516 Views

မိသားစုချစ်စဖွယ်ဓာတ်ပုံလေးတွေနဲ့ အိမ်အလှဆင်ကြမယ်

 

အိမ်တွင်းပြင်ဆင်ဖို့အတွက် နည်းလမ်းတွေ စဉ်းစားနေရလို့ စိတ်ညစ်နေပြီလား။ လိုလျှင်ကြံဆနည်းလမ်းရပါသတဲ့။ ဈေး ကြီးပေးဝယ်ရတဲ့ အိမ်အလှဆင်တဲ့ ပစ္စည်းတွေကလည်း ယ နေ့ခေတ်မှာ စုံစိပေါများလို့။ ဈေးနှုန်းတွေကလည်း အနား တောင်ကပ်ကြည့်လို့မနိုင်တဲ့ ဈေးနှုန်းတွေရှိနေတာမို့။

ဒီတော့ ကိုယ့်အိမ်ကလေးကို အလှလည်းဆင်ချင်တယ်။ စိတ်ကူးကလည်းထူးထူး ခြားခြားမရှိ။ အလှဆင်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေက လည်းမတတ်နိုင် ဖြစ်နေလို့ အခက်တွေ့နေ ရတဲ့ အိမ်ရှင်တွေအတွက် အင်မတန်မှလွယ်ကူပြီး ဖန်တီး ရ သက်သာတဲ့ နည်းလမ်းကလေးပြောပေးမယ်နော်။

 

 

ကိုယ့်နေအိမ်အခန်းလေး ချစ်စရာကောင်းပြီး လှပသွားဖို့ ထူး ထူး ခြားခြားလိုအပ်မယ့်အလှပြင်ပစ္စည်း တွေလိုအပ်တာမ ဟုတ်ပဲ အိမ်မှာရှိတဲ့ မိသားစုဝင်တွေရဲ့ အမှတ်တရဓာတ်ပုံ တွေပါပဲ။ အယ်လ်ဘမ်ထဲမှာပဲ ထည့်သိမ်းထားတဲ့ ချစ်စဖွယ် မိသားစု အမှတ်တရဓာတ်ပုံလေးတွေက အိမ်ရဲ့ အလှအပ အဖြစ်အသုံးချမယ်ဆိုရင်လည်း ထူးထူးခြားခြားနဲ့လှပသွား နိုင်မှာပါ။ အိမ်သားတစ်ဦးချင်းစီ ဖေဖေ၊ မေမေ၊ သားသား၊ မီး မီး၊ ဘိုးဘွား၊ အန်တီ ဦးလေး၊ ညီအစ်ကိုမောင်နှမတွေ ရိုက် ကူးထားတဲ့ အမှတ်တရဓာတ်ပုံလေးတွေနဲ့ နေအိမ်ခန်းလေး တွေကို ထူးခြားပြီးလှပအောင်ဖန်တီးလို့ရမှာပါ။

 

 

ပုံမှာပြထားတဲ့အတိုင်းပါပဲ။ အိမ်ရဲ့နံရံကျယ်တွေမှာ နံရံကပ် စက္ကူလိုလုပ်ထားတဲ့ အိမ်သားတွေရဲ့အမှတ်တရဓာတ်ပုံကို နံရံကပ်ပြီး ဖန်တီးနိုင်ပါတယ်။ နောက် ဘောင်လှလှလေးနဲ့ အိမ်ရဲ့မိသားစုဝင်ဓာတ်ပုံကို ကဗျာဆန်ဆန် စာလုံးလေး တွေကပ်ပြီး အိမ်ရဲ့ဧည့်ခန်းလိုနေရာမှာ ချိတ်ဆွဲထားနိုင်ပါ တယ်။

 

 

အချို့အိမ်တွေရဲ့နံရံမှာ လက်တံနဲ့သွားနေတဲ့ နာရီအကြီးကြီး တွေ ရှိတတ်ပါတယ်။ အဲ့ဒီနာရီမှာ နာရီလက်တံလည်နေတဲ့ နာရီနံပါတ်လိုနေရာမှာ နံပါတ်စဉ်တွေမဟုတ်ပဲ ကလေးငယ် သားသားမီးမီးတို့ရဲ့ ငယ်ဘဝပုံရိပ်ဓာတ်ပုံလေးတွေကပ်ပြီး အလှဆင်နိုင်ပါသေးတယ်။

 

 

ကိုယ်ပိုင်စာကြည့်ခန်း၊ အိပ်ခန်း၊ ထမင်းစားသဖြင့် စတဲ့အခန်း တွေမှာလည်း ကိုယ်ပိုင်ချစ်စရာဓာတ်ပုံလေးတွေကို ဘောင် လှလှလေးတွေ၊ နောက်ခံလှလှ တန်းကလေးတွေ လုပ်ပြီးလှ လှပပချိတ်ဆွဲအလှဆင်လို့ရနိုင်ပါတယ်။

 

 

နောက် ကိုယ်ပိုင်အသုံးပြုမယ့် စာကြည့်မီးဒိုင်ခွက်၊ ဖယောင်း တိုင်အလှပြီး၊ စားပွဲတင်နာရီ၊ အလှပန်းအိုး၊ အလှတင်မှန် ဘောင် စတဲ့ တစ်ကိုယ်ရည်သုံး အသုံးအဆောင်လေးတွေမှာ လည်း မိသားစုဓာတ်ပုံလေးတွေထည့်သွင်း အလှဆင်လိုက် မယ်ဆိုရင်လည်း ထူးထူးခြားခြားလေး ရှိနိုင်ပါတယ်။

 

 

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App