747 Views

အိမ်တွင်းကအသုံးအဆောင်လေးတွေနဲ့ပဲ အိမ်အလှဆင်ကြမယ်

 

နေအိမ်တစ်အိမ်လှပဖို့ဆိုရင် တည်ဆောက်ပုံလေးက လှလှပပ ကလေးပြီးရင် အလှဆင်ပစ္စည်းလေးတွေ ထပ်ပြီးထည့်ပြင်ဆင် လိုက်ရင်တော့ ချစ်စရာကောင်းပြီး လှပခန့်ညားတဲ့ အိမ်တစ်လုံး အသွင်ရရှိသွားမယ်ဆိုတာကိုတော့ မျက်လုံးထဲပုံပေါ်ပြီးသားသိ ပြီးသားဖြစ်ကြမှာပါ။ ဒီလိုမျိုး တန်ဖိုးကြီးလှပတဲ့ အိမ်အလှဆင် ပစ္စည်းတွေနဲ့ထပ်ထည့်ပြီး ပြင်ဆင်ဖို့ကျတော့လည်း သိပ်ပြီး မတတ် နိုင်ကြလို့ မလုပ်ဖြစ်ကြတော့တဲ့ အိမ်ပိုင်ရှင်တွေလည်း ရှိကြပါတယ်။ အိမ်ကလေးကိုလည်း အလှဆင်ချင်ကြတယ်။

 

 

အလှဆင်မယ့်ပစ္စည်းတွေကလည်း ဈေးကြီးပြီးရှားပါးတယ်ဆိုတဲ့ အဆင်မပြေတဲ့အခါမျိုးတွေအတွက် လွယ်ကူသက်သာပြီး အလှပ ဆုံးလေးဖြစ်လာအောင် ပြင်ဆင်လို့ရနိုင်မယ့် နည်းလမ်းကောင်း လေးတွေ ပေးချင်ပါတယ်။ အိမ်တွင်းကရှိတဲ့ပစ္စည်းလေးတွေ၊ အ သုံးအဆောင်လေးတွေနဲ့ပဲ အလှပြင်ဆင်လို့ရနိုင်မယ့် နည်းလမ်း လေးတွေပါ။ လေ့လာကြည့်ရအောင်နော်။

 

၁။ အိမ်တွင်းမှာ စိုက်ပျိုးထားတဲ့ ပန်းအိုးကလေးတွေကို ဒီအတိုင်း ချထားပြီး စိုက်ပျိုးတာမျိုးမလုပ်ပါနဲ့။ ပန်းပွင့်လေးတွေနဲ့ ချစ်စရာ ကောင်းတဲ့ ပန်းအိုးလေးတွေက သင့်အိမ်ရဲ့တန်ဖိုးကြီးအလှဆင် ပစ္စည်းဖြစ်နိုင်ပါတယ်။

 

 

ပန်းအိုးလေးတွေကို တစ်အိုးချင်းစီ ကြိုးနဲ့ချီ တန်းလိုလုပ်ထားတဲ့ စင်လေးတွေမှာ ဆင့်ပြီးနံရံတွေမှာ ချိတ်ဆွဲ ထားတာက ချစ်စရာကောင်းပြီး လန်းဆန်းတဲ့ခံစားမှုတွေကိုပေး စွမ်းနိုင်မှာပါ။

 

၂။ ကလေးတုန်းက ဆော့ဖူးတဲ့ စက္ကူခေါက်လေးတွေ၊ ရောင်စုံအရုပ် ကလေးတွေက  သင့်အခန်းရဲ့ဆန်းကြယ်တဲ့အလှကို ပေးနိုင်မှာပါ။ နံရံတွေ၊ အမိုးမျက်နှာကျက်တွေမှာ ငှက်စက္ကူခေါက်လေးတွေ၊ ကြယ်လေးတွေ၊ ပန်းပွင့်လေးတွေ စသဖြင့် ရောင်စုံအရုပ်ခေါက်ပြီး နံရံလေးတွေမှာ အလှဆင်လိုက်ပါ။

 

 

၃။ သင့်အိမ်ရဲ့ အသုံးအဆောင်တွေဖြစ်တဲ့ ပန်းအိုးတို့၊ ဖန်ပုလင်းတို့၊ နောက် ကြိမ်ခြင်းတောင်း တစ်သျှူးဘောက်စ်လေးတွေက ဒီအတိုင်း ထားပြီးအသုံးပြုမယ့်အစား တွဲလောင်းချိတ်ဆွဲထားတဲ့ စင်လေးတွေ မှာ အလှသဘောမျိုးနဲ့ တင်ပြီးထားလို့ရနိုင်ပါတယ်။

 

 

ချစ်စရာကောင်း ပြီးသပ်သပ်ရပ်ရပ်ရှိတဲ့ ဒီလိုစင်မျိုးလေးတွေက အိမ်ဒီဇိုင်းအပြင်အ ဆင် ကျွမ်းကျင်တဲ့ ဒီဇိုင်နာတွေတောင် ဒီအတွေးမျိုးကို မတွေးနိုင်မိ ကြပါဘူး။

 

 

၎။ နောက်စာအုပ်တို့၊ အလှတင်ပစ္စည်းလေးတွေ၊ ဓာတ်ပုံမှန်ဘောင် လေးတွေကိုလည်း သူတို့အတွက် သီးသန့်နေရာ၊ ခုံလိုမျိုးပေးတာ မဟုတ်ပဲ တီဗွီဆက်တီခုံတို့၊ ဆိုဖာခုံတို့ စသဖြင့်တွေရဲ့ နောက် ကျောဘက် နံရံတွေမှာချိတ်ပြီး အလှဆင်ပေးနိုင်ပါတယ်။ ဒီလိုဆိုရင် ခါတိုင်းနဲ့မတူပဲ ဆန်းသစ်တဲ့အပြင်အဆင်ကြောင့် သင့်အိမ်ခန်း လေးက ထူးခြားပြီးလှပနေပါလိမ့်မယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App