763 Views

သင့်အခန်းလေး နဂိုထက် ပိုကျယ်သွားအောင် မျက်လှည့်ပြကြရအောင်

 

အခန်းကျဉ်းလေးတွေ၊ အခန်းငယ်လေးတွေကို အလှဆင်တဲ့အခါ နေရာမကျယ်လှတော့ အခက်အခဲလေးတွေ တွေ့ရနိုင်ပါတယ်။ အခန်းထဲမှာ လူနေဖို့ နေရာထက် ပစ္စည်းတွေက လွှမ်းမိုးနေရာယူထားပြီဆို သင်ဘာလုပ်မှာပါလဲ။ သေချာတာကတော့ သင်အမြဲမသုံးဖြစ်တဲ့ ပစ္စည်းတွေကို ဖယ်ထုတ်ပစ်မှာပေါ့နော်။ ဒါနဲ့တောင် မလုံလောက်သေးဘူးဆိုရင်တော့ အောက်ပါအချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်နိုင်ပါသေးတယ်။

 



၁။ ပြတင်းပေါက်မှန်တွေကို ပါးပါးနဲ့ အရည်အသွေးကောင်းတာကို သုံးပြီး သဘာဝအလင်းရောင်ကို အကောင်းဆုံးဝင်နိုင်ပါစေ။ အလင်းရောင်က သင့်အခန်းကို ပိုကျယ်သွားတယ်လို့ ထင်ရစေပါတယ်။ တတ်နိုင်တယ်ဆိုရင်တော့ မျက်နှာကြက်မှန်လေးတွေပါ တပ်လိုက်ပေါ့။

 



၂။ မှန်ကြီးကြီးတစ်ချပ်ကို သုံးပြီး ပြတင်းပေါက်ကနေ အလင်းပြန်စေခြင်းဖြင့် အခန်းကို ပိုကျယ်အောင် ဖန်တီးပါ။



၃။ အခန်းငယ်လေးတွေ၊ အခန်းကျဉ်းလေးတွေကို အလှဆင်တဲ့အခါ နေရာနဲ့ အံဝင်တဲ့၊ ရွှေ့လို့ပြုလို့လည်း ရမယ့် ပရိဘောဂတွေကို ရွေးပါ။ အောက်ခြေမှာ အံဆွဲပါတဲ့ ကုတင်၊ ခေါက်လို့သိမ်းလို့ရတဲ့ ထမင်းစားစားပွဲ၊ စတာလိုမျိုးပေါ့။

 



၎။အလင်းရောင်အများအပြားယိုင်စေ၊ ဖြာထွက်စေတဲ့ ဆေးရောင်မျိုးကို ရွေးချယ်သုတ်ပါ။ အဓိကက အရောင်ရင့်တာ မသုံးမိစေဖို့ပါပဲ။ အရောင်ရင့်လေ အလင်းဓာတ်ကို စုပ်လေပဲလေ။

 



၅။ တခြားအခန်းတွေနဲ့ ဆေးရောင်ချင်း အရမ်းကို ဆန့်ကျင်ဘက် ကွဲထွက်မနေဖို့ကလည်း အရေးကြီးပါတယ်။

 



၆။ ဖြစ်နိုင်ရင် မီးလုံးမီးချောင်းကို မှန်ချပ်ရဲ့ ရှေ့မှာ ထားသုံးပါ။ မှန်က အလင်းပြန်စေပြီး အခန်းကို ကျယ်ထွက်သွားသလို ခံစားရစေမှာပါ။


၇။ နံရံသာမကဘဲ အ၀တ်ဘီဒိုတွေမှာပါ ဒေါင်လိုက် အစင်းလေးတွေ ဆေးသုတ်ပေးပါ။ အစင်းတွေက သင့်အခန်းကို ပိုမြင့်၊ ပိုကျယ်သွားအောင် မျက်လှည့်ပြပေးပါလိမ့်မယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App