196 Views

သင့် အိမ်ရဲ့အဝင်အဝလေးကို ဒီလိုလေးစွဲဆောင်လို့ရတယ်နော်

သင့်အိမ်ကို လာလည်တဲ့ ချစ်ရ၊ခင်ရတဲ့ ဧည့်သည်တွေကို ကိုယ့်အိမ်လေးရဲ့ ထူးထူးခြားခြားပြင်ဆင်ထားတဲ့ ပုံစံလေးတွေနဲ့ မဆွဲဆောင်ချင် ကြဘူးလား။ သူငယ်ချင်း အပေါင်းအသင်းတွေကြား သင့်အိမ်လေးရဲ့အကြောင်း မှတ် မှတ်သားသားရှိဖို့နဲ့ ထူးခြားလှပတယ်လို့ ချီးမွန်းခံရဖို့ကတော့ လွယ်လွယ် လေးပါပဲ။

 


ကိုယ့်အိမ်ရှေ့တံခါးဝနားကို ရောက်ရောက်ချင်းမှာပဲ အခုလိုမျိုး ထူးခြား တဲ့စိတ်ကူးလေးကို တွေးမိကြမှာမဟုတ်ပါဘူး။ အပန်းမကြီးလှပါဘူး။ အိမ် ရှေ့တံခါးဝခြေနင်း ခြေသုတ်ခုံလေးတွေကို အခုလိုပဲ ပုံစံ၊ ဒီဇိုင်းမျိုးစုံပုံဖော် ပြီး ပြင်ဆင်ထားလိုက်ပါ။

 

 

သာမန် WELCOME လို့ အဓိပ္ပါယ်ရတဲ့ခြေသုတ်ခုံ လေးတွေမဟုတ်ပဲ ထူးထူးခြားခြားနဲ့ အရောင်စုံ၊ ပုံစံမျိုးစုံရှိတဲ့ ခြေနင်းပြား လေးတွေက အိမ်ရဲ့ဝင်ဝင်ချင်းမှာပဲ ဧည့်သည်တွေကို စွဲဆောင်ပေးနိုင် မှာပါ။

 


ဒါကြောင့်မို့လို့ ဒီလိုမျိုးလေးတွေကို ကိုယ်တိုင်ကြိုးစားကြည့်ဖို့အတွက်လုပ် ပုံလုပ် နည်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကို မျှဝေပါရစေ….

 



၁။ အခုခေတ်စားနေတဲ့ မော်ဒန်ဆန်ဆန် အရောင်တောက်တောက် ဆေး ရောင်လေး တွေကို အသုံးပြုပြီး မျဉ်းကြောင်း၊ ထောင့်၊ အကွက် စသဖြင့် ပုံ စံလေးတွေကို ခြေနင်းပြားတွေမှ ရေးဆွဲအလှဆင်လို့ရပါတယ်။

 



၂။ ရီစရာအရုပ်ပုံလေးတွေ၊ သစ်သီးပုံလေးတွေကိုလည်း အရောင်စုံရေးဆွဲပြီး ပြုလုပ်နိုင်ပါတယ်။

 


၃။ မိမိအိမ်နဲ့ပတ်သက်တဲ့ မိသားစု သင်္ကေတဖြစ်ဖြစ်၊ ဂဏ္ဍာန်းအက္ခရာဖြစ် ဖြစ် ရေးဆွဲလိုက်ရင်လည်း ဆန်းကြယ်ပါတယ်။

 



၎။ ကြိုဆိုတဲ့ သင်္ကေတ HELLO နဲ့ နှုတ်ဆက်တဲ့ သင်္ကေတ BYE BYE စတဲ့ စာလုံးလေးတွေကို လားရာအတိုင်း ရေးသားထားမယ်ဆိုရင်လည်း သာမန် ထက်ပိုထူးခြားနိုင်ပါတယ်။

 



၅။ နောက်ပြီး အိမ်ရဲ့ အဝင်လျှောက်လမ်းနေရာမှာ တစ်ခုထက် မကတဲ့ ရောင်စုံခြေနင်းပြားလေးတွေ ခင်းပေးလိုက်မယ်ဆိုရင်လည်း သင့်အိမ်လေး ထဲကိုဝင်ဖို့ စိတ်လှုပ်ရှားကြပါလိမ့်မယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App