1201 Views

ထူးခြားတဲ့ဒီဇိုင်းတည်ဆောက်မှုနဲ့ နေအိမ်တွင်းကလှေကား ထစ်လေးတွေ

 

 

တီထွင်ဖန်တီးနိုင်မှုရှိခြင်းကလည်း အများတကာကထက်သာ လွန်ပြီးတော့ လူအများရဲ့ စိတ်ဝင်စားနှစ်ခြိုက်ခြင်းကို ရရှိလာ စေနိုင်မှာဖြစ်ပါတယ်။ သာမန်ထက် ထူးခြားတဲ့ ဒီဇိုင်းအပြင် အဆင်တွေကြောင့် စွဲဆောင်မှုရှိပြီး နှစ်လိုဖွယ်ကောင်းနေတဲ့ ဖန်တီးမှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
အထပ်ပါတဲ့ အိမ်တိုက်တာကြီးတွေရဲ့ အပြင်အဆင်နဲ့ စွဲ ဆောင်မှုအဖြစ် ဖန်တီးလို့ရနိုင်သေးတာက အပေါ်ထပ်နဲ့ အောက်ထပ်ကို သွားလာနိုင်တဲ့လှေကားထစ်တွေပါပဲ။ သာ မန်ရိုးရိုးဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ လှေကားထစ်တွေဆို ရင်တော့လည်း  ထူးခြားတဲ့ခံစားမှုတွေမရရှိပေမယ့်လည်း အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့်လှေ ကားထစ်လေးတွေက သာမန်ထက်ထူးခြားပြီး ဆန်းကြယ် တာကြောင့် ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။

 


ခါတိုင်းတည်ဆောက်နေကျ ပြင်ညီအဆင့်လှေကားထစ်လို မဟုတ်ပဲ တန်းတစ်ခုလိုရိုက်ထားပြီး စက္ကူသေတ္တာငယ်လေး လို စီထားတဲ့ လှေကားထစ်ဒီဇိုင်းလေးက ထူးခြားပါတယ်။ လူတစ်ယောက်လျှောက်စရာ နေရာလေးတွေရဲ့ဘေးမှာ လည်း ကိုယ်ကြိုက်နှစ်သက်တဲ့ အလှပန်းအိုးအလှဆင် ပစ္စည်းလေးတွေချထားပြီး အလှဆင်နိုင်ပါတယ်။
အခန်းထောင့် နံရံနားမှာကပ်မှီပြီး အောက်ဖက်ကထောက် တိုင်တစ်ခုမှမပါပဲ လှေကားထစ်ဆောက်သွားတာက တည် ဆောက်သူရဲ့ ကျွမ်းကျင်မှု အရည်အချင်းပါပဲ။ ဒီဇိုင်းအပြင် အဆင်ထူးခြားမှု မရှိပေမယ့်လည်း လှေကားမှာ သုတ်ခြယ် ထားတဲ့ အရောင်ကတော့ သာမန်ထက်ထူးခြားတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။

 


3D ဒီဇိုင်းခေတ်စားလာလို့ လှေကားထစ်တွေကိုလည်း 3D ပုံ ဖော်ပြီး ပြုလုပ်နိုင်ပါတယ်။ လက်ရမ်းနဲ့ လှေကားထစ်တွေလို မဟုတ်တဲ့ ထောက်ကန်ထားတဲ့ ထောက်တိုင်တွေအသုံးမပြု ပဲ တောင့်တင်းခိုင်မာပြောင်လက်နေတဲ့ သစ်သားပြားကိုအဓိ က အသုံးပြုပြီး နံရံမှာထောက်ကန် တွဲလျားချထားသလို ဒီ ဇိုင်းဖန်တီး ပုံဖော်ထားတာဖြစ်ပါတယ်။ ကဗျာဆန်ဆန်ဖြစ်ပြီး ကျယ်ဝန်းတဲ့ လှေကားနေရာအနေအထားကြောင့် လှေကား ပေါ်ထိုင်ပြီးနားနေတာတို့၊ စာအုပ်တွေ ဖတ်ရှုနေတာတို့ စသ ဖြင့် စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။

 


အခုနောက်ပိုင်းမှာ ဒီဇိုင်းဆွဲပြင်ဆင်လာကြတဲ့ ဗိသုကာ ပ ညာရှင်တွေက လှေကားထစ်ကို သာမန်အတက်အဆင်း လှေကားထစ်တွေချည်းပဲ မတည်ဆောက်တော့ပဲ စိတ်လှုပ် ရှားစရာကောင်းတဲ့ ဒီဇိုင်းပုံစံတွေ ထည့်သွင်းတည်ဆောက် လာကြပါတယ်။ ကလေးတွေပျော်ရုံမက လူကြီးတွေပါစိတ် လှုပ်ရှားစေမယ့် လှေကားထစ်အပြင် ဘေးဘက်က လျှောစီး ဆင်းသွားလို့ရတဲ့ လျှောလေးတွေပါတည်ဆောက်ပေးထား တာဖြစ်ပါတယ်။ လှေကားနဲ့ဆင်းရမှာ မကြိုက်တော့ဘူးဆို ရင်တော့ အဲ့ဒီလျှောလေးကနေပဲ ပျော်ပျော်ကြီးဆင်းသွား လို့ရနိုင်ပါတယ်။

 


လှေကားထစ်ကတော့ သာမန်လှေကားထစ်လေးတွေပါပဲ။ ဒါပေမယ့် သူ့မှာ ထူးခြားတာကတော့ လှေကားထစ်လေး တွေရဲ့ ဘေးဘက်က လက်ရန်းပါပဲ။ တကယ်ပဲ သစ်ပင်တစ် ပင်ရဲ့ အကိုင်းအခတ် အမြစ်တွေတွယ်ပြီး တက်နေတာက လှေကားရဲ့ လက်ရမ်းတွေအဖြစ် ဖန်တီးထားတဲ့အတိုင်းပါပဲ။ အရမ်းကို ထူးခြားပြီးဆန်းကြယ်တဲ့ လှေကားဒီဇိုင်းလေးတစ် ခုပါပဲ။
ပန်းပွင့်ဖတ်လေးတွေအဖတ်လိုက်မှာ မြွေလိမ်မြွေကောက် တက်သွားရတဲ့ လှေကား ဒီဇိုင်းလေးကလှပပြီး ချစ်စရာ ကောင်းပါတယ်။

 


စန္ဒရားခလုတ်လေးတွေအလား အဖြူအမဲကိုသာရွေးချယ် ထားပြီးပြုလုပ်ထားပြီး လှေကားဒီဇိုင်းလေးပါပဲ။ ထူးခြားတာ က ဘယ်လိုထောက်တိုင်တွေကိုမှ အသုံးမပြုပဲ ဘေးဘက် နံရံကိုသာ အဓိကအားထားပြီး စိုက်ထည့်ထားတဲ့ ခြေနင်းပြား လှေကားထစ်လေးတွေပါပဲ။

 

 

 

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App