အိမ်တွင်း အလှစိုက်အပင်တွေကို မြေဩဇာကျွေးနိုင်တဲ့ပုံစံ (၃) မျိူး - Property Knowledge in Myanmar from iMyanmarHouse.com
1939 Views

အိမ်တွင်း အလှစိုက်အပင်တွေကို မြေဩဇာကျွေးနိုင်တဲ့ပုံစံ (၃) မျိူး

Knowledge | Posted by Hnin Ei Khin

[Unicode]

အိမ်တွင်းအလှစိုက်ပင်တွေ စိုက်ပျိုးတဲ့အခါ အများစုကတော့ မျက်စိပသာဒဖြစ်စေမယ့် ပန်းပွင့်တဲ့အပင်တွေ (Flowering Plants)၊ ချိတ်ဆွဲစိုက်ပျိုးနိုင်တဲ့ အပင်တွေ (Hanging Type Plants) နဲ့ လှပတဲ့အရွက်ရှိတဲ့ အပင်တွေ (Foliage Plant) ကို ပိုပြီး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဥပမာ - ကျားလက်ဝါးပင်၊ ရွှေလာငွေလာ၊ ကတ္တီပါရွက်လှ၊ ရွက်ပေါက်ဂမုန်း၊ မဟော်ဂနီပင်၊ အိုင်ဗီအပင် စတဲ့အပင်တွေဖြစ်ပါတယ်။

ကျွန်တော်ကတော့ အိမ်တွင်းစိုက်ပျိုးတဲ့အပင်တွေထဲမှာ ကန္တာရဆူးပင်လို့ခေါ်ကြတဲ့ ကက်တက်စ် (Cactus) အပင်တွေ၊ အင်းဆက်ဖမ်းစားတဲ့ နတ်သမီးထောင်ခြောက်အပင် (Venus Fly Trap Plant) နဲ့ သက်ရှိကျောက်တုံးလို့ခေါ်ကြတဲ့ (Lithops - Living Stones) အပင်တွေကို စိတ်ဝင်စားပြီး သဘောကျလို့ အမျိုးအစားစုံအောင် စိုက်ပျိုးဖြစ်ပါတယ်။

အိမ်တွင်းအလှစိုက်ပင်တွေ စိုက်ပျိုးတဲ့အခါ အဓိကကြုံတွေ့ရတဲ့ အခက်အခဲကတော့ ရေလောင်းခြင်းနဲ့ မြေဩဇာကျွေးခြင်းပဲ ဖြစ်ပါတယ်။ အလှစိုက်ပင် စိုက်ပျိုးတဲ့သူအများစုဟာ မကြာခဏ ရေလောင်းချင်တဲ့ စိတ်နေသဘောထားရှိတတ်ကြပါတယ်။

ရေလောင်းတဲ့အခါမှာ အချို့ အကြမ်းခံတဲ့အပင်တွေဆိုရင်တော့ ပြဿနာမရှိပေမယ့် အရမ်းနုနယ်တဲ့ အပင်တွေဆိုရင်တော့ မကြာခဏရေလောင်းရင် နတ်ပြည်တက်ဖို့ အလားအလာများပါတယ်။ ဒါ့ကြောင့် အပင်တွေကိုရေလောင်းရင် မြေသားခြောက်မခြောက် သေချာစစ်ဆေးပြီးမှ လောင်းဖို့ အကြံပြုလိုပါတယ်။

ယခုဆောင်းပါးမှာတော့ အိမ်တွင်းအလှစိုက်အပင်တွေ စိုက်ပျိုးတဲ့အခါ မြေဩဇာကျွေးဖို့အတွက် သိရှိထားသင့်တဲ့ အကြောင်းအရာအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အပင်တွေကို မြေဩဇာကျွေးတဲ့အခါ အဓိကအားဖြင့် အများဆုံးလိုအပ်တဲ့ အာဟာရဓာတ် ၃ မျိုးကို ရရှိအောင် ကျွေးပေးရပါတယ်။

အားလုံးသိရှိကြတဲ့အတိုင်း နိုက်ထရိုဂျင်၊ ဖော်စဖောရပ်စ်နဲ့ ပိုတက်စီယမ်တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အနည်းလို အာဟာရဓာတ်တွေဖြစ်တဲ့ ကယ်လ်စီယမ်၊ အိုင်းယွန်း၊ ဇင့်၊ မဂ္ဂနီစီယမ်၊ ဆာလဖာ စသည်ဖြင့် ရှိပါမယ်။ အိမ်တွင်းအလှစိုက်ပင်တွေရဲ့ အားသာချက်ကတော့ အာဟာရဓာတ်ချို့တဲ့ခြင်း ပြဿနာကို ကြုံတွေ့ရခဲတာဖြစ်ပါတယ်။

များသောအားဖြင့် ရေလောင်းများတာ/ နည်းတာ၊ အလင်းရောင်ကောင်းကောင်းမရတာ၊ စိုထိုင်းဆနည်းတာ၊ နေလောင်တာ စတဲ့ပြဿနာတွေကိုပဲ ပိုတွေ့ရလေ့ရှိပါတယ်။ အိမ်တွင်းအလှစိုက်အပင်တွေကို မြေဩဇာကျွေးတဲ့အခါမှာ ယေဘူယျအားဖြင့် ပုံစံ ၃ မျိုးရှိပါတယ်။ တစ်မျိုးချင်းစီမှာ အားသာချက်တွေရှိပါတယ်။

မြေဩဇာအရည်

ဒီမှာဆိုလိုတာက ရွက်ဖျန်းမြေဩဇာကိုပြောတာမဟုတ်ပါဘူး။ အပင်စိုက်ထားတဲ့ မြေသားထဲကို ထည့်ပေးရတဲ့ မြေဩဇာအရည်ကျွေးတာကို ဆိုလိုတာဖြစ်ပါတယ်။ မြေဩဇာအရည်ကျွေးခြင်းဟာ အသုံးပြုရတာလွယ်ကူသလို အပင်တွေမှာ မြေဩဇာလောင်တာမျိုးကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့် အလှစိုက်အပင်တွေကို မြေဩဇာအရည်ကျွေးတဲ့အခါ ပမာဏနည်းနည်းနဲ့ မကြာခဏအသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။

သို့ပေမယ့် မြေဩဇာအရည်ကျွေးတဲ့အခါမှာ ကြုံတွေ့ရနိုင်တဲ့ အားနည်းချက်ကတော့ မြေဆီလွှာထဲကို အလျင်အမြန်စိမ့်ဝင်သွားနိုင်ပြီး အပင်ရဲ့ အမြစ်ကမရရှိခင်မှာပဲ အာဟာရဓာတ်တွေ ဆုံးရှုံးသွားနိုင်တာပဲ ဖြစ်ပါတယ်။

မြေဩဇာအခဲ

မြေဩဇာအခဲကိုတော့ မြေမျက်နှာပြင်ပေါ်မှာ အလွယ်တကူ ကြဲပက်ပြီးထည့်ပေးနိုင်ပါတယ်။ အလှစိုက်ပင်တွေကတော့ ပန်းအိုးတွေနဲ့ စိုက်ပျိုးတာဖြစ်လို့ အမြစ်ကနေ လျင်လျင်မြန်မြန်ရရှိအောင် အပင်ခြေရင်းမှာ ပုံပေးလို့ရပါတယ်။

အိမ်တွင်းအလှစိုက်အပင်တွေကို များသောအားဖြင့် ၁၃ ပတ်လည်ကွန်ပေါင်း မြေဩဇာကျွေးရလေ့ရှိပါတယ်။ နောက်တစ်ခါ နိုက်ထရိုဂျင် (ယူရီးယား၊ ပုလဲ) မြေဩဇာနဲ့ ဆားခါးတို့ကိုလည်း အချိုးကျထည့်ပေးလို့ရပါတယ်။ မြေဩဇာတွေကို ၁ လ ၁ ကြိမ် (သို့မဟုတ်) ၂ ပတ် ၁ ကြိမ် အနည်းငယ် ခွဲပြီးထည့်ပေးနိုင်ပါတယ်။

ဒါ့အပြင် သဘာဝနည်းလမ်းအနေနဲ့ဆိုရင် ကြက်ဥခွံတို့၊ သောက်ပြီးကျန်ရှိတဲ့ ကော်ဖီအမှုန့်တို့၊ အုန်းဆံခွံတို့ စတာတွေလည်းထည့်ပေးနိုင်ပါတယ်။

အာဟာရဖြေးဖြေးချင်းထုတ်ပေးသော မြေဩဇာ

ဒီမြေဩဇာဟာ အာဟာရဓာတ်တွေကို အပင်ကနေ ရရှိအောင်ဖြေးဖြေးချင်း ထုတ်လွှတ်ပေးတာ ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ ရှိနေနိုင်အောင် ပြုလုပ်ထားတဲ့ မြေဩဇာဖြစ်ပြီး ရက်သတ္တပတ်ကနေ လနဲ့ချီပြီး မြေဆီလွှာထဲမှာ ရှိနေနိုင်တဲ့အတွက် အပင်တွေအတွက် အကျိုးကျေးဇူးများစေပါတယ်။

ဒီမြေဩဇာတွေရဲ့ အပေါ်ယံအလွှာကို ပိုလီမာတစ်မျိုး (သို့မဟုတ်) သစ်စေးတစ်မျိုးမျိုးနဲ့ ဖုံးအုပ်ထားတာဖြစ်ပြီး ၎င်းတို့ဟာ ရေ၊ အပူနဲ့ အခြားသော ဒြပ်စင်တွေနဲ့ ထိတွေ့တဲ့အခါမှာ ပြိုကွဲသွားပြီး အာဟာရဓာတ်တွေကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

မြင်သာအောင် ဥပမာအနေနဲ့ပြောရရင် သစ်ခွပင်တွေမှာ မီးသွေးကို အုန်းဆံခွံတို့၊ သစ်ခေါက်တို့နဲ့ တွဲဖက်ပြီး ထည့်သွင်းပေးတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မီးသွေးမှာဆိုရင် အလွန်သေးငယ်တဲ့ အပေါက်လေးတွေ (Porous) လေးတွေပါဝင်ပြီး အဲ့ဒီအပေါက်လေးတွေဟာ ရေနဲ့ လေကို သိုလှောင်နိုင်တဲ့အပြင် ကျွေးလိုက်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူထားနိုင်ပြီး အပင်ဆီကို ဖြေးဖြေးချင်း ပြန်ထုတ်ပေးနိုင်တာမျိုး ဖြစ်ပါတယ်။

မြေဩဇာတွေကို ဘယ်အချိန်ကျွေးရမလဲ?

အေးတဲ့ရာသီဥတုမှာ မြေဩဇာကျွေးခြင်းကိုတော့ ဂရုပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီဥတုအေးပြီး နေ့တာတိုတဲ့အချိန်ကာလတွေဟာ အပင်အများစုအတွက် အနားယူတဲ့ကာလ (dormant period) ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အဲ့ဒီကာလမှာ အပင်တွေဟာ ကြီးထွားဖို့ထက် ရှိပြီးသားစွမ်းအင်တွေကို ထိန်းသိမ်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အဲ့လိုအခြေအနေမှာ မြေဩဇာကျွေးလိုက်မယ်ဆိုရင် အနားယူတဲ့ကာလ (dormant period) ကို ချိုးဖျက်သလိုဖြစ်ပြီး အပင်တွေကို ပုံမှန်ထက်ပိုပြီး အရောင်အဆင်းဖျော့တော့ သွားစေတာမျိုး၊ အားနည်းသွားစေတာမျိုးနဲ့ ကြီးထွားမှုထိခိုက်သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဆောင်းရာသီမှာဆိုရင် မြေဩဇာကျွေးခြင်းကို အနားပေးထားတာ ပိုကောင်းပါတယ်။ ဆောင်းရာသီပြီးလို့ ပူနွေးတဲ့ရာသီ ပြန်ရောက်ပြီဆိုရင်တော့ ပုံမှန်အတိုင်း ၂ ပတ် ၁ ကြိမ် (သို့မဟုတ်) ၁ လ ၁ ကြိမ် မြေဩဇာကျွေး လို့ရပါတယ်။

နောက်တစ်ချက်က အိမ်တွင်းအလှစိုက်ပင်တွေ စိုက်ပျိုးတဲ့အခါ ယေဘူယျအားဖြင့် ၁ နှစ်လျှင် ၁ ကြိမ် မြေအသစ်လဲပေးနိုင်တာ အကောင်းဆုံးပါပဲ။ အဲ့ဒီလို မြေအသစ်လဲတာမျိုး (သို့မဟုတ်) အိုးအသစ်လဲပေးတာမျိုး လုပ်ပေးပြီးရင် ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ မြေဩဇာမကျွေးဘဲ ထားသင့်ပါတယ်။

ဘာကြောင့်လဲဆိုတော့ မြေအသစ်လဲပြီး အပင်ကိုရွှေ့ပြောင်းစိုက်ပျိုးတဲ့အခါ အမြစ်တွေမှာ နာသွားတာမျိုး၊ ထိခိုက်သွားတာမျိုးတွေ ရှိနိုင်တဲ့အတွက် အာဟာရကျွေးတဲ့အခါ အမြစ်က ရယူနိုင်မှာ မဟုတ်တဲ့ အတွက် ဖြစ်ပါတယ်။ ဒါ့ကြောင့် ရွှေ့ပြောင်းစိုက်ပျိုးပြီးရင် မြေဩဇာကို ချက်ချင်မကျွေးဘဲနဲ့ ရက်အနည်းငယ် စောင့်ပေးဖို့လိုအပ်ပါတယ်။

ဆောင်းရာသီမှာ အပင်တွေကို မြေဩဇာကျွေးတာ ရပ်ထားသင့်တယ်လို့ အထက်မှာမျှဝေခဲ့ပြီးပါပြီ။ အဲ့ဒီကာလမှာဆိုရင် ပုံမှန်အတိုင်း ရေလောင်းပေးတာ၊ အပင်တွေကို သန့်ရှင်းရေးလုပ်တာ (အထူးသဖြင့် အရွက်ကိုအဓိထားစိုက်ပျိုးတဲ့အပင်တွေ)၊ ပိုးနဲ့ ရောဂါကျရောက်မှု ရှိ/ မရှိ ပုံမှန်စစ်ဆေးတာ၊ ခြောက်သွေ့ပြီး ပျက်စီးနေတဲ့ အပင်အစိတ်အပိုင်းတွေကို ပုံမှန်ဖယ်ရှားပေးတာ စတဲ့ ပြုစုစောင့်ရှောက်မှုတွေကိုတော့ ပုံမှန် ပြုလုပ်သင့်ပါကြောင်း…

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

[Zawgyi]

အိမ္တြင္း အလွစိုက္အပင္ေတြကို ေျမဩဇာေကြၽးႏိုင္တဲ့ပုံစံ (၃) မ်ိဴး

 

အိမ္တြင္းအလွစိုက္ပင္ေတြ စိုက္ပ်ိဳးတဲ့အခါ အမ်ားစုကေတာ့ မ်က္စိပသာဒျဖစ္ေစမယ့္ ပန္းပြင့္တဲ့အပင္ေတြ (Flowering Plants)၊ ခ်ိတ္ဆြဲစိုက္ပ်ိဳးႏိုင္တဲ့ အပင္ေတြ (Hanging Type Plants) နဲ႔ လွပတဲ့အ႐ြက္႐ွိတဲ့ အပင္ေတြ (Foliage Plant) ကို ပိုၿပီး ႀကိဳက္ႏွစ္သက္ၾကလိမ့္မယ္လို႔ ထင္ပါတယ္။ ဥပမာ - က်ားလက္ဝါးပင္၊ ေ႐ႊလာေငြလာ၊ ကတၱီပါ႐ြက္လွ၊ ႐ြက္ေပါက္ဂမုန္း၊ မေဟာ္ဂနီပင္၊ အိုင္ဗီအပင္ စတဲ့အပင္ေတြျဖစ္ပါတယ္။

ကြၽန္ေတာ္ကေတာ့ အိမ္တြင္းစိုက္ပ်ိဳးတဲ့အပင္ေတြထဲမွာ ကႏၲာရဆူးပင္လို႔ေခၚၾကတဲ့ ကက္တက္စ္ (Cactus) အပင္ေတြ၊ အင္းဆက္ဖမ္းစားတဲ့ နတ္သမီးေထာင္ေျခာက္အပင္ (Venus Fly Trap Plant) နဲ႔ သက္႐ွိေက်ာက္တုံးလို႔ေခၚၾကတဲ့ (Lithops - Living Stones) အပင္ေတြကို စိတ္ဝင္စားၿပီး သေဘာက်လို႔ အမ်ိဳးအစားစုံေအာင္ စိုက္ပ်ိဳးျဖစ္ပါတယ္။

အိမ္တြင္းအလွစိုက္ပင္ေတြ စိုက္ပ်ိဳးတဲ့အခါ အဓိကၾကဳံေတြ႕ရတဲ့ အခက္အခဲကေတာ့ ေရေလာင္းျခင္းနဲ႔ ေျမဩဇာေကြၽးျခင္းပဲ ျဖစ္ပါတယ္။ အလွစိုက္ပင္ စိုက္ပ်ိဳးတဲ့သူအမ်ားစုဟာ မၾကာခဏ ေရေလာင္းခ်င္တဲ့ စိတ္ေနသေဘာထား႐ွိတတ္ၾကပါတယ္။

ေရေလာင္းတဲ့အခါမွာ အခ်ိဳ႕ အၾကမ္းခံတဲ့အပင္ေတြဆိုရင္ေတာ့ ျပႆနာမ႐ွိေပမယ့္ အရမ္းႏုနယ္တဲ့ အပင္ေတြဆိုရင္ေတာ့ မၾကာခဏေရေလာင္းရင္ နတ္ျပည္တက္ဖို႔ အလားအလာမ်ားပါတယ္။ ဒါ့ေၾကာင့္ အပင္ေတြကိုေရေလာင္းရင္ ေျမသားေျခာက္မေျခာက္ ေသခ်ာစစ္ေဆးၿပီးမွ ေလာင္းဖို႔ အၾကံျပဳလိုပါတယ္။

ယခုေဆာင္းပါးမွာေတာ့ အိမ္တြင္းအလွစိုက္အပင္ေတြ စိုက္ပ်ိဳးတဲ့အခါ ေျမဩဇာေကြၽးဖို႔အတြက္ သိ႐ွိထားသင့္တဲ့ အေၾကာင္းအရာအခ်ိဳ႕ကို မွ်ေဝေပးသြားမွာ ျဖစ္ပါတယ္။

အပင္ေတြကို ေျမဩဇာေကြၽးတဲ့အခါ အဓိကအားျဖင့္ အမ်ားဆုံးလိုအပ္တဲ့ အာဟာရဓာတ္ ၃ မ်ိဳးကို ရ႐ွိေအာင္ ေကြၽးေပးရပါတယ္။

အားလုံးသိ႐ွိၾကတဲ့အတိုင္း ႏိုက္ထ႐ိုဂ်င္၊ ေဖာ္စေဖာရပ္စ္နဲ႔ ပိုတက္စီယမ္တို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အနည္းလို အာဟာရဓာတ္ေတြျဖစ္တဲ့ ကယ္လ္စီယမ္၊ အိုင္းယြန္း၊ ဇင့္၊ မဂၢနီစီယမ္၊ ဆာလဖာ စသည္ျဖင့္ ႐ွိပါမယ္။ အိမ္တြင္းအလွစိုက္ပင္ေတြရဲ႕ အားသာခ်က္ကေတာ့ အာဟာရဓာတ္ခ်ိဳ႕တဲ့ျခင္း ျပႆနာကို ၾကဳံေတြ႕ရခဲတာျဖစ္ပါတယ္။

မ်ားေသာအားျဖင့္ ေရေလာင္းမ်ားတာ/ နည္းတာ၊ အလင္းေရာင္ေကာင္းေကာင္းမရတာ၊ စိုထိုင္းဆနည္းတာ၊ ေနေလာင္တာ စတဲ့ျပႆနာေတြကိုပဲ ပိုေတြ႕ရေလ့႐ွိပါတယ္။ အိမ္တြင္းအလွစိုက္အပင္ေတြကို ေျမဩဇာေကြၽးတဲ့အခါမွာ ေယဘူယ်အားျဖင့္ ပုံစံ ၃ မ်ိဳး႐ွိပါတယ္။ တစ္မ်ိဳးခ်င္းစီမွာ အားသာခ်က္ေတြ႐ွိပါတယ္။

ေျမဩဇာအရည္

ဒီမွာဆိုလိုတာက ႐ြက္ဖ်န္းေျမဩဇာကိုေျပာတာမဟုတ္ပါဘူး။ အပင္စိုက္ထားတဲ့ ေျမသားထဲကို ထည့္ေပးရတဲ့ ေျမဩဇာအရည္ေကြၽးတာကို ဆိုလိုတာျဖစ္ပါတယ္။ ေျမဩဇာအရည္ေကြၽးျခင္းဟာ အသုံးျပဳရတာလြယ္ကူသလို အပင္ေတြမွာ ေျမဩဇာေလာင္တာမ်ိဳးကိုလည္း ေလ်ာ့နည္းေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အလွစိုက္အပင္ေတြကို ေျမဩဇာအရည္ေကြၽးတဲ့အခါ ပမာဏနည္းနည္းနဲ႔ မၾကာခဏအသုံးျပဳႏိုင္တာပဲ ျဖစ္ပါတယ္။ သို႔ေပမယ့္ ေျမဩဇာအရည္ေကြၽးတဲ့အခါမွာ ၾကဳံေတြ႕ရႏိုင္တဲ့ အားနည္းခ်က္ကေတာ့ ေျမဆီလႊာထဲကို အလ်င္အျမန္စိမ့္ဝင္သြားႏိုင္ၿပီး အပင္ရဲ႕ အျမစ္ကမရ႐ွိခင္မွာပဲ အာဟာရဓာတ္ေတြ ဆုံး႐ႈံးသြားႏိုင္တာပဲ ျဖစ္ပါတယ္။

ေျမဩဇာအခဲ

ေျမဩဇာအခဲကိုေတာ့ ေျမမ်က္ႏွာျပင္ေပၚမွာ အလြယ္တကူ ႀကဲပက္ၿပီးထည့္ေပးႏိုင္ပါတယ္။ အလွစိုက္ပင္ေတြကေတာ့ ပန္းအိုးေတြနဲ႔ စိုက္ပ်ိဳးတာျဖစ္လို႔ အျမစ္ကေန လ်င္လ်င္ျမန္ျမန္ရ႐ွိေအာင္ အပင္ေျခရင္းမွာ ပုံေပးလို႔ရပါတယ္။

အိမ္တြင္းအလွစိုက္အပင္ေတြကို မ်ားေသာအားျဖင့္ ၁၃ ပတ္လည္ကြန္ေပါင္း ေျမဩဇာေကြၽးရေလ့႐ွိပါတယ္။ ေနာက္တစ္ခါ ႏိုက္ထ႐ိုဂ်င္ (ယူရီးယား၊ ပုလဲ) ေျမဩဇာနဲ႔ ဆားခါးတို႔ကိုလည္း အခ်ိဳးက်ထည့္ေပးလို႔ရပါတယ္။ ေျမဩဇာေတြကို ၁ လ ၁ ႀကိမ္ (သို႔မဟုတ္) ၂ ပတ္ ၁ ႀကိမ္ အနည္းငယ္ ခြဲၿပီးထည့္ေပးႏိုင္ပါတယ္။

ဒါ့အျပင္ သဘာဝနည္းလမ္းအေနနဲ႔ဆိုရင္ ၾကက္ဥခြံတို႔၊ ေသာက္ၿပီးက်န္႐ွိတဲ့ ေကာ္ဖီအမႈန္႔တို႔၊ အုန္းဆံခြံတို႔ စတာေတြလည္းထည့္ေပးႏိုင္ပါတယ္။

အာဟာရေျဖးေျဖးခ်င္းထုတ္ေပးေသာ ေျမဩဇာ

ဒီေျမဩဇာဟာ အာဟာရဓာတ္ေတြကို အပင္ကေန ရ႐ွိေအာင္ေျဖးေျဖးခ်င္း ထုတ္လႊတ္ေပးတာ ျဖစ္ပါတယ္။ အခ်ိန္ၾကာျမင့္စြာ ႐ွိေနႏိုင္ေအာင္ ျပဳလုပ္ထားတဲ့ ေျမဩဇာျဖစ္ၿပီး ရက္သတၱပတ္ကေန လနဲ႔ခ်ီၿပီး ေျမဆီလႊာထဲမွာ ႐ွိေနႏိုင္တဲ့အတြက္ အပင္ေတြအတြက္ အက်ိဳးေက်းဇူးမ်ားေစပါတယ္။ ဒီေျမဩဇာေတြရဲ႕ အေပၚယံအလႊာကို ပိုလီမာတစ္မ်ိဳး (သို႔မဟုတ္) သစ္ေစးတစ္မ်ိဳးမ်ိဳးနဲ႔ ဖုံးအုပ္ထားတာျဖစ္ၿပီး ၎တို႔ဟာ ေရ၊ အပူနဲ႔ အျခားေသာ ျဒပ္စင္ေတြနဲ႔ ထိေတြ႕တဲ့အခါမွာ ၿပိဳကြဲသြားၿပီး အာဟာရဓာတ္ေတြကို ထုတ္ေပးမွာ ျဖစ္ပါတယ္။

ျမင္သာေအာင္ ဥပမာအေနနဲ႔ေျပာရရင္ သစ္ခြပင္ေတြမွာ မီးေသြးကို အုန္းဆံခြံတို႔၊ သစ္ေခါက္တို႔နဲ႔ တြဲဖက္ၿပီး ထည့္သြင္းေပးတဲ့ ပုံစံမ်ိဳး ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မီးေသြးမွာဆိုရင္ အလြန္ေသးငယ္တဲ့ အေပါက္ေလးေတြ (Porous) ေလးေတြပါဝင္ၿပီး အဲ့ဒီအေပါက္ေလးေတြဟာ ေရနဲ႔ ေလကို သိုေလွာင္ႏိုင္တဲ့အျပင္ ေကြၽးလိုက္တဲ့ အာဟာရဓာတ္ေတြကို စုပ္ယူထားႏိုင္ၿပီး အပင္ဆီကို ေျဖးေျဖးခ်င္း ျပန္ထုတ္ေပးႏိုင္တာမ်ိဳး ျဖစ္ပါတယ္။

ေျမဩဇာေတြကို ဘယ္အခ်ိန္ေကြၽးရမလဲ?

ေအးတဲ့ရာသီဥတုမွာ ေျမဩဇာေကြၽးျခင္းကိုေတာ့ ဂ႐ုျပဳသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ရာသီဥတုေအးၿပီး ေန႔တာတိုတဲ့အခ်ိန္ကာလေတြဟာ အပင္အမ်ားစုအတြက္ အနားယူတဲ့ကာလ (dormant period) ျဖစ္ပါတယ္။ ဆိုလိုတာကေတာ့ အဲ့ဒီကာလမွာ အပင္ေတြဟာ ႀကီးထြားဖို႔ထက္ ႐ွိၿပီးသားစြမ္းအင္ေတြကို ထိန္းသိမ္းဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။ အဲ့လိုအေျခအေနမွာ ေျမဩဇာေကြၽးလိုက္မယ္ဆိုရင္ အနားယူတဲ့ကာလ (dormant period) ကို ခ်ိဳးဖ်က္သလိုျဖစ္ၿပီး အပင္ေတြကို ပုံမွန္ထက္ပိုၿပီး အေရာင္အဆင္းေဖ်ာ့ေတာ့ သြားေစတာမ်ိဳး၊ အားနည္းသြားေစတာမ်ိဳးနဲ႔ ႀကီးထြားမႈထိခိုက္သြားတာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေဆာင္းရာသီမွာဆိုရင္ ေျမဩဇာေကြၽးျခင္းကို အနားေပးထားတာ ပိုေကာင္းပါတယ္။ ေဆာင္းရာသီၿပီးလို႔ ပူေႏြးတဲ့ရာသီ ျပန္ေရာက္ၿပီဆိုရင္ေတာ့ ပုံမွန္အတိုင္း ၂ ပတ္ ၁ ႀကိမ္ (သို႔မဟုတ္) ၁ လ ၁ ႀကိမ္ ေျမဩဇာေကြၽး လို႔ရပါတယ္။

ေနာက္တစ္ခ်က္က အိမ္တြင္းအလွစိုက္ပင္ေတြ စိုက္ပ်ိဳးတဲ့အခါ ေယဘူယ်အားျဖင့္ ၁ ႏွစ္လွ်င္ ၁ ႀကိမ္ ေျမအသစ္လဲေပးႏိုင္တာ အေကာင္းဆုံးပါပဲ။ အဲ့ဒီလို ေျမအသစ္လဲတာမ်ိဳး (သို႔မဟုတ္) အိုးအသစ္လဲေပးတာမ်ိဳး လုပ္ေပးၿပီးရင္ ရက္သတၱပတ္အနည္းငယ္ၾကာတဲ့အထိ ေျမဩဇာမေကြၽးဘဲ ထားသင့္ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ေျမအသစ္လဲၿပီး အပင္ကိုေ႐ႊ႕ေျပာင္းစိုက္ပ်ိဳးတဲ့အခါ အျမစ္ေတြမွာ နာသြားတာမ်ိဳး၊ ထိခိုက္သြားတာမ်ိဳးေတြ ႐ွိႏိုင္တဲ့အတြက္ အာဟာရေကြၽးတဲ့အခါ အျမစ္က ရယူႏိုင္မွာ မဟုတ္တဲ့ အတြက္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေ႐ႊ႕ေျပာင္းစိုက္ပ်ိဳးၿပီးရင္ ေျမဩဇာကို ခ်က္ခ်င္မေကြၽးဘဲနဲ႔ ရက္အနည္းငယ္ ေစာင့္ေပးဖို႔လိုအပ္ပါတယ္။

ေဆာင္းရာသီမွာ အပင္ေတြကို ေျမဩဇာေကြၽးတာ ရပ္ထားသင့္တယ္လို႔ အထက္မွာမွ်ေဝခဲ့ၿပီးပါၿပီ။ အဲ့ဒီကာလမွာဆိုရင္ ပုံမွန္အတိုင္း ေရေလာင္းေပးတာ၊ အပင္ေတြကို သန္႔႐ွင္းေရးလုပ္တာ (အထူးသျဖင့္ အ႐ြက္ကိုအဓိထားစိုက္ပ်ိဳးတဲ့အပင္ေတြ)၊ ပိုးနဲ႔ ေရာဂါက်ေရာက္မႈ ႐ွိ/ မ႐ွိ ပုံမွန္စစ္ေဆးတာ၊ ေျခာက္ေသြ႕ၿပီး ပ်က္စီးေနတဲ့ အပင္အစိတ္အပိုင္းေတြကို ပုံမွန္ဖယ္႐ွားေပးတာ စတဲ့ ျပဳစုေစာင့္ေ႐ွာက္မႈေတြကိုေတာ့ ပုံမွန္ ျပဳလုပ္သင့္ပါေၾကာင္း…

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service