အိုးအိမ်တိုက်ခန်းကို ပိုင်ရှင်ထံမှ အရှုပ်အရှင်း ကင်းအောင် တရားဝင် ဝယ်ယူနည်း - Property Knowledge in Myanmar from iMyanmarHouse.com
1808 Views

အိုးအိမ်တိုက်ခန်းကို ပိုင်ရှင်ထံမှ အရှုပ်အရှင်း ကင်းအောင် တရားဝင် ဝယ်ယူနည်း

Knowledge | Posted by Aye Myat Thu

[Unicode]

အိုးအိမ်က Owner Book နဲ့ ဝယ်ထားတယ် ဆိုတဲ့သူဆီကနေ တိုက်ခန်း ပြန်ဝယ်ချင်တာပါ။ ဒဂုံမြို့သစ်ဘက်မှာပါ ဘယ်လိုအရှုပ်အရှင်းတွေ ရှိနိုင်လဲ။ မှန်ကန်ခိုင်မာမှုရှိမရှိ ဘယ်လိုစစ်လို့ရမလဲ သိချင်ပါတယ်။

အိုးအိမ်တိုက်ခန်းကို Owner Bookအမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ရပါတယ်။ နှစ်ဦးသဘောတူ တိုက်ခန်းအရောင်းအဝယ်ကတိစာချုပ်ချုပ်ရမှာပေါ့။ စာချုပ်ပြီးတာနဲ့ တိုက်ခန်းကိုအရ ယူမယ်။ ကိုယ့်သော့နဲ့ ပြောင်းပြီးခတ်မယ်။ ပြီးတော့ Owner Book အမည်ပေါက်သူ ကိုယ်တိုင်လိုက်ပြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ဗိုလ်ချုပ်လမ်း၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှာလိုက်ပြီး ဆောင်ရွက်ပေးဖို့လိုပါတယ်။

တခါတည်းအမည်ပြောင်း လျှောက်လို့ရတယ်။ အမည်ပြောင်းလျှောက်လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။ Owner Book အမည်ပေါက်ကိုယ်တိုင် မလိုက်နိုင်လို့ နောက်မှ တဖြည်းဖြည်း အမည်ပြောင်းလျှောက်မယ်ဆိုရင်တော့ တိုက်ခန်းအမည်ပေါက်ထံက Special Power (SP)ဖြစ်စေ၊ General Power (GP)ဖြစ်စေ၊ ယူထားလိုက်ရင်ရပါတယ်။ အဲဒီလိုလွှဲစာယူရင် ရန်ကုန်မြို့၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှ ခေါ်ယူပြီး ယူထားတဲ့ လွှဲစာမှသာလျှင် တရားဝင်အတည်ဖြစ်ပါတယ်။ ဝယ်ယူမည့် အိုးအိမ်တိုက်ခန်းနဲ့ ပက်သက်၍ အရှုပ်အရှင်း ရှိ/မရှိတော့ မြောက်ဥက္ကလာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ပထမစုံစမ်းသင့်ပါတယ်။

ဒုတိယအနေနဲ့ကတော့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ မိမိလက်ဝယ်ရထားတဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းများနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ အိုးအိမ်မှာ ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်း ကင်းတယ်ဆိုရင်တော့ ဝယ်လို့ရပါပြီ။ ဒါမှမဟုတ် ပိုပြီးသေချာအောင် လူသိထင်ရှား ကြော်ငြာချင်ရင်တော့ မြန်မာ့အလင်း/ ကြေးမုံ သတင်းစာတစ်စောင်မှာ ထည့်လိုက်ပေါ့။ (၁၄)ရက်အတွင်း ကန့်ကွက်ချက် မရှိဘူးဆိုရင် အပြီးအပိုင် ဝယ်လို့ရပါတယ်။

ဝယ်ပြီးအမည်ပြောင်းရင်လည်း မြေခွန်ဆောင်ရသလို အများကြီး မကုန်ကျပါဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။ အမည်ပြောင်းမယ်ဆိုရင် အစိုးရဘဏ်ကို ငွေသွင်းထားတဲ့ ငွေသွင်းချလံမူရင်းတော့ မပါမဖြစ် လိုပါတယ်။ မမေ့မလျော့ တောင်းယူထားကြပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိုးအိမ္တိုက္ခန္းကို ပိုင္ရွင္ထံမွ အရႈပ္အရွင္း ကင္းေအာင္ တရားဝင္ ဝယ္ယူနည္း

 

အိုးအိမ္က Owner Book နဲ႔ ဝယ္ထားတယ္ ဆိုတဲ့သူဆီကေန တိုက္ခန္း  ျပန္ဝယ္ခ်င္တာပါ။ ဒဂုံၿမိဳ႕သစ္ဘက္မွာပါ ဘယ္လိုအ႐ႈပ္အ႐ွင္းေတြ ႐ွိႏိုင္လဲ။ မွန္ကန္ခိုင္မာမႈ႐ွိမ႐ွိ ဘယ္လိုစစ္လို႔ရမလဲ သိခ်င္ပါတယ္။

အိုးအိမ္တိုက္ခန္းကို Owner Bookအမည္ေပါက္သူထံမွ ဝယ္မယ္ဆိုရင္ အရပ္ကတိစာခ်ဳပ္နဲ႔ ဝယ္လို႔ရပါတယ္။ ႏွစ္ဦးသေဘာတူ တိုက္ခန္းအေရာင္းအဝယ္ကတိစာခ်ဳပ္ခ်ဳပ္ရမွာေပါ့။ စာခ်ဳပ္ၿပီးတာနဲ႔ တိုက္ခန္းကိုအရ ယူမယ္။ ကိုယ့္ေသာ့နဲ႔ ေျပာင္းၿပီးခတ္မယ္။ ၿပီးေတာ့ Owner Bookအမည္ေပါက္သူ ကိုယ္တိုင္လိုက္ၿပီး ၿမိဳ႕ျပႏွင့္ အိမ္ရာ ဖြံ႕ၿဖိဳးေရး ဦးစီးဌာန ဗိုလ္ခ်ဳပ္လမ္း၊ ရန္ကုန္တိုင္းေဒသႀကီး႐ုံးမွာလိုက္ၿပီး ေဆာင္ရြက္ေပးဖို႔လိုပါတယ္။

တခါတည္းအမည္ေျပာင္း ေလွ်ာက္လို႔ရတယ္။ အမည္ေျပာင္းေလွ်ာက္လႊာတင္ၿပီး အဆင့္ဆင့္ေဆာင္ရြက္ရပါတယ္။ Owner Book အမည္ေပါက္ကိုယ္တိုင္ မလိုက္ႏိုင္လို႔ ေနာက္မွ တျဖည္းျဖည္း အမည္ေျပာင္း ေလွ်ာက္မယ္ဆိုရင္ေတာ့ တိုက္ခန္းအမည္ေပါက္ထံက Special Power (SP)ျဖစ္ေစ၊ General Power (GP)ျဖစ္ေစ၊ ယူထားလိုက္ရင္ရပါတယ္။ အဲဒီလိုလႊဲစာယူရင္ ရန္ကုန္ၿမိဳ႕၊ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးမွ ေခၚယူၿပီး ယူထားတဲ့ လႊဲစာမွသာလွ်င္ တရားဝင္အတည္ျဖစ္ပါတယ္။ ဝယ္ယူမည့္ အိုးအိမ္တိုက္ခန္းနဲ႔ ပက္သက္၍ အရႈပ္အရွင္း ရွိ/မရွိေတာ့ ေျမာက္ဥကၠလာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွာ ပထမစုံစမ္းသင့္ပါတယ္။

ဒုတိယအေနနဲ႔ကေတာ့ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာနမွာ မိမိလက္ဝယ္ရထားတဲ့ ပိုင္ဆိုင္မႈ စာရြက္စာတမ္းမ်ားနဲ႔ တိုက္ဆိုင္စစ္ေဆးသင့္ပါတယ္။ အိုးအိမ္မွာ ကန္႔ကြက္ခ်က္ကင္းတယ္။ အရႈပ္အရွင္း ကင္းတယ္ ဆိုရင္ေတာ့ ဝယ္လို႔ရပါၿပီ။ ဒါမွမဟုတ္ ပိုၿပီးေသခ်ာေအာင္ လူသိထင္ရွား ေၾကာ္ျငာခ်င္ရင္ေတာ့ ျမန္မာ့အလင္း/ ေၾကးမုံ သတင္းစာတစ္ေစာင္မွာ ထည့္လိုက္ေပါ့။ (၁၄)ရက္အတြင္း ကန္႔ကြက္ခ်က္ မရွိဘူးဆိုရင္ အၿပီးအပိုင္ ဝယ္လို႔ရပါတယ္။

ဝယ္ၿပီးအမည္ေျပာင္းရင္လည္း ေျမခြန္ေဆာင္ရသလို အမ်ားႀကီး မကုန္က်ပါဘူးဆိုတာ ေျဖၾကားေပးလိုက္ပါတယ္။ အမည္ေျပာင္းမယ္ဆိုရင္ အစိုးရဘဏ္ကို ေငြသြင္းထားတဲ့ ေငြသြင္းခ်လံမူရင္းေတာ့ မပါမျဖစ္ လိုပါတယ္။ မေမ့မေလ်ာ့ ေတာင္းယူထားၾကပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေန ေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service