1335 Views

သင့်အိမ်အတွက်ရွေးချယ်သင့်တဲ့တံခါးအမျိုးအစား(၅)မျိုး

[Unicode]

သင့်အနေနဲ့အိမ်ရဲ့ဝင်ပေါက်မှာ ဖန်စီဆန်ဆန်ဒီဇိုင်းတွေနဲ့သင့်နာမည်ကိုချိတ်ဆွဲထားနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုအသားနဲ့လုပ်ထားတဲ့ ဘယ်လိုတံခါးအမျိုးအစားကိုရွေးချယ်မလဲဆိုတာတော့ ပိုပြီးစဉ်းစားရမှာပါ။ ခေတ်ပေါ်တိုက်ခန်းတွေမှာတော့ အဆောက်အဦတည်ဆောက်သူတွေက အိမ်တိုက်ခန်းတွေအားလုံးအတွက် ကွက်တိဖြစ်တဲ့ တံခါးအမျိုးအစားတစ်မျိုးတည်းကိုပဲရွေးချယ်ကြပါတယ်။ ဒါ့ကြောင့်သင့်အနေနဲ့ကွဲပြားခြားနား တဲ့တံခါးကိုတပ်ဆင်ဖို့ စဉ်းစားနေမိတယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့တံခါးအမျိုးအစားကိုဖေ်ာပြပေးလိုက်ပါ တယ်။

သစ်သားတံခါး

ဒီသစ်သားနဲ့ပြုလုပ်ထားတဲ့တံခါးကတော့ အိမ်ရဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ် အချိန်အကြာကြီးအသုံးပြုလို့ရ နိုင်ပါတယ်။ ကြံ့ခိုင်မူနဲ့သပ်ရပ်မူရှိတဲ့သစ်သားတွေကို အဆောက်အဦတည်ဆောက်သူတွေနဲ့ လက်သမားတွေ ကတော့ ရွေးချယ်ကြပါတယ်။ ဈေးကွက်မှာဆိုရင်လည်း အမျိုးအစားစုံလင်စွာနဲ့ ဝယ်ယူနိုင်နေပြီဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်တဲ့ငွေပမာဏပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ စာရေးသူအနေနဲ့အကြံပေးချင်တာက အိမ်ရဲ့ ဝင်ပေါက်အတွက်ကိုတော့ ကျွန်းသစ်နဲ့လုပ်ထားတဲ့တံခါးကိုသုံးစေချင်ပါတယ်။

အကြောင်းရင်ကတော့ ကျွန်း သစ်နဲ့လုပ်ထားတဲ့တံခါးက ကြံ့ခိုင်ပြီးတော့ စိတ်ချရတဲ့အတွက်ကြောင့်ပါ။ နောက်ထပ်အနေနဲ့ သင်ကခမ်းနား တဲ့ပုံပေါ်တဲ့ဝင်ပေါက်ကိုဖန်တီးချင်တယ်ဆိုရင်လည်း ဒီသစ်သားတံခါးပေါ်မှာလိုချင်တဲ့ပုံစံထွင်းထုပြီး အလှဆင် နိုင်ပါတယ်။

ဘောင်ကွတ်ထားသောတံခါး

Panelတံခါးတွေက ဘောင်တစ်ခုတည်းမှာပဲ ကွဲပြားတဲ့Panelတွေကိုအတူတူထားလို့ရပါတယ်။ ဘောင် မှာ panelကိုသစ်သားနဲ့ပြုလုပ်တာကပုံမှန်ဖြစ်ပေမယ့် ဘုတ်ပြား၊ အထပ်သား၊ ကုန်ကြမ်းအနေနဲ့အသုံးပြုတဲ့ သစ်သား စတာတွေနဲ့လည်းပြုလုပ်နိုင်ပါတယ်။ အလှဆင်ဖို့နဲ့ခေတ်မှီတဲ့တံခါးဖြစ်စေဖို့ကတော့ ကွဲပြားတဲ့Panel ဒီဇိုင်း ဒါမှမဟုတ် ဆိုင်တွေရဲ့ကိုယ်ပိုင်ဖန်တီးထားတဲ့ ယူနစ်ဖြစ်တဲ့panelတွေကို ရွေးချယ်နိုင်ပါတယ်။ မျက်လုံး နဲ့ကြည့်ရတဲ့အမြင်မှာတော့ Panel တံခါးတွေကအိမ်ရဲ့ဧည့်ခန်းအတွက် ပြီးပြည့်စုံစေပါတယ်။

မှန်တံခါး

ဖန်သားတံခါးကဘောင်ကွတ်ထားတဲ့တံခါးနဲ့ အတော်လေးဆင်တူပါတယ်။ ဖန်သားတံခါးကိုသစ်သား ဘောင်ထဲမှာမြုပ်ထားတဲ့ပုံစံလည်း ပြုလုပ်ကြပါတယ်။ ဒီလိုပုံစံပြုလုပ်ဖို့အတွက်ကုန်ကျစရိတ်ကတော့ ဘယ်လို ဖန်သားအမျိုးအစားကို အသုံးပြုမလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ ဒါပေမယ့် ဘယ်လိုဖန်သားအမျိုးအစားကိုပဲ သုံးသုံး ဖန်သားတံခါးတွေက နေ့စဉ်ပြုပြင်ထိန်းသိမ်းဖို့ နဲ့ လုံခြုံမူရှိအောင်စစ်ဆေးဖို့လိုအပ်ပါတယ်။

ဖန်သားတံ ခါးတွေရဲ့အကောင်းဆုံးအချက်ကတော့ ဒီဇိုင်းဖန်တီးထားတဲ့မီးဖိုချောင်အတွက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အိမ် နောက်ဖေးဥယျာဉ်အတွက်ပဲဖြစ်ဖြစ် ကောင်းမွန်တဲ့မြင်ကွင်းကိုပေးစွမ်းနိုင်ပါတယ်။

ဖန်သားတံခါးတွေက ဒီဇိုင် နာဖန်တီးထားတဲ့ ဖန်သား panel အစုံလိုက်ကို သစ်သားframe ထဲမှာ ထည့်သွင်းပြီးတော့လည်း panel တံခါး အဖြစ် ပြောင်းလဲနိုင်ပါတယ်။

အလူမီနီယမ်တံခါး

အလူမီနီယမ်တံခါးတွေကို နေရာတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။ အလူမီနီယမ်တံခါး ကိုအသုံးပြုတဲ့အခါ ရစေနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ ပတ်ဝန်းကျင်ရဲ့ဘယ်လိုအခြေအနေမျိုးကိုပဲဖြစ်ဖြစ် ခံနိုင်ရည်ရှိပြီး တာရှည်ခံတာတွေပဲဖြစ်ပါတယ်။ အလူမီနီယမ်တံခါးတွေက သင့်အိမ်တစ်အိမ်လုံးရဲ့အပြင်အဆင် ကိုလည်းမြင်တွေ့နိုင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အတွက် ယနေ့ခေတ်မှာတော့ မတူညီတဲ့ဘောင်တွေနဲ့ဒီဇိုင်း မျိုးစုံကို ဈေးကွက်ထဲမှာရရှိနိုင်ပြီဖြစ်ပါတယ်။

တစ်ချို့သောသူတွေက သူတိုရဲ့ရေချိုးခန်းမှာ အလူမီနီယမ်တံခါး ထားရတာကိုပိုပြီးနှစ်သက်နေတဲ့အချိန်မှာ သင်က သင့်အိမ်နောက်ဖေးဥယျာဉ်ကိုမြင်နိုင်ဖို့အတွက် အိမ်နောက်ဖေးတံခါးပေါက်အတွက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဝင်ပေါက်တံခါးတွေအတွက်ပဲဖြစ်ဖြစ် ရွေးချယ်သင့်ပါတယ်။ ဒီလို ရွေးချယ်လိုက်တာက သင့်အိမ်ပြင်ကပတ်ဝန်းကျင်အခြေအနေကိုမြင်သာစေတဲ့အတွက် သင့်စိတ်ကိုပိုပြီးကြည်နှုးစေမှာပါ။

စတီးတံခါး

အစောပိုင်းကာလတွေမှာတော့ စတီးတံခါးတွေကို စက်ရုံတွေနဲ့ Society Gateတွေမှာ အသုံးပြုကြပါ တယ်။ အခုအခါမှာတော့ စတီးတံခါးကို ဆန်းသစ်တဲ့အတွင်းပိုင်းဒီဇိုင်းနည်းစနစ်တွေနဲ့အတူ ဖန်တီးပြုလုပ်လာ တဲ့အတွက် အိမ်တွေအတွက်လည်း ရွေးချယ်စရာတွေပိုများလာပါတယ်။ စတီးတံခါးတွေက ဂဟေဆက်ရတာ လွယ်ကူတဲ့အတွက် သင့်အိမ်ကိုလှပသွားအောင် အနုစိတ်ဒီဇိုင်းတွေဖန်တီးခိုင်းလို့လည်းရပါတယ်။ စတီးတံခါး တွေက မတူညီတဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ ဈေးကွက်ထဲမှာရှိနေတဲ့အတွက် သင့်အိမ်နဲ့လိုက်ဖက်မယ့်ပုံစံကို ရွေးချယ်နိုင်ပါတယ်။

သင့်အနေနဲ့ စတီးဘောင်ကို ဖန်သား panel ပေါင်းစပ်လိုက်တာကလည်း အိမ်အလှဆင် ဖို့အတွက်အကောင်းဆုံး အိုင်ဒီယာတစ်ခုဖြစ်လာနိုင်ပါတယ်။

အခုပြောခဲ့တာတွေက စာဖတ်သူတွေအတွက်အသုံးတည့်မယ်ထင်ပါတယ်။ စာဖတ်သူအနေနဲ့လည်း အိမ်ကိုဆောက်လုပ်မယ့်သူနဲ့တွေ့လာတဲ့အခါမှာ သင့်အိမ်ပုံစံနဲ့လိုက်ဖက်တဲ့တံခါးအမျိုးအစားကာလဲဆိုတာကို သိနေပြီဖြစ်တဲ့အတွက် အများနဲ့မတူတဲ့ဒီဇိုင်းကိုဖန်တီးနိုင်မှာသေချာပါတယ်။


Credit: Myanmar Home & Decor Magazine

 


[Zawgyi]

သင့္အိမ္အတြက္ေရြးခ်ယ္သင့္တဲ့တံခါးအမ်ိဳးအစား(၅)မ်ိဳး

သင့္အေနနဲ႔အိမ္ရဲ့ဝင္ေပါက္မွာ ဖန္စီဆန္ဆန္ဒီဇိုင္းေတြနဲ႔သင့္နာမည္ကိုခ်ိတ္ဆြဲထားနိုင္ပါတယ္။ ဒါေပမယ့္ ဘယ္လိုအသားနဲ႔လုပ္ထားတဲ့ ဘယ္လိုတံခါးအမ်ိဳးအစားကိုေရြးခ်ယ္မလဲဆိုတာေတာ့ ပိုၿပီးစဥ္းစားရမွာပါ။ ေခတ္ေပၚတိုက္ခန္းေတြမွာေတာ့ အေဆာက္အဦတည္ေဆာက္သူေတြက အိမ္တိုက္ခန္းေတြအားလုံးအတြက္ ကြက္တိျဖစ္တဲ့ တံခါးအမ်ိဳးအစားတစ္မ်ိဳးတည္းကိုပဲေရြးခ်ယ္ၾကပါတယ္။ ဒါ့ေၾကာင့္သင့္အေနနဲ႔ကြဲျပားျခားနား တဲ့တံခါးကိုတပ္ဆင္ဖို႔ စဥ္းစားေနမိတယ္ဆိုရင္ေတာ့ ေရြးခ်ယ္သင့္တဲ့တံခါးအမ်ိဳးအစားကိုေဖ္ာျပေပးလိုက္ပါ တယ္။

သစ္သားတံခါး

ဒီသစ္သားနဲ႔ျပဳလုပ္ထားတဲ့တံခါးကေတာ့ အိမ္ရဲ့ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အခ်ိန္အၾကာႀကီးအသုံးျပဳလို႔ရ နိုင္ပါတယ္။ ႀကံ့ခိုင္မူနဲ႔သပ္ရပ္မူရွိတဲ့သစ္သားေတြကို အေဆာက္အဦတည္ေဆာက္သူေတြနဲ႔ လက္သမားေတြ ကေတာ့ ေရြးခ်ယ္ၾကပါတယ္။ ေဈးကြက္မွာဆိုရင္လည္း အမ်ိဳးအစားစုံလင္စြာနဲ႔ ဝယ္ယူနိုင္ေနၿပီျဖစ္တဲ့အတြက္ ကိုယ္တတ္နိုင္တဲ့ေငြပမာဏေပၚမူတည္ၿပီး ေရြးခ်ယ္နိုင္ပါတယ္။ စာေရးသူအေနနဲ႔အႀကံေပးခ်င္တာက အိမ္ရဲ့ ဝင္ေပါက္အတြက္ကိုေတာ့ ကၽြန္းသစ္နဲ႔လုပ္ထားတဲ့တံခါးကိုသုံးေစခ်င္ပါတယ္။ အေၾကာင္းရင္ကေတာ့ ကၽြန္း သစ္နဲ႔လုပ္ထားတဲ့တံခါးက ႀကံ့ခိုင္ၿပီးေတာ့ စိတ္ခ်ရတဲ့အတြက္ေၾကာင့္ပါ။ ေနာက္ထပ္အေနနဲ႔ သင္ကခမ္းနား တဲ့ပုံေပၚတဲ့ဝင္ေပါက္ကိုဖန္တီးခ်င္တယ္ဆိုရင္လည္း ဒီသစ္သားတံခါးေပၚမွာလိုခ်င္တဲ့ပုံစံထြင္းထုၿပီး အလွဆင္ နိုင္ပါတယ္။

ေဘာင္ကြတ္ထားေသာတံခါး

Panelတံခါးေတြက ေဘာင္တစ္ခုတည္းမွာပဲ ကြဲျပားတဲ့Panelေတြကိုအတူတူထားလို႔ရပါတယ္။ ေဘာင္ မွာ panelကိုသစ္သားနဲ႔ျပဳလုပ္တာကပုံမွန္ျဖစ္ေပမယ့္ ဘုတ္ျပား၊ အထပ္သား၊ ကုန္ၾကမ္းအေနနဲ႔အသုံးျပဳတဲ့ သစ္သား စတာေတြနဲ႔လည္းျပဳလုပ္နိုင္ပါတယ္။ အလွဆင္ဖို႔နဲ႔ေခတ္မွီတဲ့တံခါးျဖစ္ေစဖို႔ကေတာ့ ကြဲျပားတဲ့Panel ဒီဇိုင္း ဒါမွမဟုတ္ ဆိုင္ေတြရဲ့ကိုယ္ပိုင္ဖန္တီးထားတဲ့ ယူနစ္ျဖစ္တဲ့panelေတြကို ေရြးခ်ယ္နိုင္ပါတယ္။ မ်က္လုံး နဲ႔ၾကည့္ရတဲ့အျမင္မွာေတာ့ Panel တံခါးေတြကအိမ္ရဲ့ဧည့္ခန္းအတြက္ ၿပီးျပည့္စုံေစပါတယ္။

မွန္တံခါး

ဖန္သားတံခါးကေဘာင္ကြတ္ထားတဲ့တံခါးနဲ႔ အေတာ္ေလးဆင္တူပါတယ္။ ဖန္သားတံခါးကိုသစ္သား ေဘာင္ထဲမွာျမဳပ္ထားတဲ့ပုံစံလည္း ျပဳလုပ္ၾကပါတယ္။ ဒီလိုပုံစံျပဳလုပ္ဖို႔အတြက္ကုန္က်စရိတ္ကေတာ့ ဘယ္လို ဖန္သားအမ်ိဳးအစားကို အသုံးျပဳမလဲဆိုတဲ့အေပၚမူတည္ပါတယ္။ ဒါေပမယ့္ ဘယ္လိုဖန္သားအမ်ိဳးအစားကိုပဲ သုံးသုံး ဖန္သားတံခါးေတြက ေန႔စဥ္ျပဳျပင္ထိန္းသိမ္းဖို႔ နဲ႔ လုံျခဳံမူရွိေအာင္စစ္ေဆးဖို႔လိုအပ္ပါတယ္။ ဖန္သားတံ ခါးေတြရဲ့အေကာင္းဆုံးအခ်က္ကေတာ့ ဒီဇိုင္းဖန္တီးထားတဲ့မီးဖိုေခ်ာင္အတြက္ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ အိမ္ ေနာက္ေဖးဥယ်ာဥ္အတြက္ပဲျဖစ္ျဖစ္ ေကာင္းမြန္တဲ့ျမင္ကြင္းကိုေပးစြမ္းနိုင္ပါတယ္။

ဖန္သားတံခါးေတြက ဒီဇိုင္ နာဖန္တီးထားတဲ့ ဖန္သားpanel အစုံလိုက္ကို သစ္သားframe ထဲမွာ ထည့္သြင္းၿပီးေတာ့လည္း panel တံခါး အျဖစ္ ေျပာင္းလဲနိုင္ပါတယ္။

အလူမီနီယမ္တံခါး

အလူမီနီယမ္တံခါးေတြကို ေနရာတိုင္းမွာ က်ယ္က်ယ္ျပန္႕ျပန္႕အသုံးျပဳၾကပါတယ္။ အလူမီနီယမ္တံခါး ကိုအသုံးျပဳတဲ့အခါ ရေစနိုင္တဲ့အက်ိဳးေက်းဇူးေတြကေတာ့ ပတ္ဝန္းက်င္ရဲ႕ဘယ္လိုအေျခအေနမ်ိဳးကိုပဲျဖစ္ျဖစ္ ခံနိုင္ရည္ရွိၿပီး တာရွည္ခံတာေတြပဲျဖစ္ပါတယ္။ အလူမီနီယမ္တံခါးေတြက သင့္အိမ္တစ္အိမ္လုံးရဲ့အျပင္အဆင္ ကိုလည္းျမင္ေတြ႕နိုင္ၿပီး စိတ္ဝင္စားစရာေကာင္းတဲ့အတြက္ ယေန႔ေခတ္မွာေတာ့ မတူညီတဲ့ေဘာင္ေတြနဲ႔ဒီဇိုင္း မ်ိဳးစုံကို ေဈးကြက္ထဲမွာရရွိနိုင္ၿပီျဖစ္ပါတယ္။

တစ္ခ်ိဳ႕ေသာသူေတြက သူတိုရဲ႕ေရခ်ိဳးခန္းမွာ အလူမီနီယမ္တံခါး ထားရတာကိုပိုၿပီးႏွစ္သက္ေနတဲ့အခ်ိန္မွာ သင္က သင့္အိမ္ေနာက္ေဖးဥယ်ာဥ္ကိုျမင္နိုင္ဖို႔အတြက္ အိမ္ေနာက္ေဖးတံခါးေပါက္အတြက္ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ ဝင္ေပါက္တံခါးေတြအတြက္ပဲျဖစ္ျဖစ္ ေရြးခ်ယ္သင့္ပါတယ္။ ဒီလို ေရြးခ်ယ္လိုက္တာက သင့္အိမ္ျပင္ကပတ္ဝန္းက်င္အေျခအေနကိုျမင္သာေစတဲ့အတြက္ သင့္စိတ္ကိုပိုၿပီးၾကည္ႏႈးေစမွာပါ။

စတီးတံခါး

အေစာပိုင္းကာလေတြမွာေတာ့ စတီးတံခါးေတြကို စက္႐ုံေတြနဲ႔ Society Gateေတြမွာ အသုံးျပဳၾကပါ တယ္။ အခုအခါမွာေတာ့ စတီးတံခါးကို ဆန္းသစ္တဲ့အတြင္းပိုင္းဒီဇိုင္းနည္းစနစ္ေတြနဲ႔အတူ ဖန္တီးျပဳလုပ္လာ တဲ့အတြက္ အိမ္ေတြအတြက္လည္း ေရြးခ်ယ္စရာေတြပိုမ်ားလာပါတယ္။ စတီးတံခါးေတြက ဂေဟဆက္ရတာ လြယ္ကူတဲ့အတြက္ သင့္အိမ္ကိုလွပသြားေအာင္ အႏုစိတ္ဒီဇိုင္းေတြဖန္တီးခိုင္းလို႔လည္းရပါတယ္။ စတီးတံခါး ေတြက မတူညီတဲ့ဖြဲ႕စည္းတည္ေဆာက္ပုံေတြနဲ႔ ေဈးကြက္ထဲမွာရွိေနတဲ့အတြက္ သင့္အိမ္နဲ႔လိုက္ဖက္မယ့္ပုံစံကို ေရြးခ်ယ္နိုင္ပါတယ္။

သင့္အေနနဲ႔ စတီးေဘာင္ကို ဖန္သား panel ေပါင္းစပ္လိုက္တာကလည္း အိမ္အလွဆင္ ဖို႔အတြက္အေကာင္းဆုံး အိုင္ဒီယာတစ္ခုျဖစ္လာနိုင္ပါတယ္။

အခုေျပာခဲ့တာေတြက စာဖတ္သူေတြအတြက္အသုံးတည့္မယ္ထင္ပါတယ္။ စာဖတ္သူအေနနဲ႔လည္း အိမ္ကိုေဆာက္လုပ္မယ့္သူနဲ႔ေတြ႕လာတဲ့အခါမွာ သင့္အိမ္ပုံစံနဲ႔လိုက္ဖက္တဲ့တံခါးအမ်ိဳးအစားကာလဲဆိုတာကို သိေနၿပီျဖစ္တဲ့အတြက္ အမ်ားနဲ႔မတူတဲ့ဒီဇိုင္းကိုဖန္တီးနိုင္မွာေသခ်ာပါတယ္။


Credit: Myanmar Home & Decor Magazine

Subscribe For Property News

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)