612 Views

ထူးထူးခြားခြား ဖန်တီးထားတဲ့ မှန်ချပ်တွေနဲ့ အိမ်တွင်းအလှဆင်ကြ မယ်….

နေအိမ်တွေအတွက် အိမ်အလှဆင်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ ဈေး ကွက်ထဲမှာ ဒီဇိုင်းဆန်းပြားပြီး ထူးခြားတဲ့ အလှဆင်ပစ္စည်းတွေများ စွာထုတ်လုပ်လျှက်ရှိနေကြပါတယ်။ တချို့အလှဆင်ပစ္စည်းလေး တွေက ဒီဇိုင်းစိတ်ကူးဆန်းပြီး လှပသလို၊ တချို့ပစ္စည်းလေးတွေက လည်း စွဲဆောင်မှုရှိပြီး သေသပ်လှပပါတယ်။ တချို့ပစ္စည်းလေးတွေ ဆိုရင် မိမိတို့အိမ်တွင်းက ပစ္စည်းလေးတွေနဲ့ပဲ အိမ်အလှပြင်ဆင်ရာ မှာ အသုံးပြုလို့ရနိုင်သလို ဒီဇိုင်းလေးတွေကလည်း ကိုယ်ပိုင်စိတ် ကူးလေးတွေနဲ့ ပုံဖော်ပြီးတော့ ဖန်တီးထားတာဖြစ်ပါတယ်။

 

အခု လည်း နေအိမ်တွေမှာ အသုံးပြုတဲ့ မှန်ချပ်ကလေးတွေနဲ့ပဲ ထူးခြားတဲ့ နေအိမ်အလှဆင်ဒီဇိုင်းပြင်ဆင်မယ့် နည်းလမ်းကလေး တွေ ဖော်ပြပေးလိုက်ပါတယ်…..

၁။ နံရံကျယ်ကျယ်မှာ မှန်ချပ်ကြီးကြီးတစ်ချပ်က နေအိမ်အတွက် တကယ့်ကိုထူးခြားတဲ့ အလှဆင်ပြင်ဆင်တဲ့ အလှဆင်ပစ္စည်းတစ် ခုဖြစ်နိုင်ပါတယ်။ သာမန်မှန်ချပ်ဒီဇိုင်းမျိုးမဟုတ်ပဲ ထူးခြားတဲ့မှန်ချပ် ဒီဇိုင်းတွေပုံဖော်လိုက်ရင် ထူးခြားပြီး စွဲဆောင်မှုရှိမှာပါ။

 

ဘေးဘက် ဘောင်တွေကို မိမိစိတ်ကူးတည့်ရာ ဘောင်အနားလေးတွေ ဖန်တီး ပြင်ဆင်လို့ရပါတယ်။

၂။ လေးထောင့်ဆန်တဲ့ မှန်ချပ်တွေအပြင် အဝိုင်းတွေ၊ တြိဂံတွေ၊ ထောင့်ချွန်တွေ စသဖြင့် ပုံစံအမျိုးမျိုး ဖန်တီးပြီး နံရံတွေမှာ ပြင်ဆင် ဖန်တီးပါ။

မှန်ချပ်တွေအပြင် မှန်ချပ်တွေနဲ့တွဲပြီး ချိတ်ဆွဲလို့ရမယ့် အလှဆင်ပစ္စည်းလေးတွေလည်း ပြင်ဆင်နိုင်ပါသေးတယ်။

တခြား အလှဆင်ပစ္စည်းတွေထက်စာရင် နံရံအကန့်တစ်ခုမှာ မှန်ချပ်တွေနဲ့ ပြင်ဆင်လိုက်ခြင်းကလည်း သာမန်ထက်ပိုပြီးထူးခြားကာ စွဲဆောင်မှု ရှိစေနိုင်ပါတယ်။

၃။ အခန်းရဲ့အရောင်နဲ့ လိုက်ဖက်ညီမှုရှိတဲ့ မှန်ချပ်ပြင်ဆင်မှုအ ရောင်ကလေးကို သင့်တင့်အောင် ရွေးချယ်တတ်ဖို့လိုပါတယ်။

အခန်းအရောင်ဖျော့ဖျော့လေးမှာ အသုံးပြုမယ့် မှန်ချပ်ကလေး တွေကို အရောင်ဖျော့ဖျော့လေးတွေပဲ ရွေးချယ်အသုံးပြုပါ။ မှန်ချပ် ဖြစ်တာကြောင့် ပုံရိပ်ပြန်နိုင်တာမို့လို့ အရမ်းကြီးအရောင်တောက် လွန်းတာ အဆင်မပြေနိုင်ပါဘူး။

၎။ မှန်ချပ်ကလေးတွေကို ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးတွေ၊ ပုံရိပ် လေးတွေအဖြစ်လည်းပုံဖော်နိုင်ပါတယ်။

ပန်းပွင့်လေးတွေ၊ တိရစ္ဆာန် အကောင်လေးတွေ၊ အသုံးအဆောင်ပစ္စည်းလေးတွေ၊ ထူးထူးခြား ခြားရှိတဲ့ ဒီဇိုင်းပုံရိပ်ကလေးတွေ ဖန်တီးပြင်ဆင်လို့ရနိုင်ပါသေး တယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App