811 Views

အိမ်ခန်းအတွင်းမှာ စိတ်ကူးကောင်းပြီး ဒီဇိုင်းဆန်းကြယ်တဲ့ စာအုပ် စင်ကလေးတွေ တည်ဆောက်တတ်ဖို့

စာအုပ်တွေကို ချစ်မြတ်နိုးတဲ့သူတွေအဖို့ တန်ဖိုးရှိပြီး အမြတ်တနိုး ထားတဲ့ စာအုပ်ကလေးတွေ ထိန်းသိမ်းထားသိုသိမ်းဆည်းခြင်းနဲ့ ပတ်သက်ပြီးတော့ အလေးအနက်ထားလေ့ရှိတတ်ကြပါတယ်။ စာအုပ်ကလေးတွေကို သိမ်းဆည်းမယ်။

စာအုပ်ကလေးတွေကိုစနစ်တကျထားဖို့အတွက် နေအိမ်ရဲ့ နေရာကလေးတစ်နေရာကို ဖန်တီးထားကြဖို့ စဉ်းစားနေတယ်ဆိုရင် အခုဖော်ပြပေးမယ့် စာအုပ် ထားတဲ့ စင်ကလေးတွေ၊ နေရာကလေးတွေက စိတ်ကူးကောင်းပြီး စာအုပ်စာပေတွေကိုလည်း သပ်သပ်ရပ်ရပ်နဲ့ သိမ်းဆည်းထားနိုင် တဲ့ အကြံဥာဏ်ကောင်းလေးတွေ ပေးချင်ပါတယ်။

၁။ နံရံပေါ်မှာ သာမန်လေးထောင့်ဆန်ဆန် စာအုပ်စင်မျိုးတွေမ ဟုတ်ပဲ အခုလိုဆန်းကြယ်တဲ့ ဒီဇိုင်းနဲ့ ပုံပေါ်ထားတဲ့ သစ်ပင်အခတ် အလက်တွေလိုမျိုး စင်ကလေးတွေ ဖန်တီးပြင်ဆင်လိုက်ပါ။

စာအုပ် ကလေးတွေကို ထောင့်ကလေးတွေတိုင်းမှာ ကပ်ပြီးတော့ ထားရှိနိုင် ပါတယ်။

သစ်ပင်ရဲ့ သစ်ကိုင်းလေးတွေကို ခပ်များများတည် ဆောက်ပြီး စီတန်းပြီးသိမ်းဆည်းနိုင်ပါတယ်။

၂။ ထိုင်ခုံအခင်းအကျင်းလေးလည်းဖြစ်၊ စာအုပ်စင်ကလေးလည်း ဖြစ်ဆိုတော့ ထိုင်ခုံမှာ ထိုင်ရင်းနဲ့ပဲ မိမိကြိုက်နှစ်သက်တဲ့စာအုပ်က လေးကို ရွေးပြီး ဖတ်လိုက်ရုံပါပဲ။

ကိုယ်ရွေ့လိုတဲ့ နေရာကိုရွှေ့ပြီး စာအုပ်စင်လိုက်ပါရွှေ့ပြီးတော့ ဖတ်ရှုလိုက်ရုံပါပဲ။

အကန့်ငယ်လေး တွေ ကန့်ပြီး ဆိုဖာထိုင်ခုံရဲ့ အောက်မှာပြင်ဆင်ပြီးတော့ စာအုပ်က လေးတွေ ထည့်သိမ်းဆည်းလိုက်လို့ ရပါတယ်။

၃။ ခပ်ကျယ်ကျယ်ရတဲ့ နံရံတွေမှာဆိုရင်တော့ သင့်ရဲ့စာအုပ်စင်က လေးတွေကို ဒီဇိုင်းထူးထူးခြားခြားပုံဖော်ပြီးတော့ တည်ဆောက်နိုင်ပါ သေးတယ်။

 

အခုပုံမှာ ဖော်ပြထားသလို စာလုံးပုံစံဖော်ထားတဲ့အ ကန့်ငယ်လေးတွေမှာ မိမိရဲ့တန်ဖိုးထားရတဲ့ စာအုပ်ကလေးတွေကို အစီအရီနဲ့ ထောင်ထားနိုင်ပါတယ်။

ဆန်းပြားတဲ့စိတ်ကူးလေးကစွဲဆောင်မှုရှိပြီးတော့ နေရာအကျယ်အဝန်းအတွက်လည်း အရမ်းကြီး လည်း မကုန်သလို တည်ဆောက်ရတာလည်း မခက်ခဲတာကြောင့် အဆင်ပြေစေနိုင်ပါတယ်။

၎။ လှေကားထစ်အောက် ချောင်နေရာလေးကတော့ တကယ့်ကိုအ သုံးဝင်တဲ့ နေရာတစ်ခုပါ။

ချောင်ဆိုပေမယ့်လည်း အိမ်တွင်းပစ္စည်း တွေထားသိုဖို့အတွက် နေရာကောင်းတစ်ခုပါပဲ။

ဘီဒိုတစ်လုံးစာ၊ စင်တန်းတစ်ခုစာ နေရာရတာကြောင့် ဒီနေရာမှာလှေကားပုံစံအတိုင်း စင်၊ တန်းလေးတွေ တည်ဆောက်ပြီး စာအုပ်စင်ကလေးလုပ်ကာ စာအုပ်ကလေးတွေ ထားသိုသိမ်းဆည်းနိုင်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)