976 Views

ချစ်စရာပန်းပင်လေးတွေနဲ့ နေအိမ်အခန်းမှာ အလှပြင်ဆင်ကြရ အောင်

 

နေအိမ်တွေအလှဆင်ဖို့အတွက် အိမ်အလှဆင်ပစ္စည်းတွေ၊ ခေတ်မီ ပြီးလှပဆန်းကြယ်တဲ့ဖန်စီပစ္စည်းတွေ၊ လက်ရာမြောက်တန်ဖိုးကြီး အိမ်အတွင်းအပြင် ပြင်ဆင်တဲ့ ပစ္စည်းတွေ အမျိုးအစားမြောက်မြား စွာနဲ့ နေအိမ်လေးကို ချစ်စရာကောင်းအောင်၊ ခမ်းနားကြီးကျယ် အောင် ပြင်ဆင်တတ်ကြပါတယ်။ အခုခေတ်မှာဆိုရင်လည်း ဈေး ကွက်ထဲမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ ဟန်းမိတ်အလှဆင်ပစ္စည်း တွေကလည်း အများအပြား၊ နောက်ပြီး ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး နဲ့ ရရှိနိုင်တာမို့လို့လည်းပဲ ပိုပြီးတော့ ရွေးချယ်ခွင့်များပြီး အလှဆင် နိုင်မယ့် နည်းလမ်းတွေ၊ စိတ်ကူးတွေ အများကြီးရှိလာနိုင်ပါတယ်။

 



ဒီလိုမျိုး အိမ်အလှဆင်နည်းလမ်းမျိုးစုံ၊ ဒီဇိုင်းဖန်တီးပုံဖော်မှုမျိုးစုံထဲ ကမှ ဘယ်တော့မှမရိုးသွားနိုင်တဲ့ ချစ်စရာပန်းပွင့်ရောင်စုံလေးတွေ၊ ပန်းပင်တွေနဲ့ လှပပြီးချစ်စရာကောင်းတဲ့ စွဲဆောင်မှုအပြည့်ရှိတဲ့ နေ အိမ်အပြင်အဆင်လေးကို ဖော်ပြပေးလိုက်ပြန်ပါတယ်။

 



၁။ ပန်းလေးတွေဆိုတာ လူ့စိတ်ကိုကြည်နူး လန်းဆန်းစေပြီး ချစ်စ ရာကောင်းတဲ့ အရောင်လေးတွေနဲ့ ပန်းပွင့်ပုံပန်းသဏ္ဍာန်လေးတွေ စိတ်ကိုစွဲဆောင်စေနိုင်ပါတယ်။ ဒီတော့ သင့်ရဲ့အိမ်ခန်းလေးပန်း လေးတွေ၊ ပန်းရနံ့လေးတွေ၊ ပန်းအရောင်လေးတွေနဲ့ အလှဆင် လိုက်ပါ။

 


၂။ များသောအားဖြင့် အပင်လိုက်ပွင့်နေတဲ့ ပန်းပင်၊ ဒါမှမဟုတ်ခူးချိုး ထားတဲ့ ပန်းပွင့်၊ ပန်းအိုးလေးထိုးထားတာမျိုးတွေနဲ့ နေအိမ်အခန်း တွေမှာ အလှဆင်နိုင်ပါတယ်။ အလှတင်စားပွဲခုံလေးတွေ၊ အခန်း ထောင့်တွေက တန်း၊ စင်လေးတွေမှာ အလှဆင်ထိုးစိုက်နိုင်ပါတယ်။ တချို့ပန်းပင်လေးတွေက အပင်လေးတွေလည်းဖြစ်နိုင်ပြီး ရေ လောင်း၊ နေပြပြီး စိုက်ပျိုးကာ အလှဆင်နိုင်ပါတယ်။

 



၃။ ပန်းပင်လေးတွေ၊ ပန်းပွင့်လေးတွေရဲ့ အရောင်ကိုလိုက်ဖက်ညီ အောင် ရွေးချယ်ပါ။ အိမ်ခန်းလေးနဲ့ လိုက်ဖက်ညီပြီးလှပမယ့် အ ရောင်လေးတွေကို ရွေးချယ်ပါ။ ကိုယ့်အိမ်၊ အခန်းရဲ့အရောင်လေး က အလင်းဘက်သွားတဲ့ အရောင်လေးတွေဆိုရင် ခပ်ဖျော့ဖျော့ အရောင်လေးတွေ၊ အလင်းဘက်သွားတဲ့ အရောင်လေးတွေကိုရွေး ချယ်ပါ။ အရောင်ခပ်ရင့်ရင့်ဆိုရင်လည်း အိမ်ခန်းအရောင်နဲ့ အရမ်း ကြီး ကွာဟနေတာမျိုးမဟုတ်တဲ့ လိုက်ဖက်ညီတဲ့အရောင်လေးတွေ ကို ရွေးချယ်သင့်ပါတယ်။

 



၎။ ထားရှိအလှဆင်မယ့် ပန်းပွင့်၊ ပန်းအိုလေးတွေကို နေရာနဲ့ အနေ အထားပြင်ဆင်မှုကို ရွေးချယ်ပါ။ အိမ်ရဲ့အလှဆင်လို့ရနိုင်မယ့်နေရာ  မြင်သာမယ့်နေရာလေးတွေမှာ ပန်းအိုးပန်းပင်လေးတွေ စိုက်ပျိုးပါ။ ချစ်စရာကောင်းတဲ့ ရောင်စုံပန်းပွင့်လေးတွေ၊ ရောင်စုံပန်းပင်လေး တွေကို ဒီဇိုင်းမျိုးစုံပုံဖော်ထားတဲ့ ပန်းအိုလေးတွေနဲ့ ထည့်ပြီး စိုက် ပျိုးအလှဆင်နိုင်ပါတယ်။ စင်ပေါ်မှာဖြစ်ဖြစ်၊ တန်းပေါ်မှာဖြစ်ဖြစ် ပန်းအိုး ပန်းပင်လေးတွေ ချိတ်ဆွဲထားနိုင်ပါတယ်။

 



၅။ ပြတင်းတံခါး ဘေးပေါက်လေးတွေ၊ တံခါးအဝလေးတွေ၊ ဒါမှမ ဟုတ် အခန်း ထောင့်လေးလို နေရာလေးတွေမှာ ချစ်စရာပန်းပင် အိုးလေးတွေ စိုက်ပျိုးပေးထားမယ်ဆိုရင် သင့်ရဲ့အခန်းလေးမှာ စွဲ ဆောင်မှုအပြည့်နဲ့ နှစ်သက်စရာကောင်းနေမှာပါ။ နောက်ပြီး ဈေး ကွက်ထဲမှာရှိနေတဲ့ ပန်းပွင့်တွေ၊ ပန်းပင်အိုးလေးတွေနဲ့ အလှဆင် ပစ္စည်းလေးတွေက ဒီဇိုင်းတွေဆန်းကြယ်ပြီး လှပတာကြောင့် သင့် အိမ်လေးအတွက် ပိုပြီးတော့အလှဆင်လို့ အဆင်ပြေနိုင်မှာ သေချာ ပါတယ်။

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App