"ကျူး" - Property Knowledge in Myanmar from iMyanmarHouse.com
1014 Views

"ကျူး"

Knowledge | Posted by Hnin Ei Khin

[Unicode]

နေရေးအတွက် လူတို့အခက်ပွေနေကြရသည်။အခက်ပွေလို့ပဲ နေခွင့်မပြု၊ မနေသင့်သော နေရာတွေမှာ နေနေကြရသည်။

ဘယ်သူကရော အဲဒီလိုနေရာတွေမှာနေချင်ကြပါ့မလဲ။ဒုက္ခသုက္ခ ရောက်လွန်းမကရောက်နေကြသူတွေကို ဘယ်သူကကူညီနိုင်မလဲ။ဒါကပြောရခက်သည်။

အဲတော့ လာကူတာကိုမစောင့်နိုင်သူအတွက် မြေလွတ်နေရာလေးတွေက သူတို့အတွက် နားခိုစရာ လေးတွေပေါ့။ဘယ်သူဘာပြောချင်လည်း မကြောက်နိုင်ကြတော့။နောက်ကိစ္စ နောက်ရောက်ရာပဲလို့ သဘောထားပြီး လမ်းဘေးမြေလွတ်နှင့် ရေမြောင်းပေါ်ခွပြီး တဲထိုးနေလိုက်သည်။

အပူမီးတွေနဲ့နောက်တစ်ဦးကလည်း ကိုယ်နဲ့မနီးမဝေးတွင် တဲတစ်လုံးထိုးပြန်သည်။ဒီလိုနဲ့ဒုက္ခ သုက္ခတွေ ရောက်လာသူချင်း စုရပ်လေးတစ်ခုပမာဖြစ်သွားသည်။

ကွမ်းယာခုံလေးထောင်နိုင်သူကထောင်၊ရေသန့်ဘူးခွံနှင့် ပလပ်စတစ်ကောက်သည့် မိသားစုကကောက်။ ထီးဖိနပ်ချုပ်တတ်သူကချုပ်။အလုပ်လုပ်မှ ပါးစပ်လှုပ်ရမှာမို့ နိုင်တာလေးတွေနဲ့လုပ်နေရသည်။

ဒီလောက်ခက်ခဲတဲ့ဘဝကို ရုန်းကန်နေရင်းနဲ့တောင်မှ ဆန္ဒရမက်တွေက လူ့သဘာဝအရတောင့်တမိသည်။ ချိပ်ဟာ မီးနဲ့ဝေးကွာနေတုန်းတော့ မာနေသည်။ဒီလိုပါပဲ ဆန္ဒရမက်တွေလည်း အောင်မြင်ပြည့်မြောက်စရာ အဆင်းအသံအနံ့အရသာတွေနဲ့ မထိမတွေ့သေးခင်၊မမြင်ရသေးခင်တော့ မီးဝေးချိပ်လိုပါပဲ။

ဒါပေမယ့် ကိုယ့်ကျူးတဲဘေးနေရာလွတ်မှာ လာပြီး တဲထိုးနေတဲ့မိသားစုတစ်ခုရောက်လာတော့ ချိပ်ဟာမီးနဲ့တွေ့ပြီး အရည်ပျော်သလို ကိုယ့်ရဲ့ ဆန္ဒရမက်တွေဟာ သားကောင်ကိုရှာတွေ့သွားပြီး အရည်ပျော်သွားသည်။

အဲဒီလင်မယားမှာ ယောက်ျားက အသက်ကအတော်ကြီးသည်။မိန်းမဖြစ်သူက ငယ်ပြီး အရွယ်လေး ကောင်းသေးသည်။ ချောသည်လှသည်တော့မဟုတ်။ဒီလိုကျူးကျော်နေရာမှာတော့ မျက်စိကစားချင်စရာ ကောင်းသည့် အနေအထားတော့ရှိသည်။

ယောက်ျားဖြစ်သူက ပျံကျလုပ်သည်။ဒီတော့ မိန်းမကို အိမ်မှာထားခဲ့ပြီး မိုးလင်းကတည်းက အလုပ်ထွက်ရှာသည်။

ကျူးအိမ်တွေဆိုတာက ဘယ်မှာလုံခြုံမှုရှိလို့လဲ။ဒီလိုလုံခြုံမှုမရှိတာကိုက ကိုယ့်အတွက်အခွင့်ကောင်း ဖြစ်ခဲ့သည်။ပေါ်တင်တစ်မျိုး၊ခိုးကြောင်ခိုးဝှက်တစ်မျိုး သူ့မယားကို ပိုးသည်။

သူကလည်းသိပုံရသည်။သိမှာပေါ့ သူ့မျက်လုံးတွေက ကိုယ်ဘက်ကိုမျက်စိကစားတာ တွေ့ရသည်။ ကိုယ်ကသူ့ယောက်ျားထက် အများကြီး ငယ်ရွယ်နုပျိုသည်။မျက်လုံးချင်းဆုံအောင် အမြဲတမ်းကြိုးစားသည်။ ဒီလိုနဲ့ အခွင့်အလမ်းသာခဲ့သည်။

တစ်နေ့ သူ့ယောက်ျားကြီးက အလုပ်ဆိုက်မှာအရေးပေါ် အချိန်ပိုဆင်းရပုံရသည်။ပုံမှန်ပြန်ရောက်ချိန်တွင် ရောက်မလာ။မီးမရှိတဲ့ ကျူးအရပ်ဟာ နေဝင်ရင်မှောင်တာပါပဲ။ဒီအမှောင်ကပဲ သူများအိမ်ရာကို ထပ်မံကျူးမိခဲ့ပြန်သည်။

လက်ရှိ တရားဝင်နေထိုင်စရာမြေနေရာ မရှိလို့ အစိုးရပိုင်မြေနေရာကို ကျူးခဲ့မိတာတောင်အားမရသေးဘဲ သူ့အိမ်ရာကိုပါ ကျူးလွန်ခဲ့မိရာ သံသရာပါမဲ့ ကျူးကျော်မှုကြီးတစ်ခု ကျူးလွန်မိပါလားလို့ အဲဒီတုန်းက ဆန္ဒရမက်တွေအရ မတွေးမိဘဲ ပျော်ပျော်ကြီး အကြိမ်ကြိမ်ကျူးလွန်ခဲ့မိတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

"က်ဴး"

 

ေနေရးအတြက္ လူတို႔အခက္ေပြေနၾကရသည္။အခက္ေပြလို႔ပဲ ေနခြင့္မျပဳ၊ မေနသင့္ေသာ ေနရာေတြမွာ ေနေနၾကရသည္။

ဘယ္သူကေရာ အဲဒီလိုေနရာေတြမွာေနခ်င္ၾကပါ့မလဲ။ဒုကၡသုကၡ ေရာက္လြန္းမကေရာက္ေနၾကသူေတြကို ဘယ္သူကကူညီႏိုင္မလဲ။ဒါကေျပာရခက္သည္။

အဲေတာ့ လာကူတာကိုမေစာင့္ႏိုင္သူအတြက္ ေျမလြတ္ေနရာေလးေတြက သူတို႔အတြက္ နားခိုစရာ ေလးေတြေပါ့။ဘယ္သူဘာေျပာခ်င္လည္း မေၾကာက္ႏိုင္ၾကေတာ့။ေနာက္ကိစၥ ေနာက္ေရာက္ရာပဲလို႔ သေဘာထားၿပီး လမ္းေဘးေျမလြတ္ႏွင့္ ေရေျမာင္းေပၚခြၿပီး တဲထိုးေနလိုက္သည္။

အပူမီးေတြနဲ႔ေနာက္တစ္ဦးကလည္း ကိုယ္နဲ႔မနီးမေဝးတြင္ တဲတစ္လုံးထိုးျပန္သည္။ဒီလိုနဲ႔ဒုကၡ သုကၡေတြ ေရာက္လာသူခ်င္း စုရပ္ေလးတစ္ခုပမာျဖစ္သြားသည္။

ကြမ္းယာခံုေလးေထာင္ႏိုင္သူကေထာင္၊ေရသန္႔ဘူးခြံႏွင့္ ပလပ္စတစ္ေကာက္သည့္ မိသားစုကေကာက္။ ထီးဖိနပ္ခ်ဳပ္တတ္သူကခ်ဳပ္။အလုပ္လုပ္မွ ပါးစပ္လႈပ္ရမွာမို႔ ႏိုင္တာေလးေတြနဲ႔လုပ္ေနရသည္။

ဒီေလာက္ခက္ခဲတဲ့ဘဝကို ရုန္းကန္ေနရင္းနဲ႔ေတာင္မွ ဆႏၵရမက္ေတြက လူ႔သဘာဝအရေတာင့္တမိသည္။ ခ်ိပ္ဟာ မီးနဲ႔ေဝးကြာေနတုန္းေတာ့ မာေနသည္။ဒီလိုပါပဲ ဆႏၵရမက္ေတြလည္း ေအာင္ျမင္ျပည့္ေျမာက္စရာ အဆင္းအသံအနံ႔အရသာေတြနဲ႔ မထိမေတြ႔ေသးခင္၊မျမင္ရေသးခင္ေတာ့ မီးေဝးခ်ိပ္လိုပါပဲ။

ဒါေပမယ့္ ကိုယ့္က်ဴးတဲေဘးေနရာလြတ္မွာ လာၿပီး တဲထိုးေနတဲ့မိသားစုတစ္ခုေရာက္လာေတာ့ ခ်ိပ္ဟာမီးနဲ႔ေတြ႔ၿပီး အရည္ေပ်ာ္သလို ကိုယ့္ရဲ႕ ဆႏၵရမက္ေတြဟာ သားေကာင္ကိုရွာေတြ႔သြားၿပီး အရည္ေပ်ာ္သြားသည္။

အဲဒီလင္မယားမွာ ေယာက္်ားက အသက္ကအေတာ္ႀကီးသည္။မိန္းမျဖစ္သူက ငယ္ၿပီး အရြယ္ေလး ေကာင္းေသးသည္။ ေခ်ာသည္လွသည္ေတာ့မဟုတ္။ဒီလိုက်ဴးေက်ာ္ေနရာမွာေတာ့ မ်က္စိကစားခ်င္စရာ ေကာင္းသည့္ အေနအထားေတာ့ရွိသည္။

ေယာက္်ားျဖစ္သူက ပ်ံက်လုပ္သည္။ဒီေတာ့ မိန္းမကို အိမ္မွာထားခဲ့ၿပီး မိုးလင္းကတည္းက အလုပ္ထြက္ရွာသည္။

က်ဴးအိမ္ေတြဆိုတာက ဘယ္မွာလုံျခဳံမႈရွိလို႔လဲ။ဒီလိုလုံျခဳံမႈမရွိတာကိုက ကိုယ့္အတြက္အခြင့္ေကာင္း ျဖစ္ခဲ့သည္။ေပၚတင္တစ္မ်ိဳး၊ခိုးေၾကာင္ခိုးဝွက္တစ္မ်ိဳး သူ႔မယားကို ပိုးသည္။

သူကလည္းသိပုံရသည္။သိမွာေပါ့ သူ႔မ်က္လုံးေတြက ကိုယ္ဘက္ကိုမ်က္စိကစားတာ ေတြ႔ရသည္။ ကိုယ္ကသူ႔ေယာက္်ားထက္ အမ်ားႀကီး ငယ္ရြယ္ႏုပ်ိဳသည္။မ်က္လုံးခ်င္းဆုံေအာင္ အျမဲတမ္းႀကိဳးစားသည္။ ဒီလိုနဲ႔ အခြင့္အလမ္းသာခဲ့သည္။

တစ္ေန႔ သူ႔ေယာက်္ားႀကီးက အလုပ္ဆိုက္မွာအေရးေပၚ အခ်ိန္ပိုဆင္းရပုံရသည္။ပုံမွန္ျပန္ေရာက္ခ်ိန္တြင္ ေရာက္မလာ။မီးမရွိတဲ့ က်ဴးအရပ္ဟာ ေနဝင္ရင္ေမွာင္တာပါပဲ။ဒီအေမွာင္ကပဲ သူမ်ားအိမ္ရာကို ထပ္မံက်ဴးမိခဲ့ျပန္သည္။

လက္ရွိ တရားဝင္ေနထိုင္စရာေျမေနရာ မရွိလို႔ အစိုးရပိုင္ေျမေနရာကို က်ဴးခဲ့မိတာေတာင္အားမရေသးဘဲ သူ႔အိမ္ရာကိုပါ က်ဴးလြန္ခဲ့မိရာ သံသရာပါမဲ့ က်ဴးေက်ာ္မႈႀကီးတစ္ခု က်ဴးလြန္မိပါလားလို႔ အဲဒီတုန္းက ဆႏၵရမက္ေတြအရ မေတြးမိဘဲ ေပ်ာ္ေပ်ာ္ႀကီး အႀကိမ္ႀကိမ္က်ဴးလြန္ခဲ့မိေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service