေနတဲ့အခ်ိန္ကနဲနဲ။ နားကို ဟိုဟာလုပ္တာက မ်ားမ်ားျဖစ္လာတယ္။

အထပ္ျမင့္ေတြငွားေနရတာ ဘာမွလုပ္ကိုင္စားလို႔မရဘူး။ေျမညီထပ္ရွာခိုင္းတယ္။ေျမညီထပ္ရရင္ ေဈးဆိုင္ေလး ဘာေလးဖြင့္ရင္း တစ္ဖက္က ဝင္ေငြရလမ္းေလး ဖန္တီးမယ္ဆိုတဲ့ သူ႔အေျပာ။

ကိုယ္က အင္းမလႈပ္အဲမလႈပ္ လုပ္ေနေတာ့ သူ႔ဟာသူ လိုက္ရွာၿပီး ဖုန္းနံပါတ္ေတြမွတ္ကာ ဆက္ၾကည့္သည္။ ဟင္း..ဟင္း …ရန္ကုန္ၿမိဳ႕လည္ ေျမညီထပ္ေဈး ဘယ္ေသးလို႔လည္းဆိုတာ သူသိသြားတယ္။

ၿမိဳ႕လည္မရေတာ့လည္း နီးစပ္ရာၿမိဳ႕နယ္ေတြကို စုံစမ္းခိုင္းျပန္သည္။တစ္သိန္းခြဲဝန္းက်င္ေလာက္နဲ႔ရတဲ့ ေနရာေတြရွိပါတယ္။ ဒါေပမဲ့ အနံက်ဥ္း၊အလ်ားတိုေတာ့ လူလည္းေန ဆိုင္ခန္းလည္းဖြင့္ဖို႔ကေတာ့ မလြယ္။လူေနဖို႔ေတာင္ ကိုယ့္အသုံးအေဆာင္ ပစၥည္းနဲ႔တင္ကို ဖင္မလွည့္သာ ေခါင္းမလွည့္သာ။

ေနစရာေပါသေလာက္ အေနခက္သည္က ရန္ကုန္ၿမိဳ႕ေတာ္ႀကီးပါပဲ။ဝင္ေငြနဲ႔ခ်င့္ခ်ိန္ၿပီး စားဝတ္ေနေရးကို ဖန္တီးရသည္။တခ်ိဳ႕ေနရာေတြကေတာ့ေဈးသက္သာသည္။က်ဴထရံကာသြပ္မိုး ျခံစည္းရိုးက က်ိဳးတိုးက်ဲတဲနဲ႔ လုံးခ်င္းအိမ္၊လုံျခဳံမႈကေတာ့ အာမမခံ။ဒါမ်ိဳးေလးေတြလည္းရွိတာေပါ့။ကိုယ္ကတာ ေရြးေနတာ။ ေရြးခ်ယ္ခြင့္မရွိတဲ့ ဘဝေတြနဲ႔ႏႈိင္းရင္ ကိုယ့္ဘဝက အမ်ားႀကီးေကာင္းေသးသည္။ကိုယ္ေတြမိသားစုက ၾကယ္ျမင္လျမင္လည္းမဟုတ္ေသးဘူး။အပူအေအးလည္း ေရြးႏိုင္ေသးသည္။

အပူအေအး မေရြးႏိုင္ၾကတဲ့ ဘဝေတြ၊ထမင္းေရပူ အတူတူ မလ်က္ႏိုင္ၾကတဲ့ ဘဝေတြပိုမ်ားလာၿပီ။ ဆန္ရွိမွ ထမင္းခ်က္လို႔ရမွာ၊ထမင္းခ်က္မွ ထမင္းရည္ပူ လ်က္ေကာင္း လ်က္ႏိုင္ဖို႔ အခြင့္အေရးရွိမွာေပါ့။ ခ်က္စရာ ဆန္မွမရွိၾကေတာ့တဲ့ဘဝေတြမွာ ဘယ္ထမင္းေရပူကို လ်က္ႏိုင္ၾကမွာလဲ။

ေနစရာေပ်ာက္၊စားစရာေပ်ာက္၊အနာဂတ္ေပ်ာက္၊အို…သံဃာစင္ပါေမွာက္လို႔ ၾကယ္ျမင္လျမင္တဲ့ဘဝေတြ ရွိေနၾကပါတယ္။ ေရြးလို႔မရတဲ့ ဘဝေတြနဲ႔ႏႈိင္းယွဥ္ၿပီး ကိုယ္နဲ႔သင္တင့္ေလွ်ာက္ပတ္တဲ့ ေနရာေလးကိုေတာ့ ေဟာ့ဒီ ရန္ကုန္ၿမိဳ႕ႀကီးမွာ ထပ္မံေရြးခ်ယ္လို႔ ရွာၾကည့္ရဦးမွာပါ။

ၾကယ္မျမင္ ေလမတိုး မိုးမပက္ပါေစနဲ႔ ခ်မ္းရင္ေအးလို၊ပူရင္ေႏြးလို အမိုးအကာလုံလို႔ ဆႏၵႏွင့္ကိုယ္ ထပ္တူျဖစ္ၾကဖို႔သာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service