4946 Views

အခန္းက်ဥ္းေလးထဲ ဘယ္လုိမ်ိဳး ေနရာထုိင္ခင္းျပင္ဆင္ခင္းက်င္းမလဲ…..

[Zawgyi]

သင့္ရဲ႕ ေနတဲ့တုိက္ခန္း၊ ဒါမွမဟုတ္ သင့္အခန္းေလးက ေနရာက်ဥ္း က်ပ္ၿပီး သင့္အတြက္ စိတ္မသက္သာစရာျဖစ္ေနလုိ႔ စိတ္ညစ္ေနၿပီ လား။ တစ္ကုိယ္ရည္ပစၥည္းေတြ ထားသုိေနရာခ်ဖုိ႔နဲ႔ ကုိယ့္အတြက္ အခင္းအက်င္းျပင္ဆင္ဖုိ႔အတြက္ အခန္းကက်ဥ္းေျမာင္းလြန္းတာ ေၾကာင့္ အခက္အခဲျဖစ္ေနမယ္ဆုိရင္ စိတ္ပူစရာမလုိေတာ့ပါဘူး။

အခုေဖာ္ျပေပးမယ့္ ေနရာထုိင္ခင္း အခင္းအက်င္းအထားအသုိေလး ေတြက အခန္းက်ဥ္းေတြမွာ ဘယ္လုိျပင္ဆင္ရမယ္ဆုိတဲ့ နည္းလမ္း ေကာင္းေလးေတြပါ။ ျပင္ဆင္ရတာလြယ္ကူၿပီး စိတ္ကူးေလးေတြက ဆန္းၾကယ္တာေၾကာင့္ သင့္အတြက္အေထာက္အကူျပဳလိမ့္မယ္လုိ႔ ထင္ပါတယ္။

၁။ လူတစ္ေယာက္၊ ႏွစ္ေယာက္စာေနႏုိင္တယ္ဆုိတဲ့ အခန္းကေလး က တကယ့္ကုိက်ဥ္းက်ဥ္းေလးပါ။ ပစၥည္းပရိေဘာဂအနည္းငယ္ ထားဖုိ႔နဲ႔ အိပ္ယာခင္းတစ္ခုစာ ေနရာေလာက္ပဲ ရွိတာမုိ႔လုိ႔ တကယ့္ ကုိ ေနရထုိင္ရ က်ဥ္းက်ပ္ေစပါတယ္။ ဒီ့အတြက္ေၾကာင့္မုိ႔လုိ႔ အခန္း တစ္ခုလံုးရဲ႕အျပင္အဆင္ကုိ တစ္ေနရာတည္း တစ္စုတစ္စည္း တည္းရေအာင္ ျပင္ဆင္လုိက္ပါ။ ပံုမွာျပထားသလုိပါပဲ။

အထပ္ဆင့္ ထားသလုိ ကုထင္အိပ္ယာခင္းနဲ႔ ဘီဒုိ၊ တန္းစင္ အစရွိသျဖင့္တုိ႔ကုိ တစ္ခုတည္း တည္ေဆာက္လုိက္ပါ။

၂။ အိပ္ယာခင္းရဲ႕ ေအာက္ဘက္ ထဲမွာ အဝတ္အစားခ်ိန္လုိ႔ရမယ့္ စင္၊ ေနာက္အသံုးအေဆာင္နဲ႔ စာအုပ္စာတမ္း၊ အလွျပင္ပစၥည္းေတြ အစရွိသျဖင့္ ပစၥည္းစံုထားလုိ႔ရ မယ့္အကန႔္ငယ္ေလးေတြကုိ ျပင္ဆင္လုိက္ပါ။

ေနရာက်ဥ္းေပမယ့္ လည္း မိမိလည္းေနထုိင္ရသက္ေတာင့္သက္သာျဖစ္ေစမယ့္အျပင္ လုိအပ္တဲ့အသံုးအေဆာင္ ပရိေဘာဂေတြကုိလည္း စံုလင္ေအာင္ ေနရာခ်ထားလုိ႔ရမယ့္ နည္းလမ္းေကာင္းေလးပါ။

၃။   အဓိကအိပ္ယာကုတင္ေတြကုိ အံ့ဆြဲပံုစံ၊ ဒါမွမဟုတ္ ႏွစ္ထပ္ ကုတင္ စသျဖင့္ တည္ေဆာက္ပါ။

အိပ္ခ်ိန္မွာ အံဆြဲထဲက အိပ္ယာ ခင္းကုတင္ကုိ ေခါက္ထုတ္ၿပီး အိပ္ခ်ိန္ၿပီးသြားရင္လည္း အံဆြဲထဲ ျပန္ေခါက္ထည့္ထားလုိက္ရံုနဲ႔ သင့္အခန္းရဲ႕အက်ယ္အဝန္းနဲ႔ အထားအသုိကုိ ေနရာေခၽြတာေပးမွာပါ။

၄။  ႏွစ္ထပ္ကုတင္ေတြလည္း ဒီလုိပါပဲ။ အမုိးျမင့္တဲ့ အခန္းေတြ မွာဆုိရင္ ႏွစ္ထပ္ကုတင္ေဆာက္လုပ္ရတာ ပုိၿပီးေတာ့ အဆင္ေျပ ေစပါတယ္။

အေပၚထပ္၊ ေအာက္ထပ္ ကုတင္ႏွစ္လံုးျဖစ္တာေၾကာင့္ ေနရာတစ္ခုစာတည္းနဲ႔တင္ အိပ္ယာအတြက္ အဆင္ေျပသြားပါၿပီ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

[Unicode]

အခန်းကျဉ်းလေးထဲ ဘယ်လိုမျိုး နေရာထိုင်ခင်းပြင်ဆင်ခင်းကျင်းမလဲ…..

သင့်ရဲ့ နေတဲ့တိုက်ခန်း၊ ဒါမှမဟုတ် သင့်အခန်းလေးက နေရာကျဉ်း ကျပ်ပြီး သင့်အတွက် စိတ်မသက်သာစရာဖြစ်နေလို့ စိတ်ညစ်နေပြီ လား။ တစ်ကိုယ်ရည်ပစ္စည်းတွေ ထားသိုနေရာချဖို့နဲ့ ကိုယ့်အတွက် အခင်းအကျင်းပြင်ဆင်ဖို့အတွက် အခန်းကကျဉ်းမြောင်းလွန်းတာ ကြောင့် အခက်အခဲဖြစ်နေမယ်ဆိုရင် စိတ်ပူစရာမလိုတော့ပါဘူး။

အခုဖော်ပြပေးမယ့် နေရာထိုင်ခင်း အခင်းအကျင်းအထားအသိုလေး တွေက အခန်းကျဉ်းတွေမှာ ဘယ်လိုပြင်ဆင်ရမယ်ဆိုတဲ့ နည်းလမ်း ကောင်းလေးတွေပါ။ ပြင်ဆင်ရတာလွယ်ကူပြီး စိတ်ကူးလေးတွေက ဆန်းကြယ်တာကြောင့် သင့်အတွက်အထောက်အကူပြုလိမ့်မယ်လို့ ထင်ပါတယ်။

၁။ လူတစ်ယောက်၊ နှစ်ယောက်စာနေနိုင်တယ်ဆိုတဲ့ အခန်းကလေး က တကယ့်ကိုကျဉ်းကျဉ်းလေးပါ။ ပစ္စည်းပရိဘောဂအနည်းငယ် ထားဖို့နဲ့ အိပ်ယာခင်းတစ်ခုစာ နေရာလောက်ပဲ ရှိတာမို့လို့ တကယ့် ကို နေရထိုင်ရ ကျဉ်းကျပ်စေပါတယ်။ ဒီ့အတွက်ကြောင့်မို့လို့ အခန်း တစ်ခုလုံးရဲ့အပြင်အဆင်ကို တစ်နေရာတည်း တစ်စုတစ်စည်း တည်းရအောင် ပြင်ဆင်လိုက်ပါ။ ပုံမှာပြထားသလိုပါပဲ။

အထပ်ဆင့် ထားသလို ကုထင်အိပ်ယာခင်းနဲ့ ဘီဒို၊ တန်းစင် အစရှိသဖြင့်တို့ကို တစ်ခုတည်း တည်ဆောက်လိုက်ပါ။

၂။ အိပ်ယာခင်းရဲ့ အောက်ဘက် ထဲမှာ အဝတ်အစားချိန်လို့ရမယ့် စင်၊ နောက်အသုံးအဆောင်နဲ့ စာအုပ်စာတမ်း၊ အလှပြင်ပစ္စည်းတွေ အစရှိသဖြင့် ပစ္စည်းစုံထားလို့ရ မယ့်အကန့်ငယ်လေးတွေကို ပြင်ဆင်လိုက်ပါ။

နေရာကျဉ်းပေမယ့် လည်း မိမိလည်းနေထိုင်ရသက်တောင့်သက်သာဖြစ်စေမယ့်အပြင် လိုအပ်တဲ့အသုံးအဆောင် ပရိဘောဂတွေကိုလည်း စုံလင်အောင် နေရာချထားလို့ရမယ့် နည်းလမ်းကောင်းလေးပါ။

၃။ အဓိကအိပ်ယာကုတင်တွေကို အံ့ဆွဲပုံစံ၊ ဒါမှမဟုတ် နှစ်ထပ် ကုတင် စသဖြင့် တည်ဆောက်ပါ။

အိပ်ချိန်မှာ အံဆွဲထဲက အိပ်ယာ ခင်းကုတင်ကို ခေါက်ထုတ်ပြီး အိပ်ချိန်ပြီးသွားရင်လည်း အံဆွဲထဲ ပြန်ခေါက်ထည့်ထားလိုက်ရုံနဲ့ သင့်အခန်းရဲ့အကျယ်အဝန်းနဲ့ အထားအသိုကို နေရာချွေတာပေးမှာပါ။

၄။ နှစ်ထပ်ကုတင်တွေလည်း ဒီလိုပါပဲ။ အမိုးမြင့်တဲ့ အခန်းတွေ မှာဆိုရင် နှစ်ထပ်ကုတင်ဆောက်လုပ်ရတာ ပိုပြီးတော့ အဆင်ပြေ စေပါတယ်။

အပေါ်ထပ်၊ အောက်ထပ် ကုတင်နှစ်လုံးဖြစ်တာကြောင့် နေရာတစ်ခုစာတည်းနဲ့တင် အိပ်ယာအတွက် အဆင်ပြေသွားပါပြီ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Subscribe For Property News

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App