အရောင်းအဝယ်လုပ်ချိန်မှာစရန်ငွေချတော့မယ်ဆိုရင် မည်မျှစရန်ချမလဲဆုံးဖြတ်ရမည့်ကိစ္စ - Property Knowledge in Myanmar from iMyanmarHouse.com
746 Views

အရောင်းအဝယ်လုပ်ချိန်မှာစရန်ငွေချတော့မယ်ဆိုရင် မည်မျှစရန်ချမလဲဆုံးဖြတ်ရမည့်ကိစ္စ

Knowledge | Posted by Zarni Kyaw

[Unicode]

 

အိမ်ခြံမြေ အရောင်းအဝယ်ပဲဖြစ်ဖြစ်၊ အခြားအရောင်းအဝယ်ပြုလုပ်ချိန်မှာ ခိုင်မာမှု၊ ဈေးကွက်အခြေအနေပေါ်မူတည်ပြီးတော့ ဝယ်ယူဘက်သေချာတယ်ဆိုလျှင်ပိုင်ရှင်ဘက်က ငွေပြန်မအမ်းနိုင်တဲ့ အခြေအနေမျိုးအထိ ဝယ်ယူသူအနေနဲ့ စရန်ငွေချထားကျပါသည်။

အဝယ်လိုက်တဲ့မြေနေရာတွေမှာဝယ်ယူသူကစရန်အနည်းငယ်သာချထားမည်ဆိုလျှင်နောက်ဝယ်လက်ကဈေးကိုအများကြီးပိုပေးတာမျိုးနဲ့ကြုံလျှင်စရန်ငွေနည်းတဲ့အတွက်ရောင်းသူကစရန်ငွေ၂ဆပြန်အမ်းပြီးနောက်လူကိုရောင်းချထားမျိုးတွေအများအပြားရှိပါသည်။

စရန်ငွေကို အရောင်းအဝယ်ပြုလုပ်တဲ့ တန်ဖိုးငွေစုစုပေါင်းရဲ့ မည်ရွေ့မည်မျှပေးရမယ်လို့ ပုံသေသတ်မှတ်ထားတာ မရှိသလို မည်မျှပေးရမယ်လို့ အစဉ်အလာ အတိအကျမရှိပါဘူး။ရောင်းသူ၊ဝယ်ယူနှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီးစရန်ငွေသတ်မှတ်ပေးချေရမှာဖြစ်ပါသည်။

စရန်ငွေပေးခြေရာမှာ ဝယ်သူအနေနဲ့ သတိပြုရမယ့်အချက်မှာ အရောင်းအဝယ်ပြုလုပ်တဲ့ မြေကွက်၊ အဆောက်အုံကို မိမိစရန်ငွေပေးထားစဉ်ကာလအတွင်းမိမိထက်ဈေးပိုပြီး ဈေးကောင်းပေးသူ၊ ဈေးပိုပေးသူ ပေါ်ပေါက်လာရင် ဖော်ပြပါစရန်ငွေရဲ့ ၂ဆကိုလျော်နိုင်အောင် လုံလောက်စိတ်ချရတဲ့စရန်ငွေကို ပေးချေဖို့ ဖြစ်ပါသည်။

ရောင်းသူအနေနဲ့လည်း လုံလောက်ခိုင်မာတဲ့၊ စိတ်ချရမယ့် စရန်ငွေကိုသာ လက်ခံသင့်ပါတယ်။ မဖြစ်စလောက် မပြောပလောက်တဲ့ စရန်ငွေကို လက်ထဲပိုက်ပြီး အကြောင်းကြောင်းကြောင့် မဝယ်ဖြစ်တော့တဲ့ဝယ်သူကို လူမှုရေးငဲ့တဲ့အနေနဲ့ စရန်ငွေကိုလည်း အဆုံးခံစေပြီး မသိမ်းပဲ ကာလရှည်စွာ စောင့်မျှော်နေရင် အရောင်းအဝယ်လည်းမဖြစ်၊ တခြားဝယ်လက်ကောင်းကိုလည်း ဆုံးရှုံးပြီး အချိန်ကုန်လူပန်းဖြစ်မှာကို သတိပြုဖို့ လိုအပ်ပါတယ်။

အလားတူ တချို့ရောင်းသူအနေနဲ့ ရောင်းချမယ့် အဆောက်အအုံရှိ အိမ်ငှားတွေရဲ့ အိမ်လခတွေ၊ စပေါ်ငွေတွေပြန်အမ်းရန်၊ မြေကိစ္စတွေရှင်းလင်းရန်စတဲ့ ငွေကြေးလိုအပ်ချက်တွေ ရှိနိုင်တာကြောင့် ရောင်းသူအနေနဲ့ စရန်ငွေကို လက်ခံရာမှာ မိမိအခြေအနေအလျှောက် အဲသည် စရိတ်စကတွေကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ စရန်ငွေကို လက်ခံဖို့ လိုအပ်ပါသည်။

ဝယ်သူအနေနဲ့ စရန်ငွေမပေးချေမီ အစစအရာရာ အသေးစိတ်လေ့လာ ဆုံးဖြတ်ပြီးမှ ပေးချေသင့်ပါတယ်။ စရန်ငွေပေးချေပြီးမှ အရောင်းအဝယ် သဘောတူစာချုပ်ပါ စည်းကမ်းတချို့ကိုမကြိုက်လို့ဖြစ်စေ၊ ထပ်မံဖြည့်စွက်စရာရှိလို့ဖြစ်စေ ထပ်မံဆွေးနွေးဖို့ရှိလာရင် စရန်ငွေပေးထားပြီးဖြစ်တာကြောင့် ဝယ်သူအနေနဲ့ အားနည်းချက်ရှိနေမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ဝယ်ယူရာမှာ အရေးကြီးတဲ့ အချက်အခြာတစ်ခုမှာ မြေအကျယ်အဝန်းကို စာချုပ်ပါအတိုင်း အမှန်အကန် အတိအကျရှိမရှိကို စစ်ဆေးပြီးမှ စရန်ငွေပေးခြေဖို့ လိုအပ်ပါတယ်။အကယ်၍စရန်ငွေပေးချေပြီးမှမြေတိုင်းတာစစ်ဆေးပြီးအကျယ်အဝန်းလျော့နည်းမှုရှိလာလျှင်လည်းမြေတန်းဖိုးတွက်ချက်ပြီးလျော့သည့်မြေအကျယ်အဝန်းအပေါ်တန်းဖိုးလျော့ချရန်ထည့်သွင်းချုပ်ဆိုဖို့လိုအပ်ပါသည်။

အထက်ပါအချက်များကိုစရန်ငွေပေးချေခြင်းမပြုမည်အသေအချာစဉ်းစားရန်လိုအပ်ပြီးအရေးကြီးသည့်အချက်များဖြစ်ကြောင်းဥပဒေဗဟုသုတရရှိစေရန်ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အေရာင္းအ၀ယ္လုပ္ခ်ိန္မွာစရန္ေငြခ်ေတာ့မယ္ဆုိရင္ မည္မွ်စရန္ခ်မလဲဆံုးျဖတ္ရမည့္ကိစၥ

 

အိမ္ျခံေျမ အေရာင္းအ၀ယ္ပဲျဖစ္ျဖစ္၊ အျခားအေရာင္းအ၀ယ္ျပဳလုပ္ခ်ိန္မွာ ခိုင္မာမႈ၊ ေစ်းကြက္အေျခအေနေပၚမူတည္ၿပီးေတာ့ ဝယ္ယူဘက္ေသခ်ာတယ္ဆိုလွ်င္ပိုင္ရွင္ဘက္က ေငြျပန္မအမ္းနုိင္တဲ့ အေျခအေနမ်ိဳးအထိ ၀ယ္ယူသူအေနနဲ႔ စရန္ေငြခ်ထားက်ပါသည္။

အဝယ္လိုက္တဲ့ေျမေနရာေတြမွာဝယ္ယူသူကစရန္အနည္းငယ္သာခ်ထားမည္ဆိုလွ်င္ေနာက္ဝယ္လက္ကေဈးကိုအမ်ားႀကီးပိုေပးတာမ်ိဳးနဲ႔ၾကဳံလွ်င္စရန္ေငြနည္းတဲ့အတြက္ေရာင္းသူကစရန္ေငြ၂ဆျပန္အမ္းၿပီးေနာက္လူကိုေရာင္းခ်ထားမ်ိဳးေတြအမ်ားအျပား႐ွိပါသည္။

စရန္ေငြကို အေရာင္းအ၀ယ္ျပဳလုပ္တဲ့ တန္ဖိုးေငြစုစုေပါင္းရဲ့ မည္ေရြ႕မည္မွ်ေပးရမယ္လို႔ ပံုေသသတ္မွတ္ထားတာ မရွိသလို မည္မွ်ေပးရမယ္လို႔ အစဥ္အလာ အတိအက်မရွိပါဘူး။ေရာင္းသူ၊ဝယ္ယူႏွစ္ဦးႏွစ္ဖက္ညွိႏိႈင္းၿပီးစရန္ေငြသတ္မွတ္ေပးေခ်ရမွာျဖစ္ပါသည္။

စရန္ေငြေပးေျခရာမွာ ၀ယ္သူအေနနဲ႔ သတိျပဳရမယ့္အခ်က္မွာ အေရာင္းအ၀ယ္ျပဳလုပ္တဲ့ ေျမကြက္၊ အေဆာက္အုံကို မိမိစရန္ေငြေပးထားစဥ္ကာလအတြင္းမိမိထက္ေစ်းပိုၿပီး ေစ်းေကာင္းေပးသူ၊ ေစ်းပိုေပးသူ ေပၚေပါက္လာရင္ ေဖာ္ျပပါစရန္ေငြရဲ့ ၂ဆကိုေလ်ာ္နုိင္ေအာင္ လံုေလာက္စိတ္ခ်ရတဲ့စရန္ေငြကို ေပးေခ်ဖို႔ ျဖစ္ပါသည္။

ေရာင္းသူအေနနဲ႔လည္း လံုေလာက္ခုိင္မာတဲ့၊ စိတ္ခ်ရမယ့္ စရန္ေငြကိုသာ လက္ခံသင့္ပါတယ္။ မျဖစ္စေလာက္ မေျပာပေလာက္တဲ့ စရန္ေငြကို လက္ထဲပိုက္ၿပီး အေၾကာင္းေၾကာင္းေၾကာင့္ မ၀ယ္ျဖစ္ေတာ့တဲ့၀ယ္သူကုိ လူမႈေရးငဲ့တဲ့အေနနဲ႔ စရန္ေငြကိုလည္း အဆံုးခံေစၿပီး မသိမ္းပဲ ကာလရွည္စြာ ေစာင့္ေမ်ွာ္ေနရင္ အေရာင္းအ၀ယ္လည္းမျဖစ္၊ တျခား၀ယ္လက္ေကာင္းကိုလည္း ဆံုးရႈံးၿပီး အခ်ိန္ကုန္လူပန္းျဖစ္မွာကို သတိျပဳဖုိ႔ လိုအပ္ပါတယ္။

အလားတူ တခ့်ိဳေရာင္းသူအေနနဲ႔ ေရာင္းခ်မယ့္ အေဆာက္အအံုရွိ အိမ္ငွားေတြရဲ့ အိမ္လခေတြ၊ စေပၚေငြေတြျပန္အမ္းရန္၊ ေျမကိစၥေတြရွင္းလင္းရန္စတဲ့ ေငြေၾကးလိုအပ္ခ်က္ေတြ ရွိနုိင္တာေၾကာင့္ ေရာင္းသူအေနနဲ႔ စရန္ေငြကို လက္ခံရာမွာ မိမိအေျခအေနအေလ်ွာက္ အဲသည္ စရိတ္စကေတြကိုလည္း ထည့္သြင္းစဥ္းစားၿပီးမွ စရန္ေငြကို လက္ခံဖို႔ လိုအပ္ပါသည္။

၀ယ္သူအေနနဲ႔ စရန္ေငြမေပးေခ်မီ အစစအရာရာ အေသးစိတ္ေလ့လာ ဆံုးျဖတ္ၿပီးမွ ေပးေခ်သင့္ပါတယ္။ စရန္ေငြေပးေခ်ၿပီးမွ အေရာင္းအ၀ယ္ သေဘာတူစာခ်ဳပ္ပါ စည္းကမ္းတခ်ိဳ႕ကိုမႀကိဳက္လို႔ျဖစ္ေစ၊ ထပ္မံျဖည့္စြက္စရာရွိလုိ႔ျဖစ္ေစ ထပ္မံေဆြးေႏြးဖုိ႔ရွိလာရင္ စရန္ေငြေပးထားၿပီးျဖစ္တာေၾကာင့္ ၀ယ္သူအေနနဲ႔ အားနည္းခ်က္ရွိေနမွာျဖစ္ပါတယ္။

အိမ္ၿခံေျမ ဝယ္ယူရာမွာ အေရးႀကီးတဲ့ အခ်က္အျခာတစ္ခုမွာ ေျမအက်ယ္အဝန္းကို စာခ်ဳပ္ပါအတိုင္း အမွန္အကန္ အတိအက်ရွိမရွိကို စစ္ေဆးၿပီးမွ စရန္ေငြေပးေျခဖို႔ လိုအပ္ပါတယ္။အကယ္၍စရန္ေငြေပးေခ်ၿပီးမွေျမတိုင္းတာစစ္ေဆးၿပီးအက်ယ္အဝန္းေလ်ာ့နည္းမႈရွိလာလွ်င္လည္းေျမတန္းဖိုးတြက္ခ်က္ၿပီးေလ်ာ့သည့္ေျမအက်ယ္အဝန္းအေပၚတန္းဖိုးေလ်ာ့ခ်ရန္ထည့္သြင္းခ်ဳပ္ဆိုဖို႔လိုအပ္ပါသည္။

အထက္ပါအခ်က္မ်ားကိုစရန္ေငြေပးေခ်ျခင္းမျပဳမည္အေသအခ်ာစဥ္းစားရန္လိုအပ္ၿပီးအေရးႀကီးသည့္အခ်က္မ်ားျဖစ္ေၾကာင္းဥပေဒဗဟုသုတရရွိေစရန္ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service