756 Views

ဒီဇိုင်းဆန်းလှပပြီးသန့်ရှင်းတဲ့ ရေချိုးခန်းတွေ ဖန်တီးတည်ဆောက်မှု အပြင်အဆင်

 

ကျွန်တော်တို့တွေ တစ်နေ့တာလုံးအလုပ်တွေနဲ့ ပင်ပန်းထားသမျှ နေအိမ်ပြန်ရောက်မှ ရေချိုးခန်းထဲပြေးဝင်ပြီး ရေတွေစိတ်ကြိုက်ဝ အောင်ချိုးပေး စိတ်နဲ့ခန္ဓာကိုယ်ပြန်လည် လန်းဆန်းကြဖို့ လုပ်တတ် ကြပါတယ်။ တချို့ရေချိုးခန်းလေးတွေဆို ရေချိုးသန့်စင်ရုံတင်မ ဟုတ်ပဲ လှပတဲ့ပြင်ဆင်ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ထည့်သွင်းထား တဲ့ အဆင့်မြင့်အသုံးအဆောင်တွေကြောင့် ရေချိုးခန်းတစ်ခုလိုမ ဟုတ်ပဲ ဇိမ်ခံအပန်းဖြေနေရာတစ်ခုလို ခမ်းနားပြီးနေချင်စရာကောင်း နေပါတယ်။
ဒါဆို သင့်ရဲ့စိတ်လက်အပန်းဖြေစေနိုင်မယ့် ရေချိုးခန်း လေးကကော ဘယ်လိုမျိုးလေး ဖန်တီးတည်ဆောက်ထားသလဲ။ ဒါ့ ကြောင့်မို့လို အဲ့ဒီလိုမျိုးလေးနေချင်စဖွယ် စိတ်လက်အပန်းဖြေနိုင် မယ့်ရေချိုးခန်းတွေရဲ့ ဖန်တီးတည်ဆောက်နိုင်မယ့် နည်းလမ်း ကောင်းလေး ဖော်ပြချင်ပါတယ်။

 



၁။ ရေချိုးသန့်စင်ခန်းဖြစ်တာကြောင့် အဖြူရောင်နဲ့ အလင်းဘက် ကိုသွားတဲ့ အရောင်လေးတွေနဲ့ သန့်ပြန့်တယ်လို့ ထင်ရတဲ့ကြွေပြား၊ ကြည်လင် တောက်ပြောင်နေတဲ့ မှန်ချပ်၊ ဖန်ချပ်ပြားတွေကို နံရံ အဖြစ် အသုံးပြုပြီး ကာရံဖန်တီးတည်ဆောက်တာက ပိုပြီးသဘာဝ ကျပါတယ်။ အခုနောက်ပိုင်း အိမ်ဒီဇိုင်းဖန် တီးပြင်ဆင်သူတွေ စိတ်ကူးအသစ်တွေနဲ့ တည်ဆောက်လာကြတာက ပင်လယ် သမုဒ္ဒရာလိုမျိုး၊ ရေပြာပြာပင်လယ်ကြမ်းပြင်လိုမျိုး ရေချိုးခန်း ဒီဇိုင်းကို သဘာဝနဲ့နီး စပ်သယောင်ဖန်တီးလာကြတာကလည်း ရေချိုးခန်းထဲဝင်လိုက်ရင် စိတ်လှုပ်ရှားစရာကောင်းစေပါတယ်။

 



၂။ တချို့အိမ်ခန်းတွေမှာဆိုရင် အိမ်သာသက်သက်နဲ့ ရေချိုးခန်းဖွဲ့ ခြင်းကို သီးသန့်အခန်းကျယ်ကြီးမဖွဲ့ချင် တဲ့သူတွေကတော့ လူ တစ်ယောက်စာရေပန်းနဲ့ချိုးရတဲ့ အခန်းငယ်တစ်ခုကိုပဲဖွဲ့ထား ကြ ပါတယ်။ ဒီလိုဆိုတော့လည်း နေရာအကျယ်ကြီးမပေးရတော့ပဲ အ ခြားထွေထွေထူးထူး ဘာမှထပ်ထည့်စရာတော့မလိုတော့ပါဘူး။ အ ကာအရံ ခန်းဆီးလေးတစ်ခု၊ စင်လေးတစ်ခု၊ မှန်ချပ်လေးနဲ့ပတ်ပတ် လည် ကန့်ပေးလိုက်ရုံနဲ့ ရေချိုးခန်း တစ်ခုတည်ဆောက်လို့ရနိုင်ပါ တယ်။

 



၃။ အိမ်ကျယ်ကျယ်နေတဲ့သူတွေအနေနဲ့ ရေချိုးခန်း၊ အိမ်သာတွဲ ရက် အနေအထားမှာ ရေချိုးဇလုံ၊ ရေပန်း နှစ်ခုစလုံးထည့်တည် ဆောက်ထားကြပါတယ်။ ရေချိုးဇလုံထည့်သွင်းတည်ဆောက်ထား တဲ့ အခန်းကတော့ ရေပန်းနဲ့တည်ဆောက်တဲ့ ရေချိုးခန်းထက်စာ ရင် နေရာပိုပေးရပါတယ်။ နေရာကျယ်ကျယ်နဲ့ ပိုက်ဆံပိုပြီးသုံးနိုင်တဲ့ အိမ်ပိုင်ရှင်တွေကတော့ ရေချိုးဇလုံအပြင်၊ ကြည့်မှန်တွေ၊ ဘေစင် တွေ၊ ရေချိုးခန်းအသုံး အဆောင်ထည့်သွင်းတဲ့ ဘီဒိုတွေ၊ နောက်ပြီး အလှဆင်ပန်းအိုးလေးတွေ၊ အလှဆင်ပစ္စည်းလေးတွေ ထပ်ထည့် ပြီး ပြင်ဆင်ကြပါတယ်။

 



၎။ အရောင်နုနုကလေးတွေ၊ ချစ်စရာကောင်းတဲ့ အရောင်ကလေး တွေ၊ ဒီဇိုင်းဆန်းဆန်း အသုံးအဆောင်ပစ္စည်းလေးတွေနဲ့ ထည့် သွင်းပြင်ဆင်ထားမယ်ဆိုရင်လည်း သင့်ရဲ့ရေချိုးခန်းလေးကနေ ချင်စရာကောင်းနေ မှာပါ။ တချို့ကျတော့ ချစ်ဖို့ကောင်းတဲ့ရေချိုး ခန်းပုံစံမျိုးထက် အဆင့်မြင့်ပြီးခမ်းနားတဲ့ စတိုင်လ်မျိုးကိုပို နှစ်သက် ကြတဲ့အတွက် ကြောင့် တည်ငြိမ်ပြီးတောက် ပြောင်တဲ့တစ်ရောင် တည်း ဒီဇိုင်းတစ်မျိုးတည်းကိုသာ ရွေးချယ်ပြီး ပြင်ဆင်တတ်ကြပါ တယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App