1807 Views

ခန့်ညားထည်ဝါပြီး ခမ်းနားလှပတဲ့ လှေကားဒီဇိုင်းများ….

အိမ်ကြီးအိမ်ကောင်နေအိမ်တွေရဲ့ ခမ်းနားတဲ့အပြင်အဆင်တွေက အိမ်ရဲ့တန်ဖိုးနဲ့ နေထိုင်တဲ့ မိသားစုဂုဏ်ရှိန်ကို မြင့်တတ်စေပါတယ်။ ခမ်းနားထည်ဝါလွန်းတဲ့ အပြင်အဆင်၊ ဒီဇိုင်းတွေကြောင့် အိမ်ရဲ့တန် ဖိုးနဲ့ နှစ်လိုဖွယ်ကောင်းခြင်းတွေကို မြင့်တက်စေပါတယ်။ အိမ်ဝင်း တံခါးမှ ကြီးကျယ်ခမ်းနားတဲ့ ဧည့်ခန်းကြီးအပြင်အဆင်နဲ့မီးဆိုင်းကြီး ကြီးတွေက စွဲဆောင်မှုအပြည့်ကြည့်ကောင်းနေပါတယ်။

ဒီလိုဧည့် ခန်းနဲ့ အိမ်ခန်းအပြင်အဆင်အတွက်ဆိုရင် နောက်ထပ်ထပ်ပြီး အလှဆင် ပြင်ဆင်နိုင်မယ့် နည်းလမ်းတစ်ခုက တော်ဝင်ဆန်ပြီးတော့ ခမ်းနားလှပလွန်းတဲ့ လှေကားထစ်တွေနဲ့ လှေကားလက်ရမ်းကြီး တွေက တကယ့်ကို နန်းတော်၊အိမ်ရာတစ်ခုအလား ဖန်တီးထားတဲ့ ဒီဇိုင်းနဲ့ အပြင်အဆင်တွေကို ဖော်ပြပေးလိုက်ပါတယ်….

၁။ အဝင်အဝနဲ့ ဧည့်ခန်းကနေ အပေါ်ဘက်ကို တက်သွားမယ့် လှေ ကားထစ်တွေကို ခမ်းခမ်းနားနားဖြစ်အောင် တည်ဆောက်ဖို့ အရောင်နဲ့ ဒီဇိုင်းတွေကို အဓိကရွေးချယ်ပါ။  ခမ်းနားတဲ့နေအိမ်နဲ့လိုက် ဖက်တဲ့ ကြီးကျယ်ခမ်းနားတဲ့ လှေကားထစ်ဒီဇိုင်းတွေ၊ အရောင်တွေ ပြောင်လက်တောက်ပနေတဲ့ ကျွန်းလှေကားထစ်ကြီးတွေ၊ အုတ်နဲ့ ကြွေပြားလှေကားထစ်ကြီးတွေ၊ လက်ရမ်း စသဖြင့်တို့နဲ့ အိမ်ရဲ့ ကျက်သရေဆောင် အဖြစ်ထားနိုင်ပါတယ်။

၂။ နှစ်ခြမ်းနဲ့ နှစ်ထပ်ဆင်းလှေကားတွေကိုလည်း တည်ဆောက်နိုင် ပါတယ်။ တကယ့်နန်းတော်လို့၊ ခမ်းနားတဲ့ အိမ်ကြီးအိမ်ကောင်းတွေ မှာဆိုရင် ဒီလိုမျိုး နှစ်ထပ်ဆင်းနဲ့ လှေကားထစ်နှစ်ခြမ်းတွေကို တည် ဆောက်ထားကြပါတယ်။ လှပလွန်းပြီး ထည်ဝါနဲ့ လှေကားထစ်တွေ နဲ့ လက်ရမ်းတွေကနေ ဆင်းလာပါက တကယ့်ကို တော်ဝင်ဆန်ပြီး ကြီးကျယ်ခမ်းနားတဲ့ ခံစားမှုကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ မီးဆိုင်းလုံး ကြီးကြီးအောက်မှာ ကော်ဇော်နီကြမ်းခင်း ခင်းကျင်းထားတဲ့ လှေကားတွေကြောင့် တကယ့်ကိုကြီးကျယ်မြင့်မြတ်တဲ့ နေအိမ်တစ်အိမ် လုံးမှာ နေထိုင်ရတယ်ဆိုတဲ့ ခံစားမှုအပြည့်အဝရရှိစေမှာပါ။

၃။ နေအိမ်ရဲ့ အရောင်နဲ့ လိုက်ဖက်ညီမှုရှိတဲ့ လှေကားထစ်၊ လက် ရမ်းအရောင်တွေ ရွေးချယ်ပြင်ဆင်ပါ။ လှေကားထစ်ကြီးကြီးတွေမဟုတ်ပဲ အရွယ်အသင့်အတင့်ရှိတဲ့ လှေကားတွေကလည်း အိမ်ရဲ့ အလှနဲ့ ခမ်းနားမှုကို ပံ့ပိုးပေးနိုင်ပါတယ်။ ဒီဇိုင်းရွေးချယ်မှုမှာ အိမ်ရဲ့ တည်ဆောက်မှုပုံစံအလိုက် ခမ်းနားပြီးတော်ဝင်ဆန်တဲ့ နေအိမ်တွေ မှာဆိုရင် လှေကားဒီဇိုင်းပုံစံတွေကို ရှေးကျကျနဲ့ ကြီးကျယ်ခမ်းနား တဲ့ အပြင်အဆင်

နောက်ထပ်ပြီးတစ်မျိုးကတော့ မိမိအိမ်က အခု ခေတ်ဆန်ဆန် တည်ဆောက်ထားတယ်ဆိုရင်တော့ ခေတ်ပေါ်ဒီဇိုင်းနဲ့ လှေကားတွေကို ပြင်ဆင်တည်ဆောက်နိုင်ပါတယ်။ ခုနောက် ပိုင်းဒီဇိုင်းပညာရှင်တွေရဲ့ ဆန်းကြယ်တဲ့ စိတ်ကူးနဲ့တည်ဆောက် ထားတဲ့ လှေကားဒီဇိုင်းတွေက ထူးခြားပြီး အံ့သြဆန်းကြယ်စရာ ကောင်းပါတယ်။

၎။ လှေကားအပြင် လှေကားတွေနဲ့တွဲဖက်ပြီးတော့လည်း အိမ်အလှပြင်ဆင် ပစ္စည်းတွေနဲ့လည်း တွဲဖက်ပြင်ဆင်နိုင်ပါတယ်။

မီးဆိုင်းလှ တွေ၊ ဒီဇိုင်းဆန်းကြယ်တဲ့ မီးဆိုင်းကြီးကြီးတွေ၊ နောက်ပြီးတော့လှေ ကားခြေနင်းဘေးမှာ ထားမယ့် ပန်းအိုး၊ ပန်းပင်တွေ၊ မီးဆိုင်းလေး စသဖြင့် အိမ်အလှဆင်ပစ္စည်းတွေကို လိုက်ဖက်ညီစွာ ပြင်ဆင်နိုင်ပါ တယ်။

 Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App