2397 Views

ချစ်စရာကောင်းတဲ့ ခြံဝင်းလေးတစ်ခုဖြစ်လာဖို့ လွယ်ကူသက်သာ တဲ့ အလှပြင်ဆင်နည်းလမ်းလေးများ

 

ခမ်းနားပြီးလှပလွန်းတဲ့ နေအိမ်လေး တစ်လုံးတည်ဆောက်ပြီးတဲ့ နောက်မှာ ဒီအိမ်လေးအတွက် ထပ်မံပြီး အလှဆင့်ပံ့ပိုးပေးနဲ့ ခြံဝင်း လေးထဲက ချစ်စရာနေရာလေးတစ်ခု ဖန်တီးပေးနိုင်ဖို့ အကြံတွေပေး ချင်ပါတယ်။ အိမ်သူအိမ်သား၊ မိသားစုဝင်တွေနဲ့ ကလေးငယ်လေး တွေလည်း အားလုံးကြိုက်နှစ်သက်ကြမယ့် ပန်းခြံငယ်လေးတစ်ခု တည်ဆောက်ဖို့က အရမ်းကိုပဲ လွယ်ကူလွန်းလှပါတယ်။

တန်ဖိုး ကြီးကြီးနဲ့ ဈေးကြီးကြီးပေးဝယ်ရတဲ့ အလှဆင်ပစ္စည်းတွေနဲ့ ပြင်ဆင် တာမျိုးမဟုတ်ပဲ မိမိတို့နေအိမ်မှာ အသုံးမဝင်တော့တဲ့ စွန့်ပစ်ပစ္စည်း အမှိုက်တွေနဲ့ပဲ ပြန်လည်ပြင်ဆင်တာကြောင့် အားလုံး ပဲ အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်။ တစ်ဆင့်ချင်းစီ လေ့လာ ကြည့်ရအောင်နော်…..

 

၁။ အိမ်မှာရှိတဲ့ ကားတာယာအစုတ်တွေက အခုလိုပြန်လည်ပြင်ဆင် မွမ်းမံပြီး ရောင်စုံသုတ်ဆေးတွေသုတ်ပေးလိုက်ရင် ခုတည်ဆောက် နေတဲ့ ချစ်စရာတဲငယ်လေးတစ်ခုဖြစ်သွားမှာပါ။ စိတ်ကြိုက်ဆေး ရောင်သုတ်ထားတဲ့ ကားတာယာကွင်းလေးတွေဆင့်ကာ အပေါ်က အမိုးနဲ့ဒေါက်တိုင်တွေ တပ်ဆင်ပြီး တဲငယ်လေးတည်ဆောက်လို့ရ နိုင်ပါတယ်။

 

 



၂။ စွန့်ပစ်ထားတဲ့ ရေသန့်ဘူးခွံဟောင်းတွေက ပန်းပင်စိုက်ပျိုးစရာ ရောင်စုံအနားကွတ်ဘောင်လှလှကလေးတွေ ဖန်တီးလို့ရပါတယ်။ ရေဘူးခွံလေးတွေထဲကို အရောင်စုံအရည်လေးတွေထည့်ပြီး မြေကြီး ပေါ် ဖင်ထောင်စိုက်ကာ ပန်းပင်စိုက်ပျိုးနိုင်တဲ့ အကွက်ငယ်လေး တွေပြုလုပ်ကာ ပန်းမန်သစ်ပင်လေးတွေ စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။

၃။ အရက်၊ ဗော့ကာနဲ့ တခြားသောက်စရာအချိုရည် ဖန်ပုလင်းတွေ ကနေ ရေတံခွန်ငယ်လေးပြုလုပ်နိုင်ပါတယ်။ ပုလင်းလေးတွေ တစ် လုံးနဲ့တစ်လုံးစီပြီး တစ်ဖက်ကနေ ရေသွင်းက တစ်ဖက်ကိုစီးဆင်း စေတဲ့ပုံစံနဲ့ ချစ်စရာကောင်းတဲ့ ရေတံခွန်အငယ်စားလေး ပြုလုပ်နိုင် ပါတယ်။

 



၎။ နောက် အိမ်တွေမှာ အသုံးမပြုတော့တဲ့ တံခါးရွက်၊ အပျက်အစီး တွေက ခြံဝင်းလေးထဲ အလှဆင်ပြီးကဗျာဆန်ဆန်ပြင်ဆင်ပေးလို့ရ တဲ့ အရာတစ်ခုဖြစ်လာနိုင်ပါတယ်။

 

သူ့အတိုင်းစုတ်နေသလိုထားပြီး ဆေးရောင်လှလှကလေးခြယ်ကာ ဘေးဘက်မှာပန်းပင်လေးတွေ ကပ်ပါးစိုက်ပျိုးပေးထားလိုက်ရင် ကဗျာဆန်ဆန်နဲ့ စိတ်ကူးလေးထဲ ကအတိုင်း ချစ်စရာတံခါးရွက်ကလေး ဖြစ်သွားပါလိမ့်မယ်။

 

၅။ ပျက်စီးသွားလို့၊ မသုံးဖြစ်တော့လို့ စွန့်ပစ်ထားတဲ့ ရေနွေးကရား၊ ရေကရားတွေက ခြံဝင်းလေးထဲမှာ အလှဆင်မယ့် တန်ဖိုးကြီးပစ္စည်း တွေထွက်တောင် ပိုပြီး အလှဖန်တီးပေးနိုင်ပါသေးတယ်။ ပုံသဏ္ဍာန် မျိုးစုံ၊ အရောင်မျိုးစုံ၊ အဆင်ဒီဇိုင်းမျိုးစုံရှိတဲ့ ကရားအိုးလေးတွေထဲ ရောင်စုံပန်းပွင့်ငယ်လေးတွေပွင့်တဲ့ ပန်းပင်လေးတွေစိုက်ပျိုးပြီး ချစ် စရာအသွင်အပြင် ဖန်တီးလို့ရနိုင်ပါတယ်။

 

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App