247 Views

ခရစ္စမတ်အတွက် နေအိမ်တွေမှာ အလှဆုံးပြင်ဆင်နိုင်စေဖို့…..

ကဲ ... စာဖတ်ပရိတ်သတ်ကြီးတို့ရေ….. ဒီဇင်ဘာလနှင်းစက်တွေနဲ့အတူ မကြာခင်မှာကျရောက်လာတော့မယ့် ခရစ္စမတ်အတွက် ဘာတွေကြိုတင်ပြင်ဆင်ပြီး ရင်ခုန်‌နေကြပြီးပြီလဲ…။ ခရစ္စမတ်ရက်ပိုင်းမှာ မိသားစုဝင်နဲ့ အိမ်တိုင်းအိမ်တိုင်းမှာ ‌ပျော်ပွဲရွှင်ပွဲလေးတွေ၊ စားပွဲ‌သောက်ပွဲလေးတွေ ပြုလုပ်ပြီးပျော်ရွှင်ကြပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့ ခရစ္စမတ်နဲ့အတူ နေအိမ်ကလေးကို ချစ်စရာကောင်းအောင်ပြင်ဆင်ရတာလည်း ခရစ္စမတ်မှာပဲ ခံစားလို့ရတဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုတစ်ခုပါပဲ။ ကိုယ့်နေအိမ်လေးကို ဘယ်လိုမျိုးချစ်စရာကောင်းပြီး လှပအောင် ခရစ္စမတ်အငွေ့အသက်၊ အပြင်အဆင်တွေနဲ့ ဘယ်လိုပြင်ဆင်လို့ရနိုင်မလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ ခရစ္စမတ်အတွက် နေအိမ်မှာ ပြင်ဆင်ဖို့အဓိကလိုအပ်တဲ့ ပစ္စည်းလေးတွေ ဝယ်ယူစုဆောင်းထားပါ။ ခရစ္စမတ်သစ်ပင်လေးတွေ၊ ရောင်စုံမီးသီးလေးတွေ၊ ဖဲပြားလေးတွေ၊ ငွေရောင် နှင်းပွင့်ချပ်ပြားလေးတွေ၊ စန်တာကလော့ ဘိုးဘိုးအရုပ်ငယ်လေးတွေ၊သစ်ပင်ငယ်လေးတွေ၊ လက်ဆောင်ပါဆယ်ထုတ်လေးတွေ၊ ခရစ်စ္စမတ် အင်္ကျီ၊ ခြေအိတ်၊ ဦးထုပ်ငယ်လေးတွေ။

ဆုတောင်းစာတိုစလေးတွေ၊ ဘောလုံးလေးတွေ၊ ချစ်စရာအရုပ်ငယ်လေးတွေ၊ ဖယောင်းလေးတွေ၊ စသဖြင့် အလှပြင်ပစ္စည်းတွေကို စုဆောင်းဝယ်ယူထားပြီး အိမ်ရဲ့ အတွင်းခန်း၊အပြင်ခန်းနေရာတွေမှာ မိမိစိတ်ကြိုက်အလှပြင်ဆင်လို့ ရနိုင်ပါတယ်။

 ၂။ အိမ်ရဲ့ အဝင်အဝဖြစ်တဲ့ အိမ်တံခါးရွက်မှာက စလို့ ခရစ္စမတ်အလှပြင်ဆင်နိုင်ပါတယ်။ တံခါးရွက်အစွန်းနှစ်ဖက်မှာ ချည်နှောင်ထားတဲ့ အစိမ်းရောင်၊အနီရောင်၊ရွှေရောင်အလှဆိုင်းကြိုးလေးတွေ၊ ခေါင်းလောင်းများ၊ ရောင်စုံ မီးသီးလေးတွေ၊ ရွှေရောင်ငွေရောင် ဖဲပြားလေးတွေနဲ့ ပန်းခွေလေးတွေ လှလှပပချိတ်ဆွဲပြင်ဆင်လို့ရပါတယ်။

 

 

 

၃။ လှေကားထစ်လေးတွေကလဲ ခရစ္စမတ်အပြင်အဆင်အတွက် အလှပဆုံးဖန်တီးပြင်ဆင်လို့ရနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။ အနီရောင် နှင်းဆီပန်းကြီးတွေ၊ ဖဲပြားအကြီးကြီးတွေနဲ့ အလှဆင်မီးဆိုင်းကြိုးတွေကို လှေကားရဲ့လက်ရမ်းမှာ ပတ်ပြီးတွဲလောင်းချချည်နှောင်ထားလို့ရပါတယ်။

လှေကားထစ် ကြမ်းပြင်အနားတွေမှာလည်း မီးလုံးလေးတွေ၊ နှင်းပွင့်အချပ်ငယ်လေးတွေ၊ ပါဆယ်ထုပ်ငယ်လေးတွေကို လှလှပပချခင်းထားမယ်ဆိုရင်လည်း ချစ်စရာကောင်းတဲ့လှေကားထစ်လေးတွေ ဖြစ်လာမှာပါ။

 ၄။ နေအိမ်ရဲ့ ဧည့်ခန်းကျယ်လို နေရာမျိုး၊ ထမင်းစားခန်း၊ မိသားစု နားနေခန်းလိုနေရာမျိုးမှာ ပြင်ဆင်မယ်ဆိုရင်တော့ ခရစ္စမတ်သစ်ပင်ကြီးကြီးတစ်ပင်နဲ့ ခရစ္စမတ် ဘိုးဘိုးကြီးကပေးမယ့် လက်ဆောင်ထုပ်ပါဆယ်လေးတွေ လုပ်ပြီးအလှဆင်နိုင်ပါတယ်။

လက်ဆောင်ပါဆယ်ထုပ်တွေ၊ အလှဆင် ပစ္စည်းလေးတွေ နဲ့ မီးတလက်လက် လင်းထိန်နေတဲ့ ခရစ္စမတ်သစ်ပင်ကြီးကတော့ တကယ့်ကို ခရစ္စမတ်ဆိုတဲ့ ခံစားမှုအတွက်ပီပီပြင်ပြင် ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။ ဒီလိုလှပတဲ့ ခရစ္စမတ်သစ်ပင်တွေကို တစ်ပင်နှစ်ပင်ရယ်လို့မှ မဟုတ်ပါဘူး။ မိမိစိတ်ကြိုက်အရွယ်အစားမျိုးစုံနဲ့ အလှပြင်ခြင်းအမျိုးမျိုးပြုလုပ်နိုင်ပါတယ်။

 

 

 

၅။ အိမ်ရဲ့ နံရံတွေ၊တိုင်တွေ၊ ထောင့်လိုနေရာမျိုးတွေ၊ ဆက်တီခုံလေးတွေမှာ ခရစ္စမတ်အလှဆင်ပစ္စည်းလေးတွေ၊ ပန်းခွေလေးတွေ၊ ပါဆယ်ထုပ်ကလေးတွေ၊ ခရစ္စမတ်အရုပ်ငယ်လေးတွေ၊ အလှဖယောင်းတိုင်လေးတွေ၊ပန်းခြင်းတောင်းလေးတွေ၊ ချထားပြီးအလှဆင်ထားလို့ ရနိုင်ပါတယ်။

 

၆။ အိမ်ခန်းအပြင် ခြံဝင်းလေးထဲမှာလည်း ခရစ္စမတ်အတွက် လှလှပပခမ်းခမ်းနားနားဖြစ်အောင် ပြင်ဆင်လို့ ရနိုင်ပါတယ်။ နှင်းပွင့်လေးတွေ ကျဆင်းနေတဲ့ ခရစ္စမတ်သစ်ပင်လေးတွေထဲ မီးရောင်စုံတဖျတ်ဖျတ်တလက်လက် လင်းထိန်နေမယ်ဆိုရင် ပိုပြီးတော့လှပပြီး ခမ်းနားသွားစေနိုင်မှာပဲဖြစ်ပါတယ်။

 

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App