639 Views

အသုံးမဝင်တော့တဲ့ လျှပ်စစ်ပစ္စည်းအဟောင်းလေးတွေကို ဘယ်လို ပြန်လည်အသုံးတည့်အောင် ပြုလုပ်ကြမလဲ…..

 

အိမ်တိုင်းအိမ်တိုင်းမှာတော့ အသုံးမဝင်တော့တဲ့ လျှပ်စစ်ပစ္စည်းအပျက်တွေ၊ အဟောင်းတွေရှိကြမှာပါ။ သူတို့တွေကို ပြန်လည်ပြင်ဆင် လို့ရနှိုး၊ အသုံးပြုလို့ရနှိုးနဲ့ ချောင်ထဲထိုးထားပြီးသိမ်းဆည်းတတ်ကြ တဲ့ နေအိမ်တွေကအများအပြားပါပဲ။ ပြန်ပြင်ပြီးသုံးဖို့လည်းမပြင် တတ်ကြ၊ လွှင့်ပစ်လိုက်ဖို့ကြတော့လည်းဘာကိုနှမြောနေမှန်းမသိတာနဲ့ပဲအိမ်ရဲ့အဟောင်းထုတ်တွေထဲမှာထည့်သိမ်းထားပြီးအိမ်အလေးခံထဲသဘော၊ အိမ်အရှုပ်ခံတဲ့ သဘောမှာရှိနေတတ်ကြပါ တယ်။ ဒီလိုမျိုးအခြေအနေရှိနေတဲ့ အိမ်ပိုင်ရှင်တွေအတွက် အသုံးဝင်ပြီးအကျိုးရှိမယ့် နည်းလမ်းကောင်းတစ်ခုကိုပေးချင်ပါတယ်။

အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းကသင့်အိမ်ကအသုံးမဝင် တော့ လျှပ်စစ်ပစ္စည်းအဟောင်းလေးတွေကို ပြန်လည်အသုံးတည့် သွားစေမယ့်၊ အလကားမဖြစ်သွားစေမယ့်အပြင် ထူးခြားတဲ့ ပြင်ဆင် အသုံးချမှုတွေကြောင့် နေအိမ်ရဲ့အိမ်အလှဆင်ပစ္စည်းတွေတောင် ဖြစ်သွားနိုင်တဲ့နည်းလမ်းကောင်းလေးတွေပါ။ လေ့လာကြည့်ရ အောင်….

 

 

၁။ ငယ်ငယ်တုန်းကအားလုံးဆော့ခဲ့ဖူးကြမယ့် ဂိမ်းခလုတ်လေးတွေပါ။ သူတို့လေးတွေကအခုတော့ဟောင်းနွမ်းပြီးခလုတ်တွေ ကလည်းသိပ်အလုပ်မလုပ်တော့လို့ ပစ်ထားကြရပါတယ်။ ဒီလိုပစ်ထားစရာမလိုပါဘူး။ ဂိမ်းခလုတ်ကလေးရဲ့ခလုတ်ဘုသီးလေးတွေ ဖြုတ်ပြီးဘောပင်တို့၊ မှင်တံတို့၊ တခြားအချောင်းအတံလေးတွေ ထည့်စိုက်စရာအဖြစ် ထားရှိနိုင်ပါတယ်။ နောက်ပြီးတော့ သူ့မှာပါတဲ့ ခလုတ်က လျှပ်စစ်ဝါယာဆားကစ်တွေကိုလည်း ပြန်ပြင်ပြီးတော့ အားသွင်းခုံအဖြစ်လည်းထားရှိနိုင်ပါသေးတယ်။

 

 

၂။ သင့်အိမ်မှာလုံးဝကိုအသုံးမပြုတော့မယ့် ကော်ဖီဖျော်စက်အဟောင်းလေးတွေ ရှိခဲ့မယ်ဆိုရင် ရောင်စုံငါးကလေးတွေအတွက် ရေကန်ဗိမ္မာန်လေးတစ်ခုဖန်တီးပေးလိုက်ပါတော့။ စက်၊ ခလုတ်ခုံ၊ ကော်ဖီဂျားပါ ပါဝင်တဲ့ ဒီကော်ဖီဖျော်စက်အဟောင်းလေးမှာဂျားလေးကိုအသေအချာပွတ်တိုက်ဆေးကြောပြီးတော့ ငါးကန်လေးတစ်ခုတည်ဆောက်ပြီးငါးမွေးမြူနိုင်ပါတယ်။ ဂျားအရွယ်အစားနဲ့ လိုက်ဖက်တဲ့ ငါးအရွယ်ကိုချင့်ပြီးမွေးမြူနိုင်ပါတယ်။

 

 

၃။ အိမ်မှာရှိတဲ့ တယ်လီဖုန်းအစုတ်လေးတွေ၊ ရေဒီယိုသေးသေးလေးတွေ၊ နာရီအစုတ်လေးတွေ စသဖြင့် အရာလေးတွေကိုအိမ်ရဲ့ အိမ်တွင်းကချစ်စရာကောင်းတဲ့ ပန်းပင်လေးတွေအတွက် ပန်းအိုးလေးတွေ အဖြစ်ထားရှိစိုက်ပျိုးလို့ရပါတယ်။ ပစ္စည်းအတွင်းထဲကစက်အစိတ်အပိုင်း၊ ဝါယာကြိုးခွေ၊ ခလုတ်ကလေးတွေကိုထုတ်ပစ် ပြီးအခွံအတိုင်းနဲ့ အပင်လေးတွေ၊ မြေကြီးတွေအစာသွပ်ပြီးစိုက်ပျိုး နိုင်ပါတယ်။

 

 

ပန်းအိုးမဟုတ်တဲ့ ထူးထူးဆန်းဆန်းအရာလေးတွေ ကြောင့် သင့်ပန်းပင်လေးတွေကချစ်စရာကောင်းပြီးထူးခြားနေပါ လိမ့်မယ်။

 

 

၎။ ရီမုတ်တို့၊ ဖုန်းခလုတ်တို့၊ ဆားကစ်ပြားလေးတွေ စသဖြင့် အရာလေးတွေကသင့်အတွက် ဖန်စီပစ္စည်းလေးတွေ ဖြစ်လာနိုင်ပါတယ်။

 

ခလုတ်ကလေးတွေကိုကွင်းလေးတစ်ခုပေါ်မှာစီတန်းပြီးလက် ကောက်ကွင်းလေးတွေပြုလုပ်နိုင်ပါတယ်။ ဆားကစ်ပြားလေးတွေကိုလည်းဒီလိုပါပဲသံကွင်းပြားလေးပေါ်မှာဖန်စီကျောက်ကလေးတွေ ကိုစီထားသလိုကော်ကပ်ပြီးတန်ဆာဆင်ပြုလုပ်နိုင်ပါတယ်။

 

၅။ အိမ်မှာရှိတဲ့ ရှေးဟောင်းတီဗွီစင်ကြီးကတော့ သင့်အတွက် တကယ့်ကိုအသုံးဝင်လိမ့်မယ်ထင်ပါတယ်။ သင့်ရဲ့အကြိုက်နှစ် သက်ဆုံးအရာတွေထဲကဝိုင်၊ အရက်ပုလင်းတွေအတွက် အလုံ ခြုံဆုံးသိမ်းဆည်းထားစရာနေရာတစ်ခုဖြစ်လာမှာပါပဲ။

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App