256 Views

အိမ်နံရံလေးရှင်းလင်းနေတဲ့အခါ DIY wall- art တွေနဲ့အလှဆင်ပါ

အိမ်တစ်အိမ်ရဲ့ပြင်ဆင်မှုဟာ အိမ်တွင်းနေထိုင်သူများရဲ့ပျော်ရွင်မှုနဲ့တိုက်ရိုက်အချိုးကျပါတယ်။ စိတ်မပျော်တဲ့အခါ အိမ်ကိုလှအောင်ပြင်ဆင်လိုက်ပါ။ ပျော်ရွှင်မှုကိုခံစားရပါလိမ့်မယ်။ ပြောင်းလဲတိုးတက်လာတဲ့ခေတ်ရေစီးကြောင်းအလိုက် လှုပ်ရှားရုန်းကန်နေရသူများရဲ့စိတ်ထဲမှာ ကိုယ့်အရင်းနှီးဆုံးမိသားစု၊ချစ်သူတွေကိုတောင် ထုတ်ဖော်မပြောပြချင်မယ့် ခံစားချက် သံစဉ်အပြင်းစားတွေရှိနေတတ်ပါတယ်။

ဒါတွေကိုချိန်ညှိဖို့နဲ့ ကိုယ်နေထိုင်ရာ တိုက်ခန်း၊အိပ်ခန်းအတွင်းမှာပဲ ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင်ကုစားနိုင်ဖို့ အေးချမ်းလှပတဲ့အသွင်နဲ့ငွေမကုန်စေပဲ လူကိုယ်တိုင်ပြင်ဆင်နိုင်မယ့် DIY အိမ်နံရံပြင်ဆင်မှု Decoration Idea လေးများကို မျှဝေပေးလိုက်ပါတယ် ။

 

နံရံပေါ်က အမှတ်တရများ

ပစ္စုပ္ပန်တည့်တည့်ကိုကြည့်ဖို့ ပြောကြတယ်။ ပစ္စုပ္ပန်မှာမပျော်ရင်ရော ဘာဆက်လုပ်ရမလဲ? အတိတ်ကပျော်ခဲ့တဲ့အမှတ်တရတွေဆီပြန်သွားရတာပေါ့။ မွန်းကျပ်တဲ့နေ့ရက်တွေက မပြီးဆုံးနိုင်တဲ့မှတ်တိုင်တွေလို တရစပ်ရောက်ရှိလာတဲ့အချိန်မှာ ခဏလေးစိတ်ကိုရှင်းလိုက်ပြီး အတိတ်ကအမှတ်တရတွေဆီကိုပြန်သွားလိုက်ပါ။ အကောင်းဆုံးကတော့ အမှတ်တရကောင်းတွေသိမ်းဆည်းထားမယ့် gallery wall လေးတစ်ခုပါပဲ။

ဓာတ်ပုံလေးတွေထည့်ဖို့အတွက် ဘောင်လှလှလေးတွေကို အဟောင်းတန်းမှာရွေးဝယ်နိုင်ပြီး ပုံလှလှလေးတွေနဲ့အလှဆင် ပန်း၊စာအုပ်လေးတစ်အုပ်နှစ်အုပ်နဲ့ နံရံပေါ်မှာ အမှတ်တရလေးဟာ ကိုယ့်အတွက်လည်း စိတ်ကို အေးချမ်းကြည်နူးနိုင်သလို ဧည့်သည်တွေလာလည်တဲ့အခါမှာလည်း စိတ်ဝင်တစားမေးမြန်းစရာနေရာလေးဖြစ်နေပါလိမ့်မယ်။

 

 


အဖြူလွှလွှ ဇာပါးကွက်များ

သင့်ရဲ့စိတ်ထဲကို ထိုးဖောက်ပြီး နူးညံ့သန့်စင်ခြင်းများပေးစွမ်းနိုင်မယ့် နောက်ထပ်တံခါးချပ်တစ်မျိုးကတော့ ဖြူလွှသစ်လွင်နေတဲ့ ဇာပါးတွေပါပဲ။ ဇာအပါးစများကို ကိုက်ဖြတ်ပြီး ဓာတ်ပုံဘောင်တွင်းထည့်အလှဆင်ခြင်းဟာ ဈေးကြီးပေးဝယ်ရတဲ့ပန်းချီကားတစ်ချပ်ထက် သာလွန်ကောင်းမွန်ပြီးအနုပညာမြောက်ပါတယ်။

ဇာကွက်ဝိုင်းဝိုင်းလှလှလေးများဖြစ်ဖို့တော့လိုပါမယ်။ ဇာပုဝါတစ်ကိုက် ဓာတ်ပုံဘောင်အနည်းငယ်ရှိရုံနဲ့ ကိုယ်တိုင်ကိုယ်ကျ စိတ်ကူးရှိရာဖန်တီးနိုင်တာမို့ ငွေကုန်ကြေးကျမများပါဘူးနော်။

 

 

 

အရောင်များကပေးသော စိတ်ထွက်ပေါက်

 

အရောင်နုနုလေးတွေကိုကြည့်ရင်းနဲ့ စိတ်ကိုဖြေလျော့လိုက်ပါ။ အရောင်နု Pixelized Accent Wall လေးကို ကိုယ့်အိပ်ခန်းမှာလည်း ထားရှိနိုင်သလို အတွေးဉာဏ်တို့ ကွန့်မြူးရာအလုပ်ခန်းမှာလည်း ထားရှိနိုင်ပါတယ်။ အရောင်နုလေ စိတ်ကိုအေးချမ်းလေမို့ ပုံထဲမှာ ပြထားသလိုမျိုး အရောင်နုနု Pixelized Accent Wall အလှလေးတွေကို ရွေးချယ်ပြီး နံရံမှာ ချိတ်တင်ထားလိုက်ပါနော်။

 

 

သဘာဝဆန်တဲ့ boho fiber macrame

ကိုယ့်အိမ်ကလှပတဲ့နံရံ Wall ကြီးကို ဗြောင်ထားမယ့်အစား boho fiber macrame ကြိုးလေးတွေနဲ့အလှဆင်နိုင်ပါတယ်။ ချည်ကြိုးယက်လုပ်တတ်သူတွေအတွက်ဆိုရင်တော့ Hand Made အဖြစ်အလွယ်တကူလုပ်နိုင်ပါလိမ့်မယ်။ ရိုးရှင်းပြီးချစ်စရာကောင်းတဲ့ macrame လေးတွေနဲ့အလှဆင်လိုက်ရအောင်။

 

 

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App