ဗန္ဓသိမ်ဂရန် လျှောက်ထားခြင်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
521 Views

ဗန္ဓသိမ်ဂရန် လျှောက်ထားခြင်းအကြောင်း

Knowledge | Posted by Zarni Kyaw

[Unicode]

ဗန္ဓသိမ်ဂရန် လျှောက်ထားလိုတယ်ဆိုလျှင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်ထားရမှာဖြစ်ပါတယ်။ ဌာနမှ အောက်ပါအတိုင်း လိုအပ်သလို စစ်ဆေးဆောင်ရွက်ပြီး ဗန္ဓသိမ်ဂရန် စာအုပ်ထုတ်ပေးမှာဖြစ်ပါတယ်။

သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနတွင် ဂရန်လျှောက်ထားရမှာဖြစ်ပါတယ်။ လိုအပ်သည့် အချက်အလက်တွေကတော့-

(က) အခွန်လွတ်သာသနာ့မြေဂရန်မိတ္တူ (သို့မဟုတ်) အခွန်လွတ်သာသနာ့မြေဂရန်မရှိပါက မည်သည့်ခုနှစ် ကတည်းက မူလသာသနာ့မြေဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ ထပ်ဆင့်ထောက်ခံချက်ပါရှိရမည်။

(ခ) ကျောင်းထိုင်ဆရာတော်၏ သဘောတူညီချက်နှင့် ဗန္ဓသိမ်ဂရန် လျှောက်ထားသည့်မြေနေရာအား ဆရာတော်မှ န်ိုင်ငံတော်အစိုးရသို့ ပြန်လည်စွန့်လွတ်အပ်နှံကြောင်း တရားဝင်စာချုပ်စာတမ်းပါရှိရမည်။

(ဂ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန (သို့မဟုတ်) မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာန (သို့မဟုတ်) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ သက်သေခံ မြေစာရင်း ပုံစံ(၁၀၅/ ၁၀၆) ပါရှိရမည်။

(င) သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။

(စ) သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့် မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ် သံဃာ့နာယက တို့၏ ထောက်ခံချက်များပါရှိရမည်။

(ဆ) သိမ်အဆောက်အအုံပုံစံနှင့် အကွက်ချပုံစံ၊ သိမ်တည်နေရာအမှတ်အသားဖော်ပြချက်(သိမ်ပန္နက်ပုံ) ပါရှိရမည်။

အထက်ပါအတိုင်းလျှောက်ထားလာပါက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ် ရေးမှူးသည် လျှောက်လွှာအားစိစစ်ပြီး အမှုတွဲပြည့်စုံပါက လျှောက်ထားချက်များမှန်ကန်ခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးတင်ပြရန် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့ရမည်။ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနသည် မြေရာဇဝင်စစ်ဆေးတင်ပြရန်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသို့ အမှုတွဲပေး ပို့ပြီး အောက်ပါတို့ကို စစ်ဆေးပါသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ အမှုတွဲပြန်လည်ရောက်ရှိသည့်အခါ ကန့်ကွက်လို သူရှိ/မရှိကြော်ငြာကပ်ပြီး ကျောင်းထိုင်ဆရာတော်၏သဘောထား၊ သိမ်ဒါယိကာ/ဒါယိကာမနှင့် ဂေါပကအဖွဲ့ဝင် များ၏ ထွက်ဆိုချက်ရယူပြီး ကန့်ကွက်သူရှိပါက ထွက်ဆိုချက်ရယူခြင်းများ ဆောင်ရွက်ကာ ကွင်းဆင်းစစ်ဆေး ချက်အစီအရင်ခံစာနှင့်အတူ အမှုတွဲအား ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ ပြန်လည်တင်ပြသည်။

ခရိုင်အုပ်ချုပ်ရေးမှူးသည် အမှုတွဲအားစစ်ဆေး၍ လျှောက်ထားသည့်မြေနေရာအား ကွင်းဆင်းစစ်ဆေး ပြီး ခရိုင်အုပ်ချုပ်ရေးမှူးအစီရင်ခံစာနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အမှု တွဲတင်ပြရမည်။

တိုင်းဒေသကြီး/ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနသည် အမှုတွဲအားစိစစ်ပြီး မိမိသဘော ထားထောက်ခံချက်၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနထောက်ခံချက်များဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့သဘောတူညီချက်ရရှိရေးတင်ပြဆောင်ရွက်ပြီး ရရှိပါက အမှုတွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)သို့တင်ပြရမည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)သည် အမှုတွဲအားစိစစ်ပြီး ပြည့်စုံပါက ညွှန်ကြားရေးမှူးချုပ် က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ တင်ပြရမည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ရရှိပါက ဗန္ဓသိမ်ဂရန် ထုတ်ပေးခွင့်ပြုမိန့်အား အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်၍ အမှုတွဲနှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနသို့ ပြန်လည်ပေးပို့ရမည်။

ဗန္ဓသိမ်ဂရန် ထုတ်ပေးခွင့်ပြုမိန့်အား အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်၍ အမှုတွဲပြန်လည်ရောက်ရှိသည့် အခါ ခရိုင်အုပ်ချုပ်ရေးမှူးသည် သတ်မှတ်ပြဌာန်းထားသည့်ပုံစံ (Land Revenue II/ Grand 1B) ဖြင့် လျှောက်ထားသူ သိမ်ဒါယိကာ/ဒါယိကာမအား ဝိသုံဂါမ ဗန္ဓသိမ်မြေဂရန်အား ထုတ်ပေးပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]





(ခ) ကျောင်းထိုင်ဆရာတော်၏ သဘောတူညီချက်နှင့် ဗန္ဓသိမ်ဂရန် လျှောက်ထားသည့်မြေနေရာအား ဆရာတော်မှ နိုင်ငံတော်အစိုးရသို့ ပြန်လည်စွန့်လွတ်အပ်နှံကြောင်း တရားဝင်စာချုပ်စာတမ်းပါရှိရမည်။
















 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်

Upcoming Property Events

shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service