801 Views

ခရစ်စမတ်အတွက် နေအိမ်တွေမှာ အလှဆုံးပြင်ဆင် ကြရအောင်…..

 

ကဲ စာဖတ်ပရိတ်သတ်ကြီးတို့ရေ….. ဒီဇင်ဘာလနှင်း စက်တွေနဲ့အတူ မကြာခင်မှာကျရောက်လာတော့မယ့် ခရစ်စမတ်အတွက် ဘာတွေကြိုတင်ပြင်ဆင်ပြီး ရင်ခုန် နေကြပြီးပြီလဲ…။ ခရစ်စမတ်ရက်ပိုင်းမှာ မိသားစုဝင်နဲ့ အိမ်တိုင်းအိမ်တိုင်းမှာ အပျော်အရွှင်ပွဲလေးတွေ၊ စားပွဲ သောက်ပွဲလေးတွေ ပြုလုပ်ပြီးပျော်ရွှင်ကြပါတယ်။ ပျော် ရွှင်စရာကောင်းတဲ့ ခရစ်စမတ်နဲ့အတူ နေအိမ်ကလေး ကို ချစ်စရာကောင်းအောင်ပြင်ဆင်ရတာလည်း ခရစ်စ မတ်မှာပဲ ခံစားလို့ရတဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုတစ်ခုပါပဲ။ ကိုယ့်နေအိမ်လေးကို ဘယ်လိုမျိုးချစ်စရာကောင်းပြီး လှပအောင် ခရစ်စမတ်အငွေ့အသက်၊ အပြင်အဆင် တွေနဲ့ ပြင်ဆင်လို့ရနိုင်မလဲဆိုတဲ့ နည်းလမ်းကောင်း လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

 

၁။ ခရစ်စမတ်အတွက် နေအိမ်မှာ ပြင်ဆင်ဖို့အဓိကလို အပ်တဲ့ ပစ္စည်းလေးတွေ ဝယ်ယူစုဆောင်းထားပါ။ ခရစ် စမတ်သစ်ပင်လေးတွေ၊ ရောင်စုံမီးသီးလေးတွေ၊ ဖဲပြား အချပ်ပြားလေးတွေ၊ ငွေရောင် နှင်းပွင့်ချပ်ပြားလေး တွေ၊ စန်တာကလော့ဘိုးဘိုးအရုပ်ငယ်လေးတွေ၊သစ် ပင်ငယ်လေးတွေ၊ လက်ဆောင်ပါဆယ်ထုတ်လေးတွေ၊ ခရစ်စမတ် အကျီ၊ ခြေအိတ်၊ ဦးထုပ်ငယ်လေးတွေ၊ ဆု တောင်းစာတိုစလေးတွေ၊ ဘောလုံးလေးတွေ၊ ချစ်စရာ အရုပ်ငယ်လေးတွေ၊ ဖယောင်းလေးတွေ၊ စသဖြင့် အ လှပြင်ပစ္စည်းတွေကို စုဆောင်းဝယ်ယူထားပြီး အိမ်ရဲ့ အတွင်းခန်း၊ အပြင်ခန်းနေရာတွေမှာ မိမိစိတ်ကြိုက်အ လှပြင်ဆင်လို့ရနိုင်ပါတယ်။

 

 


၂။ အိမ်ရဲ့ အဝင်အဝဖြစ်တဲ့ အိမ်တံခါးရွက်မှာက စလို့ ခရစ်စမတ်အလှပြင်ဆင်နိုင်ပါတယ်။ တံခါးရွက်အစွန်း နှစ်ဖက်မှာ ချည်နှောင်ထားတဲ့ အစိမ်းရောင်၊ အနီရောင်၊ ရွှေရောင် အလှဆိုင်းကြိုးလေးတွေ၊ ရောင်စုံမီးသီးလေး တွေ၊ ရွှေရောင်ငွေရောင် ဖဲပြားလေးတွေနဲ့ လှလှပပ ချိတ်ဆွဲပြင်ဆင်လို့ရပါတယ်။

 

 

၃။ လှေကားထစ်လေးတွေကလည်း ခရစ်စမတ်အပြင် အဆင်အတွက် အလှပဆုံးဖန်တီးပြင်ဆင်လို့ရနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။ အနီရောင် နှင်းဆီပန်းကြီးတွေ၊ ဖဲပြားအကြီးကြီးတွေနဲ့ အလှဆင်မီးဆိုင်းကြိုးတွေကို လှေကားရဲ့လက်ရမ်းမှာ ပတ်ပြီးတွဲလောင်းချချည် နှောင်ထားလို့ရပါတယ်။ လှေကားထစ်ကြမ်းပြင်အနား တွေမှာလည်း မီးလုံးလေးတွေ၊ နှင်းပွင့်အချပ်ငယ်လေး တွေ၊ ပါဆယ်ထုပ်ငယ်လေးတွေကို လှလှပပချခင်းထား မယ်ဆိုရင်လည်း ချစ်စရာကောင်းတဲ့လှေကား ထစ် လေးတွေ ဖြစ်လာမှာပါ။

 

 

၎။ နေအိမ်ရဲ့ ဧည့်ခန်းကျယ်လို နေရာမျိုး၊ ထမင်းစား ခန်း၊ မိသားစု နားနေခန်းလိုနေရာမျိုးမှာ ပြင်ဆင်မယ် ဆိုရင်တော့ ခရစ်စမတ်သစ်ပင်ကြီးကြီးတစ်ပင်နဲ့ ခရစ် စမတ် ဘိုးဘိုးကြီးကပေးမယ့် လက်ဆောင်ထုပ်ပါဆယ် လေးတွေ လုပ်ပြီးအလှဆင်နိုင်ပါတယ်။ လက်ဆောင်ပါ ဆယ်ထုပ်တွေ၊ အလှဆင် ပစ္စည်းလေးတွေ နဲ့ မီးတလှပ် လှပ် လင်းထိန်နေတဲ့ ခရစ်စမတ်သစ်ပင်ကြီးကတော့ တကယ့်ကို ခရစ်စမတ်ဆိုတဲ့ ခံစားမှုအတွက်ပီပီပြင်ပြင် ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။ ဒီလိုလှပတဲ့ ခရစ်စမတ်သစ် ပင်တွေကို တစ်ပင်နှစ်ပင်ရယ်လို့မှ မဟုတ်ပါဘူး။ မိမိ စိတ်ကြိုက် အရွယ်အစားမျိုးစုံနဲ့ အလှပြင်ဆင်လို့ရနိုင် ပါတယ်။

 

 

၅။ အိမ်ရဲ့ နံရံတွေ၊တိုင်တွေ၊ ထောင့်လိုနေရာမျိုးတွေ၊ ဆက်တီခုံလေးတွေမှာ ခရစ်စမတ်အလှဆင်ပစ္စည်း လေးတွေ၊ ပန်းခွေလေးတွေ၊ ပါဆယ်ထုပ်ကလေးတွေ၊ ခရစ်စမတ် အရုပ်ငယ်လေးတွေ၊ အလှဖယောင်းတိုင် လေးတွေ၊ ပန်းခြင်းတောင်းလေးတွေ၊ ချထားပြီးအလှ ဆင်ထားလို့ရနိုင်ပါတယ်။

 

 

၆။ အိမ်ခန်းအပြင် ခြံဝင်းလေးထဲမှာလည်း ခရစ်စမတ် အတွက် လှလှပပခမ်းခမ်းနားနားဖြစ်အောင် ပြင်ဆင်လို့ ရနိုင်ပါတယ်။ နှင်းပွင့်လေးတွေ ကျဆင်းနေတဲ့ ခရစ် စမတ်သစ်ပင်လေးတွေထဲ မီးရောင်စုံတဖျက်ဖျက်တ လှပ်လှပ် လင်းထိန်နေမယ်ဆိုရင် ပိုပြီးတော့လှပပြီး ခမ်းညားသွားစေနိုင်မှာပဲဖြစ်ပါတယ်။

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App