1498 Views

ဓာတ်ပုံလေးတွေနဲ့ အိမ်တွင်းပစ္စည်းလေးတွေကို အလှဆင်မယ်

 

၁။ ဓာတ်ပုံနံရံ
သင့်ရဲ့ အဖိုးတန်ဓာတ်ပုံတွေကို ဖက်ရှင်စတိုးတစ်ခုမှာ သင်တွေ့ရနိုင်တဲ့ ခေတ်မီပြီး စိတ်ဝင်စားစရာကောင်းတဲ့ အလှဆင်ပစ္စည်းတွေအဖြစ် ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။

 

 

ဘောင်သွင်းထားတဲ့ ဓာတ်ပုံတွေကို နံရံမှာ အစီအစဉ်တကျ ချိတ်ဆွဲထားတာက
မထင်မှတ်ထားလောက်အောင် လှပဆန်းသစ်ခေတ်မီတဲ့ အပြင်အဆင်တစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဒီ့အတွက် လျှို့ဝှက်ချက်က နံရံပေါ်မှာ ရေပြင်ညီအလယ်လိုင်းတစ်ခုမှတ်သားပြီး ဓာတ်ပုံတွေအကုန်လုံးကို အဲ့ဒီမျဉ်းရဲ့ အထက်နဲ့ အောက်မှာ တစ်ဝက်စီ ချိတ်ဆွဲဖို့ပါပဲ။

 



၂။ ဓာတ်ပုံစားပွဲတင်ဘလောက်တုံးများနှင့် စာရွက်ဖိသည့် ပုံစံစုံတုံးငယ်လေးများ
စာအုပ်စင်ထောင့် လွတ်တဲ့နေရာမှာ ထားပြီးလည်း သုံးနိုင်တဲ့ အဖြူအမည်း ဓာတ်ပုံစားပွဲတင်ဘလောက်တုံးလေးတွေနဲ့ စာရွက်ဖိတဲ့ နေရာမှာ သုံးတဲ့ ပုံစံစုံတုံးငယ်လေးတွေပဲဖြစ်ပါတယ်။

 

 

ဒီဓာတ်ပုံဘလောက်တုံးနဲ့ ပုံစံစုံတုံးငယ်လေးတွေအတွက် ဓာတ်ပုံတွေကို အံစားတုံးမှာ ကော်နဲ့မကပ်ပါနဲ့။ အဲ့ဒီအစား အထူးဂျယ်တစ်မျိုးကိုပဲ အသုံးပြုပါ။

 

 


၃။ ဓာတ်ပုံခေါင်းအုံးနဲ့ နာရီ
ကျွန်တော်တို့ သုံးနေတဲ့ ၁၆ လက်မမပြည့်တပြည့် ရေလျှော်လို့ရတဲ့ ခေါင်းအုံးစွပ်မှာ ဓာတ်ပုံ ၁၂ ပုံစာလောက်အထိ ဖော်ပြလို့ အဆင်ပြေပါတယ်။ ဖြစ်နိုင်ရင် ဓာတ်ပုံတွေကြာကြာပေါ်နေအောင်လို့ ချည်သားခေါင်းအုံးစွပ်ကိုပဲ သုံးပြီး ဓာတ်ပုံလေးတွေကို ပုံနှိပ်ပါ။

 

 

နာရီဆိုရင် ထိုနည်းတူပဲ အမှတ်တရပစ္စည်းလေးတွေမှာ ဓာတ်ပုံနှိပ်ပေးတဲ့ ပုံနှိပ်ဆိုင်မှာ အော်ဒါမှာလို့ ပုံဖော်ရင်ဖော်၊ သို့မဟုတ် ကိုယ့်ဘာသာပဲ နာရီအတွင်းထဲ ဓာတ်ပုံကို ထည့်ကပ်လို့ ပြုလုပ်မယ်ဆိုလည်း ရပါတယ်။

 



၎။ ရောင်စုံအတွင်းအောက်ခံဘောင်များနှင့် ဓာတ်ပုံပြခန်း
သက်တံ့ရောင်စုံအတွင်းအောက်ခံဘောင်တွေနဲ့ အဖြူအမည်းလျှပ်တပြက်ဓ်ာတပုံတွေကို နံရံကပ်မီးအိမ်ဘေးမှာ အစီအရီ ၀န်းရံထားရှိလိုက်ပါ။ ပုံအားလုံးရဲ့ ဘေးဘောင်တွေကို အမည်းရောင်ပဲ ဖြစ်ပါစေနော်။

 



၅။ ပုလင်းဖုံးခွံသံလိုက်များ၊ ပင်အပ်များနှင့် လင်ဗန်းငယ်များ
သေးငယ်တဲ့ အဖြူအမည်း ဓာတ်ပုံတွေကို ပုလင်းဖုံးခွံအတွင်းထဲမှာ ထည့်သွင်းပြီး သံလိုက် သို့မဟုတ် ပင်အပ်အဖြစ် အသုံးပြုနိုင်ပါတယ်။

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App