1156 Views

မီးဖိုချောင်ကျဉ်းကျဉ်းလေးကို နေရာဘယ်လိုချဲ့မလဲ

 

မိသားစုဝင်တွေအတွက် အရသာရှိလှတဲ့ ထမင်းဟင်းစားဖွယ်ရာ၊ အစားအစာတွေ ချက်ပြုတ်ဖန်တီးပေးရတာ ဝါသနာပါတဲ့ သင့်အဖို့ သင့်ရဲ့ မီးဖိုချောင်လေးက တကယ့်ကိုနှစ်သက်သဘောကျစရာ ဗိမ္မာန်လေးတစ်ခုလို ဖြစ်နေမှာပါ။ ဒါပေမဲ့ အရွယ်အစားသေးငယ် ကျဉ်းမြောင်းတဲ့ မီးဖိုချောင်နေရာလေးဖြစ်နေတဲ့အတွက်တော့ သင် အနည်းငယ် စိတ်မကောင်းဖြစ်မိမှာပါ။ ကိုယ့်ရဲ့ထူးခြားကောင်းမွန် လွန်းတဲ့ ဟင်းချက်လက်ရာနဲ့ ထမင်းဟင်းချက်ပြုတ်ခြင်းကို လွတ် လွတ်လပ်လပ် မချက်ပြုတ်ရတာတော့ သိပ်ပြီးတော့ ဝမ်းနည်းစရာ ကောင်းနေမှာပါပဲ။

 

 

ဒီ့ အတွက်တော့ ဘာမှစိတ်ပူစရာမလိုတော့ပါဘူး။ သင့်မီးဖိုခန်း ကျဉ်းကျဉ်းလေးကို သင်သဘောကျနှစ်သက်သွားစေလောက်မယ့် နေရာ အခင်းအကျင်း တည်ဆောက်မှု၊ နေရာချဲ့ထွင်ရှင်းလင်းမှု၊ မီးဖိုချောင်အထားအသို နေရာတွေအတွက် နည်းလမ်းကောင်း တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။

 


၁။ မီးဖိုခန်းထဲက ဘေစင်နဲ့တွဲရက်ခုံ(ကောင်တာ) ကို နေရာချဲ့ နိုင်သမျှ ချဲ့ထားဖို့လိုပါတယ်။ တချို့ကောင်တာတွေမှာဆိုရင် အောက်ဘက်မှာ ပစ္စည်းထားသိုစရာ ဗီဒိုအကန့်ငယ်တွေ ထည့်သွင်း ပေးထားတာတွေ့ရပြီး ကောင်တာရဲ့အပေါ်ဘက်မှာဆိုရင်လည်း အဖွင့်အပိတ်တံခါးရွက်ဗီဒိုတွေကို ထည့်သွင်းပေးထားပါသေးတယ်။ မီးဖိုတင်၊ သားငါးလှီးဖြတ်၊ ပစ္စည်းပစ္စယာတွေတင်ထားတာအပြင် အပေါ်ဘက်၊ အောက်ဘက်တွေမှာ မီးဖိုချောင်သုံးပစ္စည်းတွေထား သိုသိမ်းဆည်းစရာနေရာတွေပါတော့ ပိုပြီးတော့ နေရာခြိုးခြံသလို လည်း ဖြစ်သွားမှာပါ။

 


၂။ တတ်နိုင်သမျှ စင်လေးတွေ၊ တန်းလေးတွေ၊ ချိတ်ကလေးတွေ ပြုလုပ်ပေးပါ။ အံဆွဲ၊ အကန့်ငယ်လေးတွေ စသဖြင့်တွေကလည်း သိမ်းဆည်းစရာနဲ့ နေရာစနစ်တကျအထားအသိုအတွက် အရမ်းကို အသုံးတည့်ပါတယ်။

အိုးခွက်ယောက်တွေ၊ ပန်းကန်တွေ၊ ဇွန်း အစရှိတဲ့ ပစ္စည်းတွေကို ဒီအတိုင်းထားသိုလိုက်တာထက်စာရင် ချိတ်ရမယ့် အရာ၊ တန်းတင်ရမယ့် အရာတွေ အုပ်စုလိုက်သပ်သပ်ခွဲပြီးထားသိုလိုက်မယ်ဆိုရင်မီးဖိုချောင်နေရာပိုကျယ်လာတာ ကိုတွေ့ရပါမယ်။

 

 

ထမင်းဟင်းချက်ပြုတ်ဖို့အတွက် လိုအပ်တဲ့ မီးဖို ချောင်သုံးပစ္စည်း တွေကို သူ့အမျိုးအစားနဲ့သူ အစုလိုက်သက် သက်စီထားလိုက်မယ်ဆိုရင် သင့်အတွက်ပိုပြီးတော့ အသုံးပြုရအ ဆင်ပြေစေနိုင်ပါတယ်။

 


၃။ ခြင်းတောင်း၊ ဖန်ပုလင်း၊ ခြင်းအကန့်ငယ် စသဖြင့် အပိုပစ္စည်း ထည့်စရာလေးတွေ ထားရှိပါ။ ဇွန်း၊ တူ၊ ခက်ရင်း၊ ဓားနဲ့ အခြားအ သုံးပြုမယ့် အရာတွေကို အသုံးပြုပြီးတိုင်း အဲ့ဒီသိမ်းစရာနေရာတွေ မှာ စနစ်တကျပြန်လည်သိမ်းဆည်းပါ။

စင်းတီတုံး၊ ယောင်းမ၊ အမွှေ တံနဲ့ အခြားအသုံးပြုစရာတွေကို အသုံးပြုပြီးတိုင်း ခြင်းဇကာခုံး လေးတွေထဲကို ထည့်သွင်းသိမ်းဆည်းသင့်ပါတယ်။ နောက်ပြီး အမှိုက်နဲ့ တခြားအသုံးပြုပြီးသားစွန့်ပစ်ပစ္စည်းတွေကိုလည်းစနစ် တကျ စွန့်ပစ်သင့်ပါတယ်။ မီးဖိုခန်းလေးက ကျဉ်းနေတဲ့အတွက် နေရာလွတ်လေးတွေရှိသမျှမှာ ဘယ်လိုအရာလေးတွေ သိမ်းဆည်း ထားသိုလို့ရနိုင်မလဲဆိုတာ ကိုယ့်အမြင်နဲ့စိတ်ကူးရှိသမျှ ပုံဖော်နိုင် လေ သင့်ရဲ့မီးဖိုခန်းလေးက နေရာပိုကျယ်လာနိုင်လေဆိုတာလည်း သိထားသင့်ပါတယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App