ကိုယ့်အမည်ပေါက်ဖြစ်မှ အိမ်ဆောက်/ခြံစည်းရိုးကာရတယ် - Property Knowledge in Myanmar from iMyanmarHouse.com
2409 Views
ကိုယ့်အမည်ပေါက်ဖြစ်မှ အိမ်ဆောက်/ခြံစည်းရိုးကာရတယ်
Knowledge | Posted by Aye Myat Thu
[Unicode]
မြေနှင့်အိမ်ဝယ်ယူပြီးလျှင် မိမိစိတ်တိုင်းကျ အိမ်ပြင်လိုကြသည်။ ခြံစည်းရိုးကာလိုသည်။ ငွေလိုလျှင် ဘဏ်တွင် ငွေချေးရန် လိုလာသည့်အခါ အခက်အခဲနှင့် ကြုံရသည်။ ကိုယ့်အိမ်ကိုယ်ပြင်တာပဲ၊ ကိုယ့်ခြံစည်းရိုး ကိုယ်ကာတာ ဘာဖြစ်လဲ ဆိုပြီး ပြင်ဆင်လိုက်သည်နှင့် အိမ်ရှေ့တွင် အုတ်ပုံ၊ သဲပုံ၊ သစ်ပုံတွေကို တွေ့ပြီး မြို့နယ်စည်ပင်က အကဲခတ်သည်။ အိမ်ပြင်သည့် တူရိုက်သံကြားသည်နှင့် အပြေးရောက်လာသည်။ အိမ်ဆောက်ခွင့်၊ ခြံစည်းရိုး၊ ကာခွင့်ရသည့် စာရွက်စာတမ်းအထောက်အထားများပြရန်တောင်းသည်။ ဝယ်ထား သောမြေမှာ မိမိအမည်မပြောင်းရသေးတော့ မပြနိုင်၊ မူလအမည်ပေါက်သူ၏ ဂရန်ကိုထုတ်ပြသည်။ မိမိ အမည်ပေါက်မဟုတ်၍ အိမ်ဆောက်ခွင့် ခြံစည်းရိုးကာခွင့် မရပေ။
မရွှေ့မပြောင်းနိုင်သည့်မြေမှာ မိမိအမည်ပေါက်ဖြစ်ရန်လိုသည်။ သို့မှသာ အိမ်ဆောက်ရန် မြေပုံကူးယူခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ဘဏ်ငွေချေးပြုလုပ်ဖို့ အိုးအိမ်၊စည်ပင်မှာ မြေပုံကူးနိုင်သည်။ မြေမှာ မိမိဝယ်ထားသည် မှန်သော်လည်း ဥပဒေအရ မိမိအမည်ပေါက်မဟုတ်သဖြင့် အဆိုပါကိစ္စများ လုပ်ဆောင်ခြင်းမပြုနိုင်ပါ။
သို့သော် မူလဂရန်ပိုင်ရှင်က မှတ်ပုံတင် General Power/Special Power မိမိအားပေးထားလျှင်တော့ အထက်ပါ ကိစ္စရပ်များဆောင်ရွက်နိုင်သည်။
GP/SP ယူပြီး တစ်နှစ်အတွင်း မိမိအမည်ပြောင်းဖို့လိုပါသည်။ ယခု(၃)နှစ်အထိ စည်ပင်မြေယာဌာနက လက်ခံသဖြင့် ကိုယ့်ပစ္စည်းနှင့် ကိုယ်စိတ်ညစ်ရတတ်ကြောင်း အသိပေးဖော်ပြလိုက်ရပါသည်။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေအိမ်ခြံမြေရောင်းဝယ်ငှား သိထားရမည့်အချက်များ
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
Upcoming Property Events
From 13 Sep To 14 Sep
INNO CITY
From 13 Sep To 14 Sep
Magical World Apartment
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
Magical World
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service