686 Views

ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့အိပ်ခန်းတည်ဆောက်မှု ဒီဇိုင်းများ….

သင့်အိမ်ရဲ့သာမန်အခန်းပြင်ဆင်တည်ဆောက်မှု မဟုတ်ပဲ ဒီဇိုင်းခပ် ဆန်းဆန်းလေးဖြစ်အောင် ဖန်တီးလိုက်မယ်ဆိုရင်တော့ သင့်ကို တမူထူးခြားတဲ့ ခံစားမှုအပြောင်းအလဲလေးတွေ ပေးစွမ်းမှာပါ။ ပြင် ဆင်တည်ဆောက်မှု စိတ်ကူးဆန်းဆန်းလေးတွေကြောင့်လည်း သင့် ကိုဆွဲဆောင်စေမှာဖြစ်ပါတယ်။

ပြင်ဆင်မှုဒီဇိုင်းလည်း ထူးခြား တယ်။ နောက်စိတ်ကူးယဉ်လည်းဆန်တဲ့ အခန်းဒီဇိုင်းပြင်ဆင်မှု လေးတွေပါ။ သာမန်ပြင်ဆင်မှုထက် ပိုပြီးထူးခြားတဲ့ ပြင်ဆင်မှုတွေ နဲ့ အခန်းဖွဲ့စည်းထားသိုပုံလေးတွေကို လေ့လာလို့ရအောင်တင် ဆက်ပေးလိုက်ပါတယ်။

၁။ အခန်းကျယ်ကျယ်အိပ်ခန်းမှာ အထူးခြားဆုံးဖြစ်နေတဲ့ ဒီဇိုင်းက တော့ ခပ်ခုံးခုံးတည်ဆောက်ပေးထားတဲ့ ပြတင်းမှန်ချပ်ကြီးကြီးတွေ နဲ့ အမိုးခပ်အုံ့အုံ့ကလေးတွေပါပဲ။

ပြတင်းကွေးကွေးလေးတွေက သာမန်ပြတင်းပေါက်လေးတွေထပ်စာရင် ထူးခြားတဲ့စိတ်ကူးနဲ့ ခံစား မှုတစ်မျိုးလေးခံစားရမှာ ဖြစ်ပါတယ်။ အပြင်ဘက်နဲ့ မှန်ချပ်လေး တစ်ချပ်ခြားထားရုံလေးပဲ ရှိတာကြောင့် အပြင်လောကကို မှန်ချပ် လေးကတဆင့် ခံစားလို့ရနိုင်ပါတယ်။

၂။ အမိုးခပ်နိမ့်နိမ့်အခန်းတွေမှာ အမိုးပိုင်းပြင်ဆင်မှုကိုလည်း သာမန်ထက်ထူးခြားတဲ့ ဒီဇိုင်းလေးတွေ၊ အရောင်ဖျောလေးတွေ အသုံးပြုပြီး ပြင်ဆင်နိုင်ပါတယ်။ အဖြူရောင်၊ အညိုရောင်၊ မီးခိုး ရောင် စသဖြင့် မှိုင်းဖျတဲ့အရောင်လေးတွေက သင့်ရဲ့စိတ်ခံစားမှုကို အေးဆေးတည်ငြိမ်ပြီး ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခုလို ခံစားနိုင်စေပါ တယ်။

အလင်းရောင်အား ကောင်းကောင်းဝင်တဲ့ ပြတင်းခန်းလေး အတွက် ခန်းစီးလိုက်ကာလေးတွေကိုလည်း လိုက်ဖက်ညီအောင် တပ်ဆင်ပေးလို့ရပါတယ်။ အခန်းပြတင်းလေးကို ဒီဇိုင်းလှပပြီး ဆန်း ပြားတဲ့ ပြတင်းတံခါးပေါက်ကလေးတွေ ဖောက်ပြီး ပြင်ဆင်လို့ရနိုင် ပါသေးတယ်။

၃။ ပြတင်းတံခါးနဲ့ အမိုးကိုပဲ အဓိကထားပြီး ပြင်ဆင်တည်ဆောက် ထားတာကြောင့် ပြင်ပရှုခင်းကောင်းလေးတွေ ရှိမယ့်နေရာလေးကို အခန်းလှည့်ပြီး တည်ဆောက်လိုက်ပါ။

အပြင်ဘက်က ခံစားချင်စရာ ကောင်းတဲ့ မြင်ကွင်းလေးက သင့်အတွက်တော့ စိတ်သက်သာရ၊ ခံစားမှုရသတမျိုးလေးကို ပေးစွမ်းနိုင်မှာပါ။ ပြတင်းတံခါးလေးဖွင့် ထားရင်းနဲ့ သင့်ရဲ့စိတ်ကိုလည်းအပြင်လောကကို လွတ်လွတ်လပ် လပ်ကလေး နေထိုင်လို့အောင် သီးသန့်ကမ္ဘာလေးတစ်ခုကို ဖြစ်နေ မှာပါ။

၎။ အမိုးပြတင်းလေးတွေကိုလည်း သာမန်ထက်ထူးခြားမှု ဒီဇိုင်း လေးတွေ တည်ဆောက်ပေးပါ။ ပြင်ညီအမိုးထက်စာရင် သစ်သား အမိုးထပ်ကလေးတွေ၊ အမိုးပေါက်ကလေးတွေ၊ ထောင့်အချွန်လေး တွေ၊ အထပ်ကလေးတွေ တည်ဆောက်လိုက်ပါ။

နောက်ပြီးအခန်း ရဲ့အလင်းအားနဲ့ အရောင်ရွေးချယ်မှု၊ ပရိဘောဂအသုံးအဆောင် တွေအတွက်ကိုလည်း အဖြူရောင်နဲ့ မျက်စိအေးချမ်းစေမယ့် အရောင်မှိုင်းမှိုင်းကလေးတွေပဲ အသုံးပြုတာပိုပြီးတော့ လိုက်ဖက်မှုရှိ စေနိုင်တယ်လို့ အကြံပေးချင်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App