456 Views

ထူးခြားတဲ့ရုံးခန်းနေရာလေးတွေ ပြင်ဆင်တည်ဆောက်လို့ရမယ့် အပြင်အဆင်

 

သာမန်အားဖြင့် ရုံးခန်းတွေဖွဲ့မယ်ဆိုရင်တော့ ဟောတိုက်အခန်းကျယ်ကြီး တွေ၊ အထပ်တစ်လွှာချင်းစီ ခွဲဖွဲ့ထားတာမျိုးတွေပဲ ရှိကြပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် ရုံးခန်းဖွဲ့တည်ဆောက်ထားတာလေးတွေရဲ့ စိတ်ကူးစိတ် သန်းက အပြင်အဆင်ထူးခြားပြီး နေရာချိုးခြံပြီးအလေအလွင့်မရှိတဲ့ ရုံးခန်း တည်ဆောက်ပုံကို မြင်တွေ့ရမှာပါ။ဒီတော့ သင်တို့ရဲ့ရုံးခန်းလေးတွေကို လည်း ဘယ်လိုမျိုးထူးထူးခြားခြားပြင်ဆင်ပြီး တည်ဆောက်လို့ရနိုင်မယ့် နည်းလမ်းလေးတွေကို လေ့လာကြည့်ရအောင်…….

 


၁။ အလျားလိုက်ဟောတိုက်ကြီး အခန်းဖွဲ့တာမျိုးမဟုတ်ပဲ ဒေါင်လိုက်အခန်း ကျဉ်းငယ်လေးတွေကို ဖွဲ့လိုက်တာကလည်း ထူးခြားတဲ့ရုံးခန်းအပြင်အဆင် ဖွဲ့စည်းတည်ဆောက်ပုံလေးပါပဲ။ စားပွဲ၊ ကုလားထိုင်တို့၊ စာကြည့်စင်တို့ စသဖြင့် ရုံးခန်းသုံးလိုအပ်တဲ့ အသုံးအဆောင်ပရိဘောဂတွေကို နေရာဖြန့်ပြီး ချမထားပြီး အစဉ်လိုက်ကို ဒေါင်လိုက်အနေအထား စီရီဖွဲ့ထားလိုက်မယ်ဆို ရင်လည်း နေရာကိုချိုးခြံပြီးသားဖြစ်သလို အရင်နဲ့မတူတဲ့ ရုံးခန်းအပြင်အ ဆင်လေးဖြစ်လာမှာပါ။

 



၂။ လှေကားအောက် ချောင်လေးတွေနေရာကလည်း ရုံးခန်းဝန်ထမ်းတစ်ဦး စာရဲ့ စားပွဲနေရာတစ်ခုအဖြစ်ဖန်တီးလို့ရနိုင်ပါတယ်။ သာမန်ဆို ဒီလိုနေရာ တွေက ဘာမှအသုံးမလိုပဲ ဒီအတိုင်းနေရာလွတ်အတိုင်း နေရာလွတ်ထားရ မယ့်နေရာဖြစ်နေပါတယ်။အခုလိုမျိုး အသေအချာရှင်းလင်းပြီး စနစ်တကျ ရုံးစားပွဲ၊ ကုလားထိုင်၊ လိုအပ်တဲ့ပစ္စည်းပစ္စယာတွေကို အစီအရီထားသိုလိုက် မယ်ဆိုရင် နေရာကောင်းလေးတစ်ခုရလာနိုင်မှာပါ။

 



၃။ နောက် အဆောက်အအုံရဲ့အမိုးထပ်၊ ခေါင်မိုးထပ်နေရာကလည်း ဝန် ထမ်းတစ်ယောက်စာကျယ်ကျယ်ဝန်းဝန်းနေထိုင်လို့ရမယ့် နေရာလေးပါပဲ။နေအိမ်ဖြစ်ဖြစ်၊ အဆောက်အအုံဖြစ်ဖြစ် ဒီလိုနေရာလေးတွေက ဘာမှအသုံး မပြုပဲ အခန်းလွတ်ထားတာတို့၊ နားနေခန်းအဖြစ် ထားရှိတာတို့တွေပြုလုပ် တတ်ကြပြီး ရုံးခန်းတည်ဆောက်မယ်ဆိုရင်တော့ ဒီလိုအခန်းလေးတွေက တကယ့်ကိုအသုံးဝင်လာမယ့်အခန်းလေးတစ်ခန်းဖြစ်ပါတယ်။အလင်းရောင် ကောင်းကောင်းဝင်နိုင်မယ့် နေရာဖြစ်တာကြောင့် အလုပ်လုပ်ကိုင်ဖို့အတွက် လည်းတကယ်ကို အဆင်ပြေနိုင်မှာဖြစ်ပါတယ်။

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App