“ပိုင်ရှင်ကိုယ်တိုင် ငှားမည်” - Property Knowledge in Myanmar from iMyanmarHouse.com
1014 Views
“ပိုင်ရှင်ကိုယ်တိုင် ငှားမည်”
Knowledge | Posted by Si Thu Aung
[Unicode]
ပိုင်ရှင်ကိုတိုင်ငှားမည်ဆိုသည့် ဆိုင်းဘုတ်များက လမ်းတိုင်းတွင် ပိုလို့တွေ့လာရသည်။ ယခင်က ငှားချင်လို့ ဆိုလျှင် ဟိုမေး သည်မေးလုပ်ပြီးစုံစမ်းခဲ့ရသည်။ ပွဲစားတွေလိုက်ရှာရသည်။ လမ်းထိပ်ကကွမ်းယာဆိုင်တွေကို မေးရသည်။ ယခုအခါ သွားလိုက်သည့် လမ်းတော်တော်များများရှိ မြေညီထပ်တိုက်ခန်းတို့၏တံခါးဝတွင် ဗီနိုင်းလေးများဖြင့် ပိုင်ရှင်ကိုယ်တိုင်ငှားမည်ဆိုသည့် ဆိုင်းဘုတ်ကလေးများကိုတွေ့လာရသည်။
ယခင်က ရန်ကုန်မြို့၏ မြို့တွင်း မြေညီထပ် အခန်းငှားခဈေးသည် အရမ်းကြီးမားလှ၏။တောင်းသည့်ဈေးပေးပြီး ငှားတာတောင်မှ အခန်းမလွတ်သဖြင့်နေရာမရကြသည့် အဖြစ်ရှိခဲ့၏။
ယခုကာလတွင် ဈေးချပြီး ပိုင်ရှင်ကိုယ်တိုင်ငှားပါမည် ဆိုတာတောင် သိပ်ပြီးမငှားနိုင်ကြတော့ပေ။ ဖုန်းဆက်ပြီး ဈေးနှုန်းစုံစမ်းကြည့်တော့လည်း ယခင်ကထက်ငှားရမ်းခ နည်းသည်ဆိုသော်လည်း ဈေးရောင်းချမည့်သူများ အနေနှင့် အခြေအနေ အကြောင်းကြောင်းကို စဉ်းစားပြီးနောက်တွန့်နေကြသည်။
နေဖို့အတွက်စဉ်းစားကြသူများအနေနှင့်လည်း ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေရ ဝင်ငွေရလမ်းတို့က ယုတ်လျော့ နေရာ စားရေးဝတ်ရေးနေရေးထိုင်ရေးကို ချွေတာ ခြိုးခြံ လျော့ချ နေရရာ “ပိုင်ရှင်ကိုယ်တိုင် ငှားမည်”ဆိုသည့် ဆိုင်ဘုတ်ကလေးများကိုတွေ့တိုင်း ဖုန်းနံပါတ်မှတ်ထားပြီး ဆက်သွယ်ကြည့်မိသည်။ ဘယ်မြို့နယ်၊ဘယ်တိုက်ခန်း ကတော့ ဈေးဘယ်လောက်သက်သာလေမလဲဆိုပြီးနှိုုင်းယှဉ်ကြည့်မိသည်။
ငှားရမ်းမှုသက်တမ်းသည်လည်း ၁ နှစ်ချုပ်ရမည်ဆိုသောအနေအထားမှ ၆ လဖြစ်သွားသည်။ အချို့နေရာများ က ၃ လထိပင်လျော့ကျသွား၏။ မိမိလက်ရှိငှားနေသည့်တိုက်ခန်းက ၆ လွှာတွင်ဖြစ်သည်။မြို့လယ်ခေါင်တွင်ရှိသည်။ ယခင်ငှားရမ်းခ၏ ထက်ဝက်နီးပါးအထိကိုလျော့ချပေးထားသည်။နောက်ပိုင်း ပိုပြီးအခက်အခဲဖြစ်လာသဖြင့် ပိုင်ရှင်ဖြစ်သူအား တစ်လပေးစနစ်ဖြင့်ခွင့်တောင်းရာ ခွင့်ပြုသဖြင့်သာတော်တော့သည်။အခန်းခကတော့ တစ်လချင်းပေးပေး ၆လပေးပေးရသည်က ပေးရမည်။ အခန်းငှားရမ်းနေထိုင်သူ၏ အခက်အခဲကြောင့် တစ်လုံး တစ်ခဲတည်းပေးဖို့ ခက်ခဲသည်ကို အိမ်ရှင်ဖြစ်သူ ပုဂ္ဂိုလ်များကလည်း နားလည်ပေးနိုင်ကြသည်ကို အထူးပင် ကျေးဇူးတင်နေရသည်။
ယခင်က အဆောင်ဖွင့်ခဲ့ဖူးသည်။အခန်းငှားခများသည် စာချုပ်သက်တမ်းပြည့်၍ တစ်ခါစာချုပ်တိုင်း ငှားရမ်းခကို အခန်းရှင်တို့က တိုးပြီးတောင်းရာ၊ မိမိလည်း အဆောင်လာနေထိုင်သူ တစ်ဦးချင်းစီအပေါ်တွင် တိုးပြီးတောင်း ခဲ့ရသည်။ ကိုဗစ်လှိုင်း၏တိုက်ခတ်မှုကြောင့် အဆောင်နေသူတို့ ၎င်းတို့၏ မွေးရပ်မြေ အသီးသီးပြန်ကုန်ကြရာ အရင်းပါ လုံးပါးပါးလာသဖြင့် အဆောင်ပိတ်လိုက်ရသည်။
ယခုအခါ လူလတ်တန်းစားနှင့်အောက်ခြေလူတန်းစားတို့အတွက် အခက်အခဲဖြစ်ရာကာလတစ်ခုအဖြစ် ဖြတ်သန်းနေရသည်။လူလတ်တန်းစားတို့အနေနှင့် ၎င်းတို့ပိုင်ဆိုင်ထားသော အခန်းတို့တွင် ငှားရမ်းနေထိုင်သူတို့ ကာလအတော်ကြာလက်လွှတ်ပြီး အခန်းလွတ်အနေဖြင့်ထားရသည်။ငှားရမ်းနေထိုင်သူတို့မှာလည်း စားရိတ် ကြီးမြင့်လာမှုနှင့် ဝင်ငွေရကြောင့်နည်းလမ်းကနည်းပါးနေသဖြင့် ရန်ကုန်မြေကို စွန့်ခွာနေသူတို့လည်းများ လာသည်။
ထိုအခါအခန်းရှင်တို့အနေနှင့် ၎င်းတို့ပိုင်ဆိုင်သည့်အခန်းများအား ဒီအတိုင်းထားသည်ထက် ထိုက်သင့်သော ငှားခရရှိအောင် လုပ်ဆောင်လာသည်။အခန်းပိုင်ရှင်များအနေနှင့် မိမိတို့အခန်းအား ပွဲစားထံအပ်နှံထား သော်လည်း ငှားရမ်းမှုကြံ့ကြာမည်ဆိုးသဖြင့် “ပိုင်ရှင်ကိုတိုင်ငှားမည်” ဟူသော ဆိုင်းဘုတ်ကိုလည်းတပ်ဆင်၍ ငှားရမ်းနေထိုင်မည့်သူတို့အကြိုက် မက်လုံးပေးနေရပါကြောင်း။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
Upcoming Property Events
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service