459 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

၂၀၂၃ တွင် ရေပန်းစားမည့် နေအိမ်ဒီဇိုင်းပြင်ဆင်တည်ဆောက်မှုပုံစံများ

 

[Unicode]



နှစ်သစ်တစ်ခုရောက်တိုင်း အရာရာဟာ အသစ်ကပြန်စဖို့ စိတ်လှုပ်ရှားနေကြလိမ့်မယ်လို့ ထင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာလည်း အပြောင်းအလဲတွေ၊ အသစ်ကစတင်ခြင်းတွေ လုပ်ကြလေ့ရှိပါတယ်။ နေရာထိုင်ခင်းတွေဟာ လူသားတိုင်းအတွက် အရေးကြီးပါတယ်။

ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်း၊ လုံခြုံနွေးထွေးခြင်း၊ အနားယူခြင်း၊ ကြီးပွားတိုးတက်အောင်မြင်ခြင်းတွေက နေအိမ်တွေကနေ စတင်ပါတယ်။ ဒီလိုဆိုရင် အခု နှစ်သစ်မှာ နေရာထိုင်ခင်းအသစ်နဲ့ ခေတ်စားလာမယ့် နေအိမ်အပြင်အဆင်တွေ ပြင်ဆင်တည်ဆောက်ဖို့ရာ နည်းလမ်းကောင်းနဲ့ အကြံပြုချက်လေးတွေ မျှဝေပေးချင်ပါတယ်။

 

အခုံးဒီဇိုင်းလေးတွေ

 

၂၀၂၃ တွင် ရေပန်းစားမည့် နေအိမ်ဒီဇိုင်းပြင်ဆင်တည်ဆောက်မှုပုံစံများ

 

ခပ်ဝိုင်းဝိုင်း တံခါးပေါက်၊ အဝင်အထွက်ဘောင်အခုံးလေးတွေ၊ တံခါး အခုံးတွေနဲ့ မျက်နှာ​ကြက်တွေက ၂၀၂၃ ခုနှစ်မှာ ရေပန်းစားလာမယ့် အိမ်ဒီဇိုင်းအပြင်အစင်ပုံစံ ဖြစ်ပါတယ်။ အမိုးခုံးခုံးလေးတွေက ရှေးဟောင်း ကမ္ဘာ့ရှေးဟောင်း ဗိသုကာ လက်ရာခေတ်ကို ထင်ဟပ်စေကာ ဘယ်သော အခါမှ ရိုးမသွားပဲ နေရာတိုင်းမှာလိုလို နူးညံ့သိမ်မွေ့မှု ခံစားချက်ကို ပေးပါတယ်။

 

၂၀၂၃ တွင် ရေပန်းစားမည့် နေအိမ်ဒီဇိုင်းပြင်ဆင်တည်ဆောက်မှုပုံစံများ

 

မော်ဒန်ခေတ် ဗိသုကာလက်ရာအပြင်အဆင်တွေ အပြိုင်အဆိုင်ပေါ်လာ ပေမယ့် ရှေးဟောင်းလက်ရာ အမိုးခုံးလေးတွေကလည်း နေအိမ်တွေဒီဇိုင်းပြင်ဆင်တဲ့ အခါ ရွေးချယ်သင့်တဲ့ ပြင်ဆင်မှုတွေ ဖြစ်နေဆဲပါပဲ။

 


အနွေးဓာတ်ပေးမယ့် အရောင်တွေ

 

၂၀၂၃ တွင် ရေပန်းစားမည့် နေအိမ်ဒီဇိုင်းပြင်ဆင်တည်ဆောက်မှုပုံစံများ

 

အညိုရောင်ဘက်ကို အခြေခံတဲ့ ပက်ပ်စီရောင်၊ ခရမ်းချဉ်သီး အနီရောင်၊ မြေကြီးရောင်တွေက နေအိမ်အပြင်အဆင်တွေအတွက် ၂၀၂၃ ခုနှစ်မှာ အသုံးများလာမယ့် အရောင်တွေဖြစ်ပါတယ်။

 

၂၀၂၃ တွင် ရေပန်းစားမည့် နေအိမ်ဒီဇိုင်းပြင်ဆင်တည်ဆောက်မှုပုံစံများ

တောက်ပပြီး သန်ရှင်းတဲ့ အဖြူရောင်၊ အေးမြတဲ့ မီးခိုရောင် လွှမ်းမိုးထားတဲ့ဒီဇိုင်း အပြင်အဆင်တွေကို နှစ်အတော်ကြာ အသုံးပြုပြီးနောက် လူတွေက နွေးထွေးမှုနဲ့ သာယာမှုကို ဖြစ်စေတဲ့ မြေကြီးရောင်၊ အညိုရောင်တွေကို သုံးစွဲဖို့ စိတ်ဆန္ဒပြင်းပြလာကြတာဖြစ်ပါတယ်။

 


လက်မှုအနုပညာပစ္စည်းလေးတွေနဲ့ အလှဆင်ထားတဲ့ အခန်းလေးတွေ

 

၂၀၂၃ တွင် ရေပန်းစားမည့် နေအိမ်ဒီဇိုင်းပြင်ဆင်တည်ဆောက်မှုပုံစံများ

ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက လူတော်တော်များများက သူတို့ရဲ့ ရုံးခန်းတွေမှာ အချိန်တွေ ကုန်ဆုံးခဲ့ကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ သူတွေအတွက် လက်မှုအနုပညာနဲ့ ဖန်တီးထားတဲ့ နေရာတွေက စိတ်ကျန်းမာရေးကို အထောက်အကူပြုပြီး ၂၄ နာရီ ၇ ရက် နည်းပညာ လွှမ်းမိုးတဲ့ လူနေမှုပုံစံကနေ လွတ်မြောက်ဖို့ ပံ့ပိုးကူညီပေးမှာပါ။

 

၂၀၂၃ တွင် ရေပန်းစားမည့် နေအိမ်ဒီဇိုင်းပြင်ဆင်တည်ဆောက်မှုပုံစံများ

 

စိတ်ကူးကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ လက်မှု အနုပညာ ပစ္စည်းလေးတွေကို မိမိနေထိုင်မယ့် အိမ်ခန်း၊ နေအိမ်အခန်းလေးတွေမှာ အလှပြင်ဆင်တာက ပျော်ရွှင်ကြည်နူးစရာကောင်းပြီး စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးလေးတွေလည်း ရလာမှာ ဖြစ်ပါတယ်။

 

ရွှေရောင်တွေအသုံးပြုလာမယ်

 

၂၀၂၃ တွင် ရေပန်းစားမည့် နေအိမ်ဒီဇိုင်းပြင်ဆင်တည်ဆောက်မှုပုံစံများ

ရွှေရောင်နဲ့ တောက်ပပြောင်လက်တဲ့ ကြီးကျယ်ခမ်းနားမှုတွေဟာလည်း ၂၀၂၃ ခုနှစ်မှာ လူကြိုက်အများဆုံး ရွေးချယ်မှု တစ်ခု ဖြစ်လာမှာပါ။ စိတ်ကြည်လင် အေးမြတဲ့ အရောင်တွေထက်စာရင် အနွေးဓာတ်ရစေမယ့် ရွှေရောင်တွေ၊ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်စေကာ စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်မယ့် ရွှေရောင်တွေကို နှစ်သစ်က နေအိမ် အပြင်အဆင် ဒီဇိုင်းတွေအတွက် ရွေးချယ်လာကြပါလိမ့်မယ်။ ရွှေရောင်ပါတဲ့ အခင်း၊ မျက်နှာကြက်၊ နံရံတွေအပြင် သစ်သားရောင်၊ မြေကြီးရောင် ကာလာချပ်တွေပါတဲ့ သစ်သားပရိဘောဂတွေ၊ အသုံးအဆောင်တွေ အသုံးပြုမှုကလည်း များလာနိုင်ပါတယ်။

 

အစင်းကြားအရောင်လေးတွေ

၂၀၂၃ တွင် ရေပန်းစားမည့် နေအိမ်ဒီဇိုင်းပြင်ဆင်တည်ဆောက်မှုပုံစံများ

 

၂၀၂၃ မှာ ရိုးစင်းတဲ့ အစင်းကြား ဒီဇိုင်းနဲ့ အရောင်လေးတွေကို ပိုပြီးတော့ ရွေးချယ်အသုံးပြုလာနိုင်ပါတယ်။

၂၀၂၃ တွင် ရေပန်းစားမည့် နေအိမ်ဒီဇိုင်းပြင်ဆင်တည်ဆောက်မှုပုံစံများ

 

နောက်ခံအရောင်၊ နံရံကပ်နဲ့ ဆေးသုတ်ခြင်းတွေမှာ အဖြူအမဲ အစင်းကြားဖြစ်ဖြစ်၊ တခြားသော ကွဲထွက်တဲ့ အစင်းကြား ဒီဇိုင်းလေးတွေက နှစ်သစ်မှာ နေအိမ်ဒီဇိုင်းအပြင်အဆင်အတွက် မမှားယွင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

 


အပြာရောင်နဲ့ အဓိပ္ပါယ်တွေဆောင်တဲ့ အပြင်အဆင်တွေ

 

၂၀၂၃ တွင် ရေပန်းစားမည့် နေအိမ်ဒီဇိုင်းပြင်ဆင်တည်ဆောက်မှုပုံစံများ

၂၀၂၃ ခုနှစ်က ရဲရင့်တဲ့ နှစ်တစ်နှစ် ဖြစ်ပါလိမ့်မယ်။ ရေအောက်ပင်လယ်ကြမ်းပြင်က အပြာရောင်ဟာ အခုနှစ် အတွက် ရေပန်းစားတဲ့ အရောင်ဖြစ်ပါတယ်။ တောက်ပပြီး ရဲရင့်တဲ့ အပြင်အဆင်နဲ့ အတူ အပြာရောင် ပါတဲ့ မိသားစု အမွေအနှစ် တွေကို နေအိမ်ဒီဇိုင်းအပြင်အဆင်တွေမှာ ပြန်လည်အသုံးပြုလာကြမှာဖြစ်ပါတယ်။ ဧည့်ခန်းနေရာလို အခန်းကျယ်ကြီးတွေမှာ ကြီးကျယ်ခမ်းနားတဲ့ မိသားစု အမွေ အပြာရောင် ရှေးဟောင်းပစ္စည်း အသုံးအဆောင်တွေ၊ အပြာရောင် ပန်းချီကားချပ်တွေ၊ အပြာရောင်ပါတဲ့ လက်လုပ်လက်မှုပညာတွေ၊ ဗိသုကာမြောက် လက်ရာပစ္စည်းတွေ ထားရှိအသုံးပြုနိုင်ပါတယ်။

 


သဘာဝကျောက်တုံးတွေ

 

၂၀၂၃ တွင် ရေပန်းစားမည့် နေအိမ်ဒီဇိုင်းပြင်ဆင်တည်ဆောက်မှုပုံစံများ

 

သဘာဝတရားကြီးက ရရှိလာတဲ့ ကျောက်တုံး၊ ကျောက်ပြားတွေကို အိမ်ရဲ့ မီးဖိုချောင်ကောင်တာကနေ မျက်နှာကျက်အထိ အသုံးပြုနိုင်ပါတယ်။ အိမ်ထဲက အလှရေကန်၊ ရေတံခွန်ငယ်လေးတွေမှာ အသုံးပြုတဲ့ ကျောက်တုံးလေးတွေ၊ ကျောက်ပြားကြမ်းခင်းတွေ ခပ်များများ သုံးလာတာမျိုးတွေ ရှိလာနိုင်ပါတယ်။ နောက်ပြီး ရှားပါးတဲ့ ကျောက်စိမ်းတုံး၊ ကျောက်ရိုင်းတုံးတွေကို ခေတ်မီ ဆန်းသစ်တဲ့ နည်းပညာတွေ ပေါင်းစပ်ပြီး အသုံး အဆောင်ပစ္စည်းတွေ အဖြစ် ပြန်လည်အသုံးပြုလာကြတာကလည်း ဗိသုကာ ပညာရှင်တွေရဲ့ ဖန်တီးနိုင်မှု စိတ်ကူးကောင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ အိမ်တွင်းအပြင်အဆင် အသုံးအဆောင်ပစ္စည်းတွေကြား ခမ်းနားလှပပြီး ဒီဇိုင်းဆန်းပြားတဲ့ ကျောက်သားကြမ်းပြင်၊ ကျောက်အခင်း နံရံ၊ ကျောက်တုံးအကာအရံတွေကို ကြားခံအဖြစ်အသုံးပြုခြင်းကလည်း ၂၀၂၃ ခုနှစ်အတွက် အသုံးများလာမယ့် နေအိမ်အပြင်အဆင်တွေ ဖြစ်လာနိုင်ပါတယ်။

၂၀၂၃ တွင် ရေပန်းစားမည့် နေအိမ်ဒီဇိုင်းပြင်ဆင်တည်ဆောက်မှုပုံစံများ

 

အခုဖော်ပြပေးခဲ့တဲ့ နေအိမ်ဒီဇိုင်းအပြင်အဆင်နဲ့ တည်ဆောက်မှု စိတ်ကူးတွေက အခု ၂၀၂၃ မှာ ရေပန်းစားလာမယ်လို့ ဗိသုကာနဲ့ အိမ်ခြံမြေဒီဇိုင်းပညာရှင်တွေက ခန့်မှန်းအကြံပြုချက်တွေပဲဖြစ်ပါတယ်။ iMyammarHouse စာဖတ်ပရိသတ်ကြီးလဲ ၂၀၂၃ ခုနှစ်မှာ ခေတ်နဲ့ အညီ နေအိမ် ဒီဇိုင်းပြင်ဆင်ချင်တယ်ဆိုရင် အခုဖော်ပြပါ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ကြဖို့ အကြံပေးလိုက်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit to Photo

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

၂၀၂၃ တြင္ ေရပန္းစားမည့္ ေနအိမ္ဒီဇိုင္းျပင္ဆင္တည္ေဆာက္မႈပုံစံမ်ား

 


ႏွစ္သစ္တစ္ခုေရာက္တိုင္း အရာရာဟာ အသစ္ကျပန္စဖို႔ စိတ္လႈပ္႐ွားေနၾကလိမ့္မယ္လို႔ ထင္ပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာသာမက စိတ္ပိုင္းဆိုင္ရာမွာလည္း အေျပာင္းအလဲေတြ၊ အသစ္ကစတင္ျခင္းေတြ လုပ္ၾကေလ့႐ွိပါတယ္။ ေနရာထိုင္ခင္းေတြဟာ လူသားတိုင္းအတြက္ အေရးႀကီးပါတယ္။ ေပ်ာ္႐ႊင္ျခင္း၊ ကံေကာင္းျခင္း၊ လုံျခဳံေႏြးေထြးျခင္း၊ အနားယူျခင္း၊ ႀကီးပြားတိုးတက္ေအာင္ျမင္ျခင္းေတြက ေနအိမ္ေတြကေန စတင္ပါတယ္။ ဒီလိုဆိုရင္ အခု ႏွစ္သစ္မွာ ေနရာထိုင္ခင္းအသစ္နဲ႔ ေခတ္စားလာမယ့္ ေနအိမ္အျပင္အဆင္ေတြ ျပင္ဆင္တည္ေဆာက္ဖို႔ရာ နည္းလမ္းေကာင္းနဲ႔ အၾကံျပဳခ်က္ေလးေတြ မွ်ေဝေပးခ်င္ပါတယ္။

 

အခုံးဒီဇိုင္းေလးေတြ

 

ခပ္ဝိုင္းဝိုင္း တံခါးေပါက္၊ အဝင္အထြက္ေဘာင္အခုံးေလးေတြ၊ တံခါး အခုံးေတြနဲ႔ မ်က္ႏွာ​ၾကက္ေတြက ၂၀၂၃ ခုႏွစ္မွာ ေရပန္းစားလာမယ့္ အိမ္ဒီဇိုင္းအျပင္အစင္ပံုစံ ျဖစ္ပါတယ္။အမိုးခုံးခုံးေလးေတြက ေ႐ွးေဟာင္း ကမ႓ာ့ေ႐ွးေဟာင္း ဗိသုကာ လက္ရာေခတ္ကို ထင္ဟပ္ေစကာ ဘယ္ေသာ အခါမွ ႐ိုးမသြားပဲ ေနရာတိုင္းမွာလိုလို ႏူးညံ့သိမ္ေမြ႕မႈ ခံစားခ်က္ကို ေပးပါတယ္။ ေမာ္ဒန္ေခတ္ ဗိသုကာလက္ရာအျပင္အဆင္ေတြ အၿပိဳင္အဆိုင္ေပၚလာ ေပမယ့္ ေ႐ွးေဟာင္းလက္ရာ အမိုးခုံးေလးေတြကလည္း ေနအိမ္ေတြဒီဇိုင္းျပင္ဆင္တဲ့ အခါ ေ႐ြးခ်ယ္သင့္တဲ့ ျပင္ဆင္မႈေတြ ျဖစ္ေနဆဲပါပဲ။


အေႏြးဓာတ္ေပးမယ့္ အေရာင္ေတြ

အညိဳေရာင္ဘက္ကို အေျခခံတဲ့ ပက္ပ္စီေရာင္၊ ခရမ္းခ်ဥ္သီး အနီေရာင္၊ ေျမႀကီးေရာင္ေတြက ေနအိမ္အျပင္အဆင္ေတြအတြက္ ၂၀၂၃ ခုႏွစ္မွာ အသုံးမ်ားလာမယ့္ အေရာင္ေတြျဖစ္ပါတယ္။ ေတာက္ပၿပီး သန္႐ွင္းတဲ့ အျဖဴေရာင္၊ ေအးျမတဲ့ မီးခိုေရာင္ လႊမ္းမိုးထားတဲ့ဒီဇိုင္း အျပင္အဆင္ေတြကို ႏွစ္အေတာ္ၾကာ အသုံးျပဳၿပီးေနာက္ လူေတြက ေႏြးေထြးမႈနဲ႔ သာယာမႈကို ျဖစ္ေစတဲ့ ေျမႀကီးေရာင္၊ အညိဳေရာင္ေတြကို သုံးစြဲဖို႔ စိတ္ဆႏၵျပင္းျပလာၾကတာျဖစ္ပါတယ္။

 


လက္မႈအႏုပညာပစၥည္းေလးေတြနဲ႔ အလွဆင္ထားတဲ့ အခန္းေလးေတြ

ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္တုန္းက လူေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ ႐ုံးခန္းေတြမွာ အခ်ိန္ေတြ ကုန္ဆုံးခဲ့ၾကပါတယ္။ အ႐ြယ္ေရာက္ၿပီးတဲ့ သူေတြအတြက္ လက္မႈအႏုပညာနဲ႔ ဖန္တီးထားတဲ့ ေနရာေတြက စိတ္က်န္းမာေရးကို အေထာက္အကူျပဳၿပီး ၂၄ နာရီ ၇ ရက္ နည္းပညာ လႊမ္းမိုးတဲ့ လူေနမႈပုံစံကေန လြတ္ေျမာက္ဖို႔ ပံ့ပိုးကူညီေပးမွာပါ။ စိတ္ကူးေကာင္းေကာင္းနဲ႔ ဖန္တီးထားတဲ့ လက္မႈ အႏုပညာ ပစၥည္းေလးေတြကို မိမိေနထိုင္မယ့္ အိမ္ခန္း၊ ေနအိမ္အခန္းေလးေတြမွာ အလွျပင္ဆင္တာက ေပ်ာ္႐ႊင္ၾကည္ႏူးစရာေကာင္းၿပီး စိတ္ပိုင္းဆိုင္ရာ အက်ိဳးေက်းဇူးေလးေတြလည္း ရလာမွာ ျဖစ္ပါတယ္။

 

ေ႐ႊေရာင္ေတြအသုံးျပဳလာမယ္

ေ႐ႊေရာင္နဲ႔ ေတာက္ပေျပာင္လက္တဲ့ ႀကီးက်ယ္ခမ္းနားမႈေတြဟာလည္း ၂၀၂၃ ခုႏွစ္မွာ လူႀကိဳက္အမ်ားဆုံး ေ႐ြးခ်ယ္မႈ တစ္ခု ျဖစ္လာမွာပါ။ စိတ္ၾကည္လင္ ေအးျမတဲ့ အေရာင္ေတြထက္စာရင္ အေႏြးဓာတ္ရေစမယ့္ ေ႐ႊေရာင္ေတြ၊ ႀကီးက်ယ္ခမ္းနားမႈကို ထင္ဟပ္ေစကာ စိတ္ေက်နပ္မႈ အျပည့္အဝ ေပးႏိုင္မယ့္ ေ႐ႊေရာင္ေတြကို ႏွစ္သစ္က ေနအိမ္ အျပင္အဆင္ ဒီဇိုင္းေတြအတြက္ ေ႐ြးခ်ယ္လာၾကပါလိမ့္မယ္။ ေ႐ႊေရာင္ပါတဲ့ အခင္း၊ မ်က္ႏွာၾကက္၊ နံရံေတြအျပင္ သစ္သားေရာင္၊ ေျမႀကီးေရာင္ ကာလာခ်ပ္ေတြပါတဲ့ သစ္သားပရိေဘာဂေတြ၊ အသုံးအေဆာင္ေတြ အသုံးျပဳမႈကလည္း မ်ားလာႏိုင္ပါတယ္။

အစင္းၾကားအေရာင္ေလးေတြ

၂၀၂၃ မွာ ႐ိုးစင္းတဲ့ အစင္းၾကား ဒီဇိုင္းနဲ႔ အေရာင္ေလးေတြကို ပိုၿပီးေတာ့ ေ႐ြးခ်ယ္အသုံးျပဳလာႏိုင္ပါတယ္။ ေနာက္ခံအေရာင္၊ နံရံကပ္နဲ႔ ေဆးသုတ္ျခင္းေတြမွာ အျဖဴအမဲ အစင္းၾကားျဖစ္ျဖစ္၊ တျခားေသာ ကြဲထြက္တဲ့ အစင္းၾကား ဒီဇိုင္းေလးေတြက ႏွစ္သစ္မွာ ေနအိမ္ဒီဇိုင္းအျပင္အဆင္အတြက္ မမွားယြင္းတဲ့ ေ႐ြးခ်ယ္မႈတစ္ခု ျဖစ္ပါတယ္။


အျပာေရာင္နဲ႔ အဓိပၸါယ္ေတြေဆာင္တဲ့ အျပင္အဆင္ေတြ

၂၀၂၃ ခုႏွစ္က ရဲရင့္တဲ့ ႏွစ္တစ္ႏွစ္ ျဖစ္ပါလိမ့္မယ္။ ေရေအာက္ပင္လယ္ၾကမ္းျပင္က အျပာေရာင္ဟာ အခုႏွစ္ အတြက္ ေရပန္းစားတဲ့ အေရာင္ျဖစ္ပါတယ္။ ေတာက္ပၿပီး ရဲရင့္တဲ့ အျပင္အဆင္နဲ႔ အတူ အျပာေရာင္ ပါတဲ့ မိသားစု အေမြအႏွစ္ ေတြကို ေနအိမ္ဒီဇိုင္းအျပင္အဆင္ေတြမွာ ျပန္လည္အသုံးျပဳလာၾကမွာျဖစ္ပါတယ္။ ဧည့္ခန္းေနရာလို အခန္းက်ယ္ႀကီးေတြမွာ ႀကီးက်ယ္ခမ္းနားတဲ့ မိသားစု အေမြ အျပာေရာင္ ေ႐ွးေဟာင္းပစၥည္း အသုံးအေဆာင္ေတြ၊ အျပာေရာင္ ပန္းခ်ီကားခ်ပ္ေတြ၊ အျပာေရာင္ပါတဲ့ လက္လုပ္လက္မႈပညာေတြ၊ ဗိသုကာေျမာက္ လက္ရာပစၥည္းေတြ ထား႐ွိအသုံးျပဳႏိုင္ပါတယ္။


သဘာဝေက်ာက္တုံးေတြ

သဘာဝတရားႀကီးက ရ႐ွိလာတဲ့ ေက်ာက္တုံး၊ ေက်ာက္ျပားေတြကို အိမ္ရဲ႕ မီးဖိုေခ်ာင္ေကာင္တာကေန မ်က္ႏွာက်က္အထိ အသုံးျပဳႏိုင္ပါတယ္။ အိမ္ထဲက အလွေရကန္၊ ေရတံခြန္ငယ္ေလးေတြမွာ အသုံးျပဳတဲ့ ေက်ာက္တုံးေလးေတြ၊ ေက်ာက္ျပားၾကမ္းခင္းေတြ ခပ္မ်ားမ်ား သုံးလာတာမ်ိဳးေတြ ႐ွိလာႏိုင္ပါတယ္။ ေနာက္ၿပီး ႐ွားပါးတဲ့ ေက်ာက္စိမ္းတုံး၊ ေက်ာက္႐ိုင္းတုံးေတြကို ေခတ္မီ ဆန္းသစ္တဲ့ နည္းပညာေတြ ေပါင္းစပ္ၿပီး အသုံး အေဆာင္ပစၥည္းေတြ အျဖစ္ ျပန္လည္အသုံးျပဳလာၾကတာကလည္း ဗိသုကာ ပညာ႐ွင္ေတြရဲ႕ ဖန္တီးႏိုင္မႈ စိတ္ကူးေကာင္းေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ အိမ္တြင္းအျပင္အဆင္ အသုံးအေဆာင္ပစၥည္းေတြၾကား ခမ္းနားလွပၿပီး ဒီဇိုင္းဆန္းျပားတဲ့ ေက်ာက္သားၾကမ္းျပင္၊ ေက်ာက္အခင္း နံရံ၊ ေက်ာက္တုံးအကာအရံေတြကို ၾကားခံအျဖစ္အသုံးျပဳျခင္းကလည္း ၂၀၂၃ ခုႏွစ္အတြက္ အသုံးမ်ားလာမယ့္ ေနအိမ္အျပင္အဆင္ေတြ ျဖစ္လာႏိုင္ပါတယ္။

အခုေဖာ္ျပေပးခဲ့တဲ့ ေနအိမ္ဒီဇိုင္းအျပင္အဆင္နဲ႔ တည္ေဆာက္မႈ စိတ္ကူးေတြက အခု ၂၀၂၃ မွာ ေရပန္းစားလာမယ္လို႔ ဗိသုကာနဲ႔ အိမ္ျခံေျမဒီဇိုင္းပညာ႐ွင္ေတြက ခန္႔မွန္းအၾကံျပဳခ်က္ေတြပဲျဖစ္ပါတယ္။ iMyammarHouse စာဖတ္ပရိသတ္ႀကီးလဲ ၂၀၂၃ ခုႏွစ္မွာ ေခတ္နဲ႔ အညီ ေနအိမ္ ဒီဇိုင္းျပင္ဆင္ခ်င္တယ္ဆိုရင္ အခုေဖာ္ျပပါ နည္းလမ္းေလးေတြကို လိုက္လုပ္ၾကည့္ၾကဖို႔ အၾကံေပးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit to Photo

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App