404 Views

အိမ်တွင်းကနေရာလေးတွေကို ဒီလိုနည်းလမ်းလေးတွေနဲ့ ခြိုးခြံ ကြည့်ရအောင်

အိုင်ဒီယာစိတ်ကူးကောင်းကောင်းတွေ ထုတ်တတ်တဲ့ ဦးနှောက်က အဖိုးတစ်သိန်းထက်တောင် ပိုပြီးအဖိုးတန်ပါသေးတယ်။  သူများ တွေထက်သာလွန်တဲ့ အတွေးအခေါ်တွေ တွေးနိုင်ပြီး တီထွင်ကြံ ဆနိုင်တဲ့အတွက် သူများတကာတွေ ထက်ပိုပြီးတော့ နေရထိုင်ရအ ဆင်ပြေသက်တောင့်သာ ရှိနေတတ်ပါတယ်။

အခုလည်း သင်တို့ရဲ့ နေအိမ်တွေရဲ့ အကျဉ်းအကျယ်ကို လိုက်ပြီး ပြင်ဆင်နေထိုင်နည်းနဲ့ ပတ်သက်ပြီး အိုင်ဒီယာစိတ်ကူးကောင်းလေး တွေနဲ့ အသုံးချလို့ရနိုင်မယ့် နည်းလမ်းလေးတွေ ဖော်ပြပေးချင်ပါ တယ်။ နေအိမ်ရဲ့ ပရိဘောဂအသုံးအဆောင် တစ်ခုထားသိုတဲ့ နေ ရာတွေကနေ အခြားနည်းလမ်းမျိုးစုံကို အသုံးချပြီးပြောင်းလဲနိုင်တဲ့ အတွက်ကြောင့်မို့လို့ တကယ့်ကိုအသုံးဝင်တဲ့ နည်းလမ်းလေးတွေ ကို လေ့လာကြည့်ရအောင်…..

 


၁။ လှေကားထစ်အောက် နေရာလေးကို ဒီလိုမျိုးလေးတွေနဲ့ ပြောင်း လဲပြီး ပြင်ဆင်လို့ရပါတယ်။ အမှန်ဆို လှေကားအောက်လေးတွေ က ဒီအတိုင်းနေရာအလဟဿဖြစ်မယ့်အစား အခုလိုမျိုး အံဆွဲအ ကန့်လေးတွေလုပ်ပြီး အရာဝတ္တုပစ္စည်းတွေ သိမ်းဆည်းထားလို့ရနိုင် အောင်လုပ်လို့ရပါတယ်။

 



၂။ သာမန်စားပွဲခုံမျိုးဆိုရင်တော့ အလယ်ခေါင် စားပွဲနဲ့ ဘေးဘက် ထိုင်ခုံ လေးငါးလုံးအတွက်ဆိုရင် လုံလောက်တဲ့နေရာအကျယ်တစ် ခုတော့ ပေးရမှာပါ။ ဒါပေမဲ့ အခု ဒီလိုမျိုးဆက်တီ ထိုင်ခုံလေးက တော့ထိုင်ခုံလေးတွေ အသုံးပြုထိုင်လို့ပြီးတဲ့အခါ အလယ်ခေါင်စား ပွဲထဲကိုပဲ ထိုင်ခုံလေးတွေထိုးထည့်ပြီး သိမ်းဆည်းလို့ရတာကြောင့် နေရာကျယ်ကျယ်ပေးစရာလည်း မလိုပါဘူး။

 



၃။ အိပ်ရာကုတင်အဖြစ်လည်း အသုံးပြုလို့ရသလို၊ ဆိုဖာထိုင်ခုံ၊ စာအုပ်စင် တန်းအဖြစ်လည်း ပြောင်းလဲ အသုံးပြုရနိုင်မယ့် ခေါက် ကုတင်လေးပါ။ အိပ်ချိန်ဆိုရင် ကုတင်အဖြစ်ခင်းချ အသုံးပြုနိုင်ပြီး မအိပ်တော့တဲ့ အခါမျိုးမှာ ခေါက်ထောင်ထားပြီး ဆိုဖာထိုင်ခုံမှာ ထိုင်လို့ရနိုင်တာပဲ ဖြစ်ပါတယ်။

 



၎။ ထမင်းစား စားပွဲလို စားပွဲခုံတန်းရှည်ရှည်က သင့်အိမ်က ကလေး ငယ်တွေ၊ အိမ်သားတွေအတွက် ဘိလိယက်၊ စားပွဲတင်တင်းနစ်ဖြစ် သွားနိုင်ပါတယ်။ အပေါ်ဖက်ကအုပ်ထားတဲ့ စားပွဲအခင်းကိုလျှောဖွင့် လိုက်ရုံနဲ့ ကျင်း ၆ ကျင်းပါတဲ့ ဘိလိယက်ခုံလေးမှာ အသင့်ကစား လို့ ရနိုင်မှာပါ။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App