မြေအမည်ပေါက်ကွယ်လွန်လျှင် ကိုယ်စားလှယ်ပါဝါ ပျက်ပြယ်ပြီ - Property Knowledge in Myanmar from iMyanmarHouse.com
1917 Views
မြေအမည်ပေါက်ကွယ်လွန်လျှင် ကိုယ်စားလှယ်ပါဝါ ပျက်ပြယ်ပြီ
Knowledge | Posted by Hnin Ei Khin
[Unicode]
မြေအမည်ပေါက်ဖြစ်သူထံမှ မြေကိုအဆင့်ဆင့်ဝယ်ယူထားခဲ့ကြပြီး မိမိတို့အမည်ပြောင်းခြင်းမပြုပဲ ကိုယ်စားလှယ်လွှဲစာပါဝါ (SP/GP) ယူထားပြီးနေခြင်းမှာ အမည်ပြောင်းလျှင် အခွန်ပေးဆောင်ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်လိုခြင်း မရှိသည့်အတွက် ပါဝါကိုင်၍ အခွန်ရှောင်နေကြခြင်းဖြစ်သည်။
မြေအမည်ပေါက် ကွယ်လွန်လျှင် ကိုယ်စားလှယ်ပါဝါ အလိုအလျောက်ပျက်ပြယ်ပါပြီ။ မြေအမည်ပေါက် ကွယ်လွန်သွားသဖြင့် ၎င်းအမည်ပေါက်က လွှဲအပ်ထားသော ပါဝါ အသုံးမပြုလိုက်ရခင်ကို ပျက်ပြယ်သွားပြီဖြစ်သည့်အတွက် နောက်ဆုံးဝယ်ယူထားသူအတွက် ရှေ့ဆက်အစီအစဉ်အဖြစ် အမည်ပြောင်းခြင်း လုပ်ငန်းရပ်တန့် သွားပြီဖြစ်ပါတယ်။
ဝယ်သူအမည်ပြောင်းနိုင်ဖို့ရာ ဥပဒေနှင့်ညီသော အခြားနည်းလမ်းများရှာဖွေရပါပြီ။ ထိုသို့ပါဝါပျက်ပြယ်သွားပြီဆိုပါက မြေအမည်ပေါက်သူ၏ မိသားစုကို ရှာဖွေစုံစမ်း၍ အကူအညီတောင်းပြီး ဝယ်သူအား အမည်ပြောင်းပေးရန် ဆောင်ရွက်ခိုင်းမည်လား။ ဒါမှမဟုတ် အမည်ပေါက်မိသားစုကို ရှာမရတဲ့အဆုံး တရားရုံးကပဲ မြေနှင့်အိမ်အရောင်းအဝယ်ကတိစာချုပ် မှတ်ပုံတင်ချုပ်ဆိုပေးစေလိုမှုဖြင့် တရားပြိုင်အဖြစ် တရားစွဲဆိုခြင်းဆောင်ရွက်မည်လား စသဖြင့် နည်းအမျိုးမျိုး စဉ်းစားကာ ခေါင်းခဲရတော့မည်ဖြစ်သည်။
သို့ဖြစ်ရာ မြေအမည်ပေါက်ရှိစဉ်က ပါဝါယူထားပြီးသည်ကို လုံ့လ၊ ဝီရိယ အားစိုက်ကာ ကြိုးစားပြီး အမည်ပြောင်းထားခဲ့လျှင် အထက်အပိုဒ်တွေမှာ ဖော်ပြထားတဲ့ အခက်အခဲအရှုပ်အထွေးတွေ မရင်ဆိုင်ရပဲ မြေပိုင်ဆိုင်မှုနှင့်ပက်သက်ပြီး ရောင်းချလိုကဖြစ်စေ၊ မိမိလက်ဝယ်ထားလိုကဖြစ်စေ၊ အဆင်ပြေ ချောမွေ့မှာ ဖြစ်တဲ့အတွက် ယခုလို ပါဝါရယူထားပြီး အမည်ပြောင်းမဆောင်ရွက်ထားပါက အစမကောင်း၊ အနှောင်း မသေချာဆိုသလို နောင်ရေးအတွက် ဖြေရှင်းမရဖြစ်တတ်ပါကြောင်း ဗဟုသုတဖြစ်စေရန် ဖော်ပြထားပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
Upcoming Property Events
42 Mini Condo
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service